Health

ေယာင္းအေမရဲ႕ က်န္းမာေရးက ေယာင္းရဲ႕ က်န္းမာေရးနဲ႔ ဆက္စပ္မႈရွိတယ္ဆိုတာ တကယ္လား?

ဟုတ္ပါ့မလားေအတို႔ရယ္.. 

ေခါင္းစဥ္ႀကီးၾကည့္ၿပီး အံ့ၾသသြားၿပီလား? တကယ္ေတာ့ ေယာင္းေမေမရဲ႕ က်န္းမာေရးနဲ႔ ခႏၶာကိုယ္ကို ၾကည့္ၿပီးေတာ့ ေယာင္းရဲ႕ အနာဂတ္က်န္းမာေရး အေျခအေနကို သိႏုိင္ပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ က်န္းမာေရး ႏွစ္ခုက ဘယ္လိုေတြ ဆက္စပ္ေနတယ္၊ ေယာင္းက ဘာေတြကို ဘယ္လို ကာကြယ္လို႔ ရႏိုင္မယ္ဆိုတာေတြကို ေဖာ္ျပေပးပါ့မယ္။

၁။ အ႐ိုး

က်န္းမာေရး အေျခအေန ဆက္စပ္မႈရဲ႕ သက္ေသခံခ်က္တစ္ခုဟာ မ်ဳိး႐ိုးဗီဇျဖစ္ပါတယ္။ ေယာင္းမိဘေတြရဲ႕က်န္းမာေရးဟာ ေယာင္းရဲဲ႕က်န္းမာေရးကို ေရာင္ျပန္ဟပ္ေနပါတယ္။ ဒီအေျခအေနက အမ်ဳိးသားေတြထက္ အမ်ဳိးသမီးေတြမွာ ပိုအျဖစ္မ်ားတတ္ပါတယ္။ ဥပမာဆိုရင္ေတာ့ အ႐ိုးပြေရာဂါေပါ့။ အ႐ိုးပြေရာဂါ႐ွိတဲ့ မိဘကေန ေမြးလာတဲ့ သားသမီးေတြထဲမွာ အမ်ဳိးသမီး ၂၅ ရာခို္င္ႏႈန္းေလာက္က အ႐ိုးပြေရာဂါရႏိုင္ၿပီး အမ်ဳိးသားေတြမွာေတာ့ ၆ ရာခိုင္ႏႈန္းပဲ ႐ွိပါတယ္။ တကယ္လို႔ ေယာင္းရဲ႕ မိဘေတြ အရင္က ေပါင္႐ိုးက်ဳိးခဲ့ဖူးရင္ ေယာင္းအေနနဲ႔ ကယ္လ္ဆီယမ္နဲ႔ ဗီတာမင္ ဒီ ႂကြယ္ဝတဲ့ အစားအစာေတြကို စားသံုးသင့္ပါတယ္။

၂။ အသားအေရတြန္႔ျခင္း

ဒီေလာက္ ဂရုစိုက္ေနတဲ့ၾကားထဲ နဖူးေတြတြန္႔၊ အသားအေရေတြ ပ်က္စီးေနလို႔ အ့ံၾသေနပါသလား။ ေယာင္းအေမရဲ႕ မ်က္လံုးတစ္ဝိုက္နဲ႔ ႏႈတ္ခမ္းတစ္ဝိုက္မွာ အေရးအေၾကာင္းေတြ ျဖစ္ေနလားဆိုတာ ေသခ်ာၾကည့္ၾကည့္ပါ။ အေရးအေၾကာင္းေတြ ႐ွိေနရင္ေတာ့ ေယာင္းကိုယ္တိုင္လည္း ေန႔စဥ္ ေနေလာင္ဒဏ္ ကာကြယ္တဲ့ ခရင္မ္ေတြ၊ ဗီတာမင္ အီး၊ ဗီတာမင္ စီ၊ ရက္တီေနာဓာတ္ေတြပါဝင္တဲ့ Serum ေတြ သံုးေပးဖို႔လိုပါတယ္။

၃။ စိတ္က်န္းမာေရး

အမ်ဳိးသမီးေတြဟာ စိတ္ထိခိုက္မႈဒဏ္၊ စိတ္ဖိစီးမႈဒဏ္ေတြအျပင္ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ စိတ္က်ေရာဂါကို အမ်ဳိးသားေတြထက္ ႏွစ္ဆ ပိုမိုခံစားရႏိုင္ပါတယ္။ အမ်ဳိးသမီးေတြမွာ စိတ္က်ေရာဂါဟာ ပိုအျဖစ္မ်ားတတ္ၿပီး ခံစားရတဲ့အခ်ိန္ဟာလည္း ပိုၾကာပါတယ္။ ေယာင္းအေမမွာ စိတ္က်ေရာဂါျဖစ္ေနခဲ့ရင္ ေယာင္းမွာ စိတ္က်ေရာဂါရဲ႕ လကၡဏာေတြ ရွိမရွိ ေသခ်ာ သတိထားၾကည့္သင့္ပါတယ္။

Related Article >>> ေယာင္းတို႔ရဲ႕ ေန႔စဥ္ဘဝကို က်န္းမာလွပေစမယ့္ Application (၃) ခု

၄။ မ်က္လံုး

အမ်ဳိးသမီးေတြဟာ အသက္ႀကီးရင္ မ်က္လံုးမွာ ေရတိမ္စြဲတတ္ပါတယ္။ ဒါဟာ အျမင္အာ႐ံုကို ထိခို္က္ေစတဲ့ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။ တကယ္လို႔ ေယာင္းရဲ႕ မိဘေတြမွာ မ်က္စိေရတိမ္ စြဲေနခဲ့ဖူးတယ္ဆိုရင္ေတာ့ မ်က္စိဆရာဝန္ဆီမွာ ပံုမွန္စစ္ေဆးတာကသာ ႀကိဳတင္ကာကြယ္မႈပါ။

၅။ ေခါင္းတစ္ျခမ္းကိုက္ ေရာဂါ

ေယာင္းမွာ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ႐ွိေနတာဟာ အေၾကာင္းရင္းအမ်ဳိးမ်ဳိး ႐ွိေနႏိုင္ပါတယ္။ ဒီအေၾကာင္းရင္းေတြထဲမွာ ေယာင္းရဲ႕ အေမဟာလည္း အေၾကာင္းရင္းတစ္ခုျဖစ္ႏိုင္ပါေသးတယ္။ ေခါင္းတစ္ျခမ္းကိုက္ေစတဲ့ အဓိက အေၾကာင္းရင္းေတြထဲကတစ္ခုဟာ မ်ဳိး႐ိုးလိုက္ျခင္းပဲ ျဖစ္ပါတယ္။ ေကာ္ဖီေ႐ွာင္ရပါမယ္။ စိတ္ဖိစီးမႈမ်ားေနတာကို ေ႐ွာင္ရပါမယ္။ အရက္မေသာက္ရဘဲ ေလ့က်င့္ခန္း ပံုမွန္လုပ္ေပးသင့္ပါတယ္။

၆။ အယ္လ္ဇိုင္းမားေရာဂါ

အယ္လ္ဇိုင္းမားေရာဂါ ခံစားေနရသူေတြရဲ႕ သံုးပံုႏွစ္ပံုဟာ အမ်ဳိးသမီးေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါဟာ မ်ဳိး႐ိုးလိုက္တတ္ပါတယ္။ ေယာင္းရဲ႕ မိခင္မွာသာ ဒီေရာဂါျဖစ္ခဲ့ရင္ ေယာင္းမွာျဖစ္ဖို႔ အခြင့္အလမ္းမ်ားပါတယ္။ တရားထိုင္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ အာဟာရျပည့္ဝတဲ့ အစားအစာေတြ စားသံုးျခင္းျဖင့္ ကာကြယ္ေပးႏုိင္ပါတယ္။

၇။ ခႏၶာကိုယ္အခ်ဳိးအစားႏွင့္ ကိုယ္အေလးခ်ိန္

ေယာင္းရဲ႕ကိုယ္အေလးခ်ိန္နဲ႔ ခႏၶာကိုယ္ အခ်ဳိးအစားဟာ ေယာင္းေမေမေပၚမွာ မူတည္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးေတြရဲ႕ အစားအေသာက္၊ ေနထိုင္မႈပံုစံေတြကို အနီးကပ္ သင္ေပးတဲ့သူဟာ ေမေမပါ။ ဒါ့ေၾကာင့္ ေမေမရဲ႕ေနထိုင္မႈပံုစံဟာ က်န္းမာေရးနဲ႔ညီညြတ္ရင္ ကေလးကပါ က်န္းမာသန္စြမ္းတဲ့သူ ျဖစ္လာႏုိင္ေျခ အမ်ားႀကီး ရွိပါတယ္။

Related Article >>> အိပ္မက္ကေျပာေနတဲ့ ေယာင္းေယာင္းတို႔ရဲ႕ က်န္းမာေရး

၈။ ႏွလံုးေရာဂါ၊ ဆီးခ်ဳိေရာဂါ

အမ်ဳိးသမီးေတြကို သတ္ေနတဲ့ အသံတိတ္လူသတ္သမားဟာ ႏွလံုးေရာဂါနဲ႔ ဆီးခ်ဳိေရာဂါ ျဖစ္ပါတယ္။ ေယာင္းရဲ႕အေမဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီေရာဂါေတြရခဲ့တယ္ဆိုရင္ ေယာင္းမွာလည္း ျဖစ္ဖို႔ အခြင့္အလမ္းေတြ မ်ားပါတယ္။ ေရာဂါျဖစ္တဲ့အခ်ိန္မွာ ေယာင္းေမေမရဲ႕ အသက္က ၅၀ ေက်ာ္ေနၿပီ၊ ေပါင္ကလည္း ၃၀၀ ေက်ာ္၊ ေလ့က်င့္ခန္းလည္း မလုပ္ဘူးဆိုရင္ေတာ့ သူ(မ)ရဲ႕ေနထိုင္မႈပံုစံေၾကာင့္ ျဖစ္ႏိုင္တဲ့အတြက္ မ်ဳိး႐ိုးမလိုက္ေတာ့ပါဘူး။

၉။ ကိုယ္ဝန္ႏွင့္ က်န္းမာေရး

ေယာင္းကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေယာင္းအေမဟာ-

ကိုယ္ဝန္ဆိပ္တက္ခဲ့ဖူးမယ္
ဆီးခ်ဳိ တက္ခဲ့ဖူးမယ္
ကိုယ္ဝန္႐ွိတဲ့လကၡဏာေတြက အမ်ားတကာထက္ ပိုလြန္ကဲေနခဲ့တယ္
ခဏခဏ ကိုယ္ဝန္ပ်က္က်ခဲ့ဖူးတယ္ဆိုရင္ ေယာင္းမွာလည္း ဒီလိုျဖစ္ႏိုင္ေခ်ေတြမ်ားပါတယ္။

၁၀။ မီးဖြားၿပီးေနာက္ စိတ္က်ေရာဂါျဖစ္ျခင္း

ေယာင္းေမေမကို ေမးၾကည့္ပါ။ ကေလးေမြးၿပီးေနာက္ပိုင္း စိတ္က်ေရာဂါ ျဖစ္ခဲ့ဖူးလားလို႔။ ဒီလိုစိတ္ေရာဂါေတြဟာ အေမကေန သမီးကို ဗီဇကူးတတ္ပါတယ္။ ေယာင္းေမေမရဲ႕ မီးဖြားၿပီးေနာက္ပိုင္း အေတြ႔အႀကံဳေတြဟာ ေယာင္းအတြက္ သဲလြန္စတစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေယာင္းကိုယ္ဝန္႐ွိခ်ိန္မွာ ေသြးစစ္မႈေတြ ပံုမွန္ျပဳလုပ္သင့္ပါတယ္။

၁၁။ ရင္သားကင္ဆာႏွင့္ သားဥအိမ္ကင္ဆာ

ကမာၻေက်ာ္မင္းသမီး Angelina Jolie ရဲ႕မိခင္ဟာ ရင္သားကင္ဆာေၾကာင့္ ေသဆံုးခဲ့တာပါ။ ဒါေၾကာင့္လည္း ဂ်ိဳလီက ရင္သားကင္ဆာ ျဖစ္ႏႈန္းေလ်ာ့က်ေအာင္ ႀကိဳတင္ခြဲစိတ္ထားတာေပါ့။ သားဥအိမ္ကင္ဆာကလည္း မ်ဳိး႐ိုးလိုက္တတ္ပါတယ္။ ေယာင္းရဲ႕မိသားစုေဆြမ်ိဳးေတြမွာ ဒီလိုကင္ဆာေရာဂါေတြ႐ွိေနခဲ့မယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး လိုအပ္တဲ့စစ္ေဆးမႈေတြ ျပဳလုပ္သင့္ပါတယ္။

၁၂။ ေသြးဆံုးျခင္း

ေယာင္းေမေမရဲ႕ရာသီေသြးဆံုးခ်ိန္ဟာ ေယာင္းနဲ႔လည္းသက္ဆိုင္ပါတယ္။ ေသြးဆံုးခ်ိန္ေစာမလား၊ ေနာက္က်မလားဆိုတာ ခန္႔မွန္းလို႔ရပါတယ္။ ေသြးဆံုးကိုင္တဲ့ လကၡဏာေတြျဖစ္တဲ့ စိတ္ဆတ္ျခင္း၊ ပံုမွန္ထက္ တက္ႂကြလြန္းျခင္း၊ ညဘက္ေခၽြးေစးျပန္ျခင္းေတြလည္း ခံစားရတတ္ပါတယ္။

Translated by Paing (က်နး္က်န္းမာမာ by Alinker)

Reference : Readers Digest

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ဟုတ်ပါ့မလားအေတို့ရယ်.. 

ခေါင်းစဉ်ကြီးကြည့်ပြီး အံ့သြသွားပြီလား? တကယ်တော့ ယောင်းမေမေရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီးတော့ ယောင်းရဲ့ အနာဂတ်ကျန်းမာရေး အခြေအနေကို သိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျန်းမာရေး နှစ်ခုက ဘယ်လိုတွေ ဆက်စပ်နေတယ်၊ ယောင်းက ဘာတွေကို ဘယ်လို ကာကွယ်လို့ ရနိုင်မယ်ဆိုတာတွေကို ဖော်ပြပေးပါ့မယ်။

၁။ အရိုး

ကျန်းမာရေး အခြေအနေ ဆက်စပ်မှုရဲ့ သက်သေခံချက်တစ်ခုဟာ မျိုးရိုးဗီဇဖြစ်ပါတယ်။ ယောင်းမိဘတွေရဲ့ကျန်းမာရေးဟာ ယောင်းရဲ့ကျန်းမာရေးကို ရောင်ပြန်ဟပ်နေပါတယ်။ ဒီအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ဥပမာဆိုရင်တော့ အရိုးပွရောဂါပေါ့။ အရိုးပွရောဂါရှိတဲ့ မိဘကနေ မွေးလာတဲ့ သားသမီးတွေထဲမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းလောက်က အရိုးပွရောဂါရနိုင်ပြီး အမျိုးသားတွေမှာတော့ ၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တကယ်လို့ ယောင်းရဲ့ မိဘတွေ အရင်က ပေါင်ရိုးကျိုးခဲ့ဖူးရင် ယောင်းအနေနဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

၂။ အသားအရေတွန့်ခြင်း

ဒီလောက် ဂရုစိုက်နေတဲ့ကြားထဲ နဖူးတွေတွန့်၊ အသားအရေတွေ ပျက်စီးနေလို့ အံ့သြနေပါသလား။ ယောင်းအမေရဲ့ မျက်လုံးတစ်ဝိုက်နဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်နေလားဆိုတာ သေချာကြည့်ကြည့်ပါ။ အရေးအကြောင်းတွေ ရှိနေရင်တော့ ယောင်းကိုယ်တိုင်လည်း နေ့စဉ် နေလောင်ဒဏ် ကာကွယ်တဲ့ ခရင်မ်တွေ၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ရက်တီနောဓာတ်တွေပါဝင်တဲ့ Serum တွေ သုံးပေးဖို့လိုပါတယ်။

၃။ စိတ်ကျန်းမာရေး

အမျိုးသမီးတွေဟာ စိတ်ထိခိုက်မှုဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေအပြင် ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်ကျရောဂါကို အမျိုးသားတွေထက် နှစ်ဆ ပိုမိုခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ စိတ်ကျရောဂါဟာ ပိုအဖြစ်များတတ်ပြီး ခံစားရတဲ့အချိန်ဟာလည်း ပိုကြာပါတယ်။ ယောင်းအမေမှာ စိတ်ကျရောဂါဖြစ်နေခဲ့ရင် ယောင်းမှာ စိတ်ကျရောဂါရဲ့ လက္ခဏာတွေ ရှိမရှိ သေချာ သတိထားကြည့်သင့်ပါတယ်။

Related Article >>> ယောင်းတို့ရဲ့ နေ့စဉ်ဘဝကို ကျန်းမာလှပစေမယ့် Application (၃) ခု

၄။ မျက်လုံး

အမျိုးသမီးတွေဟာ အသက်ကြီးရင် မျက်လုံးမှာ ရေတိမ်စွဲတတ်ပါတယ်။ ဒါဟာ အမြင်အာရုံကို ထိခိုက်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ ယောင်းရဲ့ မိဘတွေမှာ မျက်စိရေတိမ် စွဲနေခဲ့ဖူးတယ်ဆိုရင်တော့ မျက်စိဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးတာကသာ ကြိုတင်ကာကွယ်မှုပါ။

၅။ ခေါင်းတစ်ခြမ်းကိုက် ရောဂါ

ယောင်းမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိနေတာဟာ အကြောင်းရင်းအမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေထဲမှာ ယောင်းရဲ့ အမေဟာလည်း အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါသေးတယ်။ ခေါင်းတစ်ခြမ်းကိုက်စေတဲ့ အဓိက အကြောင်းရင်းတွေထဲကတစ်ခုဟာ မျိုးရိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကော်ဖီရှောင်ရပါမယ်။ စိတ်ဖိစီးမှုများနေတာကို ရှောင်ရပါမယ်။ အရက်မသောက်ရဘဲ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်ပါတယ်။

၆။ အယ်လ်ဇိုင်းမားရောဂါ

အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ယောင်းရဲ့ မိခင်မှာသာ ဒီရောဂါဖြစ်ခဲ့ရင် ယောင်းမှာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

၇။ ခန္ဓာကိုယ်အချိုးအစားနှင့် ကိုယ်အလေးချိန်

ယောင်းရဲ့ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားဟာ ယောင်းမေမေပေါ်မှာ မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အစားအသောက်၊ နေထိုင်မှုပုံစံတွေကို အနီးကပ်သင်ပေးတဲ့သူဟာ မေမေပါ။ ဒါ့ကြောင့် မေမေရဲ့နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ညီညွတ်ရင် ကလေးကပါ ကျန်းမာသန်စွမ်းတဲ့သူ ဖြစ်လာနိုင်ခြေ အများကြီး ရှိပါတယ်။

Related Article >>> အိပ်မက်ကပြောနေတဲ့ ယောင်းယောင်းတို့ရဲ့ ကျန်းမာရေး

၈။ နှလုံးရောဂါ၊ ဆီးချိုရောဂါ

အမျိုးသမီးတွေကိုသတ်နေတဲ့ အသံတိတ်လူသတ်သမားဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပါတယ်။ ယောင်းရဲ့အမေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရောဂါတွေရခဲ့တယ်ဆိုရင် ယောင်းမှာလည်း ဖြစ်ဖို့ အခွင့်အလမ်းတွေ များပါတယ်။ ရောဂါဖြစ်တဲ့အချိန်မှာ ယောင်းမေမေရဲ့ အသက်က ၅၀ ကျော်နေပြီ၊ ပေါင်ကလည်း ၃၀၀ ကျော်၊ လေ့ကျင့်ခန်းလည်း မလုပ်ဘူးဆိုရင်တော့ သူ(မ)ရဲ့နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်တဲ့အတွက် မျိုးရိုးမလိုက်တော့ပါဘူး။

၉။ ကိုယ်ဝန်နှင့် ကျန်းမာရေး

ယောင်းကို ကိုယ်ဝန်ဆောင်ချိန်မှာ ယောင်းအမေဟာ-

ကိုယ်ဝန်ဆိပ်တက်ခဲ့ဖူးမယ်
ဆီးချို တက်ခဲ့ဖူးမယ်
ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေက အများတကာထက် ပိုလွန်ကဲနေခဲ့တယ်
ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ဖူးတယ်ဆိုရင် ယောင်းမှာလည်း ဒီလိုဖြစ်နိုင်ချေတွေများပါတယ်။

၁၀။ မီးဖွားပြီးနောက် စိတ်ကျရောဂါဖြစ်ခြင်း

ယောင်းမေမေကို မေးကြည့်ပါ။ ကလေးမွေးပြီးနောက်ပိုင်း စိတ်ကျရောဂါ ဖြစ်ခဲ့ဖူးလားလို့။ ဒီလိုစိတ်ရောဂါတွေဟာ အမေကနေ သမီးကို ဗီဇကူးတတ်ပါတယ်။ ယောင်းမေမေရဲ့ မီးဖွားပြီးနောက်ပိုင်း အတွေ့အကြုံတွေဟာ ယောင်းအတွက် သဲလွန်စတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ယောင်းကိုယ်ဝန်ရှိချိန်မှာ သွေးစစ်မှုတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။

၁၁။ ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ

ကမ္ဘာကျော်မင်းသမီး Angelina Jolie ရဲ့မိခင်ဟာ ရင်သားကင်ဆာကြောင့် သေဆုံးခဲ့တာပါ။ ဒါကြောင့်လည်း ဂျိုလီက ရင်သားကင်ဆာ ဖြစ်နှုန်းလျော့ကျအောင် ကြိုတင်ခွဲစိတ်ထားတာပေါ့။ သားဥအိမ်ကင်ဆာကလည်း မျိုးရိုးလိုက်တတ်ပါတယ်။ ယောင်းရဲ့မိသားစုဆွေမျိုးတွေမှာ ဒီလိုကင်ဆာရောဂါတွေရှိနေခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

၁၂။ သွေးဆုံးခြင်း

ယောင်းမေမေရဲ့ရာသီသွေးဆုံးချိန်ဟာ ယောင်းနဲ့လည်းသက်ဆိုင်ပါတယ်။ သွေးဆုံးချိန်စောမလား၊ နောက်ကျမလားဆိုတာ ခန့်မှန်းလို့ရပါတယ်။ သွေးဆုံးကိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့ စိတ်ဆတ်ခြင်း၊ ပုံမှန်ထက် တက်ကြွလွန်းခြင်း၊ ညဘက်ချွေးစေးပြန်ခြင်းတွေလည်း ခံစားရတတ်ပါတယ်။

Translated by Paing (ကျန်းကျန်းမာမာ by Alinker)

Reference : Readers’ Digest

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *