Health

ေမြးကၽြတ္နာ ခဏခဏ ျပန္ျဖစ္တတ္တဲ့ ေယာင္းေယာင္းတို႔ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔

နည္းလမ္းေလးေတြက ခက္လည္း မခက္ဘဲ ကိုယ္ကမသိေတာ့ ေမြးကၽြတ္နာ ခဏခဏျဖစ္ေနတာ… 

ေမြးကၽြတ္နာဆိုတာ  ဘာလဲ?

ခႏၶာကိုယ္မွာ ရွိတဲ့ သာမန္အေမြးေတြက ခႏၶာကိုယ္ အျပင္ဘက္ကို ဦးတည္ၿပီး ထြက္တယ္ဆိုတာကေတာ့ လူတိုင္း သိၿပီးသားျဖစ္မွာပါေနာ္.. ဒါေပမဲ့ ေမြးကၽြတ္နာ ျဖစ္တဲ့အခါမွာေတာ့ အေမြးေတြက ေကာက္ေကြးၿပီး အေရျပားအတြင္းဘက္ကို ဦးတည္ၿပီး  ေပါက္တတ္ပါတယ္။ ေမြးကၽြတ္နာက အေရျပားကို ယားယံေစႏိုင္သလို အေျခအေန ဆိုးတဲ့အခါ အနာေတြ ျဖစ္ေစၿပီး ျပည္လည္း ထြက္တတ္ပါတယ္ 🙁

ဘာေၾကာင့္ ျဖစ္ရတာလဲ?

အသားမာေတြေၾကာင့္လည္း ျဖစ္တတ္သလို ခႏၶာကိုယ္အေမြးေတြကို ရွင္းလင္းတဲ့ေနရာမွာ အရမ္းတိုလြန္းသြားရင္လည္း အေရျပားကို ရွေစၿပီး ေမြးကၽြတ္နာ ျဖစ္တတ္ပါတယ္။

တစ္ခါတေလ အနာထဲမွာ အေမြးအမွ်င္ေတြကို ျမင္ရတာမ်ဳိး ရွိပါတယ္။ အမ်ဳိးသားေတြမွာဆိုရင္ ေမးေစ့၊ ပါးနဲ ့ ဂုတ္ပိုးေတြမွာ ပို အျဖစ္မ်ားၿပီးေတာ့ အမ်ဳိးသမီးေတြမွာဆိုရင္ေတာ့ ေျခေထာက္ေတြ၊ ဆီးခံုနဲ႔ ခ်ိဳင္းေတြမွာ ပိုေတြ႕ႏိုင္ပါတယ္ ေယာင္းတို႔ေရ…

Related Article >>> စိတ္ခံစားခ်က္ေတြက အေရျပား အလွအပကို ဘယ္လိုေတြ ထိခိုက္ေစႏုိင္လဲ?

ဘယ္သူေတြ အျဖစ္မ်ားလဲ?

က်ား/မ ေဟာ္မုန္းေတြ သိသိသာသာ ျမင့္တက္ေနသူေတြမွာ ပိုၿပီး ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္ ေယာင္းတို႔ေရ။ ျဖစ္တာကေတာ့ လူတိုင္းမွာ ျဖစ္ႏိုင္ပါတယ္တဲ့။ အေမြးအမွ်င္မ်ားၿပီး အေမြးအမွ်င္ ေကာက္ေကြးသူေတြမွာေတာ့ အေမြးရိတ္ၿပီးတဲ့အခ်ိန္မွာ သာမန္လူေတြထက္ ပိုေတြ႕ရတတ္တယ္လို႔လည္း ဆိုပါတယ္။

ဘယ္လိုကုႏိုင္ပါသလဲ?

ဘာမွမလုပ္ဘဲ ဒီအတိုင္း ေပ်ာက္သြားတတ္တာမ်ိဳး ရွိေပမဲ့ လက္နဲ ့ကုတ္ျခစ္မိရာက တစ္ဆင့္  ပိုးဝင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။   ပိုးဝင္ခဲ့မယ္ဆိုရင္ေတာ့ အနာကို နည္းနည္းလွီးၿပီး အထဲက ကပ္ေနတဲ့  အေမြးကို ဖယ္ထုတ္ရမွာပါ။ ဒီလိုအေျခအေနမ်ိဳးက်ေတာ့ သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ပဋိဇီဝေဆးေတြ ၊ အေရာင္က်ေဆးေတြ ေသာက္သံုးဖို႔ လိုပါတယ္။

Related Article >>> အမ်ိဳးသမီးတိုင္း သိထားသင့္သည့္ ေအာ္တိုအင္ျမဴးေရာဂါ (၇)မ်ဳိး

ဘယ္လို ကာကြယ္ရမလဲ?

ေမြးကၽြတ္နာ မျဖစ္ေစဖို႔အတြက္-

  • မ်က္ႏွာသစ္ၿပီးတဲ့အခါမွာ စိုစြတ္တဲ့ အဝတ္အသန္႔နဲ႔ စက္ဝိုင္းပံုစံ သုတ္ေပးပါ။
  • အေမြးမရိတ္တဲ့အခါ ဓားသြားတစ္ခုပါတဲ့ မုတ္ဆိတ္ရိတ္ဓားကို သံုးပါ။
  • အေမြးမရိတ္ခင္ ေရေႏြး ဒါမွမဟုတ္ အေမြးရိတ္ခရင္မ္ (Shaving Cream) သံုးပါ။
  • အေမြးရိတ္မယ္ဆိုရင္ ဦးတည္ရာ တစ္ခုတည္းကို ရိတ္ပါ။
    ဥပမာ- ညာဘက္ကို ဦးတည္ၿပီး ရိတ္မယ္ဆိုရင္ အေမြးေတြ ကုန္တဲ့အထိ ညာဘက္ကိုပဲ ဦးတည္ ရိတ္ပါ။
  • ဓားသြား အနည္းငယ္သာ ပါတဲ့ မုတ္ဆိတ္ရိတ္ဓားကိုသာ သံုးပါ။
  • အေမြးရိတ္ၿပီးတိုင္း ဓားသြားကုိ ေရနဲ႔ ေသေသခ်ာခ်ာ ေဆးေပးပါ။
  • အေရျပားကို အရမ္းဖိၿပီး မရိတ္ပါနဲ႔။
  • အေမြးရိတ္ၿပီးတဲ့အခါ ရိတ္ထားတဲ့ေနရာကို ေရစိုရံု အ၀တ္ေအး အသံုးျပဳၿပီး ခဏ အုပ္ေပးပါ။ ဒါမွမဟုတ္ အစိုဓာတ္ပါတဲ့ လိုးရွင္း တစ္ခုခု လိမ္းပါ။

ကဲ.. ေမြးကၽြတ္နာ ခဏခဏ ေပါက္လို႔ စိတ္ညစ္ေနတဲ့ ေယာင္းတို႔ ဒီေဆာင္းပါးေလး ဖတ္ၿပီး ႀကိဳတင္ ကာကြယ္ႏုိင္ၾကပါေစလို႔..

စာေရးသူ- ေဒါက္တာ ေအာင္ျပည့္ၿဖိဳးဦး (က်န္းက်န္းမာမာ by Alinker)

Reference : Web MD

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ By Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

နည်းလမ်းလေးတွေက ခက်လည်း မခက်ဘဲ ကိုယ်ကမသိတော့ မွေးကျွတ်နာ ခဏခဏဖြစ်နေတာ… 

မွေးကျွတ်နာဆိုတာ  ဘာလဲ?

ခန္ဓာကိုယ်မှာ ရှိတဲ့ သာမန်အမွေးတွေက ခန္ဓာကိုယ် အပြင်ဘက်ကို ဦးတည်ပြီး ထွက်တယ်ဆိုတာကတော့ လူတိုင်း သိပြီးသားဖြစ်မှာပါနော်.. ဒါပေမဲ့ မွေးကျွတ်နာ ဖြစ်တဲ့အခါမှာတော့ အမွေးတွေက ကောက်ကွေးပြီး အရေပြားအတွင်းဘက်ကို ဦးတည်ပြီး  ပေါက်တတ်ပါတယ်။ မွေးကျွတ်နာက အရေပြားကို ယားယံစေနိုင်သလို အခြေအနေ ဆိုးတဲ့အခါ အနာတွေ ဖြစ်စေပြီး ပြည်လည်း ထွက်တတ်ပါတယ် 🙁

ဘာကြောင့် ဖြစ်ရတာလဲ?

အသားမာတွေကြောင့်လည်း ဖြစ်တတ်သလို ခန္ဓာကိုယ်အမွေးတွေကို ရှင်းလင်းတဲ့နေရာမှာ အရမ်းတိုလွန်းသွားရင်လည်း အရေပြားကို ရှစေပြီး မွေးကျွတ်နာ ဖြစ်တတ်ပါတယ်။

တစ်ခါတလေ အနာထဲမှာ အမွေးအမျှင်တွေကို မြင်ရတာမျိုး ရှိပါတယ်။ အမျိုးသားတွေမှာဆိုရင် မေးစေ့၊ ပါးနဲ့ ဂုတ်ပိုးတွေမှာ ပို အဖြစ်များပြီးတော့ အမျိုးသမီးတွေမှာဆိုရင်တော့ ခြေထောက်တွေ၊ ဆီးခုံနဲ့ ချိုင်းတွေမှာ ပိုတွေ့နိုင်ပါတယ် ယောင်းတို့ရေ…

Related Article >>> စိတ်ခံစားချက်တွေက အရေပြား အလှအပကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲ?

ဘယ်သူတွေ အဖြစ်များလဲ?

ကျား/မ ဟော်မုန်းတွေ သိသိသာသာ မြင့်တက်နေသူတွေမှာ ပိုပြီး ဖြစ်နိုင်တယ်လို့ ဆိုပါတယ် ယောင်းတို့ရေ။ ဖြစ်တာကတော့ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်တဲ့။ အမွေးအမျှင်များပြီး အမွေးအမျှင် ကောက်ကွေးသူတွေမှာတော့ အမွေးရိတ်ပြီးတဲ့အချိန်မှာ သာမန်လူတွေထက် ပိုတွေ့ရတတ်တယ်လို့လည်း ဆိုပါတယ်။

ဘယ်လိုကုနိုင်ပါသလဲ?

ဘာမှမလုပ်ဘဲ ဒီအတိုင်း ပျောက်သွားတတ်တာမျိုး ရှိပေမဲ့ လက်နဲ့ကုတ်ခြစ်မိရာက တစ်ဆင့်  ပိုးဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။   ပိုးဝင်ခဲ့မယ်ဆိုရင်တော့ အနာကို နည်းနည်းလှီးပြီး အထဲက ကပ်နေတဲ့  အမွေးကို ဖယ်ထုတ်ရမှာပါ။ ဒီလိုအခြေအနေမျိုးကျတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပဋိဇီဝဆေးတွေ ၊ အရောင်ကျဆေးတွေ သောက်သုံးဖို့ လိုပါတယ်။

Related Article >>> ဘယ်တော့မှ မကုတ်သင့်တဲ့ ယားယံခြင်း (၁၀)မျိုး

ဘယ်လို ကာကွယ်ရမလဲ?

မွေးကျွတ်နာ မဖြစ်စေဖို့အတွက်-

  • မျက်နှာသစ်ပြီးတဲ့အခါမှာ စိုစွတ်တဲ့ အဝတ်အသန့်နဲ့ စက်ဝိုင်းပုံစံ သုတ်ပေးပါ။
  • အမွေးမရိတ်တဲ့အခါ ဓားသွားတစ်ခုပါတဲ့ မုတ်ဆိတ်ရိတ်ဓားကို သုံးပါ။
  • အမွေးမရိတ်ခင် ရေနွေး ဒါမှမဟုတ် အမွေးရိတ်ခရင်မ် (Shaving Cream) သုံးပါ။
  • အမွေးရိတ်မယ်ဆိုရင် ဦးတည်ရာ တစ်ခုတည်းကို ရိတ်ပါ။
    ဥပမာ- ညာဘက်ကို ဦးတည်ပြီး ရိတ်မယ်ဆိုရင် အမွေးတွေ ကုန်တဲ့အထိ ညာဘက်ကိုပဲ ဦးတည် ရိတ်ပါ။
  • ဓားသွား အနည်းငယ်သာ ပါတဲ့ မုတ်ဆိတ်ရိတ်ဓားကိုသာ သုံးပါ။
  • အမွေးရိတ်ပြီးတိုင်း ဓားသွားကို ရေနဲ့ သေသေချာချာ ဆေးပေးပါ။
  • အရေပြားကို အရမ်းဖိပြီး မရိတ်ပါနဲ့။
  • အမွေးရိတ်ပြီးတဲ့အခါ ရိတ်ထားတဲ့နေရာကို ရေစိုရုံ အဝတ်အေး အသုံးပြုပြီး ခဏ အုပ်ပေးပါ။ ဒါမှမဟုတ် အစိုဓာတ်ပါတဲ့ လိုးရှင်း တစ်ခုခု လိမ်းပါ။

ကဲ.. မွေးကျွတ်နာ ခဏခဏ ပေါက်လို့ စိတ်ညစ်နေတဲ့ ကိုကို၊ မမ တို့ ဒီဆောင်းပါးလေး ဖတ်ပြီး ကြိုတင် ကာကွယ်နိုင်ကြပါစေလို့..

စာရေးသူ- ဒေါက်တာ အောင်ပြည့်ဖြိုးဦး (ကျန်းကျန်းမာမာ by Alinker)

Reference : Web MD

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ By Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *