Health Knowledge

မျက်စိမထိခိုက်အောင် ကွန်ပျူတာကြည့်နည်း 

ကွန်ပျူတာကို အမြဲသုံးနေတဲ့ယောင်းတို့ ဒီနည်းလေးနဲ့ အတတ်နိုင်ဆုံးမျက်လုံးကို ကာကွယ်ပေါ့။စိတ်ပူလို့ပြောတာ။

1f618.png

ယောင်းတို့ရေ..

အခုခေတ် လုပ်ငန်းခွင် အများစုမှာ ကွန်ပျူတာကို အမှီသဟဲပြုပြီး အလုပ်လုပ်နေကြရတာများပါတယ်။ ကွန်ပျူတာရှေ့မှာပဲ ထိုင်ပြီး အချိန်ပြည့် အာရုံစိုက်နေကြတဲ့အခါ ရေရှည်မှာတော့ မျက်စိမှုန်တာတွေ မျက်စိကို ထိခိုက်တာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

(၁) ပထမဆုံးအနေနဲ့ ကွန်ပျူတာသုံးတဲ့အခါမှာ မျက်စိနဲ့ (၄)လက်မ (၅)လက်မ လောက်နိမ့်တဲ့နေရာမှာ ရှိနေပါစေ။ ဒါမှ ကွန်ပျူတာ ကြည့်တဲ့အခါ မျက်စံကို မျက်ခွံတွေက ဖုံးအုပ်ပေးထားတဲ့အပိုင်းများပြီး မထိခိုက်အောင် အများကြီးကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကွန်ပျူတာကို ကိုယ်နဲ့ အရမ်းကြီး နီးကပ်မနေစေပါနဲ့။ အနည်းဆုံး (၂) ပေကျော်ကျော်အနေအထားလောက်မှာရှိနေပါစေ။

(၂) ကွန်ပျူတာရဲ့ အလင်းနှုန်းကို တတ်နိုင်သမျှ လျှော့ပြီး သုံးပါ။ အရမ်းတောက်တဲ့ အလင်းတွေကမျက်လုံးကို အားနည်းစေပြီး ကွန်ပျူတာက လာတဲ့အလင်းတန်းတွေက မျက်စိကို ထိခိုက်စေပါတယ်။ ပြီးတော့ အလင်းဝင်တဲ့ ပြတင်းပေါက်ကို အနောက်မှာထားပြီး ကွန်ပျူတာ သုံးတာကို ရှောင်ပေးပါ။ နေမှ လာသော အလင်းတန်းများဟာ ကွန်ပြူတာမှ တဆင့် မျက်လုံးကို ထိစေပါတယ်။

(၃)နောက်အရေးကြီးတဲ့ အချက်ကတော့ ကွန်ပျူတာသုံးရင်း မျက်တောင်ခဏခဏခတ်ပေးပါ။ ပုံမှန်အားဖြင့် လူတွေဟာ တစ်မိနစ်ကို အကြိမ်၂၀လောက် မျက်တောင်ခတ်ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာကို အာရုံစိုက်ကြည့်နေကြတဲ့အခါ မျက်တောင်သိပ်မခတ်ဖြစ်တော့ပါဘူး။ ဒါက မျက်လုံးတွေကို အလျင်အမြန်ခြောက်သွေ့စေပါတယ်။ မျက်စိကို ပိုညောင်းလာစေပြီး ထိခိုက်မှုတွေ ဖြစ်စေတယ်။ ဒါကြောင့် ကွန်ပျူတာသုံးနေရင်း ခဏခဏ မျက်စိကို ဖွင့်လိုက်ပိတ်လိုက် မျက်တောင်ခတ်တာလေးကို သတိတရလုပ်ပေးပါ။ တကယ်လို့ အဲလို လုပ်ရတာ အဆင်မပြေဘူး ဆိုရင်လဲ ကွန်ပျူတာ မျက်နှာပြင်ကနေ ခဏ ဖယ်ပြီး အခြားတစ်နေရာကို ကြည့်တာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာဟာ မျက်လုံးကို အစိုဓာတ်ထိန်းသိမ်းပေးပြီး ပိုအာရုံစိုက်နိုင်လာစေပါတယ်။

(၄) ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရင်း မကြာခဏ အနားယူတာမျိုးလုပ်ပေးပါ၊။ဥပမာ-တစ်နာရီခြားတစ်ခါ ထပြီး ရေထသောက်တာမျိုးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားလိုက်ပြီး အညောင်းဖြေတာဖြစ်ဖြစ်ပေါ့။ မျက်စိကို တအားအာရုံ စိုက်နေရင်း ဒီလို အနားယူမှုလေးတွေ လုပ်ပေးတဲ့အခါ ကွန်ပြူတာ အသုံးပြုသူတွေ အနေနဲ့ မျက်စိညောင်းညာခြင်း မျက်စိခြောက်သွေးခြင်း နှင့် ကွန်ပြူတာအချိန်ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် ဖြစ်တဲ့ ပြသနာ တို့မှ ကင်းစေပါတယ်နော်။

(၅) အရေးကြီးတဲ့ လုပ်စရာနောက်တစ်ခုကတော့ ကွန်ပြူတာ အမြဲသုံးတဲ့သူတွေ အနေနဲ့ ကွန်ပျူတာကြည့်မျက်မှန် တပ်ပေးရန် လိုအပ်ပါတယ်။ မျက်စိ အထူးကုတွေဆီမှာ ကွန်ပျူတာကြည့်ဖို့ အထူး လုပ်ထားတဲ့ မျက်မှန်ကို တပ်ဆင်ဖို့ပါပဲ။

(၆) ရေများများသောက်ပါ။ မျက်စိနဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့ ဝေဒနာတွေက မျက်လုံးအတွင်း ရေဓာတ်အလွန်အမင်း ခမ်းခြောက်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ကို ရရှိနိုင်အောင် ရေများများသောက်ပါ။ ရေများများသောက်တဲ့ ကောင်းကျိုးတစ်ခုကတော့ ခဏခဏ သန့်စင်ခန်းကို ၀င်ရတာပါပဲ။

1f601.png

အဲ့တော့ ကွန်ပျူတာရှေ့မှာပဲ ထိုင်မနေရတော့ပဲ အညောင်းလည်း မမိဘူး။ မျက်စိကို အနားပေးပြီးသားလည်း ဖြစ်သွားတယ်။ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူဖြစ်စေတာပေါ့။

(၇) မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တွေကို စနစ်တကျ စားသုံးပြီးတော့လည်း ကွန်ပျူတာကြောင့်ဖြစ်တဲ့ မျက်စိထိခိုက်မှုများကို ကာကွယ်ပေးပါတယ်။ အိုမီဂါ 3 (ငါးကြီးဆီဓာတ်)ဟာ အာရုံကြောတွေကို ကောင်းမွန်စေပြီး အမြင်အာရုံပိုင်းကို ပိုကောင်းလာစေပါတယ်။ နောက်ဓာတ်တစ်မျိုးကတော့ ဇင့်ဓာတ်ဖြစ်ပါတယ်။ ဇင့်မှာ မျက်စိကို ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။မြေပဲ၊ အစေ့အဆံ၊ ပုစွန်၊ဂဏန်း၊ငါး အစရှိတဲ့ ဇင့်ဓာတ်ပါတဲ့ အစားအစာတွေကို မျက်လုံးကျန်းမာရေးအတွက် ပိုစားပေးဖို့လိုပါမယ်။ ဗီတာမင်အေ ဓာတ်နှင့် ဗီတာမင်စီဓာတ်တို့ဟာလည်း မျက်လုံးအတွက် အရေးပါတဲ့ ဓာတ်တွေ ပဲ ဖြစ်ပါတယ်။ မုန်လာဥနီ၊ လိမ္မော်သီး၊ ကန်စွန်းဥတွေကိုလည်း များများစားပေးပါ။

မျက်လုံးတွေဟာ လူတစ်ယောက်မှာ အရေးပါဆုံး အစိတ်အပိုင်း တံခါးဝတွေပဲ ဖြစ်ပါတယ်။ အမြင်အာရုံတွေကို  ထိခိုက်စေတဲ့ ကွန်ပျူတာတွေနဲ့ နေ့စဉ် အလုပ်လုပ်နေတဲ့ သူတွေအဖို့ မျက်လုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ အပေါ်မှာ ပြောပြသွားတဲ့ နည်းလေးတွေဟာ ဆိုရင်ဖြင့် မျက်စိ ထိခိုက်တာကနေ ကင်းဝေးအောင် အကူအညီပေးနိုင်မှာပါ။ ကျိန်းသေပေါက်လုပ်လိုက်နော်..ယောင်းတို့

1f618.png

Honey (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *