Health

ကိုယ္ဝန္ေဆာင္ဖို႔ ရည္ရြယ္ထားရင္ မျဖစ္မေန လုပ္ထားသင့္တဲ့ က်န္းမာေရး ျပင္ဆင္မႈမ်ား

က်န္းမာဖြံ႕ၿဖိဳးတဲ့ ေဘဘီေလး ပိုင္ဆုိင္ႏုိင္ဖို႔ေပါ့… 

သို႔.. ညီမေလး…

အိမ္ေထာင္ရွင္စံုတြဲေတြအတြက္ ေပ်ာ္ရြင္ရတဲ့ အခိုက္အတန္႔ေလးေတြထဲမွာ ကိုယ့္ရဲ႕ ရင္ေသြးငယ္ေလးကို က်န္းက်န္းမာမာ ေကၽြးေမြးေစာင့္ေရွာက္ႏုိင္ျခင္းကလည္း တစ္ခုအပါအဝင္ပါပဲ..  ခုေခတ္မွာ ေဆးပညာေတြ တိုးတက္လာသလို ေမေမေလာင္း ညီမေလးတို႔ကလည္း ေခတ္နဲ႔အညီ သိသင့္သိထိုက္တာေတြသိထား ျပင္ဆင္ထားဖို႔ကလည္း အေရးႀကီးတယ္ မဟုတ္လား…

ကေလးငယ္ေလး က်န္းမာၿပီး ျပစ္ခ်က္ကင္းဖို႔ဆိုရင္ ဗီတာမင္ သက္ေစာင့္ဓာတ္ေတြ ျဖည့္တင္းၿပီး ကိုယ့္ကိုယ္ကိုယ္ က်န္းမာေအာင္ ဦးစားေပး လုပ္ထားသင့္ပါတယ္။ ဒါဆို အရင္ဆံုး ဘာေတြ လုပ္ထားသင့္လဲ ၾကည့္လုိက္ရေအာင္…

ကိုယ္ဝန္ယူဖို႔အတြက္ ဆရာဝန္နဲ႔ ေဆြးေႏြးပါ။

တကယ္ေတာ့ ကိုယ္ဝန္မေဆာင္ခင္ က်န္းမာေရး စစ္ေဆးခ်က္ေတြ ႀကိဳလုပ္ထားဖို႔က အေရးႀကီးတယ္ေနာ္ ညီမေလးတို႔… ဒီလို စစ္ေဆးမယ္ဆိုရင္ေတာ့ တစ္ႏွစ္ေလာက္ႀကိဳၿပီး စစ္ေဆးႏုိင္ပါတယ္။ တကယ္လို႔မ်ား ကိုယ္က က်န္းမာေရး ခ်ိဳ႕ယြင္းေနတယ္ဆိုရင္ ဒါမွမဟုတ္ တခ်ိဳ႕ေသာ အေလ့အထေတြ (ဥပမာ – အမ်ိဳးသား ေဆးလိပ္ေသာက္ျခင္း၊ ကိုယ္တိုင္ ေဆးလိပ္ေသာက္ျခင္း) ရွိေနတယ္ဆိုရင္ ကိုယ္ဝန္ရဖို႔ အဟန္႔အတား ျဖစ္ေစသလို  ဗိုက္ထဲက ကေလးညႇက္တာ၊ ကေလးအေသေမြးတာေတြ ျဖစ္လာႏုိင္ပါတယ္။ ၿပီးေတာ့ ကိုယ္အေလးခ်ိန္မ်ားေနတာမ်ိဳး၊ ေသြးတိုး နဲ႔ ဆီးခ်ိဳရွိေနတယ္ဆိုရင္ ႀကိဳတင္စစ္ေဆး၊ ေဆးကုသမႈ ခံယူၿပီးမွသာ ကေလးယူသင့္ပါတယ္ ညီမေလးတို႔ေရ…

Related Article >>> ကိုယ္ဝန္ေဆာင္ခ်ိန္ ေလယာဥ္စီးလို႔ရလား?

လတ္ဆတ္တဲ့ အစားအစာေတြကိုသာ ေရြးခ်ယ္စားပါ။ 

တကူးတကေတာ့ ေျပာေနစရာ မလိုဘူးနဲ႔ တူပါရဲ႕.. က်န္းမာေစမယ့္၊ က်န္းမာေရးနဲ႔ ညီတဲ့ လတ္ဆတ္တဲ့ အစားအစာေတြကို အာဟာရျပည့္ေအာင္ စားေပးပါ။ အသီးအႏွံေတြကို ပိုစားေပးသင့္ပါတယ္ေနာ္… ကယ္လ္ဆီယမ္ ႂကြယ္ဝတဲ့ ႏြားႏို႔၊ ၾကက္ဥ၊ ခ်ိစ္၊ ဒိန္ခ်ဥ္၊ ေနာက္ အသားဓာတ္မ်ားတဲ့ ပဲ၊ အသား၊ အေစ့အဆံေတြကိုလည္း မ်ားမ်ားစားေပးသင့္ပါတယ္။

ကဖိန္းဓာတ္ေလၽွာ့စားပါ။

ကဖိန္းပမာဏကို ကိုယ္ဝန္ေဆာင္ေတြအတြက္ သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။ တခ်ိဳ႕ေသာ ေလ့လာခ်က္ေတြအရေတာ့ ကဖိန္းဓာတ္မ်ားျခင္းက သားပ်က္သားေလွ်ာျဖစ္ေစပါသတဲ့ ညီမေလးတို႔ေရ.. ဒါေၾကာင့္ ကဖိန္းဓာတ္ကို ေလွ်ာ့စားပါလို႔.. ေကာ္ဖီႀကိဳက္တယ္၊ ျဖတ္မရဘူးဆိုရင္ တစ္ရက္ကို အမ်ားဆံုး တစ္ခြက္ေတာ့ ေသာက္လို႔ရပါတယ္။ (မတ္ခြက္နဲ႔ တစ္ခြက္ေတာ့ ေဖ်ာ္မေသာက္သင့္ 😛 )

Related Article >>> အသက္ (၃၅)ႏွစ္ဝန္းက်င္မွာ ကိုယ္ဝန္ေဆာင္ရင္ ဘာေတြ သတိထားသင့္လဲ?

 အရက္၊ ေဆးလိပ္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ။

“ေဆးလိပ္ေသာက္ျခင္းသည္ ကေလးကို ဆိုးရြားစြာ ထိခိုက္ပ်က္စီးေစႏိုင္ပါသည္” ဒီလိုေျပာရမွာေပါ့.. ေဆးလိပ္ေသာက္ရင္ သားပ်က္၊သားေလွ်ာတာေတြ၊ လမေစ့ ေပါင္မျပည့္ဘဲ ေမြးတာေတြ ျဖစ္တတ္ပါတယ္ ညီမေလးတို႔ေရ… အရက္ကေတာ့ (ေဆးျဖစ္ဝါးျဖစ္ 😛 ) ပံုမွန္ပမာဏ ေသာက္မယ္ (တစ္ရက္တစ္ခြက္ပဲေနာ္..) ဆိုရင္ေတာ့ ေဘးမျဖစ္ေပမဲ့ ပမာဏမ်ားရင္ေတာ့ အႏၱရာယ္ ရွိႏုိင္ပါတယ္ ေယာင္းတုိ႔ေရ.. မေသာက္တာ အေကာင္းဆံုးေပါ့ေနာ္..

ဒါေတြအျပင္ကိုမွ နဂိုေရာဂါအခံရွိ၊မရွိဆိုတာကို စစ္ေဆးၿပီး ေရာဂါကို ႀကိဳတင္ကုသထားတာကလည္း ကိုယ္ဝန္အတြက္ စိတ္ခ်ရေစမွာပါ ညီမေလးတို႔ေရ…

ကိုယ္ဝန္မရွိေသးခင္ ႀကိဳတင္စစ္ေဆးထားသင့္တဲ့ စစ္ေဆးမႈေတြကေတာ့… 

၁) လည္ပင္းေဟာ္မုန္းစစ္ျခင္း( Thyroid Function Test)

၂) သုတ္ပိုးေကာင္ေရစစ္ျခင္း( Semen analysis)

၃) မ်ိဳးဥ ေႂကြမေႂကြ ကိုယ္ပူခ်ိန္စစ္ျခင္း

၄) ခုခံအားက်ဆင္း HIV စစ္ေဆးျခင္း

၅) အသည္းေရာင္ ဘီ၊ စီ စစ္ေဆးျခင္း

၆) ကာလသား VDRL စစ္ေဆးျခင္း

၇) ဂ်ိဳက္သိုး စစ္ေဆးျခင္း

၈) ေသြးအမ်ိဳးအစားစစ္ျခင္း( Blood grouping and matching)

၉) ေသြးနီဥပမာဏစစ္ျခင္း( Hb %) စတာေတြပါ ေယာင္းတို႔ေရ…

ကိုယ္ဝန္မယူခင္ ေသာက္ထားသင့္တဲ့ ဗီတာမင္ေတြကေတာ့

Folic Acid 400microgram ကို ကိုယ္ဝန္မယူခင္ တစ္လနဲ႔ ကိုယ္ဝန္ရွိေနစဥ္ေတာင္ ေလွ်ာက္ေသာက္ေပးျခင္းဟာ ကေလးငယ္ ဦးေႏွာက္နဲ႔ ေက်ာ႐ိုး မူမမွန္ျဖစ္မႈကို ကာကြယ္ေပးႏုိင္ပါတယ္။

– ကိုယ္ဝန္စရွိခါစကိုေတာ့ DHA လို႔ေခၚတဲ့ ဗီတာမင္ပါတဲ့ အားေဆးမ်ိဳးကို ဆရာဝန္နဲ႔တိုင္ပင္ၿပီးေသာက္သင့္ပါတယ္။

Vitamin D ကေတာ့ 10 micrograms ေလာက္သာပဲ လိုအပ္ပါတယ္။

– ကိုယ္ဝန္ယူဖို႔ အစီအစဥ္ရွိရင္ လံုးဝမေသာက္သင့္တဲ့ ဗီတာမင္ကေတာ့ VitaminA(Retinol) ပါ ညီမေလးတို႔ေရ… တခ်ိဳ႕ေသာ ေဆးဝါးေတြကလည္း ေသြးထဲမွာ အခ်ိန္အေတာ္ၾကာ ရွိေနတတ္တာမို႔ ႀကိဳတင္ရပ္ထားသင့္ပါတယ္ေနာ္.. ဒါေၾကာင့္ ဆရာဝန္နဲ႔ အရင္သြားေတြ႕လို႔ ေျပာတာေပါ့..

ႀကိဳတင္ကာကြယ္၊ ျပင္ဆင္လို႔ရတာေတြကို ျပင္ဆင္ရင္း ခ်စ္စရာ သားသားမီးမီးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔…

မယ္တင္( ေဆး ၁)

<<< Unicode >>>

ကျန်းမာဖွံ့ဖြိုးတဲ့ ဘေဘီလေး ပိုင်ဆိုင်နိုင်ဖို့ပေါ့… 

အိမ်ထောင်ရှင်စုံတွဲတွေအတွက် ပျော်ရွင်ရတဲ့ အခိုက်အတန့်လေးတွေထဲမှာ ကိုယ့်ရဲ့ ရင်သွေးငယ်လေးကို ကျန်းကျန်းမာမာ ကျွေးမွေးစောင့်ရှောက်နိုင်ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ..  ခုခေတ်မှာ ဆေးပညာတွေ တိုးတက်လာသလို မေမေလောင်း ညီမလေးတို့ကလည်း ခေတ်နဲ့အညီ သိသင့်သိထိုက်တာတွေသိထား ပြင်ဆင်ထားဖို့ကလည်း အရေးကြီးတယ် မဟုတ်လား…

ကလေးငယ်လေး ကျန်းမာပြီး ပြစ်ချက်ကင်းဖို့ဆိုရင် ဗီတာမင် သက်စောင့်ဓာတ်တွေ ဖြည့်တင်းပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဦးစားပေး လုပ်ထားသင့်ပါတယ်။ ဒါဆို အရင်ဆုံး ဘာတွေ လုပ်ထားသင့်လဲ ကြည့်လိုက်ရအောင်…

ကိုယ်ဝန်ယူဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ။

တကယ်တော့ ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေး စစ်ဆေးချက်တွေ ကြိုလုပ်ထားဖို့က အရေးကြီးတယ်နော် ညီမလေးတို့… ဒီလို စစ်ဆေးမယ်ဆိုရင်တော့ တစ်နှစ်လောက်ကြိုပြီး စစ်ဆေးနိုင်ပါတယ်။ တကယ်လို့များ ကိုယ်က ကျန်းမာရေး ချို့ယွင်းနေတယ်ဆိုရင် ဒါမှမဟုတ် တချို့သော အလေ့အထတွေ (ဥပမာ – အမျိုးသား ဆေးလိပ်သောက်ခြင်း၊ ကိုယ်တိုင် ဆေးလိပ်သောက်ခြင်း) ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့ အဟန့်အတား ဖြစ်စေသလို  ဗိုက်ထဲက ကလေးညှက်တာ၊ ကလေးအသေမွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်များနေတာမျိုး၊ သွေးတိုး နဲ့ ဆီးချိုရှိနေတယ်ဆိုရင် ကြိုတင်စစ်ဆေး၊ ဆေးကုသမှု ခံယူပြီးမှသာ ကလေးယူသင့်ပါတယ် ညီမလေးတို့ရေ…

Related Article >>> ကိုယ်ဝန်ဆောင်ချိန် လေယာဉ်စီးလို့ရလား?

လတ်ဆတ်တဲ့ အစားအစာတွေကိုသာ ရွေးချယ်စားပါ။ 

တကူးတကတော့ ပြောနေစရာ မလိုဘူးနဲ့ တူပါရဲ့.. ကျန်းမာစေမယ့်၊ ကျန်းမာရေးနဲ့ ညီတဲ့ လတ်ဆတ်တဲ့ အစားအစာတွေကို အာဟာရပြည့်အောင် စားပေးပါ။ အသီးအနှံတွေကို ပိုစားပေးသင့်ပါတယ်နော်… ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ နွားနို့၊ ကြက်ဥ၊ ချိစ်၊ ဒိန်ချဉ်၊ နောက် အသားဓာတ်များတဲ့ ပဲ၊ အသား၊ အစေ့အဆံတွေကိုလည်း များများစားပေးသင့်ပါတယ်။

ကဖိန်းဓာတ်လျှော့စားပါ။

ကဖိန်းပမာဏကို ကိုယ်ဝန်ဆောင်တွေအတွက် သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တချို့သော လေ့လာချက်တွေအရတော့ ကဖိန်းဓာတ်များခြင်းက သားပျက်သားလျှောဖြစ်စေပါသတဲ့ ညီမလေးတို့ရေ.. ဒါကြောင့် ကဖိန်းဓာတ်ကို လျှော့စားပါလို့.. ကော်ဖီကြိုက်တယ်၊ ဖြတ်မရဘူးဆိုရင် တစ်ရက်ကို အများဆုံး တစ်ခွက်တော့ သောက်လို့ရပါတယ်။ (မတ်ခွက်နဲ့ တစ်ခွက်တော့ ဖျော်မသောက်သင့် 😛 )

Related Article >>> အသက် (၃၅)နှစ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်ရင် ဘာတွေ သတိထားသင့်လဲ?

 အရက်၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။

“ဆေးလိပ်သောက်ခြင်းသည် ကလေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါသည်” ဒီလိုပြောရမှာပေါ့.. ဆေးလိပ်သောက်ရင် သားပျက်၊သားလျှောတာတွေ၊ လမစေ့ ပေါင်မပြည့်ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ် ညီမလေးတို့ရေ… အရက်ကတော့ (ဆေးဖြစ်ဝါးဖြစ် 😛 ) ပုံမှန်ပမာဏ သောက်မယ် (တစ်ရက်တစ်ခွက်ပဲနော်..) ဆိုရင်တော့ ဘေးမဖြစ်ပေမဲ့ ပမာဏများရင်တော့ အန္တရာယ် ရှိနိုင်ပါတယ် ယောင်းတို့ရေ.. မသောက်တာ အကောင်းဆုံးပေါ့နော်..

ဒါတွေအပြင်ကိုမှ နဂိုရောဂါအခံရှိ၊မရှိဆိုတာကို စစ်ဆေးပြီး ရောဂါကို ကြိုတင်ကုသထားတာကလည်း ကိုယ်ဝန်အတွက် စိတ်ချရစေမှာပါ ညီမလေးတို့ရေ…

ကိုယ်ဝန်မရှိသေးခင် ကြိုတင်စစ်ဆေးထားသင့်တဲ့ စစ်ဆေးမှုတွေကတော့… 

၁) လည်ပင်းဟော်မုန်းစစ်ခြင်း( Thyroid Function Test)

၂) သုတ်ပိုးကောင်ရေစစ်ခြင်း( Semen analysis)

၃) မျိုးဥ ကြွေမကြွေ ကိုယ်ပူချိန်စစ်ခြင်း

၄) ခုခံအားကျဆင်း HIV စစ်ဆေးခြင်း

၅) အသည်းရောင် ဘီ၊ စီ စစ်ဆေးခြင်း

၆) ကာလသား VDRL စစ်ဆေးခြင်း

၇) ဂျိုက်သိုး စစ်ဆေးခြင်း

၈) သွေးအမျိုးအစားစစ်ခြင်း( Blood grouping and matching)

၉) သွေးနီဥပမာဏစစ်ခြင်း( Hb %) စတာတွေပါ ယောင်းတို့ရေ…

ကိုယ်ဝန်မယူခင် သောက်ထားသင့်တဲ့ ဗီတာမင်တွေကတော့

Folic Acid 400microgram ကို ကိုယ်ဝန်မယူခင် တစ်လနဲ့ ကိုယ်ဝန်ရှိနေစဉ်တောင် လျှောက်သောက်ပေးခြင်းဟာ ကလေးငယ် ဦးနှောက်နဲ့ ကျောရိုး မူမမှန်ဖြစ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

– ကိုယ်ဝန်စရှိခါစကိုတော့ DHA လို့ခေါ်တဲ့ ဗီတာမင်ပါတဲ့ အားဆေးမျိုးကို ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်သင့်ပါတယ်။

Vitamin D ကတော့ 10 micrograms လောက်သာပဲ လိုအပ်ပါတယ်။

– ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိရင် လုံးဝမသောက်သင့်တဲ့ ဗီတာမင်ကတော့ VitaminA(Retinol) ပါ ညီမလေးတို့ရေ… တချို့သော ဆေးဝါးတွေကလည်း သွေးထဲမှာ အချိန်အတော်ကြာ ရှိနေတတ်တာမို့ ကြိုတင်ရပ်ထားသင့်ပါတယ်နော်.. ဒါကြောင့် ဆရာဝန်နဲ့ အရင်သွားတွေ့လို့ ပြောတာပေါ့..

ကြိုတင်ကာကွယ်၊ ပြင်ဆင်လို့ရတာတွေကို ပြင်ဆင်ရင်း ချစ်စရာ သားသားမီးမီးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့…

မယ်တင်( ဆေး ၁)

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *