Health

ဂရုမထားလိုက္မိတာနဲ႔ ကိုယ့္အတြက္ ေသမင္းျဖစ္သြားႏုိင္တဲ့ ေသြးလြန္တုပ္ေကြးကို ဘယ္လို ကာကြယ္ၾကမလဲ?

ေၾသာ္.. ျခင္ေလး ကိုက္တာပဲဆိုၿပီး မေပါ့သင့္ေနာ္.. 

ေအးဒိစ္ ျခင္ကေန ျဖစ္တဲ့ ေသြးလြန္တုပ္ေကြးဟာ တျခားရာသီေတြထက္ အခုခ်ိန္မွာ အျဖစ္မ်ားဆံုးပါ။ ပိုဆိုးတာက အခ်ိန္ကာလၾကာလာတာနဲ႔အမၽွ ဒီေသြးလြန္တုပ္ေကြးေရာဂါပိုးေတြဟာ ပတ္ဝန္းက်င္မွာ ပိုၿပီး ရွင္သန္ေနထိုင္ႏိုင္ေအာင္ ဆင့္ကဲေျပာင္းလဲလာခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ဒီအခ်ိန္မွာ ေသြးလြန္တုပ္ေကြးဆိုတာ ကေလးေတြအတြက္သာ မဟုတ္ေတာ့ဘဲ အရြယ္ေရာက္ၿပီး ကိုယ္ခံအားေကာင္းတဲ့သူေတြမွာပါ ျဖစ္လာေတာ့တာေပါ့… အႏၱရာယ္ကလည္း မ်ားလြန္းတာမို႔ ေသြးလြန္တုပ္ေကြးေရာဂါကို ေသခ်ာကာကြယ္ဖို႔ဆိုတာလည္း အေရးႀကီးလွပါတယ္။

ဒါဆို ဘယ္လို ကာကြယ္ၾကမလဲ?

(၁) အက်ႌလက္ရွည္ ေဘာင္းဘီလက္ရွည္ အၿမဲဝတ္ၿပီး ျခင္ေထာင္ ေသခ်ာေထာင္ၿပီးမွ အိပ္ပါ။

ဒါကေတာ့ လိုက္နာရမယ့္ အေျခခံအက်ဆံုး အခ်က္ပါ။ အထူးသျဖင့္ အိပ္ေပ်ာ္တဲ့အခ်ိန္မွာ ျခင္ကိုက္ခံရတာကို မသိႏိုင္တာမို႔ ရိုက္လည္း မရိုက္မိပါဘူး။ အတိုအျပတ္ေတြဝတ္ထားၿပီး အိပ္မယ္ဆိုရင္ ျခင္ကိုက္ခံရႏိုင္ၿပီး ေသြးလြန္တုပ္ေကြးျဖစ္ႏိုင္ေျခကို ျမင့္တက္ေစပါတယ္။

(၂) ျခင္မကိုက္ေဆးကို ခႏၶာကိုယ္ အႏံွ႔မွာ တစ္ရက္ (၃)ခါ လိမ္းေပးပါ။

အဝတ္အစားနဲ႔တင္ မလံုေလာက္ပါဘူး။ ျခင္မကိုက္ေဆးလိမ္းေပးဖို႔လည္း လိုပါတယ္။ ျခင္မကိုက္ေဆးထဲမွာ လိမ္းေဆး cream ၊ ဖ်န္းေဆး စသျဖင့္ အမ်ိဳးမ်ိဳးရွိၿပီး ကိုယ့္အသားအရည္နဲ႔ ကိုက္ညီတဲ့ေဆးမ်ိဳးကို ေရြးခ်ယ္လိမ္းသင့္ပါတယ္။  အနာရွိရင္ေတာ့ အနာေပၚကို မဖ်န္းသင့္ပါဘူးေနာ္။ မ်က္လံုး/ပါးစပ္ တစ္ဝိုက္လည္း မဖ်န္းမိေအာင္ သတိထားရပါတယ္။

Related Article >>> ျခင္ကိုက္ခံလို႔ ျဖစ္ႏိုင္တဲ့ ေရာဂါေတြကို သိၿပီးၿပီလား?

(၃) ေရၾကည္ေတြ ဝပ္ႏိုင္တဲ့ ပစၥည္း/ေနရာ မွန္သမၽွ ရွင္းပစ္ပါ။

တာယာေဟာင္းေတြ၊ အိုးခြက္အပဲ့ေတြသာမက ေျမနိမ့္ေနတဲ့ေနရာမွာ ေရၾကည္ေတြ ဝပ္တာေတြ႕ရင္ ခ်က္ခ်င္းရွင္းလင္းပစ္ဖို႔ လိုပါတယ္။

ေသြးလြန္တုပ္ေကြးျခင္ဟာ ေရဆိုးေရပုပ္ေတြမွာ မေပါက္ဘဲ ေရၾကည္မွာပဲ ေပါက္တာပါ။ အိမ္မွာ ေရစည္ေတြ ေပပါေတြ ေရတြင္းေတြ ရွိရင္ေတာ့ ပိုးေလာက္လန္းစားမယ့္ ငါးေတြ ထည့္ထားသင့္ပါတယ္။

(၄) အိမ္နားတစ္ဝိုက္ ျခင္ေဆးဖ်န္းသင့္ပါတယ္။

ျပည္သူ႔က်န္းမာေရးအတြက္ ရပ္ကြက္ေတြထဲမွာ ျခင္ေဆးလိုက္ဖ်န္းေပးတဲ့ အစီအစဥ္ ေတြ ရွိၾကပါတယ္။ လာဖ်န္းတဲ့အခါ အိမ္မွာ လူမရွိလို႔ ျပန္သြားရတာမ်ိဳး မျဖစ္ရေအာင္ အဲ့လိုအစီအစဥ္ေတြကို ေသခ်ာနားစြင့္ထားဖို႔လိုပါတယ္။

တကယ္လို႔ ရပ္ကြက္က မလုပ္ေပးရင္လည္း ပုဂၢလိက အကူအညီကိုယူၿပီး ကိုယ့္ဟာကိုယ္ ျခင္ေဆးေခၚဖ်န္းတာမ်ဳိး လုပ္ေပးသင့္ပါတယ္။

(၅) အဝတ္အစားေတြကို ေဆးဖ်န္းေပးပါ။ 

အဝတ္ေတြကို Permethrin လို အင္းဆက္ေျပးတဲ့ ေဆး ဖ်န္းၿပီးမွ / စိမ္ၿပီးမွ ဝတ္ျခင္းဟာလည္း ျခင္ေတြကို ေျပးေစပါတယ္။

Related Article >>> မိုးရာသီမွာ ကေလးငယ္ေတြကို ဖ်ားနာျခင္းနဲ႔ ကင္းေဝးေအာင္ထားႏုိင္မယ့္ နည္းလမ္း(၅)သြယ္

(၆) ျပတင္းေပါက္ေတြကို ျခင္လံုဆန္ခါ တပ္ေပးပါ။

ျခင္ကိုက္မွာ ေၾကာက္တာနဲ႔ပဲ ျပတင္းေပါက္ေတြကို တစ္ခ်ိန္လံုးေတာ့ ဘယ္ပိတ္ထားလို႔ ရပါ့မလဲေနာ္။ ဒါကို ေျဖရွင္းႏုိင္ဖို႔ ျခင္လံုဆန္ခါေလးသာ တပ္လိုက္ပါ။ ဒီလို တပ္လိုက္မယ္ဆိုရင္ေတာ့ ျပတင္းေပါက္ဖြင့္ၿပီး လြတ္လြတ္လပ္လပ္ ေနႏုိင္ၿပီေလ။

သို႔ေပမဲ့ ျခင္ေတြ အထြက္မ်ားတဲ့ အရုဏ္တက္ခ်ိန္နဲ႔ ညေနေစာင္းခ်ိန္မွာေတာ့ ျပတင္း/တံခါးေတြ အားလံုးကို ပိတ္ထားဖို႔ လိုပါတယ္ေနာ္…..

ေသြးလြန္တုပ္ေကြးေရာဂါအတြက္ ခုထိ ကာကြယ္ေဆးတိတိက်က် သတ္သတ္မွတ္မွတ္ မရွိေသးပါဘူး။ ဒါေၾကာင့္ အက္ဒ္မင္ ခုေျပာသြားတဲ့ နည္းေတြနဲ႔ ေသြးလြန္တုပ္ေကြးကို ကာကြယ္လို႔ရပါတယ္ ေယာင္းတို႔ေရ…

ေယာင္းတို႔ က်န္းမာၾကပါေစ။

By

Mia (For Her Myanmar)

Reference links: passporthealthusa.comhealthxchange.sg

<<< Unicode >>>

သြော်.. ခြင်လေး ကိုက်တာပဲဆိုပြီး မပေါ့သင့်နော်.. 

အေးဒိစ် ခြင်ကနေ ဖြစ်တဲ့ သွေးလွန်တုပ်ကွေးဟာ တခြားရာသီတွေထက် အခုချိန်မှာ အဖြစ်များဆုံးပါ။ ပိုဆိုးတာက အချိန်ကာလကြာလာတာနဲ့အမျှ ဒီသွေးလွန်တုပ်ကွေးရောဂါပိုးတွေဟာ ပတ်ဝန်းကျင်မှာ ပိုပြီး ရှင်သန်နေထိုင်နိုင်အောင် ဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီအချိန်မှာ သွေးလွန်တုပ်ကွေးဆိုတာ ကလေးတွေအတွက်သာ မဟုတ်တော့ဘဲ အရွယ်ရောက်ပြီး ကိုယ်ခံအားကောင်းတဲ့သူတွေမှာပါ ဖြစ်လာတော့တာပေါ့… အန္တရာယ်ကလည်း များလွန်းတာမို့ သွေးလွန်တုပ်ကွေးရောဂါကို သေချာကာကွယ်ဖို့ဆိုတာလည်း အရေးကြီးလှပါတယ်။

ဒါဆို ဘယ်လို ကာကွယ်ကြမလဲ?

(၁) အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည် အမြဲဝတ်ပြီး ခြင်ထောင် သေချာထောင်ပြီးမှ အိပ်ပါ။

ဒါကတော့ လိုက်နာရမယ့် အခြေခံအကျဆုံး အချက်ပါ။ အထူးသဖြင့် အိပ်ပျော်တဲ့အချိန်မှာ ခြင်ကိုက်ခံရတာကို မသိနိုင်တာမို့ ရိုက်လည်း မရိုက်မိပါဘူး။ အတိုအပြတ်တွေဝတ်ထားပြီး အိပ်မယ်ဆိုရင် ခြင်ကိုက်ခံရနိုင်ပြီး သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

(၂) ခြင်မကိုက်ဆေးကို ခန္ဓာကိုယ် အနံှ့မှာ တစ်ရက် (၃)ခါ လိမ်းပေးပါ။

အဝတ်အစားနဲ့တင် မလုံလောက်ပါဘူး။ ခြင်မကိုက်ဆေးလိမ်းပေးဖို့လည်း လိုပါတယ်။ ခြင်မကိုက်ဆေးထဲမှာ လိမ်းဆေး cream ၊ ဖျန်းဆေး စသဖြင့် အမျိုးမျိုးရှိပြီး ကိုယ့်အသားအရည်နဲ့ ကိုက်ညီတဲ့ဆေးမျိုးကို ရွေးချယ်လိမ်းသင့်ပါတယ်။  အနာရှိရင်တော့ အနာပေါ်ကို မဖျန်းသင့်ပါဘူးနော်။ မျက်လုံး/ပါးစပ် တစ်ဝိုက်လည်း မဖျန်းမိအောင် သတိထားရပါတယ်။

Related Article >>> ခြင်ကိုက်ခံလို့ ဖြစ်နိုင်တဲ့ ရောဂါတွေကို သိပြီးပြီလား?

(၃) ရေကြည်တွေ ဝပ်နိုင်တဲ့ ပစ္စည်း/နေရာ မှန်သမျှ ရှင်းပစ်ပါ။

တာယာဟောင်းတွေ၊ အိုးခွက်အပဲ့တွေသာမက မြေနိမ့်နေတဲ့နေရာမှာ ရေကြည်တွေ ဝပ်တာတွေ့ရင် ချက်ချင်းရှင်းလင်းပစ်ဖို့ လိုပါတယ်။

သွေးလွန်တုပ်ကွေးခြင်ဟာ ရေဆိုးရေပုပ်တွေမှာ မပေါက်ဘဲ ရေကြည်မှာပဲ ပေါက်တာပါ။ အိမ်မှာ ရေစည်တွေ ပေပါတွေ ရေတွင်းတွေ ရှိရင်တော့ ပိုးလောက်လန်းစားမယ့် ငါးတွေ ထည့်ထားသင့်ပါတယ်။

(၄) အိမ်နားတစ်ဝိုက် ခြင်ဆေးဖျန်းသင့်ပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် ရပ်ကွက်တွေထဲမှာ ခြင်ဆေးလိုက်ဖျန်းပေးတဲ့ အစီအစဉ် တွေ ရှိကြပါတယ်။ လာဖျန်းတဲ့အခါ အိမ်မှာ လူမရှိလို့ ပြန်သွားရတာမျိုး မဖြစ်ရအောင် အဲ့လိုအစီအစဉ်တွေကို သေချာနားစွင့်ထားဖို့လိုပါတယ်။

တကယ်လို့ ရပ်ကွက်က မလုပ်ပေးရင်လည်း ပုဂ္ဂလိက အကူအညီကိုယူပြီး ကိုယ့်ဟာကိုယ် ခြင်ဆေးခေါ်ဖျန်းတာမျိူး လုပ်ပေးသင့်ပါတယ်။

(၅) အဝတ်အစားတွေကို ဆေးဖျန်းပေးပါ။ 

အဝတ်တွေကို Permethrin လို အင်းဆက်ပြေးတဲ့ ဆေး ဖျန်းပြီးမှ / စိမ်ပြီးမှ ဝတ်ခြင်းဟာလည်း ခြင်တွေကို ပြေးစေပါတယ်။

Related Article >>> မိုးရာသီမှာ ကလေးငယ်တွေကို ဖျားနာခြင်းနဲ့ ကင်းဝေးအောင်ထားနိုင်မယ့် နည်းလမ်း(၅)သွယ်

(၆) ပြတင်းပေါက်တွေကို ခြင်လုံဆန်ခါ တပ်ပေးပါ။

ခြင်ကိုက်မှာ ကြောက်တာနဲ့ပဲ ပြတင်းပေါက်တွေကို တစ်ချိန်လုံးတော့ ဘယ်ပိတ်ထားလို့ ရပါ့မလဲနော်။ ဒါကို ဖြေရှင်းနိုင်ဖို့ ခြင်လုံဆန်ခါလေးသာ တပ်လိုက်ပါ။ ဒီလို တပ်လိုက်မယ်ဆိုရင်တော့ ပြတင်းပေါက်ဖွင့်ပြီး လွတ်လွတ်လပ်လပ် နေနိုင်ပြီလေ။

သို့ပေမဲ့ ခြင်တွေ အထွက်များတဲ့ အရုဏ်တက်ချိန်နဲ့ ညနေစောင်းချိန်မှာတော့ ပြတင်း/တံခါးတွေ အားလုံးကို ပိတ်ထားဖို့ လိုပါတယ်နော်…..

သွေးလွန်တုပ်ကွေးရောဂါအတွက် ခုထိ ကာကွယ်ဆေးတိတိကျကျ သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ ဒါကြောင့် အက်ဒ်မင် ခုပြောသွားတဲ့ နည်းတွေနဲ့ သွေးလွန်တုပ်ကွေးကို ကာကွယ်လို့ရပါတယ် ယောင်းတို့ရေ…

ယောင်းတို့ ကျန်းမာကြပါစေ။

By

Mia (For Her Myanmar)

Reference links: passporthealthusa.comhealthxchange.sg

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *