ေန႔စဥ္ေသာက္ရမယ့္ တားေဆးေတြကို ေမ့ၿပီးမေသာက္မိတဲ့အခါ….

 တစ္ရက္ေသာက္ဖို႕ေမ့သြားရင္ နွစ္လုံးပူးတစ္ၿပိဳင္တည္း ေသာက္လိုက္ရမွာလား

အလုပ္မ်ားတဲ့ ေခတ္ ၊ အၿပိဳင္အဆိုင္မ်ားတဲ့ေခတ္ႀကီးမွာ တစ္ေန႔တစ္လံုးေသာက္ရတဲ့ တားေဆးကိုေသာက္ဖို႔ ေယာင္းတို႔အေနနဲ႔ စဥ္းစားရမွာ တစ္ခုရွိပါတယ္။ ” ငါ တစ္ေန႔တစ္လံုး ေဆးပံုမွန္ေသာက္ႏိုင္ရဲ႕လား? ” ” မေမ့မေလ်ာ့ေရာ ေသာက္ႏိုင္ရဲ႕လား?” ဒါေတြကိုစဥ္းစားၿပီးမွ တားေဆးေသာက္သင့္ပါတယ္။ တားေဆးရဲ႕ သဘာဝအရ ျပင္ပေဟာ္မုန္းနဲ႔ မ်ိဳးဥမေႂကြေအာင္လုပ္ေပးထားတာမို႔ ပံုမွန္ေဆးေသာက္မွသာ ကိုယ္ဝန္တားတဲ့ အာနိသင္ရေစတာမို႔ပါ။

ေယာင္းတို႔အေနနဲ႔ ေဆးတစ္ေန႔တစ္လံုးေသာက္ဖို႔ကေတာ့ အဆင္ေျပပါတယ္။ ဒါေပမဲ့ ေသာက္ဖို႔ ေမ့တာနဲ႔ ကိုယ္ဝန္ရသြားမွာလားဆိုရင္?? တားေဆးေသာက္ဖို႔ တစ္ရက္ေမ့သြားတယ္။ ( တားေဆးတစ္လံုးမေသာက္မိဘူးဆိုရင္) – သိသိခ်င္းအခ်ိန္မွာ ေမ့သြားတဲ့အလံုးကိုေသာက္ပါ။ အရင္ညက ေသာက္ဖို႔ေဆးကို မနက္မွ သတိရရင္ သတိရတဲ့အခ်ိန္မနက္မွာ ေမ့တဲ့အလံုးကိုေသာက္ပါ။ ပံုမွန္ေသာပ္ေနက် ညဘက္မွာလည္း တစ္လံုးထပ္ေသာက္ပါ။ အဲ့ဒီေန႔အတြက္ေတာ့ ႏွစ္လံုးျဖစ္သြားမွာပါ။

Related Article >>> အေရးေပၚတားေဆး မၾကာခဏေသာက္လွ်င္

တားေဆးေသာက္ဖို႔ ႏွစ္ရက္ေမ့တယ္ဆိုရင္ – သိသိခ်င္းမွာ ေဆးတစ္လံုးျပန္ေသာက္ပါ။ အဲ့ရက္မွာပဲ ပံုမွန္ေသာက္ေနၾကအခ်ိန္မွာ တစ္လံုးျပန္ေသာက္ပါ။ ***သတိထားဖို႔က တားေဆးႏွစ္လံုးေမ့တာမို႔ ကိုယ္ဝန္မရဖို႔ သိပ္အာမခံလို႔မရေတာ့ပါဘူး။ ဒါေၾကာင့္ ၇ရက္တိတိ လိင္ဆက္ဆံျခင္းမျပဳဘဲေနတာ ။ ကြန္ဒံုးသံုးၿပီးဆက္ဆံတာေတြနဲ႔ ထပ္ၿပီးကာကြယ္ရမွာပါ။

ေနာက္သိထားရမယ့္အခ်က္ကေတာ့ တားေဆးကဒ္ရဲ႕ ၃တန္းေျမာက္မွာ ေဆး ၂ရက္ေသာက္ဖို႔ေမ့တာဆိုရင္ေတာ့ ၃တန္းကို ကုန္တဲ့အထိေသာက္ၿပီးတာနဲ႔ အားေဆးပါဝင္တဲ့ ေအာက္ဆံုးအတန္းကိုမေသာက္ဘဲ ေနာက္ကဒ္အသစ္ေသာက္ရမွာျဖစ္ပါတယ္။ တားေဆးေသာက္ဖို႔ ၃ ရက္ေမ့ၿပီဆိုရင္ – သိသိခ်င္းမွာ တစ္လံုးေသာက္ၿပီး က်န္တာေတြကို ပံုမွန္အတိုင္းဆက္ေသာက္ေပးပါ။ * ဒီလိုေမ့မယ္ဆိုရင္ ကိုယ္ဝန္ရႏိုင္ေျခမ်ားတာမို႔ ၇ရက္တိတိ လိင္ဆက္ဆံျခင္းမျပဳဖို႔ ကြန္ဒံုးသံုးေပးဖို႔လိုပါတယ္။ ဒါ့အျပင္ အေရးေပၚတားေဆးေသာက္ဖို႔လည္း လိုအပ္ႏိုင္တာမို႔ ဆရာဝန္နဲ႔လည္းသြားေရာက္ေဆြးေႏြးသင့္ပါတယ္။

တကယ္လို႔ ၃လံုးေမ့တာဟာ ေဆးကဒ္ရဲ႕ တတိယအတန္းမွာဆိုရင္ေတာ့ က်န္တဲ့အားေဆးေတြကို ဆက္မေသာက္ေတာ့ဘဲ ေနာက္ေဆးကဒ္ အသစ္ထပ္ေသာက္ဖို႕လိုအပ္ပါတယ္။ ဘယ္လိုပဲ ေသာက္ဖို႔ေမ့ေမ့ ေျဖရွင္းဖို႔နည္းလမ္းေလးေတြသိၿပီဆိုေပမဲ့ ခဏခဏေမ့လို႔ေတာ့အဆင္မေျပပါဘူး။

Related Article >>> ဆိုးက်ိဳးအနည္းဆံုး သေႏၶတားေဆး ေရြးခ်ယ္နည္း

ေဆးေသာက္ဖို႔ ပ်က္ကြက္တာေၾကာင့္ တစ္လမျပည့္ေသးဘဲ ရာသီလာတာ ၊ ကိုယ္ဝန္တားတဲ့အာနိသင္ေလ်ာ့က်ၿပီး မေတာ္တဆ ကိုယ္ဝန္ရသြားတာေတြျဖစ္ႏိုင္ပါတယ္။ ေမ့တတ္တဲ့ သူဆို႐င္ ၃လ ထိုးေဆး ။ လက္ေမာင္းတြင္းထည့္ သားဆက္ျခားနည္း ၊ သားအိမ္ထဲထည့္ သားဆက္ျခားနည္းေတြကို ပိုၿပီးေရြးခ်ယ္သင့္ပါတယ္။ ေယာင္းတို႔အတြက္ အၾကံေပးခ်င္တာက တားေဆးေသာက္မယ္ဆို႐င္ အခ်ိန္မွန္ေလးသတ္မွတ္ၿပီး (ဥပမာ … ည ၈ နာရီ ထမင္းစားၿပီးခ်ိန္)ေလာက္ ဖုန္းနဲ႔ Alarm ေလးေပးၿပီးေသာက္ႏိုင္ပါတယ္။ ေယာင္းတို႔ က်န္းမာေပ်ာ္ရႊင္ဖို႔ဆႏၵျပဳရင္း

မယ္တင္(ေဆး ၁)

<<<Unicode>>>

 

 တစ်ရက်သောက်ဖို့မေ့သွားရင် နှစ်လုံးပူးတစ်ပြိုင်တည်း သောက်လိုက်ရမှာလား

အလုပ်များတဲ့ ခေတ် ၊ အပြိုင်အဆိုင်များတဲ့ခေတ်ကြီးမှာ တစ်နေ့တစ်လုံးသောက်ရတဲ့ တားဆေးကိုသောက်ဖို့ ယောင်းတို့အနေနဲ့ စဉ်းစားရမှာ တစ်ခုရှိပါတယ်။ ” ငါ တစ်နေ့တစ်လုံး ဆေးပုံမှန်သောက်နိုင်ရဲ့လား? ” ” မမေ့မလျော့ရော သောက်နိုင်ရဲ့လား?” ဒါတွေကိုစဉ်းစားပြီးမှ တားဆေးသောက်သင့်ပါတယ်။ တားဆေးရဲ့ သဘာဝအရ ပြင်ပဟော်မုန်းနဲ့ မျိုးဥမကြွေအောင်လုပ်ပေးထားတာမို့ ပုံမှန်ဆေးသောက်မှသာ ကိုယ်ဝန်တားတဲ့ အာနိသင်ရစေတာမို့ပါ။

ယောင်းတို့အနေနဲ့ ဆေးတစ်နေ့တစ်လုံးသောက်ဖို့ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ သောက်ဖို့ မေ့တာနဲ့ ကိုယ်ဝန်ရသွားမှာလားဆိုရင်?? တားဆေးသောက်ဖို့ တစ်ရက်မေ့သွားတယ်။ ( တားဆေးတစ်လုံးမသောက်မိဘူးဆိုရင်) – သိသိချင်းအချိန်မှာ မေ့သွားတဲ့အလုံးကိုသောက်ပါ။ အရင်ညက သောက်ဖို့ဆေးကို မနက်မှ သတိရရင် သတိရတဲ့အချိန်မနက်မှာ မေ့တဲ့အလုံးကိုသောက်ပါ။ ပုံမှန်သောပ်နေကျ ညဘက်မှာလည်း တစ်လုံးထပ်သောက်ပါ။ အဲ့ဒီနေ့အတွက်တော့ နှစ်လုံးဖြစ်သွားမှာပါ။

Related Article >>> အရေးပေါ်တားဆေး မကြာခဏသောက်လျှင်

တားဆေးသောက်ဖို့ နှစ်ရက်မေ့တယ်ဆိုရင် – သိသိချင်းမှာ ဆေးတစ်လုံးပြန်သောက်ပါ။ အဲ့ရက်မှာပဲ ပုံမှန်သောက်နေကြအချိန်မှာ တစ်လုံးပြန်သောက်ပါ။ ***သတိထားဖို့က တားဆေးနှစ်လုံးမေ့တာမို့ ကိုယ်ဝန်မရဖို့ သိပ်အာမခံလို့မရတော့ပါဘူး။ ဒါကြောင့် ၇ရက်တိတိ လိင်ဆက်ဆံခြင်းမပြုဘဲနေတာ ။ ကွန်ဒုံးသုံးပြီးဆက်ဆံတာတွေနဲ့ ထပ်ပြီးကာကွယ်ရမှာပါ။

နောက်သိထားရမယ့်အချက်ကတော့ တားဆေးကဒ်ရဲ့ ၃တန်းမြောက်မှာ ဆေး ၂ရက်သောက်ဖို့မေ့တာဆိုရင်တော့ ၃တန်းကို ကုန်တဲ့အထိသောက်ပြီးတာနဲ့ အားဆေးပါဝင်တဲ့ အောက်ဆုံးအတန်းကိုမသောက်ဘဲ နောက်ကဒ်အသစ်သောက်ရမှာဖြစ်ပါတယ်။ တားဆေးသောက်ဖို့ ၃ ရက်မေ့ပြီဆိုရင် – သိသိချင်းမှာ တစ်လုံးသောက်ပြီး ကျန်တာတွေကို ပုံမှန်အတိုင်းဆက်သောက်ပေးပါ။ * ဒီလိုမေ့မယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေများတာမို့ ၇ရက်တိတိ လိင်ဆက်ဆံခြင်းမပြုဖို့ ကွန်ဒုံးသုံးပေးဖို့လိုပါတယ်။ ဒါ့အပြင် အရေးပေါ်တားဆေးသောက်ဖို့လည်း လိုအပ်နိုင်တာမို့ ဆရာဝန်နဲ့လည်းသွားရောက်ဆွေးနွေးသင့်ပါတယ်။

တကယ်လို့ ၃လုံးမေ့တာဟာ ဆေးကဒ်ရဲ့ တတိယအတန်းမှာဆိုရင်တော့ ကျန်တဲ့အားဆေးတွေကို ဆက်မသောက်တော့ဘဲ နောက်ဆေးကဒ် အသစ်ထပ်သောက်ဖို့လိုအပ်ပါတယ်။ ဘယ်လိုပဲ သောက်ဖို့မေ့မေ့ ဖြေရှင်းဖို့နည်းလမ်းလေးတွေသိပြီဆိုပေမဲ့ ခဏခဏမေ့လို့တော့အဆင်မပြေပါဘူး။

Related Article >>> ဆိုးကျိုးအနည်းဆုံး သန္ဓေတားဆေး ရွေးချယ်နည်း

ဆေးသောက်ဖို့ ပျက်ကွက်တာကြောင့် တစ်လမပြည့်သေးဘဲ ရာသီလာတာ ၊ ကိုယ်ဝန်တားတဲ့အာနိသင်လျော့ကျပြီး မတော်တဆ ကိုယ်ဝန်ရသွားတာတွေဖြစ်နိုင်ပါတယ်။ မေ့တတ်တဲ့ သူဆိုရင် ၃လ ထိုးဆေး ။ လက်မောင်းတွင်းထည့် သားဆက်ခြားနည်း ၊ သားအိမ်ထဲထည့် သားဆက်ခြားနည်းတွေကို ပိုပြီးရွေးချယ်သင့်ပါတယ်။ ယောင်းတို့အတွက် အကြံပေးချင်တာက တားဆေးသောက်မယ်ဆိုရင် အချိန်မှန်လေးသတ်မှတ်ပြီး (ဥပမာ … ည ၈ နာရီ ထမင်းစားပြီးချိန်)လောက် ဖုန်းနဲ့ Alarm လေးပေးပြီးသောက်နိုင်ပါတယ်။ ယောင်းတို့ ကျန်းမာပျော်ရွှင်ဖို့ဆန္ဒပြုရင်း

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed