အကာအကြယ္မရွိဘဲ လိင္ဆက္ဆံမိခဲ့ရင္ မျဖစ္မေန သိထားရမယ့္ အခ်က္ (၅)ခ်က္

က်ိန္းေသေပါက္ သိထားရမယ့္ဟာေတြ…

သို႔.. ညီမေလး..

မထင္မွတ္ထားတဲ့ အခ်ိန္မွာ မစီစဥ္ထားတဲ့ ကိစၥေတြျဖစ္လာရင္ အင္မတန္ စိတ္ညစ္ရပါတယ္။ ဒီထဲမွာမွ အေျခအေနအရ ေသြးသားလႈပ္ရွားမႈေတြအရ အမွတ္မထင္ လိင္ဆက္ဆံမိသြားတယ္။ အတူေနမိသြားတယ္။ အဲ့ထဲကမွ မစီစဥ္ထားတဲ့အခါက်ေတာ့ ကြန္ဒံုးလည္း မပါဘဲ အကာကြယ္မဲ့ခ်ိန္ ဆက္ဆံမိသြားတယ္ဆိုရင္ ညီမေလးတို႔ စိတ္ေအးေအးနဲ႔ ဘာေတြလုပ္သင့္တယ္ဆိုတာေလးကို ေျပာျပခ်င္ပါတယ္။ ေသြးပူေနမွာမို႔ ဘယ္က ဘယ္လိုစလုပ္ရမွန္းမသိ မျဖစ္ရေလေအာင္ အခ်ိန္ေလးေတြနဲ႔ ဘာလုပ္သင့္တယ္ဆိုတာ အၾကံေပးပါရေစေနာ္။

၁။ လိင္ဆက္ဆံၿပီး မိနစ္ ၃၀အတြင္း ျဖစ္ႏိုင္ရင္ လိင္ဆက္ဆံၿပီးၿပီးခ်င္း ဆီးသြားလိုက္ပါ။ ဒီလို ဆီးသြားလိုက္ျခင္းဟာ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးႏိုင္တဲ့ ဆီးပူ၊ ဆီးက်ဥ္၊ ဆီးလမ္းေၾကာင္း ပိုးဝင္ႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္။

၂။ လိင္ဆက္ဆံၿပီး ၇၂ နာရီအတြင္း(ရက္နဲ႔တြက္ရင္ ၃ရက္အတြင္း)မွာ အေရးေပၚတားေဆးကို ေသာက္သံုးသင့္ပါတယ္။ ေစာေစာေသာက္ႏိုင္ရင္ အေကာင္းဆံုးဆိုေပမဲ့ ေသြးပူၿပီး မေသာက္မိရင္ေတာင္ ၇၂နာရီအတြင္း ေသာက္ျဖစ္ေအာင္ သတိထားေပးပါ။ အေရးေပၚတားေဆးဟာ မလိုခ်င္တဲ့ကိုယ္ဝန္ကို တားေပးႏိုင္စြမ္းဟာ ၉၈%ေက်ာ္ရွိလို႔ အေတာ္စိတ္ခ်ရတယ္ ေျပာရမွာပါ။ ေသာက္လို႔ အန္ထြက္သြားတယ္ဆိုရင္ ေနာက္တစ္ႀကိမ္ ျပန္ေသာက္ေပးရမွာပါ။

Related Article >>> Anal sex နဲ႔ လိင္မႈသုခ

၃။ အေရးေပၚတားေဆးကိုလည္း ၃ရက္အတြင္းမေသာက္မိဘူး။ ကိုယ္ဝန္ယူဖို႔လည္း လံုးဝမျဖစ္ႏ္ုိင္ေသးဘူးဆိုရင္ ညီမေလးတို႔အတြက္ နည္းလမ္းတစ္ခုရွိပါေသးတယ္။ ဒါကေတာ့ လိင္ဆက္ဆံၿပီး ၅ ရက္အတြင္း သားဆက္ျခားနည္း တစ္မ်ိဳးျဖစ္တဲ့ သားအိမ္ထဲ IUD ထည့္တာပါ။ ဒီလို IUD ထည့္လိုက္ျခင္းဟာ မလိုခ်င္တဲ့ ကိုယ္ဝန္ကို ၉၉%ထိ ကာကြယ္ေပးႏိုင္ပါတယ္တဲ့။

၄။ လိင္ဆက္ဆံၿပီး ၂ပတ္ၾကာရင္ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြအတြက္ ေသြးစစ္ေဆးမႈ ျပဳလုပ္ပါ။ ကိုယ့္အေဖာ္ကို ယံုသင့္၊မယံုသင့္ကိစၥကို မေျပာလိုပါဘူး ။ ဒါေပမဲ့ ကိုယ့္က်န္းမာေရးအတြက္ တခ်ိဳ႕ကိစၥေတြက ႀကိဳတင္စစ္ေဆးထားတာ အေကာင္းဆံုးမို႔ပါ။ စစ္ေဆးသင့္တဲ့ ေရာဂါေတြကေတာ့ အသည္းေရာင္ ဘီပိုး၊စီပိုး ၊ HIV ၊ ကာလသားေရာဂါပိုးေတြ ျဖစ္ပါတယ္။

Related Article >>> အေရးေပၚတားေဆး မၾကာခဏေသာက္လွ်င္

၅။ လိင္ဆက္ဆံၿပီး ၃ပတ္ၾကာရင္ ကိုယ္ဝန္ရွိမရွိ ဆီးစစ္သင့္ပါတယ္။ ဒီထက္ေစာေစာစစ္ရင္ HCGေဟာ္မုန္းပမာဏနည္းၿပီး ကိုယ္ဝန္ရွိေနမွန္း မေပၚတာမ်ိဳးျဖစ္တတ္လို႔ပါ။ ၃ပတ္အၾကာမွာ စစစ္လို႔ရၿပီး ၄ပတ္ေျမာက္ ၅ပတ္ေျမာက္မွာလည္း ရာသီမလာေသးရင္ ဆက္လက္စစ္ေဆးသင့္ပါတယ္။

အကာကြယ္မဲ့လိင္ဆက္ဆံမိရင္ ဒီအဆင့္ ၅ဆင့္ကို မျဖစ္မေန သိထားသင့္ပါတယ္ေနာ္..  မေတာ္တဆ ဆိုတာ ခဏ ခဏဆိုရင္ အႏၲရာယ္မ်ားတာမို႔ ေနာင္အခ်ိန္မ်ားအတြက္ေတာ့ အကာကြယ္နဲ႔ဆက္ဆံဖို႔ မေမ့ပါနဲ႔ ညီမေလးတို႔ေရ..

မယ္တင္(ေဆး ၁)

<<< Unicode >>>

ကျိန်းသေပေါက် သိထားရမယ့်ဟာတွေ…

သို့ ညီမလေး

မထင်မှတ်ထားတဲ့ အချိန်မှာ အစီစဉ်ထားတဲ့ ကိစ္စတွေဖြစ်လာရင် အင်မတန် စိတ်ညစ်ရပါတယ်။ ဒီထဲမှာမှ အခြေအနေအရ သွေးသားလှုပ်ရှားမှုတွေအရ အမှတ်မထင် လိင်ဆက်ဆံမိသွားတယ်။ အတူနေမိသွားတယ်။ အဲ့ထဲကမှ မစီစဉ်ထားတဲ့အခါကျတော့ ကွန်ဒုံးလည်း မပါဘဲ အကာကွယ်မဲ့ချိန် ဆက်ဆံမိသွားတယ်ဆိုရင် ယောင်းတို့ စိတ်အေးအေးနဲ့ ဘာတွေလုပ်သင့်တယ်ဆိုတာလေးကို ပြောပြချင်ပါတယ်။ သွေးပူနေမှာမို့ ဘယ်က ဘယ်လိုစလုပ်ရမှန်းမသိ မဖြစ်ရလေအောင် အချိန်လေးတွေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါရစေနော်။

၁။ လိင်ဆက်ဆံပြီး မိနစ် ၃၀အတွင်း ဖြစ်နိုင်ရင် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားလိုက်ပါ။ ဒီလို ဆီးသွားလိုက်ခြင်းဟာ လိင်ဆက်ဆံခြင်းကြောင့် ကူးနိုင်တဲ့ ဆီးပူ၊ ဆီးကျဉ်၊ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို လျော့နည်းစေပါတယ်။

၂။ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း(ရက်နဲ့တွက်ရင် ၃ရက်အတွင်း)မှာ အရေးပေါ်တားဆေးကို သောက်သုံးသင့်ပါတယ်။ စောစောသောက်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ သွေးပူပြီး မသောက်မိရင်တောင် ၇၂နာရီအတွင်း သောက်ဖြစ်အောင် သတိထားပေးပါ။ အရေးပေါ်တားဆေးဟာ မလိုချင်တဲ့ကိုယ်ဝန်ကို တားပေးနိုင်စွမ်းဟာ ၉၈%ကျော်ရှိလို့ အတော်စိတ်ချရတယ် ပြောရမှာပါ။ သောက်လို့ အန်ထွက်သွားတယ်ဆိုရင် နောက်တစ်ကြိမ် ပြန်သောက်ပေးရမှာပါ။

Related Article >>> Anal sex နဲ့ လိင်မှုသုခ

၃။ အရေးပေါ်တားဆေးကိုလည်း ၃ရက်အတွင်းမသောက်မိဘူး။ ကိုယ်ဝန်ယူဖို့လည်း လုံးဝမဖြစ်နိုင်သေးဘူးဆိုရင် ယောင်းတို့အတွက် နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ လိင်ဆက်ဆံပြီး ၅ ရက်အတွင်း သားဆက်ခြားနည်း တစ်မျိုးဖြစ်တဲ့ သားအိမ်ထဲ IUD ထည့်တာပါ။ ဒီလို IUD ထည့်လိုက်ခြင်းဟာ မလိုချင်တဲ့ ကိုယ်ဝန်ကို ၉၉%ထိ ကာကွယ်ပေးနိုင်ပါတယ်တဲ့။

၄။ လိင်ဆက်ဆံပြီး ၂ပတ်ကြာရင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအတွက် သွေးစစ်ဆေးမှု ပြုလုပ်ပါ။ ကိုယ့်အဖော်ကို ယုံသင့်၊မယုံသင့်ကိစ္စကို မပြောလိုပါဘူး ။ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးအတွက် တချို့ကိစ္စတွေက ကြိုတင်စစ်ဆေးထားတာ အကောင်းဆုံးမို့ပါ။ စစ်ဆေးသင့်တဲ့ ရောဂါတွေကတော့ အသည်းရောင် ဘီပိုး၊စီပိုး ၊ HIV ၊ ကာလသားရောဂါပိုးတွေ ဖြစ်ပါတယ်။

Related Article >>> အရေးပေါ်တားဆေး မကြာခဏသောက်လျှင်

၅။ လိင်ဆက်ဆံပြီး ၃ပတ်ကြာရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သင့်ပါတယ်။ ဒီထက်စောစောစစ်ရင် HCGဟော်မုန်းပမာဏနည်းပြီး ကိုယ်ဝန်ရှိနေမှန်း မပေါ်တာမျိုးဖြစ်တတ်လို့ပါ။ ၃ပတ်အကြာမှာ စစစ်လို့ရပြီး ၄ပတ်မြောက် ၅ပတ်မြောက်မှာလည်း ရာသီမလာသေးရင် ဆက်လက်စစ်ဆေးသင့်ပါတယ်။

အကာကွယ်မဲ့လိင်ဆက်ဆံမိရင် ဒီအဆင့် ၅ဆင့်ကို မဖြစ်မနေ သိထားသင့်ပါတယ်နော်.. မတော်တဆ ဆိုတာ ခဏ ခဏဆိုရင် အန္တရာယ်များတာမို့ နောင်အချိန်များအတွက်တော့ အကာကွယ်နဲ့ဆက်ဆံဖို့ မမေ့ပါနဲ့ ယောင်းတို့ရေ..

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed