ကိုယ္ဝန္ရွိရင္ (၂) ေယာက္စာ စားရတယ္ဆိုုတာ တကယ္လား?

တကယ့္တကယ္ လိုအပ္တာက… 

<<< Zawgyi >>>

ကုိယ္ဝန္ရွိေနရင္ အစာအာဟာရျပည့္ျပည့္စံုစံုစားေပးရမွာ မွန္ပါတယ္။ ဒါေပမဲ့ အေပၚမွာေျပာခဲ့သလို (၂) ေယာက္စာအထိ စားေပးရမယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ သို႔ေပမဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ျဖစ္သူရဲ႕ တစ္ေန႔တာ စြမ္းအင္လိုအပ္ခ်က္က အရင္ထက္ ပိုတိုးလာပါတယ္။ ဒီတုိးလာတဲ့ပမာဏကို ျပည့္မီေအာင္ေတာ့ စားသံုးေပးရပါမယ္။

ကုိယ္ဝန္ေဆာင္ အမ်ားစုကေတာ့ ဒီလို အာဟာရ လုိအပ္ခ်က္ကို ျပည့္မီေစဖို႔ အစားအေသာက္ေတြအျပင္ တျခားအားေဆးေတြကိုပါ မွီဝဲၾကေလ့ရွိပါတယ္။ ကုိယ္ဝန္ေတာင္ မေဆာင္ရေသးတဲ့ အမ်ဳိးသမီးေတြလည္း ေသာက္ၾကတယ္။ ဒီအားေဆးေတြက ေမြးလာမယ့္ ကေလးရဲ႕ ဖံြ႔ၿဖိဳးမႈဆိုင္ရာ ခ်ဳိ႕ယြင္းခ်က္ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါဆို ဒီအားေဆးေတြက ဘာေတြလဲ၊ သူတို႔ရဲ႕ ေကာင္းက်ဳိး၊ ဆိုးက်ဳိးေတြကေရာ ဘာေတြလဲ?

Related Article >>> ကိုယ္ဝန္ေဆာင္ေယာင္းတုိ႕အတြက္ ေယာဂက်င့္စဥ္မ်ား

ကိုယ္ဝန္ေဆာင္ ဗီတာမင္အားေဆးေတြဆိုတာ ဆရာဝန္ရဲ႕ ခြင့္ျပဳခ်က္မလိုအပ္ဘဲ အျပင္မွာ လြယ္လင့္တကူ ဝယ္ယူေသာက္သံုးႏိုင္တဲ့ ေဆးဝါးေတြ ျဖစ္ပါတယ္။ ကုိယ္ဝန္ေဆာင္ရၿပီဆိုတာနဲ႔ မိခင္ေလာင္းေတြရဲ႕ စြမ္းအင္လိုအပ္ခ်က္က တိုးလာပါတယ္။ တစ္ခါတေလ ဒီလို လစ္ဟာသြားတဲ့ လုိအပ္ခ်က္ေနရာကို ပံုမွန္စားေသာက္ရံုနဲ႔ မျပည့္ႏိုင္တာ ရွိပါတယ္။ ကိုယ္ဝန္ေဆာင္အားေဆးေတြက ဒီလစ္ဟာေနတဲ့ ေနရာကို ျဖည့္ဆည္းေပးဖို႔ ရည္ရြယ္ပါတယ္။ တစ္ခုမွတ္ထားသင့္တာက ဒါေတြက အားေဆးသီးသန္႔ပါပဲ။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ေတြကိုေတာ႔ အစားထိုးႏိုင္မွာ မဟုတ္ပါဘူး။

ရိုးရိုး ဗီတာမင္ေဆးျပားေတြနဲ႔ ကိုယ္ဝန္ေဆာင္အားေဆးေတြနဲ႔ ဘာကြာသလဲ?

အဓိကအားျဖင့္ေတာ့ ကုိယ္ဝန္ေဆာင္ အားေဆးေတြမွာ ေအာက္ပါ အာဟာရဓာတ္ (၃) မ်ဳိး ပါဝင္ပါတယ္။

ကယ္လ္ဆီယမ္ဓာတ္ – ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီးေတြနဲ႔ အရြယ္ေရာက္ အမ်ဳိးသမီးေတြဟာ တစ္ေန႔ကို ကယ္လ္ဆီယမ္ဓာတ္ ၁၀၀၀ မီလီဂရမ္ေလာက္ လိုအပ္တယ္လို႔ ဆိုပါတယ္။ ကိုယ္ဝန္ေဆာင္ အားေဆးအမ်ားစုမွာ ကယ္လ္ဆီယမ္ဓာတ္ ၂၀၀ ကေန ၃၀၀ ဂရမ္ေလာက္ ပါဝင္ေနပါတယ္။ ေန႔စဥ္စားေသာက္ေနတဲ့ အစားအေသာက္ထဲမွာလည္း ပါဝင္ဦးမွာမို႔ ဒီပမာဏက လံုေလာက္မႈ ရွိမွာပါ။ ကယ္လ္ဆီယမ္က အရိုးေတြ သန္မာဖို႔အတြက္ လိုအပ္ပါတယ္။

ေဖာလစ္အက္စစ္ – ေဖာလစ္အက္စစ္ ေသာက္သံုးျခင္းက ေမြးလာမယ့္ ကေလးငယ္မွာ ေက်ာရိုး၊ အာရံုေၾကာမႀကီး ပံုမွန္မဟုတ္တဲ့ ျပႆနာေတြ ျဖစ္ျခင္းကေန ကာကြယ္ေပးပါတယ္။ ေလ့လာမႈေတြအရ ကုိယ္ဝန္ေဆာင္ မိခင္ေတြအေနနဲ႔ တစ္ေန႔ကို ေဖာလစ္အက္စစ္ ၆၀၀ မီလီဂရမ္ေလာက္ လိုအပ္တယ္လို႔ ဆိုပါတယ္။ အစားအေသာက္ တစ္မ်ဳိးတည္းကေနပဲ ေဖာလစ္အက္စစ္ကို လံုလံုေလာက္ေလာက္ရရွိဖို႔ မလြယ္္တာမို႔ အားေဆးအေနနဲ႔ ေသာက္သံုးဖို႔ လိုအပ္ပါတယ္။ အစားအစာထဲကဆုိရင္ေတာ့ ပဲ၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္၊ ကညြတ္၊ ပန္းေဂၚဖီစိမ္း စတဲ့ အစားအစာေတြမွာ ပါဝင္ၿပီး ေကြကာအုတ္၊ ဂ်ံဳၾကမ္းနဲ႔ ပါစတာလို အစားအစာေတြထဲမွာလည္း ပါဝင္ပါတယ္။ ကေလးငယ္ရဲ႕ အေစာပိုင္းဖံြ႔ၿဖိဳးမႈအတြက္ ေဖာလစ္အက္စစ္က မရွိမျဖစ္ လုိအပ္တာေၾကာင့္ ကေလးယူဖို႔စၿပီး စဥ္းစားကတည္းက ေသာက္သံုးသင့္ပါတယ္။

သံဓာတ္ – ခႏၶာကိုယ္က ေသြးနီဥေတြတိုးပြားလာဖို႔အတြက္ သံဓာတ္ လိုအပ္ပါတယ္။ ကုိယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ဳိးသမီးတစ္ေယာက္က ေသြးအားျပည့္ေနဖို႔ လိုအပ္တာေၾကာင့္ သံဓာတ္က မရွိမျဖစ္ပါပဲ။ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို သံဓာတ္ ၂၇ မီလီဂရမ္ေလာက္ လိုအပ္ပါတယ္။

ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ တျခားလိုအပ္တဲ့ အာဟာရဓာတ္ေတြကေတာ႔ အိုမီဂါ ၃ အက္စစ္၊ ဇင့္ဓာတ္၊ ဗီတာမင္ E,A, C စတာေတြပဲ ျဖစ္ပါတယ္။

Related Article >>> ကိုယ္ဝန္ေဆာင္ေတြ မျဖစ္မေန ေရွာင္ရွားသင့္တဲ့ အလွကုန္ပါဝင္ပစၥည္းမ်ား

ဘယ္အခ်ိန္မွာ ဗီတာမင္အားေဆးေတြ စေသာက္သံုးမလဲ?

ဒီေဆးေတြ မေသာက္ခင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္ဖို႔လိုအပ္ပါတယ္။

အႁမႊာကိုယ္ဝန္ေဆာင္ထားသူေတြ၊ အသက္ငယ္ငယ္နဲ႔ ကုိယ္ဝန္ေဆာင္ထားသူေတြ၊ မူးယစ္ေဆးဝါးသံုးစဲြဖူးတဲ့ အမ်ဳိးသမီးေတြဆို တျခားသူေတြထက္ ပိုၿပီး ဗီတာမင္ လိုအပ္ခ်က္ ပိုမ်ားပါတယ္။ ဒီအမ်ဳိးသမီးေတြက အားေဆးေတြ ပုိလိုအပ္ပါတယ္။

ကေလးေမြးၿပီး ႏို႔တုိက္မိခင္ေတြကိုလည္း အားေဆးေတြ ဆက္ေသာက္ဖို႔ တိုက္တြန္းေလ့ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏို႔တုိက္ေကၽြးရာမွာလည္း မိခင္ေတြအေနနဲ႔ အာဟာရဓာတ္ အင္မတန္ လိုအပ္လို႔ ျဖစ္ပါတယ္။

ေဘးထြက္ ဆိုးက်ဳိးေတြကေရာ ဘာေတြလဲ?

ကိုယ္ဝန္ေဆာင္အားေဆးေတြက ကိုယ္ဝန္လက္ရွိလြယ္ထားရသူေတြနဲ႔ ႏို႔တုိက္ေနသူေတြပဲ ေသာက္သံုးတာ ပိုသင့္ေတာ္ပါတယ္။ ေဖာလစ္အက္စစ္လို ဓာတ္ေတြ အရမ္းမ်ားသြားရင္ ခႏၶာကိုယ္ထဲမွာ ဗီတာမင္ ဘီ ၁၂ ခ်ဳိ႕တဲ့မႈေတြ ျဖစ္လာႏုိင္ပါတယ္။ သံဓာတ္အရမ္းမ်ားသြားရင္လည္း မိန္းကေလးေတြမွာ ဝမ္းခ်ဳပ္တာ၊ မူးေဝေအာ့အန္တာ၊ ဝမ္းေလွ်ာတာေတြအထိ ျဖစ္လာႏိုင္ပါတယ္။ ဗီတာမင္ ေအ ကလည္း လိုအပ္တယ္ဆိုေပမဲ့ အတုိင္းအတာတစ္ခုအထိပါပဲ။ လုိတာထက္ ပိုမွီဝဲမိသြားရင္ အသည္းကို ဆိုးဆိုးဝါးဝါး ထိခုိက္ေစပါတယ္။

ေနာက္ၿပီး အမ်ဳိးသမီး တခ်ဳိ႕ လဲြမွားစြာ ယူဆၾကတဲ့ တစ္ခ်က္ ရွိပါေသးတယ္။ ဒီလို ကုိယ္ဝန္ေဆာင္အားေဆးေတြ ေသာက္သံုးရင္ ဆံပင္ေတြ နက္ေမွာင္သန္စြမ္းတယ္၊ အသားေရလွမယ္၊ လက္သည္းေျခသည္းေတြလည္း ပိုေတာက္ေျပာင္လာတယ္လို႔ ထင္တတ္ၾကပါတယ္။ အခုေနာက္ဆံုးေလ့လာခ်က္ေတြအရေတာ႔ ဒါေတြက အမွန္မဟုတ္ဘူးလို႔ဆိုပါတယ္။ အမ်ဳိးသမီးရဲ႕ အလွအပေရးရာအတြက္ ဒီအားေဆးေတြက သိသိသာသာ မကူညီေပးႏုိင္ဘူးလို႔ ဆုိပါတယ္။

အားလံုး အတိုခ်ဳံးျပန္ေျပာရရင္ေတာ့ ကုိယ္ဝန္ရွိေနတဲ့ ဒါမွမဟုတ္ မိခင္ႏို႔ တုိက္ေကၽြးေနတဲ့ အမ်ဳိးသမီးတစ္ေယာက္ဆို အစာအာဟာရ ျပည့္ျပည့္ဝဝစားသံုးဖို႔ အရင္အာရံုစိုက္သင့္ပါတယ္။ အသားဟင္းငါးဟင္း၊ အဆီထုတ္ထားတဲ့ ႏြားနုိ႔၊ ဂ်ံဳၾကမ္း၊ ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံေတြ အမ်ားႀကီး စားသံုးႏုိင္ပါတယ္။ ေနာက္ၿပီး ကိုယ္ဝန္ရွိၿပီဆိုတာနဲ႔ သားဖြားမီးယပ္ဆရာဝန္နဲ႔ ဗိုက္အပ္ေပးပါ။ ဒီေတာ့မွ ဆရာဝန္က မိခင္ေလာင္းနဲ႔ သင့္ေတာ္မယ့္ ေဆးေတြကို ညႊန္ၾကားပါလိမ့္မယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အာဟာရဓာတ္ လိုအပ္ပံုခ်င္းမတူတဲ့အတြက္ ေပးတဲ့အားေဆးလည္း တူညီမွာေတာ့ မဟုတ္ပါဘူး။ ေဆးကိုလည္း သတ္မွတ္ထားတဲ့ ပမာဏအတိုင္းေသာက္မယ္၊ အစားအေသာက္လည္း စည္းကမ္းရွိမယ္ဆိုရင္ မိခင္ေရာ ကေလးပါ က်န္းမာတဲ့ဘဝကို ပို္င္ဆိုင္ရရွိႏို္င္မွာျဖစ္ေၾကာင္း ေျပာၾကားရင္း နိဂံုးခ်ဳပ္အပ္ပါတယ္ခင္ဗ်ာ။

Dr. Barry (က်န္းက်န္းမာမာ by Alinker)

Reference: www.healthline.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

တချို့လူတွေကထင်ကြပါတယ်၊ ကိုယ်ဝန်ရှိသွားပြီဆိုတော့ မိခင်အတွက်ရော ကလေးအတွက်ပါ (၂) ဆ စားပေးရမယ်လို့။ ဒါက တကယ်ရောမှန်ပါရဲ့လား။

ကိုယ်ဝန်ရှိနေရင် အစာအာဟာရပြည့်ပြည့်စုံစုံစားပေးရမှာ မှန်ပါတယ်။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို (၂) ယောက်စာအထိ စားပေးရမယ်ဆိုတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ဖြစ်သူရဲ့ တစ်နေ့တာ စွမ်းအင်လိုအပ်ချက်က အရင်ထက် ပိုတိုးလာပါတယ်။ ဒီတိုးလာတဲ့ပမာဏကို ပြည့်မီအောင်တော့ စားသုံးပေးရပါမယ်။

ကိုယ်ဝန်ဆောင် အများစုကတော့ ဒီလို အာဟာရ လိုအပ်ချက်ကို ပြည့်မီစေဖို့ အစားအသောက်တွေအပြင် တခြားအားဆေးတွေကိုပါ မှီဝဲကြလေ့ရှိပါတယ်။ ကိုယ်ဝန်တောင် မဆောင်ရသေးတဲ့ အမျိုးသမီးတွေလည်း သောက်ကြတယ်။ ဒီအားဆေးတွေက မွေးလာမယ့် ကလေးရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆို ဒီအားဆေးတွေက ဘာတွေလဲ၊ သူတို့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကရော ဘာတွေလဲ?

Related Article >>> ကိုယ်ဝန်ဆောင်ယောင်းတို့အတွက် ယောဂကျင့်စဉ်များ

ကိုယ်ဝန်ဆောင် ဗီတာမင်အားဆေးတွေဆိုတာ ဆရာဝန်ရဲ့ ခွင့်ပြုချက်မလိုအပ်ဘဲ အပြင်မှာ လွယ်လင့်တကူ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ မိခင်လောင်းတွေရဲ့ စွမ်းအင်လိုအပ်ချက်က တိုးလာပါတယ်။ တစ်ခါတလေ ဒီလို လစ်ဟာသွားတဲ့ လိုအပ်ချက်နေရာကို ပုံမှန်စားသောက်ရုံနဲ့ မပြည့်နိုင်တာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေက ဒီလစ်ဟာနေတဲ့ နေရာကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။ တစ်ခုမှတ်ထားသင့်တာက ဒါတွေက အားဆေးသီးသန့်ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုတော့ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။

ရိုးရိုး ဗီတာမင်ဆေးပြားတွေနဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေနဲ့ ဘာကွာသလဲ?

အဓိကအားဖြင့်တော့ ကိုယ်ဝန်ဆောင် အားဆေးတွေမှာ အောက်ပါ အာဟာရဓာတ် (၃) မျိုး ပါဝင်ပါတယ်။

ကယ်လ်ဆီယမ်ဓာတ် – ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အရွယ်ရောက် အမျိုးသမီးတွေဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် ၁၀၀၀ မီလီဂရမ်လောက် လိုအပ်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် အားဆေးအများစုမှာ ကယ်လ်ဆီယမ်ဓာတ် ၂၀၀ ကနေ ၃၀၀ ဂရမ်လောက် ပါဝင်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ထဲမှာလည်း ပါဝင်ဦးမှာမို့ ဒီပမာဏက လုံလောက်မှု ရှိမှာပါ။ ကယ်လ်ဆီယမ်က အရိုးတွေ သန်မာဖို့အတွက် လိုအပ်ပါတယ်။

ဖောလစ်အက်စစ် – ဖောလစ်အက်စစ် သောက်သုံးခြင်းက မွေးလာမယ့် ကလေးငယ်မှာ ကျောရိုး၊ အာရုံကြောမကြီး ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ တစ်နေ့ကို ဖောလစ်အက်စစ် ၆၀၀ မီလီဂရမ်လောက် လိုအပ်တယ်လို့ ဆိုပါတယ်။ အစားအသောက် တစ်မျိုးတည်းကနေပဲ ဖောလစ်အက်စစ်ကို လုံလုံလောက်လောက်ရရှိဖို့ မလွယ်တာမို့ အားဆေးအနေနဲ့ သောက်သုံးဖို့ လိုအပ်ပါတယ်။ အစားအစာထဲကဆိုရင်တော့ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစားအစာတွေမှာ ပါဝင်ပြီး ကွေကာအုတ်၊ ဂျုံကြမ်းနဲ့ ပါစတာလို အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။ ကလေးငယ်ရဲ့ အစောပိုင်းဖွံ့ဖြိုးမှုအတွက် ဖောလစ်အက်စစ်က မရှိမဖြစ် လိုအပ်တာကြောင့် ကလေးယူဖို့စပြီး စဉ်းစားကတည်းက သောက်သုံးသင့်ပါတယ်။

သံဓာတ် – ခန္ဓာကိုယ်က သွေးနီဥတွေတိုးပွားလာဖို့အတွက် သံဓာတ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်က သွေးအားပြည့်နေဖို့ လိုအပ်တာကြောင့် သံဓာတ်က မရှိမဖြစ်ပါပဲ။ ပျမ်းမျှအားဖြင့် တစ်နေ့ကို သံဓာတ် ၂၇ မီလီဂရမ်လောက် လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ တခြားလိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ အိုမီဂါ ၃ အက်စစ်၊ ဇင့်ဓာတ်၊ ဗီတာမင် E,A, C စတာတွေပဲ ဖြစ်ပါတယ်။

Related Article >>> ကိုယ်ဝန်ဆောင်တွေ မဖြစ်မနေ ရှောင်ရှားသင့်တဲ့ အလှကုန်ပါဝင်ပစ္စည်းများ

ဘယ်အချိန်မှာ ဗီတာမင်အားဆေးတွေ စသောက်သုံးမလဲ?

ဒီဆေးတွေ မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့လိုအပ်ပါတယ်။

အမြွှာကိုယ်ဝန်ဆောင်ထားသူတွေ၊ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ထားသူတွေ၊ မူးယစ်ဆေးဝါးသုံးစွဲဖူးတဲ့ အမျိုးသမီးတွေဆို တခြားသူတွေထက် ပိုပြီး ဗီတာမင် လိုအပ်ချက် ပိုများပါတယ်။ ဒီအမျိုးသမီးတွေက အားဆေးတွေ ပိုလိုအပ်ပါတယ်။

ကလေးမွေးပြီး နို့တိုက်မိခင်တွေကိုလည်း အားဆေးတွေ ဆက်သောက်ဖို့ တိုက်တွန်းလေ့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့တိုက်ကျွေးရာမှာလည်း မိခင်တွေအနေနဲ့ အာဟာရဓာတ် အင်မတန် လိုအပ်လို့ ဖြစ်ပါတယ်။

ဘေးထွက် ဆိုးကျိုးတွေကရော ဘာတွေလဲ?

ကိုယ်ဝန်ဆောင်အားဆေးတွေက ကိုယ်ဝန်လက်ရှိလွယ်ထားရသူတွေနဲ့ နို့တိုက်နေသူတွေပဲ သောက်သုံးတာ ပိုသင့်တော်ပါတယ်။ ဖောလစ်အက်စစ်လို ဓာတ်တွေ အရမ်းများသွားရင် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဘီ ၁၂ ချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။ သံဓာတ်အရမ်းများသွားရင်လည်း မိန်းကလေးတွေမှာ ဝမ်းချုပ်တာ၊ မူးဝေအော့အန်တာ၊ ဝမ်းလျှောတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် အေ ကလည်း လိုအပ်တယ်ဆိုပေမဲ့ အတိုင်းအတာတစ်ခုအထိပါပဲ။ လိုတာထက် ပိုမှီဝဲမိသွားရင် အသည်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။

နောက်ပြီး အမျိုးသမီး တချို့ လွဲမှားစွာ ယူဆကြတဲ့ တစ်ချက် ရှိပါသေးတယ်။ ဒီလို ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်သုံးရင် ဆံပင်တွေ နက်မှောင်သန်စွမ်းတယ်၊ အသားရေလှမယ်၊ လက်သည်းခြေသည်းတွေလည်း ပိုတောက်ပြောင်လာတယ်လို့ ထင်တတ်ကြပါတယ်။ အခုနောက်ဆုံးလေ့လာချက်တွေအရတော့ ဒါတွေက အမှန်မဟုတ်ဘူးလို့ဆိုပါတယ်။ အမျိုးသမီးရဲ့ အလှအပရေးရာအတွက် ဒီအားဆေးတွေက သိသိသာသာ မကူညီပေးနိုင်ဘူးလို့ ဆိုပါတယ်။

အားလုံး အတိုချုံးပြန်ပြောရရင်တော့ ကိုယ်ဝန်ရှိနေတဲ့ ဒါမှမဟုတ် မိခင်နို့ တိုက်ကျွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆို အစာအာဟာရ ပြည့်ပြည့်ဝဝစားသုံးဖို့ အရင်အာရုံစိုက်သင့်ပါတယ်။ အသားဟင်းငါးဟင်း၊ အဆီထုတ်ထားတဲ့ နွားနို့၊ ဂျုံကြမ်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ အများကြီး စားသုံးနိုင်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ ဗိုက်အပ်ပေးပါ။ ဒီတော့မှ ဆရာဝန်က မိခင်လောင်းနဲ့ သင့်တော်မယ့် ဆေးတွေကို ညွှန်ကြားပါလိမ့်မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အာဟာရဓာတ် လိုအပ်ပုံချင်းမတူတဲ့အတွက် ပေးတဲ့အားဆေးလည်း တူညီမှာတော့ မဟုတ်ပါဘူး။ ဆေးကိုလည်း သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသောက်မယ်၊ အစားအသောက်လည်း စည်းကမ်းရှိမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

Dr. Barry (ကျန်းကျန်းမာမာ by Alinker)

Reference: www.healthline.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed