Fitness Health

ကိုယ္ခံပညာသင္ယူရင္းနဲ႕ ေနာက္ထပ္ဘယ္လိုအက်ိဳးေက်းဇူးေတြရွိလာမလဲ

ကိုယ္ခံပညာသင္ယူရင္း အမိုက္စားခႏၶာကိုယ္ရၿပီး ၾကည္လင္တဲ့အသားအေရပါရရွိႏိုင္သတဲ့…

ဒီတစ္ေလာမွာ မိန္းကေလးေတြကိုယ္ခံပညာသင္ထားသင့္တယ္ဆိုတဲ့အသံေတြက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာေနပါတယ္။ အေၾကာင္းကလည္း မိန္းကေလးေတြဟာလိင္ပိုင္းဆိုင္ရာအႏၱရာယ္ျပဳခံရတာေတြမၾကာခဏ ျဖစ္ေပၚေနတာေၾကာင့္ပါ။
တခ်ိဳ႕ကလည္း ကိုယ္ဘယ္မွမသြားရင္၊ညအခ်ိန္မေတာ္အျပင္မထြက္ရင္ၿပီးတာပါပဲ။ ကိုယ္ခံပညာေတြဘာေတြသင္ထားစရာမလိုပါဘူး လို႕ေတြးၾကမွာပါ။ အက္ဒ္မင္အေနနဲ႕ေယာင္းတို႕ကို ေျပာခ်င္တာက ကုိယ္ကမလိုအပ္ဘဲ ဘယ္မွမထြက္ဘူးလုိ႕ဆိုေပမဲ့ အႏၱရာယ္ဆိုတာမ်ိဳးက အခ်ိန္မေရြးက်ေရာက္တတ္တဲ့ သေဘာမွာရွိပါတယ္။

အခန္႕မသင့္ရင္ ကိုယ့္အိမ္မွာေတာင္ကိုယ္ တိုက္ခိုက္ခံရတာမ်ိဳးျဖစ္တတ္ေတာ့ ကိုယ္ခံပညာဆိုတာသင္ယူေလ့လာထားတာမမွားပါဘူး။ အထူးသျဖင့္ ကိုယ္ခံပညာတတ္ထားသူဟာ ခႏၶာကိုယ္ေသးညွက္သူျဖစ္ေစ၊ ထြားက်ိဳင္းသူျဖစ္ေစ မိမိကိုယ္ကို ကာကြယ္တတ္ပါတယ္။ ပံုမွန္အားျဖင့္ ပိုၾကံ့ခိုင္သူေတြက ပိုအားနည္းတတ္သူေတြကို အႏိုင္အထက္ျပဳေလ့ရွိတာမို႕ ကိုယ္ခံပညာတတ္ေျမာက္ထားရင္ ကိုယ့္ထက္အင္အားႀကီးသူကိုေတာင္ ျပန္တုိက္ခိုက္ႏိုင္ပါတယ္။

ေနာက္ၿပီး ေျပာခ်င္တာက ကိုယ္ခံပညာဆိုတာ အႏၱရာယ္ကိုကာကြယ္ႏိုင္ရံုသက္သက္မဟုတ္ပါဘူး။သူ႕မွာလည္း တျခားအားသာခ်က္ေတြရွိပါတယ္။ သူရဲ႕အျခားအားသာခ်က္ေတြဟာ ဘာေတြလဲဆိုေတာ့ …

Related Article >>> အႏၱရာယ္ကို ကာကြယ္ႏိုင္ဖို႔ အမ်ိဴးသမီးတိုင္းသိသင့္တဲ့ ရိုးရွင္းတဲ့ တိုက္ကြက္ေလးမ်ား

၁။ အေပါင္းအသင္းမိတ္ေဆြပိုတိုးလာတယ္

ကိုယ္ခံပညာသင္တန္းကိုသြားရင္ မိတ္သစ္ေဆြသစ္ေတြရလာမွာေတာ့အမွန္ပါပဲ။ တစ္ေန႕ တစ္ေန႕ အိမ္ထဲမွာ အခ်ိန္ကုန္ေနသူေတြ၊ အလုပ္လုပ္ရင္လည္း အလုပ္ကလူေတြနဲ႕ပဲ ေန႕စဥ္ဆက္ဆံမိေနသူေတြအတြက္ေတာ့ ကိုယ္ခံပညာသင္တန္းသြားလိုက္ရင္ အေျပာင္းအလဲတစ္ခုေတာ့ရမွာပါ။ အထူးသျဖင့္ ေနရာစံု၊ အလႊာစံု၊ လုပ္ငန္းစံုက လူေတြ၊ အထူးသျဖင့္အမ်ိဳးသမီးေတြနဲ႕ေတြ႕ဆံုႏိုင္ၿပီး ကိုယ့္ရဲ႕ေပါင္းသင္းဆက္ဆံေရးနယ္ပယ္ပိုက်ယ္ျပန္႕လာႏိုင္ပါတယ္။ျျျျ

၂။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈပိုရွိလာေစပါတယ္

အထူးသျဖင့္ ေယာင္းတုိ႕အေနနဲ႕ အျပင္ထြက္သြားလာရာမွာ ပိုၿပီး ရဲရဲဝံ့ဝ့ံရွိလာႏိုင္ပါတယ္။ ငါ့ကို ဘယ္သူမ်ား အႏၱရာယ္ေပးမလဲ၊ ဟိုနားကလူက ငါ့ကိုဒုကၡေပးမွာလားလို႕ေတြးေၾကာက္ေနဖို႕မလုိေတာ့ပါဘူး။ဘယ္အခ်ိန္မွာပဲ ျဖစ္ျဖစ္ ကိုယ္ခံပညာတတ္ထားသူက ကိုယ့္ကုိအႏၱရာယ္ျပဳသူကို အခ်ိန္မေရြးလက္တံု႕ျပန္ဖုိ႕ အဆင္သင့္ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ ငါကိုယ္ခံပညာ တတ္ထားတာပဲဆိုၿပီး သြားခ်င္တိုင္းသြား၊ လာခ်င္တိုင္း လာတာမ်ိဳးလို ယံုၾကည္မႈမလြန္ကဲသင့္ဘူးေပါ့ေနာ္။

၃။ အာရံုစူးစိုက္မႈေကာင္းလာဖုိ႕ အေထာက္အကူျပဳပါတယ္

ကိုယ္ခံပညာရဲ႕ အဓိကေသာ့ခ်က္က စူးစုိက္မႈအားေကာင္းဖုိ႕ပါ။ ကိုယ့္ရဲ႕ ပစ္မွတ္ကိုေသခ်ာအာရံုမစိုက္ရင္ ကာင္းေကာင္းတိုက္ခုိက္လို႕မရပါဘူး။ ဒါေၾကာင့္ကိုယ္ခံပညာသင္တန္းေတြက အာရံုစူးစိုက္မႈအားေကာင္းဖုိ႕ေလ့က်င့္ေပးေလ့ရွိပါတယ္။ဒီကရလာတဲ့ ပညာေတြကို ကိုယ့္အလုပ္၊ ကိုယ့္ဘဝမွာျပန္အသံုးခ်တတ္ရင္ အက်ိဳးရွိမွာပါ။

Related Article >>> ကိုယ့္အႏၱရာယ္ကိုယ္ ကာကြယ္နိုင္ဖို႔ ငရုတ္ျဖန္းေဆးကို ဒီလို လုပ္မယ္!

၄။ မိမိကိုယ္ကို စည္းကမ္းခ်မွတ္တတ္လာႏိုင္ပါတယ္
တကယ္ေတာ့ ကိုယ္ခံပညာသင္ယူေလ့လာတာဟာ ပင္ပန္းသလုိ၊ ဇြဲရွိဖုိ႕လဲလိုအပ္ပါတယ္။ သင္တန္းကို သြားလိုက္၊ မသြားလုိက္လုပ္တာမ်ိဳးတို႔ ပင္ပန္းတယ္ဆိုၿပီး ေနာက္ရက္မသြားတာမ်ိဳးမလုပ္ဘဲ အဆံုးထိမွန္မွန္ကန္ကန္သင္ယူေလ့လာဖို႕ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္တတ္တဲ့ အေလ့အက်င့္ရသြားရင္ ကိုယ့္အလုပ္၊ကိုယ့္ဘဝမွာလဲ ဇြဲရွိဖို႕၊ ဘာမဆိုဆံုးခန္းတုိင္ေအာင္လုပ္တတ္ဖို႕ထိန္းခ်ဳပ္တတ္တဲ့အေလ့အက်င့္ေကာင္းေလးရသြားႏိုင္ပါတယ္။

၅။ ကိုယ္ခႏၶာၾကံ့ခုိင္လာမယ္
ကိုယ္ခံပညာဆိုေတာ့ ေယာင္းတို႕သိတဲ့အတိုင္း ကိုယ္လက္လႈပ္ရွားကစားရတာျဖစ္လို႕ကိုယ္ခႏၶာၾကံ့ခိုင္မႈပိုရွိလာေစပါတယ္။ ဝတဲ့သူေတြဆိုရင္လည္း ကိုယ္လက္လႈပ္ရွားပိုလုပ္ရတာမုိ႕ အဆီက်ၿပီး က်စ္လ်စ္တဲ့ခႏၶာကိုယ္ရွိလာမွာပါ။ ပိန္သူေတြလည္း ၾကြက္သားေတြပိုၾကံ့ခုိင္လာေစပါတယ္။ အေညာင္းထိုင္မ်ားလုိ႕ ကိုယ္ခႏၶာေတာင့္တင္းေနသူေတြလည္း အေၾကာေျပၿပီး ေနရထိုင္ရတာ ပိုေကာင္းလာေစပါတယ္။ ေခၽြးထြက္မ်ားလုိ႕ခႏၶာကိုယ္ေပါ့ပါးသြားသလိုခံစားရမွာပါ။

၆။ အသားအေရ ၾကည္လင္လာေစပါတယ္

ေခၽြးထြက္မ်ားတဲ့အခါ အေရျပားအတြင္းမွာရွိတဲ့အညစ္အေၾကးေတြဟာ ေခၽြးနဲ႕အတူပါသြားပါတယ္။ အက်ိဳးဆက္အေနနဲ႕သန္႕ရွင္းၾကည္လင္တဲ့ အသားအေရကိုရွိရွိမွာပါ။ ဝက္ျခံအျဖစ္မ်ားသူေတြလည္းဝက္ျခံေတြေလ်ာ့ပါးသြားတာကို သိသိသာသာေတြ႕ရွိရမွာပါ။

ကဲ … အခုေတာ့ ကိုယ္ခံပညာသင္ယူရင္းနဲ႕ အပိုဆုအေနနဲ႕ရရွိႏိုင္တဲ့ တျခားအက်ိဳးေက်းဇူးေတြကို
ေယာင္းတုိ႕သိၾကျပီေနာ္။ မိန္းကေလးသဘာဝ ဘာမဆို အဆစ္ေလး၊အပိုေလးရရင္ေပ်ာ္တတ္ၾကသူေတြမို႕ အခုလို ကိုယ့္ကိုယ္ကိုကာကြယ္ဖုိ႕ ေလ့လာရင္းတျခားအက်ိဳးေက်းဇူးေတြပါရလာမွာမ်ိဳးေတာ့ သိပ္ႀကိဳက္ပဲ ျဖစ္မယ္ထင္တယ္ေနာ္။

Sugar Cane(For Her Myanmar)

Reference : Health Fitness Revolution,  Health benefits Knowing self defense

<<< Unicode >>>

ကိုယ်ခံပညာသင်ယူရင်း အမိုက်စားခန္ဓာကိုယ်ရပြီး ကြည်လင်တဲ့အသားအရေပါရရှိနိုင်သတဲ့…

ဒီတစ်လောမှာ မိန်းကလေးတွေကိုယ်ခံပညာသင်ထားသင့်တယ်ဆိုတဲ့အသံတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေပါတယ်။ အကြောင်းကလည်း မိန်းကလေးတွေဟာလိင်ပိုင်းဆိုင်ရာအန္တရာယ်ပြုခံရတာတွေမကြာခဏ ဖြစ်ပေါ်နေတာကြောင့်ပါ။
တချို့ကလည်း ကိုယ်ဘယ်မှမသွားရင်၊ညအချိန်မတော်အပြင်မထွက်ရင်ပြီးတာပါပဲ။ ကိုယ်ခံပညာတွေဘာတွေသင်ထားစရာမလိုပါဘူး လို့တွေးကြမှာပါ။ အက်ဒ်မင်အနေနဲ့ယောင်းတို့ကို ပြောချင်တာက ကိုယ်ကမလိုအပ်ဘဲ ဘယ်မှမထွက်ဘူးလို့ဆိုပေမဲ့ အန္တရာယ်ဆိုတာမျိုးက အချိန်မရွေးကျရောက်တတ်တဲ့ သဘောမှာရှိပါတယ်။

အခန့်မသင့်ရင် ကိုယ့်အိမ်မှာတောင်ကိုယ် တိုက်ခိုက်ခံရတာမျိုးဖြစ်တတ်တော့ ကိုယ်ခံပညာဆိုတာသင်ယူလေ့လာထားတာမမှားပါဘူး။ အထူးသဖြင့် ကိုယ်ခံပညာတတ်ထားသူဟာ ခန္ဓာကိုယ်သေးညှက်သူဖြစ်စေ၊ ထွားကျိုင်းသူဖြစ်စေ မိမိကိုယ်ကို ကာကွယ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ပိုကြံ့ခိုင်သူတွေက ပိုအားနည်းတတ်သူတွေကို အနိုင်အထက်ပြုလေ့ရှိတာမို့ ကိုယ်ခံပညာတတ်မြောက်ထားရင် ကိုယ့်ထက်အင်အားကြီးသူကိုတောင် ပြန်တိုက်ခိုက်နိုင်ပါတယ်။

နောက်ပြီး ပြောချင်တာက ကိုယ်ခံပညာဆိုတာ အန္တရာယ်ကိုကာကွယ်နိုင်ရုံသက်သက်မဟုတ်ပါဘူး။သူ့မှာလည်း တခြားအားသာချက်တွေရှိပါတယ်။ သူရဲ့အခြားအားသာချက်တွေဟာ ဘာတွေလဲဆိုတော့ …

Related Article >>> အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အမျိူးသမီးတိုင်းသိသင့်တဲ့ ရိုးရှင်းတဲ့ တိုက်ကွက်လေးများ

၁။ အပေါင်းအသင်းမိတ်ဆွေပိုတိုးလာတယ်

ကိုယ်ခံပညာသင်တန်းကိုသွားရင် မိတ်သစ်ဆွေသစ်တွေရလာမှာတော့အမှန်ပါပဲ။ တစ်နေ့ တစ်နေ့ အိမ်ထဲမှာ အချိန်ကုန်နေသူတွေ၊ အလုပ်လုပ်ရင်လည်း အလုပ်ကလူတွေနဲ့ပဲ နေ့စဉ်ဆက်ဆံမိနေသူတွေအတွက်တော့ ကိုယ်ခံပညာသင်တန်းသွားလိုက်ရင် အပြောင်းအလဲတစ်ခုတော့ရမှာပါ။ အထူးသဖြင့် နေရာစုံ၊ အလွှာစုံ၊ လုပ်ငန်းစုံက လူတွေ၊ အထူးသဖြင့်အမျိုးသမီးတွေနဲ့တွေ့ဆုံနိုင်ပြီး ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ပိုကျယ်ပြန့်လာနိုင်ပါတယ်။ြြြြ

၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေပါတယ်

အထူးသဖြင့် ယောင်းတို့အနေနဲ့ အပြင်ထွက်သွားလာရာမှာ ပိုပြီး ရဲရဲဝံ့ဝံ့ရှိလာနိုင်ပါတယ်။ ငါ့ကို ဘယ်သူများ အန္တရာယ်ပေးမလဲ၊ ဟိုနားကလူက ငါ့ကိုဒုက္ခပေးမှာလားလို့တွေးကြောက်နေဖို့မလိုတော့ပါဘူး။ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ်ခံပညာတတ်ထားသူက ကိုယ့်ကိုအန္တရာယ်ပြုသူကို အချိန်မရွေးလက်တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ငါကိုယ်ခံပညာ တတ်ထားတာပဲဆိုပြီး သွားချင်တိုင်းသွား၊ လာချင်တိုင်း လာတာမျိုးလို ယုံကြည်မှုမလွန်ကဲသင့်ဘူးပေါ့နော်။

၃။ အာရုံစူးစိုက်မှုကောင်းလာဖို့ အထောက်အကူပြုပါတယ်

ကိုယ်ခံပညာရဲ့ အဓိကသော့ချက်က စူးစိုက်မှုအားကောင်းဖို့ပါ။ ကိုယ့်ရဲ့ ပစ်မှတ်ကိုသေချာအာရုံမစိုက်ရင် ကာင်းကောင်းတိုက်ခိုက်လို့မရပါဘူး။ ဒါကြောင့်ကိုယ်ခံပညာသင်တန်းတွေက အာရုံစူးစိုက်မှုအားကောင်းဖို့လေ့ကျင့်ပေးလေ့ရှိပါတယ်။ဒီကရလာတဲ့ ပညာတွေကို ကိုယ့်အလုပ်၊ ကိုယ့်ဘဝမှာပြန်အသုံးချတတ်ရင် အကျိုးရှိမှာပါ။

Related Article >>> ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်နိုင်ဖို့ ငရုတ်ဖြန်းဆေးကို ဒီလို လုပ်မယ်!

၄။ မိမိကိုယ်ကို စည်းကမ်းချမှတ်တတ်လာနိုင်ပါတယ်
တကယ်တော့ ကိုယ်ခံပညာသင်ယူလေ့လာတာဟာ ပင်ပန်းသလို၊ ဇွဲရှိဖို့လဲလိုအပ်ပါတယ်။ သင်တန်းကို သွားလိုက်၊ မသွားလိုက်လုပ်တာမျိုးတို့ ပင်ပန်းတယ်ဆိုပြီး နောက်ရက်မသွားတာမျိုးမလုပ်ဘဲ အဆုံးထိမှန်မှန်ကန်ကန်သင်ယူလေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်တဲ့ အလေ့အကျင့်ရသွားရင် ကိုယ့်အလုပ်၊ကိုယ့်ဘဝမှာလဲ ဇွဲရှိဖို့၊ ဘာမဆိုဆုံးခန်းတိုင်အောင်လုပ်တတ်ဖို့ထိန်းချုပ်တတ်တဲ့အလေ့အကျင့်ကောင်းလေးရသွားနိုင်ပါတယ်။

၅။ ကိုယ်ခန္ဓာကြံ့ခိုင်လာမယ်
ကိုယ်ခံပညာဆိုတော့ ယောင်းတို့သိတဲ့အတိုင်း ကိုယ်လက်လှုပ်ရှားကစားရတာဖြစ်လို့ကိုယ်ခန္ဓာကြံ့ခိုင်မှုပိုရှိလာစေပါတယ်။ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်လက်လှုပ်ရှားပိုလုပ်ရတာမို့ အဆီကျပြီး ကျစ်လျစ်တဲ့ခန္ဓာကိုယ်ရှိလာမှာပါ။ ပိန်သူတွေလည်း ကြွက်သားတွေပိုကြံ့ခိုင်လာစေပါတယ်။ အညောင်းထိုင်များလို့ ကိုယ်ခန္ဓာတောင့်တင်းနေသူတွေလည်း အကြောပြေပြီး နေရထိုင်ရတာ ပိုကောင်းလာစေပါတယ်။ ချွေးထွက်များလို့ခန္ဓာကိုယ်ပေါ့ပါးသွားသလိုခံစားရမှာပါ။

၆။ အသားအရေ ကြည်လင်လာစေပါတယ်

ချွေးထွက်များတဲ့အခါ အရေပြားအတွင်းမှာရှိတဲ့အညစ်အကြေးတွေဟာ ချွေးနဲ့အတူပါသွားပါတယ်။ အကျိုးဆက်အနေနဲ့သန့်ရှင်းကြည်လင်တဲ့ အသားအရေကိုရှိရှိမှာပါ။ ဝက်ခြံအဖြစ်များသူတွေလည်းဝက်ခြံတွေလျော့ပါးသွားတာကို သိသိသာသာတွေ့ရှိရမှာပါ။

ကဲ … အခုတော့ ကိုယ်ခံပညာသင်ယူရင်းနဲ့ အပိုဆုအနေနဲ့ရရှိနိုင်တဲ့ တခြားအကျိုးကျေးဇူးတွေကို
ယောင်းတို့သိကြပြီနော်။ မိန်းကလေးသဘာဝ ဘာမဆို အဆစ်လေး၊အပိုလေးရရင်ပျော်တတ်ကြသူတွေမို့ အခုလို ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လေ့လာရင်းတခြားအကျိုးကျေးဇူးတွေပါရလာမှာမျိုးတော့ သိပ်ကြိုက်ပဲ ဖြစ်မယ်ထင်တယ်နော်။

Sugar Cane(For Her Myanmar)

Reference : Health Fitness Revolution,  Health benefits Knowing self defense

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *