ကေလးေတြ ကာကြယ္ေဆးထိုးၿပီး နာက်င္မႈ သက္သာေအာင္ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး လုပ္ေပးႏိုင္မယ့္ နည္းလမ္းမ်ား

ကေလးေလးေတြ နာၿပီး ငိုေနရင္ စိတ္မခ်မ္းသာဘူးမလား… ဒီလိုေလးေတြ လုပ္ေပးလို႔ရပါတယ္ေနာ္… 

ကာကြယ္ေဆးေတြဆိုတာ ကေလးေတြကို ေရာဂါပိုးေတြဆီကေန ႀကိဳတင္ကာကြယ္ေပးတဲ့ အေကာင္းဆံုး နည္းလမ္းတစ္ခုပါ။ ကုသရခက္ခဲတဲ့ ေရာဂါေတြ မျဖစ္လာေစဖုိ႔အတြက္ ရည္ရြယ္ထားတဲ့ ေဆးေတြေပါ့ေနာ္… အရာရာတုိင္းမွာ အေကာင္း၊ အဆိုး ဒြန္တြဲေနသလို ဒီကာကြယ္ေဆးေတြမွာလည္း ဆိုးကြက္ေလးေတြ ရွိတတ္ပါတယ္။ ဆိုးကြက္ဆိုတာထက္ ေဘးထြက္ဆိုးက်ိဳးေပါ့ေနာ္… အမ်ားအားျဖင့္ေတာ့ ကေလးေတြ ဂနာမၿငိမ္ျဖစ္တာ၊ ကိုယ္ပူတာ၊ ေဆးထိုးထားတဲ့ ေနရာမ်ာ နာက်င္တာ၊ ေရာင္ရမ္းတာေတြ ျဖစ္တတ္ပါတယ္ ေယာင္းတို႔ေရ… ဒီလို ေဘးထြက္ဆိုးက်ိဳးေတြထဲကမွ နာက်င္မႈ ေဝဒနာေတြ သက္သာေစဖို႔အတြက္ နည္းလမ္းေလးေတြ ရွိပါတယ္ေနာ္…

၁။ ၿငိမ္ၿငိမ္ေလး ေနေပးပါ။ 

ကေလးငယ္ေလးေတြဟာ အမ်ားအားျဖင့္ ဂနာမၿငိမ္ျဖစ္တတ္သလို အိပ္လည္း အိပ္ေနႏိုင္ပါတယ္။ ဒါ့အျပင္ အစာအစား ႏို႔မေသာက္ဘဲ နာရီနဲ႔ခ်ီၿပီးလည္း ေနေနတတ္ပါတယ္။ ဒီလိုအေျခအေနမ်ဳိးမွာေတာ့ အိမ္တြင္းအလုပ္ေတြကို တတ္ႏိုင္သမွ် တိုးတိုးတိတ္တိတ္ လုပ္ေဆာင္တာ အေကာင္းဆံုးပါေနာ္… ကေလးအိပ္ခန္းကိုလည္း ေအးေအးေလးျဖစ္ေအာင္ ထားၿပီးေတာ့ ကေလးကိုလည္း ေခ်ာင္ေခ်ာင္ခ်ိခ်ိ အဝတ္အစားေတြ ေပးဝတ္ပါ ။

၂။ ဖက္ထားေပးပါ။ 

ကေလးကို ေဆးထိုးမယ့္ အခ်ိန္မွာ မိခင္က ပုခံုးသိုင္း ဖက္ထားေပးပါ။ ေဆးထိုးမယ့္ အခ်ိန္မွာ မိခင္ရွိေနတဲ့အတြက္ ကေလးက စိတ္သက္သာရာ ရေစတဲ့အျပင္ ေဆးထိုးတာကိုလည္း ခံႏိုင္ရည္ ရွိေစပါတယ္။

Related Article >>> ကေလးခ်က္ႀကိဳး ျပႆနာမ်ားအေၾကာင္း သိေကာင္းစရာ

၃။ ႏို႔တိုက္ေကၽြးပါ။

အခ်က္အလက္ေတြအရေတာ့ ကာကြယ္ေဆးထိုးတဲ့အခ်ိန္မွာ ႏို႔တိုက္ခံေနရတဲ့ ကေလးေတြက အငိုနည္းပါသတဲ့။ ႏို႔တိုက္ေနတဲ့ အခ်ိန္မွာ အစာကို အာရံုေရာက္ေနတဲ့အတြက္ နာက်င္မႈဒဏ္ကို အနည္းငယ္သာ ခံစားရေလ့ရွိပါတယ္။ ဒါေၾကာင့္ ကေလးကို ေဆးထိုးခ်ိန္မွာ သက္သာေအာင္လို႔ ႏု႔ိတိုက္ေပးႏုိင္ပါတယ္ေနာ္…

၄။ ေရခဲအံုေပးပါ။

ေဆးထိုးၿပီးလို႔ ကေလးနာက်င္ေနတယ္ဆိုရင္ ေရခဲကပ္ထားႏိုင္ပါတယ္။ ေရသန္႔ေရခဲတံုးေတြကို အဝတ္ထည္သန္႔သန္႔နဲ႔ ခ်ည္ၿပီး ကေလးရဲ႕ နာက်င္တဲ့ေနရာကို ကပ္ထားႏိုင္ပါတယ္။ ဒါဟာ ကေလးအတြက္ နာက်င္မႈဒဏ္ သက္သာေစႏိုင္တဲ့ နည္းလမ္းတစ္ခု ျဖစ္ေပမဲ့ ၂၄ နာရီအတြင္း မသက္သာလာဘူးဆိုရင္ေတာ့ နီးစပ္ရာ ကေလးအထူးကု ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

၅။ အာရံုလႊဲေပးပါ။

ေနာက္ပိုင္းေခတ္စားလာတဲ့ နည္းလမ္းတစ္ခုကေတာ့ အာရံံုလႊဲလုိက္တာပါပဲ… ကိုယ္ေတြေတာင္ တစ္ေနရာရာက နာေနတဲ့အခါ အာရံုလႊဲလုိက္ရင္ နာတာ သက္သာသြားေသးတယ္မဟုတ္လား.. ကေလးေတြမွာလည္း ဒီလိုပါပဲ…  ကေလးနဲ႔ တူတူေရ ဝါးေဆာ့တာ၊ ကေလးႀကိဳက္ေလာက္တဲ့ အရုပ္ေတြ လက္ေဆာင္ေပးတာ၊ တီဗီဖြင့္ၿပီး သူသေဘာက်တဲ့ အစီအစဥ္ေတြ ဖြင့္ထားေပးတာဟာ ကေလးအတြက္ေတာ့ ေဆးထိုးထားတဲ့ ေနရာက နာက်င္မႈကို ေမ့ေပ်ာက္ေစပါတယ္ေနာ္…

Related Article >>> ေလေၾကေဆးရည္ဟာ ကေလးေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္သလား?

၆။ သၾကား နည္းနည္းေကၽြးပါ။

ကေလးေတြက အခ်ဳိ ႀကိဳက္တတ္ၾကတယ္ေလ… ဒါေၾကာင့္ သၾကား ဒါမွမဟုတ္ ကေလးေတြ စားလို႔ရႏိုင္တဲ့ သၾကားလံုးေလးေတြကို ေကၽြးမယ္ဆိုရင္ အာရံုက အခ်ိဳကို ေရာက္သြားမွာမို႔ နာက်င္မႈကို ေလ်ာ့ပါးသြားေစႏိုင္ပါတယ္။ အဲ.. သၾကားလံုးေတြ စြတ္မေကၽြးနဲ႔ဦးေနာ္.. လြန္သြားရင္ ေခ်ာင္းဆိုးတတ္တာေလးကိုေတာ့ မေမ့ထားပါနဲ႔လို႔…

ဒါေတြကေတာ့ ကာကြယ္ေဆးထိုးၿပီး နာက်င္ေနတဲ့ ကေလးေတြအတြက္ အိမ္တြင္းကုသမႈေတြပါ ေယာင္းတို႔ေရ… က်န္းမာဖြံ႕ၿဖိဳးတဲ့ ကေလးငယ္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစကြယ္…

ေဒါက္တာေအာင္ေက်ာ္ျမင့္ (က်န္းက်န္းမာမာ by Alinker)

Reference – Mom Junction

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ကလေးလေးတွေ နာပြီး ငိုနေရင် စိတ်မချမ်းသာဘူးမလား… ဒီလိုလေးတွေ လုပ်ပေးလို့ရပါတယ်နော်… 

ကာကွယ်ဆေးတွေဆိုတာ ကလေးတွေကို ရောဂါပိုးတွေဆီကနေ ကြိုတင်ကာကွယ်ပေးတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ ကုသရခက်ခဲတဲ့ ရောဂါတွေ မဖြစ်လာစေဖို့အတွက် ရည်ရွယ်ထားတဲ့ ဆေးတွေပေါ့နော်… အရာရာတိုင်းမှာ အကောင်း၊ အဆိုး ဒွန်တွဲနေသလို ဒီကာကွယ်ဆေးတွေမှာလည်း ဆိုးကွက်လေးတွေ ရှိတတ်ပါတယ်။ ဆိုးကွက်ဆိုတာထက် ဘေးထွက်ဆိုးကျိုးပေါ့နော်… အများအားဖြင့်တော့ ကလေးတွေ ဂနာမငြိမ်ဖြစ်တာ၊ ကိုယ်ပူတာ၊ ဆေးထိုးထားတဲ့ နေရာမျာ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ် ယောင်းတို့ရေ… ဒီလို ဘေးထွက်ဆိုးကျိုးတွေထဲကမှ နာကျင်မှု ဝေဒနာတွေ သက်သာစေဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ်နော်…

၁။ ငြိမ်ငြိမ်လေး နေပေးပါ။ 

ကလေးငယ်လေးတွေဟာ အများအားဖြင့် ဂနာမငြိမ်ဖြစ်တတ်သလို အိပ်လည်း အိပ်နေနိုင်ပါတယ်။ ဒါ့အပြင် အစာအစား နို့မသောက်ဘဲ နာရီနဲ့ချီပြီးလည်း နေနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အိမ်တွင်းအလုပ်တွေကို တတ်နိုင်သမျှ တိုးတိုးတိတ်တိတ် လုပ်ဆောင်တာ အကောင်းဆုံးပါနော်… ကလေးအိပ်ခန်းကိုလည်း အေးအေးလေးဖြစ်အောင် ထားပြီးတော့ ကလေးကိုလည်း ချောင်ချောင်ချိချိ အဝတ်အစားတွေ ပေးဝတ်ပါ ။

၂။ ဖက်ထားပေးပါ။ 

ကလေးကို ဆေးထိုးမယ့် အချိန်မှာ မိခင်က ပုခုံးသိုင်း ဖက်ထားပေးပါ။ ဆေးထိုးမယ့် အချိန်မှာ မိခင်ရှိနေတဲ့အတွက် ကလေးက စိတ်သက်သာရာ ရစေတဲ့အပြင် ဆေးထိုးတာကိုလည်း ခံနိုင်ရည် ရှိစေပါတယ်။

Related Article >>> ကလေးချက်ကြိုး ပြဿနာများအကြောင်း သိကောင်းစရာ

၃။ နို့တိုက်ကျွေးပါ။

အချက်အလက်တွေအရတော့ ကာကွယ်ဆေးထိုးတဲ့အချိန်မှာ နို့တိုက်ခံနေရတဲ့ ကလေးတွေက အငိုနည်းပါသတဲ့။ နို့တိုက်နေတဲ့ အချိန်မှာ အစာကို အာရုံရောက်နေတဲ့အတွက် နာကျင်မှုဒဏ်ကို အနည်းငယ်သာ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးကို ဆေးထိုးချိန်မှာ သက်သာအောင်လို့ နု့ိတိုက်ပေးနိုင်ပါတယ်နော်…

၄။ ရေခဲအုံပေးပါ။

ဆေးထိုးပြီးလို့ ကလေးနာကျင်နေတယ်ဆိုရင် ရေခဲကပ်ထားနိုင်ပါတယ်။ ရေသန့်ရေခဲတုံးတွေကို အဝတ်ထည်သန့်သန့်နဲ့ ချည်ပြီး ကလေးရဲ့ နာကျင်တဲ့နေရာကို ကပ်ထားနိုင်ပါတယ်။ ဒါဟာ ကလေးအတွက် နာကျင်မှုဒဏ် သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမဲ့ ၂၄ နာရီအတွင်း မသက်သာလာဘူးဆိုရင်တော့ နီးစပ်ရာ ကလေးအထူးကု ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၅။ အာရုံလွှဲပေးပါ။

နောက်ပိုင်းခေတ်စားလာတဲ့ နည်းလမ်းတစ်ခုကတော့ အာရံုံလွှဲလိုက်တာပါပဲ… ကိုယ်တွေတောင် တစ်နေရာရာက နာနေတဲ့အခါ အာရုံလွှဲလိုက်ရင် နာတာ သက်သာသွားသေးတယ်မဟုတ်လား.. ကလေးတွေမှာလည်း ဒီလိုပါပဲ…  ကလေးနဲ့ တူတူရေ ဝါးဆော့တာ၊ ကလေးကြိုက်လောက်တဲ့ အရုပ်တွေ လက်ဆောင်ပေးတာ၊ တီဗီဖွင့်ပြီး သူသဘောကျတဲ့ အစီအစဉ်တွေ ဖွင့်ထားပေးတာဟာ ကလေးအတွက်တော့ ဆေးထိုးထားတဲ့ နေရာက နာကျင်မှုကို မေ့ပျောက်စေပါတယ်နော်…

Related Article >>> လေကြေဆေးရည်ဟာ ကလေးတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလား?

၆။ သကြား နည်းနည်းကျွေးပါ။

ကလေးတွေက အချို ကြိုက်တတ်ကြတယ်လေ… ဒါကြောင့် သကြား ဒါမှမဟုတ် ကလေးတွေ စားလို့ရနိုင်တဲ့ သကြားလုံးလေးတွေကို ကျွေးမယ်ဆိုရင် အာရုံက အချိုကို ရောက်သွားမှာမို့ နာကျင်မှုကို လျော့ပါးသွားစေနိုင်ပါတယ်။ အဲ.. သကြားလုံးတွေ စွတ်မကျွေးနဲ့ဦးနော်.. လွန်သွားရင် ချောင်းဆိုးတတ်တာလေးကိုတော့ မမေ့ထားပါနဲ့လို့…

ဒါတွေကတော့ ကာကွယ်ဆေးထိုးပြီး နာကျင်နေတဲ့ ကလေးတွေအတွက် အိမ်တွင်းကုသမှုတွေပါ ယောင်းတို့ရေ… ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကွယ်…

ဒေါက်တာအောင်ကျော်မြင့် (ကျန်းကျန်းမာမာ by Alinker)

Reference – Mom Junction

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed