ေလဆာကို အသံုးျပဳၿပီး အျမင္ပါဝါ ေလ်ာ့နည္းေစတာက အႏၱရာယ္ ကင္းရဲ႕လား?

ဟုတ္ၿပီ… လုပ္မလို႔ မလုပ္ရဲဘဲ ျဖစ္ေနတာ.. ခုေတာ့ အိုခီသြားၿပီ 😀

<<< Zawgyi >>>

LASIK Eye Surgery ဆိုတာ မ်က္လံုးအျမင္အာရံုခ်ဳိ႕ယြင္းခ်က္ေတြ ျဖစ္တဲ့ အနီးမႈန္တာ၊ အေဝးမႈန္တာ အစရွိတာေတြကို ေလဆာနဲ ့ ကုသတဲ့ နည္းပညာကို ေခၚတာ ျဖစ္ပါတယ္။ မ်က္လံုးရဲ႕ အာရံုေၾကာကို မွန္မွန္ကန္ကန္ ရရွိဖို႔အတြက္ ေလဆာေရာင္ျခည္ အသံုးျပဳၿပီး မ်က္လံုးကို ျပန္လည္ ျပဳျပင္ေပးတာ ျဖစ္ပါတယ္။

အားသာခ်က္ေတြက ဘာေတြ ရွိလဲ?

  • အျမင္အာရံု ျပန္လည္ေကာင္းမြန္လာတာက အဓိက အားသာခ်က္ျဖစ္ပါတယ္။ အျမင္အာရံုကို ၉၆ ရာခိုင္ႏႈန္း ျပန္လည္ ေကာင္းမြန္ေစပါတယ္။
  • နာက်င္မႈ အနည္းငယ္သာ ခံစားရေစပါတယ္။
  • ကုသမႈၿပီးတဲ့အခါ ေနာက္တစ္ရက္မွာပဲ ပံုမွန္အျမင္ရေစႏိုင္ပါတယ္။
  • ခြဲစိတ္ၿပီး ကုသတာမ်ဳိး မဟုတ္တာေၾကာင့္ ခ်ဳပ္တဲ့ ဒဏ္ရာ မျဖစ္ေစပါဘူး။
  • ကုသၿပီး နွစ္ေပါင္းမ်ားစြာ ၾကာခဲ့လို႔ အျမင္အာရံုေတြ ျပန္ေဝဝါးခဲ့ရင္ေတာင္ အလြယ္တကူ ျပန္လည္ ကုသႏိုင္ပါတယ္။
  • မ်က္မွန္တပ္ရတာကို ေလ်ာ့နည္းေစပါတယ္။

Related Article >>> မ်က္လံုးတစ္ဘက္တည္းမွ မ်က္ရည္ပူက်ျခင္း အေၾကာင္းရင္း

အားနည္းခ်က္ကေကာ ဘာေတြလဲ?

ဒီ ကုသမႈဟာ အနည္းငယ္ ရႈပ္ေထြးတဲ့ ျဖစ္စဥ္တစ္ခုျဖစ္တာေၾကာင့္ တစ္ခါတေလ အျမင္အာရံုကို ထိခိုက္ေစတာမ်ဳိး ျဖစ္တတ္ပါတယ္။

ေဘးထြက္ဆိုးက်ဳိးမ်ားလား

  • မ်က္ခမ္းစပ္ျခင္း
  • အျမင္အာရံုမွာ အဝန္းအဝိုင္းေတြ ျမင္ရျခင္း
  • ညဘက္ ကားေမာင္းရခက္ခဲျခင္း
  • မ်က္စိ ေျခာက္ေသြ႔ျခင္း
  • အျမင္ ပံုသ႑ာန္ မမွန္ျခင္းေတြ ျဖစ္တတ္ပါတယ္။

ဒါဆို ေလဆာနဲ႔ ပါဝါ မေလွ်ာ့ခင္ ဘာေတြ လိုက္နာေဆာင္ရြက္သင့္လဲ?

  • ကုသမႈ မတိုင္ခင္ ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ ့ ေသေသခ်ာခ်ာ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။ မ်က္လံုးကို စမ္းသပ္စစ္ေဆးမႈေတြ အရင္လုပ္ၿပီး မ်က္လံုးအေျခအေန အေျဖေတြ ေကာင္းတယ္ဆိုရင္ေတာ့ ဒီကုထံုးကို စတင္ႏိုင္မွာပါ။
  • မ်က္ကပ္မွန္တပ္ေနတဲ့ လူဆိုရင္ေတာ့ ကုသမႈ မတိုင္ခင္ သံုးရက္ကေန သံုးပတ္အတြင္း မ်က္ကပ္မွန္ အသံုး မျပဳသင့္ပါဘူး။
  • ကုသမႈ မျပဳခင္ အစာေပ်ာ့ေပ်ာ့သာ စားရပါမယ္။ မိက္ကပ္ လိမ္းတာ၊ ဆံညွပ္ တပ္တာေတြ ေရွာင္သင့္ပါတယ္။
  • ကုသေနစဥ္အတြင္းမွာ ထံုေဆးေပးထားတတ္ပါတယ္။ ၁၀ မိနစ္ခန္ ့ ၾကာျမင့္မွာျဖစ္ၿပီး လိုအပ္မယ္ဆိုရင္ ေမ့ေဆး သံုးႏိုင္ပါတယ္။ ကုသမႈအၿပီး အိမ္ျပန္တဲ့အခါ ကိုယ္တိုင္ ကားေမာင္းတာမ်ဳိး ေရွာင္ပါ။

Related Article >>> ရွိရင္းစြဲ အသက္ထက္ အိုမင္းေစတဲ့ မ်က္လံုးေအာက္က အေရးအေၾကာင္းေတြကို ဘယ္လိုေဖ်ာက္ၾကမလဲ

ကုသမႈၿပီးရင္ ဘာေတြ ျဖစ္တတ္လဲ?

  • မ်က္လံုးေျခာက္ၿပီး ပိုးဝင္ႏိုင္ပါတယ္။ ဒါေပမဲ့ ပိုးသတ္ေဆးပါတဲ့ မ်က္စဥ္းေတြကို ဆရာဝန္က ေပးပါလိမ့္မယ္။ ဆရာဝန္ေပးတဲ့ မ်က္စဥ္းေဆးကိုသာ အသံုးျပဳရမွာ ျဖစ္ပါတယ္။
  • ကုသတဲ့ေန႔မွာေတာ့ အျမင္အာရံု ၾကည္ၾကည္လင္လင္ မရွိတာမ်ဳိး ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ေနာက္တစ္ရက္ဆိုရင္ေတာ့ ပိုၾကည္သြားမွာပါ။ ဆရာဝန္ျပန္ခ်ိန္းတဲ့ ေနာက္ထပ္ ရက္ခ်ိန္းေတြကိုေတာ့ ျပသဖို ့မေမ့ပါနဲ႔။

က်န္းမာၿပီး ၾကည္လင္ေတာက္ပတဲ့ အျမင္အာရံုေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဘာသာျပန္ေရးသားသူ- ေဒါက္တာ ေအာင္ျပည့္ၿဖိဳးဦး (က်န္းက်န္းမာမာ by Alinker)

Reference: https://www.webmd.com/eye-health/lasik-laser-eye-surgery

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ဟုတ်ပြီ… လုပ်မလို့ မလုပ်ရဲဘဲ ဖြစ်နေတာ.. ခုတော့ အိုခီသွားပြီ 😀 

LASIK Eye Surgery ဆိုတာ မျက်လုံးအမြင်အာရုံချို့ယွင်းချက်တွေ ဖြစ်တဲ့ အနီးမှုန်တာ၊ အဝေးမှုန်တာ အစရှိတာတွေကို လေဆာနဲ့ ကုသတဲ့ နည်းပညာကို ခေါ်တာ ဖြစ်ပါတယ်။ မျက်လုံးရဲ့ အာရုံကြောကို မှန်မှန်ကန်ကန် ရရှိဖို့အတွက် လေဆာရောင်ခြည် အသုံးပြုပြီး မျက်လုံးကို ပြန်လည် ပြုပြင်ပေးတာ ဖြစ်ပါတယ်။

အားသာချက်တွေက ဘာတွေ ရှိလဲ?

  • အမြင်အာရုံ ပြန်လည်ကောင်းမွန်လာတာက အဓိက အားသာချက်ဖြစ်ပါတယ်။ အမြင်အာရုံကို ၉၆ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်စေပါတယ်။
  • နာကျင်မှု အနည်းငယ်သာ ခံစားရစေပါတယ်။
  • ကုသမှုပြီးတဲ့အခါ နောက်တစ်ရက်မှာပဲ ပုံမှန်အမြင်ရစေနိုင်ပါတယ်။
  • ခွဲစိတ်ပြီး ကုသတာမျိုး မဟုတ်တာကြောင့် ချုပ်တဲ့ ဒဏ်ရာ မဖြစ်စေပါဘူး။
  • ကုသပြီး နှစ်ပေါင်းများစွာ ကြာခဲ့လို့ အမြင်အာရုံတွေ ပြန်ဝေဝါးခဲ့ရင်တောင် အလွယ်တကူ ပြန်လည် ကုသနိုင်ပါတယ်။
  • မျက်မှန်တပ်ရတာကို လျော့နည်းစေပါတယ်။

Related Article >>> မျက်လုံးတစ်ဘက်တည်းမှ မျက်ရည်ပူကျခြင်း အကြောင်းရင်း

အားနည်းချက်ကကော ဘာတွေလဲ?

ဒီ ကုသမှုဟာ အနည်းငယ် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် တစ်ခါတလေ အမြင်အာရုံကို ထိခိုက်စေတာမျိုး ဖြစ်တတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများလား?

  • မျက်ခမ်းစပ်ခြင်း
  • အမြင်အာရုံမှာ အဝန်းအဝိုင်းတွေ မြင်ရခြင်း
  • ညဘက် ကားမောင်းရခက်ခဲခြင်း
  • မျက်စိ ခြောက်သွေ့ခြင်း
  • အမြင် ပုံသဏ္ဍာန် မမှန်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒါဆို လေဆာနဲ့ ပါဝါ မလျှော့ခင် ဘာတွေ လိုက်နာဆောင်ရွက်သင့်လဲ?

  • ကုသမှု မတိုင်ခင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
  • မျက်လုံးကို စမ်းသပ်စစ်ဆေးမှုတွေ အရင်လုပ်ပြီး မျက်လုံးအခြေအနေ အဖြေတွေ ကောင်းတယ်ဆိုရင်တော့ ဒီကုထုံးကို စတင်နိုင်မှာပါ။
  • မျက်ကပ်မှန်တပ်နေတဲ့ လူဆိုရင်တော့ ကုသမှု မတိုင်ခင် သုံးရက်ကနေ သုံးပတ်အတွင်း မျက်ကပ်မှန် အသုံး မပြုသင့်ပါဘူး။
  • ကုသမှု မပြုခင် အစာပျော့ပျော့သာ စားရပါမယ်။ မိက်ကပ် လိမ်းတာ၊ ဆံညှပ် တပ်တာတွေ ရှောင်သင့်ပါတယ်။
  • ကုသနေစဉ်အတွင်းမှာ ထုံဆေးပေးထားတတ်ပါတယ်။ ၁၀ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီး လိုအပ်မယ်ဆိုရင် မေ့ဆေး သုံးနိုင်ပါတယ်။
  • ကုသမှုအပြီး အိမ်ပြန်တဲ့အခါ ကိုယ်တိုင် ကားမောင်းတာမျိုး ရှောင်ပါ။

Related Article >>> ရှိရင်းစွဲ အသက်ထက် အိုမင်းစေတဲ့ မျက်လုံးအောက်က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်ကြမလဲ

ကုသမှုပြီးရင် ဘာတွေ ဖြစ်တတ်လဲ?

  • မျက်လုံးခြောက်ပြီး ပိုးဝင်နိုင်ပါတယ်။ ဒါပေမဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်းတွေကို ဆရာဝန်က ပေးပါလိမ့်မယ်။ ဆရာဝန်ပေးတဲ့ မျက်စဉ်းဆေးကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
  • ကုသတဲ့နေ့မှာတော့ အမြင်အာရုံ ကြည်ကြည်လင်လင် မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်ဆိုရင်တော့ ပိုကြည်သွားမှာပါ။ ဆရာဝန်ပြန်ချိန်းတဲ့ နောက်ထပ် ရက်ချိန်းတွေကိုတော့ ပြသဖို့မမေ့ပါနဲ့။

ကျန်းမာပြီး ကြည်လင်တောက်ပတဲ့ အမြင်အာရုံတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဘာသာပြန်ရေးသားသူ- ဒေါက်တာ အောင်ပြည့်ဖြိုးဦး (ကျန်းကျန်းမာမာ by Alinker)

Reference: https://www.webmd.com/eye-health/lasik-laser-eye-surgery

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed