အသက္ေသဆုံးတဲ့အထိ ျပင္းထန္တဲ့ ဝက္တုပ္ေကြးကို ဘယ္လိုႀကိဳတင္ကာကြယ္ၾကမလဲ

ေလရွဴရင္းနဲ႔ေတာင္ ကူးစက္ႏိုင္တာမို႔ အထူးသတိရွိေစခ်င္ပါတယ္ ေယာင္းတို႔ေရ…

Swine Flu လို႔ေခၚတဲ့ ဝက္တုပ္ေကြးေရာဂါ တစ္ဖန္ေပၚလာျပန္ၿပီ ေယာင္းတို႔ေရ ။ တရားဝင္ သတင္းထုတ္ျပန္ခ်က္ေတြအရ သံသယရွိသူ အေယာက္၂၀ရွိၿပီး ၃ဦးကေတာ့ ေသဆံုးသြားပါၿပီ။ ဆရာဝန္ေတြကေတာ့ သံသယရွိသူအေရအတြက္က ဒီထက္ပိုမ်ားႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဒါေၾကာင့္ ဝက္တုပ္ေကြးရန္ကေန ကာကြယ္ဖို႔ ေဆာင္ရန္ / ေရွာင္ရန္ေတြ သိထားသင့္တာေလးေတြ ေဝမွ်ေပးပါရေစ…

ဒီေရာဂါဟာ H1N1 ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တဲ့ ေရာဂါျဖစ္ၿပီး ဝက္ေတြမွာ ေတြ႕ရတဲ့ virus ျဖစ္တာမို႔ ဝက္တုပ္ေကြးလို႔ ေခၚၾကတာပါ။ ဒီ virus ဟာ ဝက္ေတြသာမက က်န္းမာတဲ့သူေတြေကာ ကိုယ္ခံအားနည္းသူေတြပါ ကူးစက္ႏိုင္ပါတယ္ေနာ္…

Related Article >>> က်န္းမာေရးနဲ႔ညီၫြတ္ေစတဲ့ အစားအစာ (Healthy meal) အေၾကာင္းတစ္ေစ့တေစာင္း

ကူးစက္ရတဲ့ အေၾကာင္းရင္းေတြကေတာ့….

Swine flu ျဖစ္ေနတဲ့ ေနရာကို သြားမိလို႔ ကူူးစက္လာတာ၊ ေရာဂါပိုးရွိေနတဲ့လူနဲ႔ ထိေတြ႕လို႔ ကူးတာ၊ တိရစၧာန္ကေနတစ္ဆင့္ ကူးစက္တာ စသျဖင့္ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဝက္ေမြးထားတဲ့သူေတြကေတာ့ ကူးစက္ႏိုင္ေျခအျမင့္ဆံုးပါပဲ။ လူထူထပ္တဲ့ bus ကား ခဏခဏစီးေနရတဲ့ သူေတြ၊ ေဆးရံုေဆးခန္း မၾကာခဏသြားေနရသူေတြ၊ အနီးအနား ေနထိုင္သူေတြလည္း ကူးစက္ႏိုင္ေျခရွိတာမို႔ သတိထားသင့္ပါတယ္။

လကၡဏာေတြကေတာ့….

Swine flu ဟာ သာမန္တုပ္ေကြးနဲ႔ အေတာ္ေလး ဆင္တူပါတယ္။ အဖ်ားတက္တာ (တစ္ခါတေလ မဖ်ားပါဘူး)၊ လည္ေခ်ာင္းနာတာ၊ တုန္ခိုက္ေနတာ၊ ေခ်ာင္းဆိုးတာ၊ ႏွာေစးၿပီး ႏွာေခါင္းနီျမန္းတာ၊ မ်က္လံုးေတြနီတာ၊ မ်က္ရည္ယိုတာ၊ တစ္ကိုယ္လံုးကိုက္ခဲတာ၊ အလြယ္တကူ ေမာပန္းတာ၊ ေခါင္းကိုက္တာ၊ အသက္ရႈၾကပ္တာ၊ ဝမ္းေလၽွာတာ၊ ပ်ိဳ႕အန္ခ်င္၊ အန္ထြက္တာ စတာေတြပဲ ျဖစ္ပါတယ္။ ဝက္တုပ္ေကြးဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ၃ရက္အတြင္း ဒီလို လကၡဏာေတြကို ျပလာမွာပါ။

ဒါေၾကာင့္ မဖ်ားရင္ေတာင္ အေပၚမွာေဝမွ်ထားတဲ့ တုပ္ေကြးလကၡဏာေတြ ျပလာတာနဲ႔ ဝက္တုပ္ေကြးလား ရိုးရိုးတုပ္ေကြးလား သိရေအာင္ အရင္ဆံုး ေသခ်ာစစ္ေဆးသင့္ပါတယ္။

Related Article >>> ဂရုမထားလိုက္မိတာနဲ႔ ကိုယ့္အတြက္ ေသမင္းျဖစ္သြားႏုိင္တဲ့ ေသြးလြန္တုပ္ေကြးကို ဘယ္လို ကာကြယ္ၾကမလဲ?

ေဆာင္ရန္ ေရွာင္ရန္ေတြကေတာ့….

၁. ျဖစ္ႏိုင္ရင္ ကာကြယ္ေဆးထိုးပါ။ ကာကြယ္ေဆး ထိုးထားျခင္းျဖင့္ ဝက္တုပ္ေကြးကို ကာကြယ္ႏိုင္ပါတယ္။ မႏွစ္က ထိုးထားရင္လည္း ဒီႏွစ္ထပ္ထိုးသင့္ပါတယ္ေနာ္။ ကာကြယ္ေဆးက တစ္ႏွစ္ပဲ ခံလို႔ပါ။ ခုခိ်န္ထိေတာ့ ကာကြယ္ေဆး တစ္လံုးကို ၂ေသာင္းဝန္းက်င္ပဲရွိပါေသးတယ္။ ၾကာရင္ေတာ့ ေစ်းတက္ႏိုင္ပါတယ္။ ေဆးရံုေဆးခန္းအမ်ားစုမွာ ထိုးႏိုင္ပါတယ္ ေယာင္းေရ။

၂. ႏွာေခ်/ေခ်ာင္းဆိုးတဲ့အခါ  တစ္ရႉး(သို႔) လက္ကိုင္ပုဝါနဲ႔အုပ္ပါ။ တံေတာင္ဆစ္ထဲ ေခ်ာင္းဆိုးပါ။ သံုးစြဲၿပီး တစ္ရႉးကို ခ်က္ခ်င္းစြန္႔ပစ္ပါ။

အျပင္ထြက္ရင္ တစ္ခါသံုး mask ကို သံုးပါ။ တစ္ခါသံုး Maskေတြကို သံုးၿပီးတာနဲ႔ ေသခ်ာစြန္႔ပစ္ပါ။ ျပန္သံုးတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။ ဒါကပိုၿပီး အႏၱရာယ္မ်ားပါတယ္။

၃. ဖ်ားေနရင္ အိမ္မွာပဲေနပါ။ တျခားသူေတြကို ပါ ကူးစက္ေစႏိုင္တာမို႔ အျပင္မထြက္ပါနဲ႔ဦးေနာ္။ အဖ်ားေပ်ာက္ၿပီး ၂၄နာရီၾကာမွ အျပင္ထြက္သင့္ပါတယ္။

၄. ေယာင္းတို႔အိမ္မွာ အသက္၅ႏွစ္ေအာက္ကေလးေတြ၊ ၆၅ႏွစ္အထက္ လူႀကီးေတြ၊ ကိုယ္ဝန္ေဆာင္သည္ေတြ၊ ပန္းနာရင္ၾကပ္ရွိသူေတြ ရွိရင္ေတာ့ လူထူထပ္တဲ့ေနရာေတြကို အတတ္ႏိုင္ဆံုး မသြားေစဘဲ ေရွာင္ခိုင္းပါ။

၅. လက္ကို မၾကာမခဏေဆးေၾကာပါ။ Alcohol ပါတဲ့ လက္သန္႔စင္ရည္ကို ေဆာင္ထားသင့္ပါတယ္။

၆. ဗိုင္းရပ္စ္ပိုးဟာ လူရဲ႕ ႏွာေခါင္း၊ ပါးစပ္နဲ႔ မ်က္လံုးကေန တစ္ဆင့္ ဝင္ေရာက္ ကူးစက္ပါတယ္။ ဒါေၾကာင့္ မ်က္လံုး၊ ႏွာေခါင္းနဲ႔ မ်က္စိေနရာကို ခဏခဏမထိေတြ႕ဖို႔၊ ထိေတြ႕တဲ့အခါလည္း လက္ေဆးၿပီးမွသာ ထိေတြ႕ဖို႔ သတိထားသင့္ပါတယ္။

ကဲ.. ေယာင္းတို႔ေရ ဝက္တုပ္ေကြးနဲ႔ပတ္သက္ၿပီး ေဆာင္ရန္ေရွာင္ရန္ေတြကို သိရွိသြားၿပီဆိုရင္ ေယာင္းတို႔မိသားစု ၊ သူငယ္ခ်င္းနဲ႔ ပတ္ဝန္းက်င္ကို ျပန္လည္ေဝမွ်ေပးဖို႔ မေမ့ပါနဲ႔ေနာ္.. ေယာင္းတို႔အားလုံး ေရာဂါဘယေတြ ကင္းေဝးႏိုင္ၾကပါေစ။

By
Mia (For Her Myanmar)
Reference links: mayoclinic.org , stlouischildren.org

<<< Unicode >>>

လေရှူရင်းနဲ့တောင် ကူးစက်နိုင်တာမို့ အထူးသတိရှိစေချင်ပါတယ် ယောင်းတို့ရေ…

Swine Flu လို့ခေါ်တဲ့ ဝက်တုပ်ကွေးရောဂါ တစ်ဖန်ပေါ်လာပြန်ပြီ ယောင်းတို့ရေ ။ တရားဝင် သတင်းထုတ်ပြန်ချက်တွေအရ သံသယရှိသူ အယောက်၂၀ရှိပြီး ၃ဦးကတော့ သေဆုံးသွားပါပြီ။ ဆရာဝန်တွေကတော့ သံသယရှိသူအရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့် ဝက်တုပ်ကွေးရန်ကနေ ကာကွယ်ဖို့ ဆောင်ရန် / ရှောင်ရန်တွေ သိထားသင့်တာလေးတွေ ဝေမျှပေးပါရစေ…

ဒီရောဂါဟာ H1N1 ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး ဝက်တွေမှာ တွေ့ရတဲ့ virus ဖြစ်တာမို့ ဝက်တုပ်ကွေးလို့ ခေါ်ကြတာပါ။ ဒီ virus ဟာ ဝက်တွေသာမက ကျန်းမာတဲ့သူတွေကော ကိုယ်ခံအားနည်းသူတွေပါ ကူးစက်နိုင်ပါတယ်နော်…

Related Article >>> ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာ (Healthy meal) အကြောင်းတစ်စေ့တစောင်း

ကူးစက်ရတဲ့ အကြောင်းရင်းတွေကတော့….

Swine flu ဖြစ်နေတဲ့ နေရာကို သွားမိလို့ ကူူးစက်လာတာ၊ ရောဂါပိုးရှိနေတဲ့လူနဲ့ ထိတွေ့လို့ ကူးတာ၊ တိရစ္ဆာန်ကနေတစ်ဆင့် ကူးစက်တာ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဝက်မွေးထားတဲ့သူတွေကတော့ ကူးစက်နိုင်ခြေအမြင့်ဆုံးပါပဲ။ လူထူထပ်တဲ့ bus ကား ခဏခဏစီးနေရတဲ့ သူတွေ၊ ဆေးရုံဆေးခန်း မကြာခဏသွားနေရသူတွေ၊ အနီးအနား နေထိုင်သူတွေလည်း ကူးစက်နိုင်ခြေရှိတာမို့ သတိထားသင့်ပါတယ်။

လက္ခဏာတွေကတော့….

Swine flu ဟာ သာမန်တုပ်ကွေးနဲ့ အတော်လေး ဆင်တူပါတယ်။ အဖျားတက်တာ (တစ်ခါတလေ မဖျားပါဘူး)၊ လည်ချောင်းနာတာ၊ တုန်ခိုက်နေတာ၊ ချောင်းဆိုးတာ၊ နှာစေးပြီး နှာခေါင်းနီမြန်းတာ၊ မျက်လုံးတွေနီတာ၊ မျက်ရည်ယိုတာ၊ တစ်ကိုယ်လုံးကိုက်ခဲတာ၊ အလွယ်တကူ မောပန်းတာ၊ ခေါင်းကိုက်တာ၊ အသက်ရှုကြပ်တာ၊ ဝမ်းလျှောတာ၊ ပျို့အန်ချင်၊ အန်ထွက်တာ စတာတွေပဲ ဖြစ်ပါတယ်။ ဝက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီး ၃ရက်အတွင်း ဒီလို လက္ခဏာတွေကို ပြလာမှာပါ။

ဒါကြောင့် မဖျားရင်တောင် အပေါ်မှာဝေမျှထားတဲ့ တုပ်ကွေးလက္ခဏာတွေ ပြလာတာနဲ့ ဝက်တုပ်ကွေးလား ရိုးရိုးတုပ်ကွေးလား သိရအောင် အရင်ဆုံး သေချာစစ်ဆေးသင့်ပါတယ်။

Related Article >>> ဂရုမထားလိုက်မိတာနဲ့ ကိုယ့်အတွက် သေမင်းဖြစ်သွားနိုင်တဲ့ သွေးလွန်တုပ်ကွေးကို ဘယ်လို ကာကွယ်ကြမလဲ?

ဆောင်ရန် ရှောင်ရန်တွေကတော့….

၁. ဖြစ်နိုင်ရင် ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ဝက်တုပ်ကွေးကို ကာကွယ်နိုင်ပါတယ်။ မနှစ်က ထိုးထားရင်လည်း ဒီနှစ်ထပ်ထိုးသင့်ပါတယ်နော်။ ကာကွယ်ဆေးက တစ်နှစ်ပဲ ခံလို့ပါ။ ခုချိန်ထိတော့ ကာကွယ်ဆေး တစ်လုံးကို ၂သောင်းဝန်းကျင်ပဲရှိပါသေးတယ်။ ကြာရင်တော့ ဈေးတက်နိုင်ပါတယ်။ ဆေးရုံဆေးခန်းအများစုမှာ ထိုးနိုင်ပါတယ် ယောင်းရေ။

၂. နှာချေ/ချောင်းဆိုးတဲ့အခါ  တစ်ရှူး(သို့) လက်ကိုင်ပုဝါနဲ့အုပ်ပါ။ တံတောင်ဆစ်ထဲ ချောင်းဆိုးပါ။ သုံးစွဲပြီး တစ်ရှူးကို ချက်ချင်းစွန့်ပစ်ပါ။

အပြင်ထွက်ရင် တစ်ခါသုံး mask ကို သုံးပါ။ တစ်ခါသုံး Maskတွေကို သုံးပြီးတာနဲ့ သေချာစွန့်ပစ်ပါ။ ပြန်သုံးတာမျိုး မလုပ်သင့်ပါဘူးနော်။ ဒါကပိုပြီး အန္တရာယ်များပါတယ်။

၃. ဖျားနေရင် အိမ်မှာပဲနေပါ။ တခြားသူတွေကို ပါ ကူးစက်စေနိုင်တာမို့ အပြင်မထွက်ပါနဲ့ဦးနော်။ အဖျားပျောက်ပြီး ၂၄နာရီကြာမှ အပြင်ထွက်သင့်ပါတယ်။

၄. ယောင်းတို့အိမ်မှာ အသက်၅နှစ်အောက်ကလေးတွေ၊ ၆၅နှစ်အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ ပန်းနာရင်ကြပ်ရှိသူတွေ ရှိရင်တော့ လူထူထပ်တဲ့နေရာတွေကို အတတ်နိုင်ဆုံး မသွားစေဘဲ ရှောင်ခိုင်းပါ။

၅. လက်ကို မကြာမခဏဆေးကြောပါ။ Alcohol ပါတဲ့ လက်သန့်စင်ရည်ကို ဆောင်ထားသင့်ပါတယ်။

၆. ဗိုင်းရပ်စ်ပိုးဟာ လူရဲ့ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးကနေ တစ်ဆင့် ဝင်ရောက် ကူးစက်ပါတယ်။ ဒါကြောင့် မျက်လုံး၊ နှာခေါင်းနဲ့ မျက်စိနေရာကို ခဏခဏမထိတွေ့ဖို့၊ ထိတွေ့တဲ့အခါလည်း လက်ဆေးပြီးမှသာ ထိတွေ့ဖို့ သတိထားသင့်ပါတယ်။

ကဲ.. ယောင်းတို့ရေ ဝက်တုပ်ကွေးနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို သိရှိသွားပြီဆိုရင် ယောင်းတို့မိသားစု ၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ဝေမျှပေးဖို့ မမေ့ပါနဲ့နော်.. ယောင်းတို့အားလုံး ရောဂါဘယတွေ ကင်းဝေးနိုင်ကြပါစေ။

By
Mia (For Her Myanmar)
Reference links: mayoclinic.org , stlouischildren.org

No Comments Yet

Comments are closed