ဘယ်ဘက်စောင်းအိပ်ခြင်းက ရရှိနိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးများ

အိပ်တာပဲဟယ်.. ဘယ်ဘက်စောင်းစောင်း အိပ်ပျော်ဖို့လိုရင်းဆိုပေမယ့် ဘယ်ဘက်ကိုစောင်းအိပ်တာက ကျန်းမာရေးအတွက် ဒီလိုအကျိုးတွေ ရှိတယ်တဲ့ ယောင်းတို့ရေ…

များသောအားဖြင့် ညအိပ်ရင် ဘယ်လိုပုံစံမျိုးနဲ့ အိပ်ပျော်တယ် ဆိုတာ သတိမထားမိကြတာ များပါတယ်… တကယ်တော့ ညအိပ်တဲ့နေရာမှာ အိပ်တဲ့ပုံစံ အနေအထားတွေကို တစ်ချက်သတိထားမိမယ်ဆိုရင် ယောင်းရဲ့ ကျန်းမာရေးအတွက် အများကြီး အကူအညီ ဖြစ်ပါတယ်… ဘယ်လိုလေးတွေ အကူအညီ ဖြစ်မလဲဆိုတာတော့ အက်ဒ်မင် ပြောပြထားတာလေးတွေကို ဖတ်ကြည့်ကြည့်လိုက်နော်…

  • အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း…

ယောင်းက ဘယ်ဘက်ကို စောင်းအိပ်မယ်ဆိုရင် အစာခြေစနစ်ကို ပိုကောင်းမွန်စေပြီး မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးရတဲ့ အသည်းရဲ့ လုပ်ငန်းစဉ်တွေ လျော့နည်းသွားပါတယ်… အစာကြေတာကြောင့်လည်းအစားအစာဆီက ရရှိနိုင်တဲ့ အာဟာရဓာတ်တွေကို ပိုပြီးမြန်မြန် စုပ်ယူနိုင်စေဖို့ အတွက်လည်း အထောက်အကူဖြစ်စေပါတယ်…

  • ဦးနှောက်ကျန်းမာရေးကို တိုးတက်စေခြင်း…

ဘယ်ဘက်ကို စောင်းအိပ်ခြင်းက ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာ ( ဥပမာ – အယ်လ် ဇိုင်းမား ရောဂါ ) တွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ဖူးပါတယ်…

  • တခေါခေါ နဲ့ ဟောက်တာကို ကာကွယ်နိုင်ခြင်း….

ကိုယ်အိပ်ရင် ဘာတွေလုပ်တတ်တယ်ဆိုတာ သတိမထားမိတဲ့သူများပါတယ်။ ဒါပေမဲ့.. ဟောက်တတ်တဲ့သူနဲ့ အတူတူ အိပ်ရတဲ့သူကတော့ အိပ်ရေးဝဖို့ မလွယ်လှပါဘူး.. ဟောက်တတ်တဲ့သူကသာမသိတာလေ.. ဟောက်တာကို နားထောင်နေရတဲ့သူအဖို့တော့ မစားသာလှဘူးလေ… ယောင်း မိသားစုဝင်ထဲမှာလည်း ဒီလို အိပ်ရင်းနဲ့ ဟောက်တတ်တဲ့သူရှိရင် ဘယ်ဘက် ကို စောင်းအိပ်ဖို့ အကြံပေးကြည့်ပါ… ဘယ်ဘက်ကို စောင်းအိပ်ခြင်းက လျှာ နဲ့ လည်ချောင်းက ကြွက်သားတွေ အတွက် လေလမ်းကြောင်း ဖွင့်ပေးပြီးသား ဖြစ်စေနိုင်ပါတယ်… အသက်ရှုလမ်းကြောင်း အတွက် အတားအဆီးမရှိစေတော့တာကြောင့် အိပ်ဟောက်ခြင်းကိုပါ တစ်ခါတည်းကာကွယ်ပြီးသား ဖြစ်စေနိုင်ပါတယ်နော်…

Related Article >>> ကျန်းမာရေးအတွက် အရေးကြီးတဲ့ ခေါင်းအုံးရဲ့ အစွမ်းသတ္တိများ

  • သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း…

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ ညာဘက်ကို စောင်းအိပ်တာထက် ဘယ်ဘက်ကို စောင်းအိပ်တာက ပိုပြီးကောင်းပါတယ်….

ဘယ်ဘက်ကို စောင်းအိပ်ခြင်းက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အသည်းအတွက်လည်း ဝန်တွေ လျော့ကျသွားစေတာမို့ ကိုယ်ဝန်ဆောင်တွေအတွက်တော့ ဘယ်ဘက်ကို စောင်းအိပ်တာ ပိုလို့ သင့်တော်ပါတယ်…

ကဲ.. ကိုယ်လည်း ဘာမှပင်ပင်ပန်းပန်းမလုပ်ရပါဘဲ အိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းပြီးအိပ်လိုက်တာနဲ့တင်ကို ဒီလို အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတော့ကာ.. ဘာလိုသေးလဲနော်… အိပ်တဲ့အချိန်တိုင်း ဘယ်ဘက်ကိုသာ စောင်းပြီးအိပ်လိုက်တော့နော်…

Akari ( For Her Myanmar )

Source – www.dailyhealthpost.com

www.easyrecipespoints.com

No Comments Yet

Comments are closed