Health

ကေလးငယ္ေတြရဲ႕ အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအံုးေတြကို ဘယ္လို သန္႔႐ွင္းေရးလုပ္ေပးၾကမလဲ?

အိပ္ရာထဲ ရွဴရွဴးေပါက္တဲ့ ေဘဘီေလးေၾကာင့္ စိတ္ညစ္စရာ မလုိေတာ့ပါဘူးေနာ္… 

ကေလးငယ္အမ်ားစုက ညဘက္ဆိုအိပ္ယာထဲမွာ ရွဴးေပါက္ခ်တတ္ၾကပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ မေရာက္မခ်င္း ဒီလိုေတြဆက္ျဖစ္ေနၾကမွာပါ။ ဒီေတာ့ ေမေမတို႔အေနနဲ႔ ဒီလို ေသးစိုေနတဲ့ အိပ္ရာခင္းေတြကို ဘယ္လိုေလွ်ာ္ဖြပ္ရမလဲ။ ဘယ္လုိ သန္႔ရွင္းေရးလုပ္ေပးရမလဲဆိုၿပီး ေခါင္းစားေနတဲ့ေမေမတုိ႔အတြက္ ရည္႐ြယ္ၿပီး ဒီေဆာင္းပါးေလးကို ေရးသားလိုက္ပါတယ္။

ကေလးက အိပ္ရာထဲမွာ ညတိုင္းလိုလို ဆီးသြားေနၿပီလား?

အိပ္ရာခင္းေတြဟာ ေသးစိုေနတာ မဟုတ္သည့္တုိင္ေအာင္ ေခၽြးေတြ၊ ခႏၶာကိုယ္က အဆီေတြ၊ ပိုးမႊားေတြက ကပ္ၿငိေနပါတယ္။ အိပ္ရာထဲ ေသးေပါက္ခ်ခဲ့ရင္လည္း ကေလးကို အရမ္းမဆူပါနဲ႔။ ဒါဟာ ကေလးငယ္ႏွစ္ႏွစ္ၿခိဳက္ၿခဳိက္ အိပ္ေပ်ာ္သြားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒါသမထြက္ဘဲ ေသးေပါက္ခ်တဲ့ အေလ့အထကို ေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ နည္းလမ္း႐ွာပါ။

  • ကေလးငယ္ကို ေန႔ခင္းပိုင္းမွာ အိမ္သာပံုမွန္သြားတတ္ေအာင္ ေလ့က်င့္ေပးပါ။
  • ေပါက္ခ်င္စိတ္ျဖစ္လာတာနဲ႔ ေအာင့္မထားဘဲ ခ်က္ခ်င္းေပါက္တတ္္ေအာင္ အားေပးပါ။
  • ေန႔လယ္စာစားခ်ိန္၊ ေန႔ခင္းအိပ္ရာထခ်ိန္ေတြမွာ ေသးေပါက္တတ္ေအာင္ အက်င့္လုပ္ေပးပါ။
  • ညစာစားၿပီး ေရအမ်ားႀကီးမေသာက္ခိုင္းပါနဲ႔။
  • အိပ္ရာဝင္ခါနီးတိုင္း ေသးေပါက္ခိုင္းပါ။

ဒီလိုအက်င့္ေတြကို ေလ့က်င့္ေပးရင္ အိပ္ရာထဲေသးေပါက္ခ်တဲ့အက်င့္ ေလ်ာ့က်လာမွာပါ။

Related Article >>> ေလေၾကေဆးရည္ဟာ ကေလးေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္သလား?

ေမြ႔ရာ မပ်က္စီးေအာင္ ဘာေတြ လုပ္ရမလဲ?

ေသးေပါက္ခ်တာေၾကာင့္ ေမြ႔ရာေတြ မပ်က္စီးေစခ်င္ရင္ ေရစိုခံတဲ့ အိပ္ယာခင္းေတြ သံုးေပးသင့္ပါတယ္။ အိပ္ရာခင္း ေန႔တိုင္းလဲမယ္ဆိုရင္ ႏွစ္ခုေလာက္ဝယ္ထားမွ အဆင္ေျပမွာပါ။ ဒါမွ တစ္ခုခင္း၊ တစ္ခုေလွ်ာ္လို႔ရမွာပါ။ ဒါေပမဲ့ ၾကာလာတဲ့အခါမွာေတာ့ အနံ႔အသက္မေကာင္းေတာ့ဘဲ ကေလးကို သက္ေတာင့္သက္သာ မျဖစ္ေစေတာ့ပါဘူး။ ဒါေၾကာင့္ သန္႔႐ွင္းေရးလုပ္တဲ့အခါမွာလည္း နည္းလမ္းက်ဖို႔ အေရးႀကီးပါတယ္။

သန္႔႐ွင္းေရးနည္းလမ္းမ်ား

အစြန္းအထင္းေတြကုိ ခ်က္ခ်င္းေလွ်ာ္ရင္ ဖယ္ရ ပိုလြယ္ကူပါတယ္။ ဒါေၾကာင့္ ေပက်ံတာနဲ႔ ခ်က္ခ်င္းေလွ်ာ္ပါ။

၁) အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအံုးစြပ္ေတြကို ျဖဳတ္ၿပီး ပံုမွန္အတိုင္းေလွ်ာ္ပါ။ တစ္ခါေလွ်ာ္ၿပီးလို႔ အနံ႔အသက္ေတြ က်န္ေနေသးတယ္ဆုိရင္ ေနာက္တစ္ေခါက္ ထပ္ေလွ်ာ္တဲ့အခ်ိန္မွာ ႐ွာလကာရည္ ထည့္ေလွ်ာ္ပါ။ ႐ွာလကာရည္ဟာ အနံ႔ဆိုးေတြကို စုပ္ယူေပးပါတယ္။ တကယ္လို႔ အစြန္းအထင္းေတြ ႐ွိေနတယ္ဆိုုရင္ ေရေႏြးနဲ႔ ဆပ္ျပာမႈန္႔အနည္းငယ္သံုးၿပီး ေလွ်ာ္ဖြပ္ေပးပါ။

၂) သန္႔စင္ဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကို စုေဆာင္းပါ။ ေရေအး၊ ႐ွာလကာရည္၊ မုန္႔ဖုတ္ဆိုဒါ၊ ဆပ္ျပာမႈန္႔အနည္းငယ္၊ စပေရးဘူး၊ ဖုန္စုပ္စက္တို႔ လုိအပ္ပါတယ္။ ေမြ႕ရာခင္းေတြ ေျခာက္ေသြ႔ေအာင္လုပ္ဖို႔ ပန္ကာ ဒါမွမဟုတ္ Dryer လည္း လိုအပ္ပါေသးတယ္။

၃) အစြန္းအထင္းေတြ ေပက်ံေနခဲ့ရင္ တတ္ႏုိင္သေလာက္ ေရမ်ားမ်ားနဲ႔သာ စိမ္ပါ။ ကုတ္ျခစ္တာမ်ဳိး၊ ခပ္ၾကမ္းၾကမ္း ပြတ္ပစ္တာမ်ဳိးကို ေ႐ွာင္ပါ။

၄) ေရေအးႏွစ္ဆ၊ ႐ွာလကာရည္တစ္ဆ၊ ဆပ္ျပာမႈန္႔အနည္းငယ္ေရာၿပီး အစြန္းအထင္းေနရာေတြကို စပေရးဘူးနဲ႔ ျဖန္းပါ။ ျဖန္းတဲ့အခါမွာ အကြက္ ပိုႀကီးမသြားေအာင္ ဂ႐ုစိုက္ပါ။ ၿပီးရင္ ၁၀ – ၁၅ မိနစ္ေလာက္ ထားလိုက္ပါ။ ႐ွာလကာရည္ဟာ အစြန္းအထင္းေတြကို ေခ်ဖ်က္ၿပီး အနံ႔ဆိုးမ်ားကို သက္သာ ေပ်ာက္ကင္းေစမွာပါ။

Related Article >>> ကိုယ္ဝန္ရွိရင္ (၂) ေယာက္စာ စားရတယ္ဆိုုတာ တကယ္လား?

၅) ၁၀ -၁၅ မိနစ္ျပည့္ၿပီးရင္ အစြန္းကြက္ ေနရာကို ေရျပန္ဆြတ္ပါ။

၆) အဲဒီေနရာကို မုန္႔ဖုတ္ဆိုဒါ သုတ္လိမ္းပါ။ လိမ္းၿပီး ၁၅ မိနစ္ေလာက္ၾကာတဲ့အခါ ေရေဆးခ်လိုက္ရင္ အစြန္းအထင္းေတြ အေဝးကို ေရာက္သြားမွာပါ။

၇) က်န္တဲ့အပိုင္းကိုေတာ့ ဖုန္စုပ္စက္နဲ႔ စုပ္ေပးပါ။ ဖုန္ေတြ၊ အေမြးအမွ်င္ေတြ သန္႔႐ွင္းသြားေအာင္ပါ။

၈) ခုနက ေရစိုေနတဲ့ေနရာေတြကုိ ပန္ကာ ဒါမွမဟုတ္ Dryer နဲ႔ မႈတ္ပါ။

၉) တကယ္လို႔ အစြန္းအထင္းမွိန္မွိန္ေလး က်န္ေသးတယ္၊ အနံ႔အသက္ေတြ က်န္ေနေသးတယ္ဆိုရင္  ဒီနည္းလမ္းအတိုင္း ေနာက္ထပ္တစ္ခါ ျပန္လုပ္ပါ။

၁၀) အစြန္းအထင္းေတြမ႐ွိဘဲ ဒီအတိုင္းသန႔္႐ွင္းခ်င္တယ္ဆိုရင္ ဖုန္စုပ္စက္နဲ႔ေန႔တိုင္း သန္႔႐ွင္းေပးလို႔ရပါတယ္။

အခုဆိုရင္ လြယ္ကူ႐ိုး႐ွင္းတဲ့ သန္႔႐ွင္းေရးနည္းလမ္းေလးကို ရ႐ွိသြားၿပီဆိုေတာ့ ကေလးေတြရဲ႕ အိပ္ယာခင္းေလးေတြကို သန္႔သန္႔႐ွင္း႐ွင္းထားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီနည္းလမ္းေလးက အခ်ိန္လည္း သိပ္မေပးရဘဲ ထိေရာက္တဲ့နည္းလမ္းေလးျဖစ္တာေၾကာင့္ ေမေမတို႔သေဘာက်လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

Translated by Paing (က်န္းက်န္းမာမာ by Alinker)

Reference : https://www.sleepcity.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ By Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

အိပ်ရာထဲ ရှူရှူးပေါက်တဲ့ ဘေဘီလေးကြောင့် စိတ်ညစ်စရာ မလိုတော့ပါဘူးနော်… 

ကလေးငယ်အများစုက ညဘက်ဆိုအိပ်ယာထဲမှာ ရှူးပေါက်ချတတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ် မရောက်မချင်း ဒီလိုတွေဆက်ဖြစ်နေကြမှာပါ။ ဒီတော့ မေမေတို့အနေနဲ့ ဒီလို သေးစိုနေတဲ့ အိပ်ရာခင်းတွေကို ဘယ်လိုလျှော်ဖွပ်ရမလဲ။ ဘယ်လို သန့်ရှင်းရေးလုပ်ပေးရမလဲဆိုပြီး ခေါင်းစားနေတဲ့မေမေတို့အတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးသားလိုက်ပါတယ်။

ကလေးက အိပ်ရာထဲမှာ ညတိုင်းလိုလို ဆီးသွားနေပြီလား?

အိပ်ရာခင်းတွေဟာ သေးစိုနေတာ မဟုတ်သည့်တိုင်အောင် ချွေးတွေ၊ ခန္ဓာကိုယ်က အဆီတွေ၊ ပိုးမွှားတွေက ကပ်ငြိနေပါတယ်။ အိပ်ရာထဲ သေးပေါက်ချခဲ့ရင်လည်း ကလေးကို အရမ်းမဆူပါနဲ့။ ဒါဟာ ကလေးငယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒေါသမထွက်ဘဲ သေးပေါက်ချတဲ့ အလေ့အထကို ပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်းရှာပါ။

ကလေးငယ်ကို နေ့ခင်းပိုင်းမှာ အိမ်သာပုံမှန်သွားတတ်အောင် လေ့ကျင့်ပေးပါ။
ပေါက်ချင်စိတ်ဖြစ်လာတာနဲ့ အောင့်မထားဘဲ ချက်ချင်းပေါက်တတ်အောင် အားပေးပါ။
နေ့လယ်စာစားချိန်၊ နေ့ခင်းအိပ်ရာထချိန်တွေမှာ သေးပေါက်တတ်အောင် အကျင့်လုပ်ပေးပါ။
ညစာစားပြီး ရေအများကြီးမသောက်ခိုင်းပါနဲ့။
အိပ်ရာဝင်ခါနီးတိုင်း သေးပေါက်ခိုင်းပါ။
ဒီလိုအကျင့်တွေကို လေ့ကျင့်ပေးရင် အိပ်ရာထဲသေးပေါက်ချတဲ့အကျင့် လျော့ကျလာမှာပါ။

Related Article >>> လေကြေဆေးရည်ဟာ ကလေးတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလား?

မွေ့ရာ မပျက်စီးအောင် ဘာတွေ လုပ်ရမလဲ?

သေးပေါက်ချတာကြောင့် မွေ့ရာတွေ မပျက်စီးစေချင်ရင် ရေစိုခံတဲ့ အိပ်ယာခင်းတွေ သုံးပေးသင့်ပါတယ်။ အိပ်ရာခင်း နေ့တိုင်းလဲမယ်ဆိုရင် နှစ်ခုလောက်ဝယ်ထားမှ အဆင်ပြေမှာပါ။ ဒါမှ တစ်ခုခင်း၊ တစ်ခုလျှော်လို့ရမှာပါ။ ဒါပေမဲ့ ကြာလာတဲ့အခါမှာတော့ အနံ့အသက်မကောင်းတော့ဘဲ ကလေးကို သက်တောင့်သက်သာ မဖြစ်စေတော့ပါဘူး။ ဒါကြောင့် သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း နည်းလမ်းကျဖို့ အရေးကြီးပါတယ်။

သန့်ရှင်းရေးနည်းလမ်းများ

အစွန်းအထင်းတွေကို ချက်ချင်းလျှော်ရင် ဖယ်ရ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ပေကျံတာနဲ့ ချက်ချင်းလျှော်ပါ။

၁) အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးစွပ်တွေကို ဖြုတ်ပြီး ပုံမှန်အတိုင်းလျှော်ပါ။ တစ်ခါလျှော်ပြီးလို့ အနံ့အသက်တွေ ကျန်နေသေးတယ်ဆိုရင် နောက်တစ်ခေါက် ထပ်လျှော်တဲ့အချိန်မှာ ရှာလကာရည် ထည့်လျှော်ပါ။ ရှာလကာရည်ဟာ အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။ တကယ်လို့ အစွန်းအထင်းတွေ ရှိနေတယ်ဆိုရင် ရေနွေးနဲ့ ဆပ်ပြာမှုန့်အနည်းငယ်သုံးပြီး လျှော်ဖွပ်ပေးပါ။

၂) သန့်စင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပါ။ ရေအေး၊ ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါ၊ ဆပ်ပြာမှုန့်အနည်းငယ်၊ စပရေးဘူး၊ ဖုန်စုပ်စက်တို့ လိုအပ်ပါတယ်။ မွေ့ရာခင်းတွေ ခြောက်သွေ့အောင်လုပ်ဖို့ ပန်ကာ ဒါမှမဟုတ် Dryer လည်း လိုအပ်ပါသေးတယ်။

၃) အစွန်းအထင်းတွေ ပေကျံနေခဲ့ရင် တတ်နိုင်သလောက် ရေများများနဲ့သာ စိမ်ပါ။ ကုတ်ခြစ်တာမျိုး၊ ခပ်ကြမ်းကြမ်း ပွတ်ပစ်တာမျိုးကို ရှောင်ပါ။

၄) ရေအေးနှစ်ဆ၊ ရှာလကာရည်တစ်ဆ၊ ဆပ်ပြာမှုန့်အနည်းငယ်ရောပြီး အစွန်းအထင်းနေရာတွေကို စပရေးဘူးနဲ့ ဖြန်းပါ။ ဖြန်းတဲ့အခါမှာ အကွက် ပိုကြီးမသွားအောင် ဂရုစိုက်ပါ။ ပြီးရင် ၁၀ – ၁၅ မိနစ်လောက် ထားလိုက်ပါ။ ရှာလကာရည်ဟာ အစွန်းအထင်းတွေကို ချေဖျက်ပြီး အနံ့ဆိုးများကို သက်သာ ပျောက်ကင်းစေမှာပါ။

Related Article >>> ကိုယ်ဝန်ရှိရင် (၂) ယောက်စာ စားရတယ်ဆိုတာ တကယ်လား?

၅) ၁၀ -၁၅ မိနစ်ပြည့်ပြီးရင် အစွန်းကွက် နေရာကို ရေပြန်ဆွတ်ပါ။

၆) အဲဒီနေရာကို မုန့်ဖုတ်ဆိုဒါ သုတ်လိမ်းပါ။ လိမ်းပြီး ၁၅ မိနစ်လောက်ကြာတဲ့အခါ ရေဆေးချလိုက်ရင် အစွန်းအထင်းတွေ အဝေးကို ရောက်သွားမှာပါ။

၇) ကျန်တဲ့အပိုင်းကိုတော့ ဖုန်စုပ်စက်နဲ့ စုပ်ပေးပါ။ ဖုန်တွေ၊ အမွေးအမျှင်တွေ သန့်ရှင်းသွားအောင်ပါ။

၈) ခုနက ရေစိုနေတဲ့နေရာတွေကို ပန်ကာ ဒါမှမဟုတ် Dryer နဲ့ မှုတ်ပါ။

၉) တကယ်လို့ အစွန်းအထင်းမှိန်မှိန်လေး ကျန်သေးတယ်၊ အနံ့အသက်တွေ ကျန်နေသေးတယ်ဆိုရင်  ဒီနည်းလမ်းအတိုင်း နောက်ထပ်တစ်ခါ ပြန်လုပ်ပါ။

၁၀) အစွန်းအထင်းတွေမရှိဘဲ ဒီအတိုင်းသန့်ရှင်းချင်တယ်ဆိုရင် ဖုန်စုပ်စက်နဲ့နေ့တိုင်း သန့်ရှင်းပေးလို့ရပါတယ်။

အခုဆိုရင် လွယ်ကူရိုးရှင်းတဲ့ သန့်ရှင်းရေးနည်းလမ်းလေးကို ရရှိသွားပြီဆိုတော့ ကလေးတွေရဲ့ အိပ်ယာခင်းလေးတွေကို သန့်သန့်ရှင်းရှင်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနည်းလမ်းလေးက အချိန်လည်း သိပ်မပေးရဘဲ ထိရောက်တဲ့နည်းလမ်းလေးဖြစ်တာကြောင့် မေမေတို့သဘောကျလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

Translated by Paing (ကျန်းကျန်းမာမာ by Alinker)

Reference : https://www.sleepcity.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ By Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *