ေမြးကင္းစ ကေလးေတြကို ေစာင့္ေရွာက္ရာမွာ အထူးသတိထားသင့္တဲ့အခ်က္ (၅)ခ်က္

အေရးမႀကီးဘူးထင္ၿပီး သတိမထားမိတာေၾကာင့္ ကိုယ့္ရဲ႕ ရတနာေလးေတြ ဒုကၡေရာက္သြားႏုိင္ပါတယ္ေနာ္… 

ေမြးကင္းစကေလးေတြဟာ အလြန္ႏုနယ္ၿပီး အားနည္းေနေသးတာေၾကာင့္ အစစအရာရာ ဂရုစိုက္ရသူေတြပါ။ ဒါေပမဲ့ ပထမဆံုး သားဦးေမြးဖြားတဲ့ မိခင္ပဲျဖစ္ျဖစ္ ၊ အေတြ႕အၾကံဳရွိတဲ့ ေမေမပဲျဖစ္ျဖစ္ ကေလးကို ဂရုစိုက္တဲ့အခါ နည္းမွန္လမ္းမွန္ ဂရုစိုက္တတ္ဖို႔ လိုပါတယ္။ ဒါမွသာ ကေလးဟာ ဖ်ားနာမႈ အနည္းဆံုးနဲ႔ အက်န္းမာဆံုး ႀကီးျပင္းလာႏိုင္မွာပါ…

ဒါေၾကာင့္ ခုတစ္ေခါက္မွာေတာ့ ေမြးကင္းစကေလးေတြ ျပဳစုပ်ိဴးေထာင္တဲ့ေနရာမွာ ေရွာင္ရွားသင့္တဲ့ အျပဳအမူေတြကို ေဖာ္ျပလိုပါတယ္။

(၁) ကေလးငယ္ကို ကတံုးတံုးေပးျခင္း

တခ်ိဳ႕မိဘေတြဟာ ကေလးကို ဆံပင္သန္ေအာင္ လသားအရြယ္တည္းက ေခါင္းရိတ္ေပးတတ္ၾကသလို တခ်ိဳ႕ကေလးေတြက ဆံပင္ရွည္အရမ္းျမန္တာေၾကာင့္လည္း ေခါင္းရိတ္တတ္ၾကပါတယ္။

တကယ္ေတာ့ လသားေလးေတြကို ေခါင္းရိတ္ေပးျခင္းဟာ အႏၱရာယ္မ်ားပါတယ္။ကေလးရဲ႕ ဦးေခါင္းခြံနဲ႔ အေရျပားဟာ အေတာ္ေလးႏုနယ္ေသးတာမို႔ အလြယ္တကူ အနာတရျဖစ္ေစႏိုင္ပါတယ္။

ေနာက္ၿပီး ဆံသားရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈဟာ ဦးေရျပားေအာက္မွာရွိတဲ့ ဆံသားအိတ္နဲ႔သာ အဓိကဆိုင္ၿပီး မ်ိဳးရိုးဗီဇေပၚမွာလည္း မူတည္ပါေသးတယ္။ ဒါေၾကာင့္ ကေလးကို ကတံုးတံုးေပးခ်င္ရင္ေတာင္ လသားအရြယ္မွာ ေခါင္းမရိတ္သင့္ဘဲ ႀကီးလာမွသာ ေခါင္းရိတ္ေပးသင့္ပါတယ္။

(၂)  လူတကာ နမ္းရႈပ္တာကို ခြင့္ျပဳထားျခင္း

ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေတြ ျမင္တဲ့အခါ အသည္းေတြယားၿပီး ေပြ႕ခ်ီနမ္းရႈပ္တတ္ၾကတာ လူတိုင္းလိုလိုပါပဲ။ မိဘေတြက ဒါကိုနားလည္လို႔ မတားျမစ္တာလည္း ျဖစ္ႏိုင္သလို အားနာတာေၾကာင့္လည္း ဒီအတိုင္းလႊတ္ထားတတ္ၾကပါတယ္။

ဒါေပမဲ့ ကေလးကိုေပြ႕ခ်ီတဲ့သူေတြမွာ ေရာဂါပိုးကူးစက္ခံထားရတဲ့ လူေတြလည္း ပါဝင္ေနႏိုင္ပါတယ္။ တခ်ိဳ႕ေရာဂါေတြဟာ ေသြးကေနမကူးစက္ႏိုင္ေပမဲ့ တခိ်ဳ႕ေရာဂါပိုးေတြဟာ ေပြ႕ဖက္နမ္းရႈပ္ရံုနဲ႔ ကူးစက္တတ္ပါတယ္။ ဥပမာ HSV-1 လို႔ေခၚတဲ့ Harpes Simplex Virus (ေရယုန္ဗိုင္းရပ္စ္) ဆို ကေလးေတြကို နမ္းရႈပ္တာကေနတစ္ဆင့္ ကူးစက္ႏိုင္ၿပီး သံုးလေအာက္ ကေလးငယ္ေတြကို ေသဆံုးေစႏိုင္သည္အထိ အႏၱရာယ္ႀကီးပါတယ္။

ဒါေၾကာင့္ ကေလးကို ကိုယ္မသိတဲ့သူစိမ္းေတြက နမ္းရႈပ္ျခင္းကိုေတာ့ ခြင့္မျပဳသင့္ပါဘူး။ ကိုယ္ခံအားစနစ္ ႏုနယ္တဲ့ကေလးအတြက္ အႏၱရာယ္မ်ားတာမို႔ပါ။

Related Article >>> ကေလးငယ္ကို မိခင္ႏို႔တစ္မ်ိဳးတည္း ေအာင္ေအာင္ျမင္ျမင္ တိုက္ေကၽြးႏိုင္ေရးအတြက္ အဟန္႔အတားျဖစ္ေနသည့္ လြဲမွားေနသည့္ အယူအဆ (၅)ခ်က္

(၃) ကေလးကို ဗိုက္ေမွာက္ၿပီး အိပ္ေစျခင္း

ကေလးရဲ႕ အိပ္စက္ပံုအေလ့အထဟာလည္း မိဘေတြ ဂရုစိုက္သင့္တဲ့ အရာတစ္ခုပါ။ “ဗိုက္ေမွာက္ၿပီး အိပ္ရင္ ျပည့္အင့္တတ္တယ္ ျပန္အန္ထြက္တတ္တယ္”လို႔ မိဘအမ်ားစုက သိထားေပမဲ့ တကယ္က အဲဒီထက္အႏၱရာယ္မ်ားပါတယ္။

ကေလးကို ဗိုက္ေမွာက္အိပ္ေစတာဟာ Sudden Infant Death Syndrome (SIDS) လို႔ေခၚတဲ့ ေရာဂါ ျဖစ္ႏိုင္ေခ်ကို ျမင့္တက္ေစပါတယ္။ SIDS ဆိုတာ တစ္ႏွစ္မျပည့္ခင္ ကေလးငယ္ေတြ အေၾကာင္းတစ္ခုခုေၾကာင့္ ရုတ္တရက္ ေသဆံုးသြားရတဲ့ ေရာဂါပါ။

ကေလးငယ္ေတြ ဗိုက္ေမွာက္ၿပီး အိပ္တဲ့အခါ သူတို႔ဟာ သူတို႔ရွဴထုတ္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကိုပဲ ျပန္ရွဴမိၿပီး ေအာက္စီဂ်င္ရွဴသြင္းမႈဟာ ျပတ္လပ္သြားတတ္ပါတယ္။ ေအာက္စီဂ်င္မရေတာ့တာမို႔ ႏုနယ္တဲ့ကေလးဟာ အသက္ရွဴၾကပ္ၿပီး ေသဆံုးသြားတတ္တာပါ။ ဒါေၾကာင့္ ကေလးေတြ ေမွာက္လ်က္ အိပ္ေပ်ာ္ေနတာေတြ႕ရင္ ဒီအတိုင္းလႊတ္မထားဘဲ ခႏၶာကိုယ္ေလးကို ပံုစံျပန္ေျပာင္းေပးဖို႔လိုပါတယ္။

(၄) Diaper (တစ္ခါသံုး ကေလးအတြင္းခံ) ကို အၾကာႀကီးထားၿပီး ျပည့္သြားမွ လဲေပးျခင္း

တကယ္ေတာ့ Diaper ဟာ မၾကာခဏလဲလွယ္ေပးရမယ့္ အရာပါ။ ဒါေပမဲ့ မိဘေတြဟာ Diaper ကုန္က်စရိတ္ကို ေခၽြတာခ်င္တာေၾကာင့္ Diaperကို မၾကာခဏ မလဲေပးဘဲ ကေလး အီးပါခ်ၿပီးမွ ဒါမွမဟုတ္ တစ္ျပင္လံုးစိုရႊဲေနမွ လဲေပးတတ္ၾကပါတယ္။

ဒါဟာ မိဘအတြက္ေတာ့ ေခၽြတာရာ ေရာက္ေပမဲ့ ႏုနယ္တဲ့ကေလးအတြက္ေတာ့ အႏၱရာယ္ရွိပါတယ္။ ဒီလို Diaperကို ခပ္ၾကာၾကာထားၿပီး တစ္ျပင္လံုးစိုရႊဲေနမွ လဲေပးတာဟာ အေရျပားမွာ အနီကြက္ေတြ ထေစႏိုင္တဲ့အျပင္ staph infection ဝင္သည္အထိ ျဖစ္ေစႏိုင္ပါတယ္။

Staph infectionဆိုတာ အညစ္အေၾကးမွာေနတဲ့ ဘက္တီးရီးယားေၾကာင့္ ျဖစ္တဲ့ ေရာဂါပိုးျဖစ္ၿပီး ကေလးငယ္ေတြအတြက္ အလြန္အႏၱရာယ္မ်ားပါတယ္။

ဒါေၾကာင့္ Diaperကို ျပည့္တဲ့အထိ မေစာင့္ဘဲ ခဏခဏ အသစ္လဲလွယ္ေပးသင့္ပါတယ္။

(၅) ထုထည္ႀကီးတဲ့ အရုပ္ခပ္ႀကီးႀကီးကို ကေလးအနား ထားျခင္း

အေမႊးပြဝက္ဝံလို အရုပ္ခပ္ႀကီးႀကီးေတြဟာ ကေလးငယ္ေတြအတြက္ေတာ့ ဖက္အိပ္လို႔ေကာင္းတဲ့ အရာေတြပါ။ ဆိုေပမဲ့လည္း ဒါဟာ အႏၱရာယ္တခ်ိဳ႕ ရွိေနျပန္ပါတယ္။ တစ္ႏွစ္မျပည့္တဲ့ ကေလးငယ္ေတြဟာ ႏုနယ္လြန္းတာမို႔ SIDS ျဖစ္ႏိုင္ေခ် ရွိသူေတြပါ။

ဒီလို ထုထည္ႀကီးတဲ့ အရုပ္ေတြကို ဖက္အိပ္တဲ့အခါ အရံမသင့္ရင္ သူတို႔ရဲ႕ အသက္ရွဴလမ္းေၾကာင္းကို လာဖိမိေစႏိုင္ပါတယ္။ အဲဒီအခါ ေအာက္စီဂ်င္ေကာင္းေကာင္းမရဘဲ အသက္ရွဴၾကပ္တာျဖစ္လာပါတယ္။ အဆိုးဆံုး အေျခအေနမွာဆိုရင္ေတာ့ SIDS ျဖစ္ၿပီး ေသဆံုးသြားႏိုင္ပါတယ္။

ဒါဟာ ျဖစ္ခဲေပမဲ့ ျဖစ္တတ္တဲ့၊ ျဖစ္ႏိုင္ေခ်ရွိတဲ့ အရာပါ။ ေနာက္ၿပီး ဒီအရြယ္ဟာ ပစၥည္းေတြကို သူ႔ဟာသူ ေကာင္းေကာင္း မေရႊ႕ႏိုင္ေသးတဲ့အရြယ္မို႔ ကေလး အသက္တစ္ႏွစ္မျပည့္ခင္အထိ သူအိပ္တဲ့အနားမွာ ထုထည္ႀကီးတဲ့ အရုပ္ႀကီးႀကီးေတြမထားတာ အေကာင္းဆံုးပါ။

ဒါကေတာ့ မိဘေတြအားလံုး သတိထားသင့္တဲ့ အခ်က္ေလးေတြပါ။ အႏၱရာယ္မရွိဘူး ထင္ရတဲ့ အရာေတြက လ်စ္လ်ဴရႈမိတဲ့အခါ ေၾကာက္စရာေကာင္းတဲ့ အႏၱရာယ္ေတြအျဖစ္ ေျပာင္းလဲသြားတတ္ပါတယ္။

ဒါေၾကာင့္ ကေလးငယ္ေတြကို ျပဳစုေစာင့္ေရွာက္တဲ့အခါ ဒီလို ကိစၥေသးေသးေလးကစၿပီး ေသခ်ာဂရုစိုက္ၾကဖို႔ မွာခ်င္ပါတယ္ ေယာင္းတို႔ေရ..

By

Mia (For Her Myanmar)

Reference links: babbletop.com scmp.com mayoclinic.org utswmed.org

<<< Unicode >>>

အရေးမကြီးဘူးထင်ပြီး သတိမထားမိတာကြောင့် ကိုယ့်ရဲ့ ရတနာလေးတွေ ဒုက္ခရောက်သွားနိုင်ပါတယ်နော်… 

မွေးကင်းစကလေးတွေဟာ အလွန်နုနယ်ပြီး အားနည်းနေသေးတာကြောင့် အစစအရာရာ ဂရုစိုက်ရသူတွေပါ။ ဒါပေမဲ့ ပထမဆုံး သားဦးမွေးဖွားတဲ့ မိခင်ပဲဖြစ်ဖြစ် ၊ အတွေ့အကြုံရှိတဲ့ မေမေပဲဖြစ်ဖြစ် ကလေးကို ဂရုစိုက်တဲ့အခါ နည်းမှန်လမ်းမှန် ဂရုစိုက်တတ်ဖို့ လိုပါတယ်။ ဒါမှသာ ကလေးဟာ ဖျားနာမှု အနည်းဆုံးနဲ့ အကျန်းမာဆုံး ကြီးပြင်းလာနိုင်မှာပါ…

ဒါကြောင့် ခုတစ်ခေါက်မှာတော့ မွေးကင်းစကလေးတွေ ပြုစုပျိူးထောင်တဲ့နေရာမှာ ရှောင်ရှားသင့်တဲ့ အပြုအမူတွေကို ဖော်ပြလိုပါတယ်။

(၁) ကလေးငယ်ကို ကတုံးတုံးပေးခြင်း

တချို့မိဘတွေဟာ ကလေးကို ဆံပင်သန်အောင် လသားအရွယ်တည်းက ခေါင်းရိတ်ပေးတတ်ကြသလို တချို့ကလေးတွေက ဆံပင်ရှည်အရမ်းမြန်တာကြောင့်လည်း ခေါင်းရိတ်တတ်ကြပါတယ်။

တကယ်တော့ လသားလေးတွေကို ခေါင်းရိတ်ပေးခြင်းဟာ အန္တရာယ်များပါတယ်။ကလေးရဲ့ ဦးခေါင်းခွံနဲ့ အရေပြားဟာ အတော်လေးနုနယ်သေးတာမို့ အလွယ်တကူ အနာတရဖြစ်စေနိုင်ပါတယ်။

နောက်ပြီး ဆံသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ ဦးရေပြားအောက်မှာရှိတဲ့ ဆံသားအိတ်နဲ့သာ အဓိကဆိုင်ပြီး မျိုးရိုးဗီဇပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါကြောင့် ကလေးကို ကတုံးတုံးပေးချင်ရင်တောင် လသားအရွယ်မှာ ခေါင်းမရိတ်သင့်ဘဲ ကြီးလာမှသာ ခေါင်းရိတ်ပေးသင့်ပါတယ်။

(၂)  လူတကာ နမ်းရှုပ်တာကို ခွင့်ပြုထားခြင်း

ချစ်ဖို့ကောင်းတဲ့ ကလေးတွေ မြင်တဲ့အခါ အသည်းတွေယားပြီး ပွေ့ချီနမ်းရှုပ်တတ်ကြတာ လူတိုင်းလိုလိုပါပဲ။ မိဘတွေက ဒါကိုနားလည်လို့ မတားမြစ်တာလည်း ဖြစ်နိုင်သလို အားနာတာကြောင့်လည်း ဒီအတိုင်းလွှတ်ထားတတ်ကြပါတယ်။

ဒါပေမဲ့ ကလေးကိုပွေ့ချီတဲ့သူတွေမှာ ရောဂါပိုးကူးစက်ခံထားရတဲ့ လူတွေလည်း ပါဝင်နေနိုင်ပါတယ်။ တချို့ရောဂါတွေဟာ သွေးကနေမကူးစက်နိုင်ပေမဲ့ တချို့ရောဂါပိုးတွေဟာ ပွေ့ဖက်နမ်းရှုပ်ရုံနဲ့ ကူးစက်တတ်ပါတယ်။ ဥပမာ HSV-1 လို့ခေါ်တဲ့ Harpes Simplex Virus (ရေယုန်ဗိုင်းရပ်စ်) ဆို ကလေးတွေကို နမ်းရှုပ်တာကနေတစ်ဆင့် ကူးစက်နိုင်ပြီး သုံးလအောက် ကလေးငယ်တွေကို သေဆုံးစေနိုင်သည်အထိ အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် ကလေးကို ကိုယ်မသိတဲ့သူစိမ်းတွေက နမ်းရှုပ်ခြင်းကိုတော့ ခွင့်မပြုသင့်ပါဘူး။ ကိုယ်ခံအားစနစ် နုနယ်တဲ့ကလေးအတွက် အန္တရာယ်များတာမို့ပါ။

Related Article >>> ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်း အောင်အောင်မြင်မြင် တိုက်ကျွေးနိုင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် လွဲမှားနေသည့် အယူအဆ (၅)ချက်

(၃) ကလေးကို ဗိုက်မှောက်ပြီး အိပ်စေခြင်း

ကလေးရဲ့ အိပ်စက်ပုံအလေ့အထဟာလည်း မိဘတွေ ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ “ဗိုက်မှောက်ပြီး အိပ်ရင် ပြည့်အင့်တတ်တယ် ပြန်အန်ထွက်တတ်တယ်”လို့ မိဘအများစုက သိထားပေမဲ့ တကယ်က အဲဒီထက်အန္တရာယ်များပါတယ်။

ကလေးကို ဗိုက်မှောက်အိပ်စေတာဟာ Sudden Infant Death Syndrome (SIDS) လို့ခေါ်တဲ့ ရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ SIDS ဆိုတာ တစ်နှစ်မပြည့်ခင် ကလေးငယ်တွေ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် သေဆုံးသွားရတဲ့ ရောဂါပါ။

ကလေးငယ်တွေ ဗိုက်မှောက်ပြီး အိပ်တဲ့အခါ သူတို့ဟာ သူတို့ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ပြန်ရှူမိပြီး အောက်စီဂျင်ရှူသွင်းမှုဟာ ပြတ်လပ်သွားတတ်ပါတယ်။ အောက်စီဂျင်မရတော့တာမို့ နုနယ်တဲ့ကလေးဟာ အသက်ရှူကြပ်ပြီး သေဆုံးသွားတတ်တာပါ။ ဒါကြောင့် ကလေးတွေ မှောက်လျက် အိပ်ပျော်နေတာတွေ့ရင် ဒီအတိုင်းလွှတ်မထားဘဲ ခန္ဓာကိုယ်လေးကို ပုံစံပြန်ပြောင်းပေးဖို့လိုပါတယ်။

(၄) Diaper (တစ်ခါသုံး ကလေးအတွင်းခံ) ကို အကြာကြီးထားပြီး ပြည့်သွားမှ လဲပေးခြင်း

တကယ်တော့ Diaper ဟာ မကြာခဏလဲလှယ်ပေးရမယ့် အရာပါ။ ဒါပေမဲ့ မိဘတွေဟာ Diaper ကုန်ကျစရိတ်ကို ချွေတာချင်တာကြောင့် Diaperကို မကြာခဏ မလဲပေးဘဲ ကလေး အီးပါချပြီးမှ ဒါမှမဟုတ် တစ်ပြင်လုံးစိုရွှဲနေမှ လဲပေးတတ်ကြပါတယ်။

ဒါဟာ မိဘအတွက်တော့ ချွေတာရာ ရောက်ပေမဲ့ နုနယ်တဲ့ကလေးအတွက်တော့ အန္တရာယ်ရှိပါတယ်။ ဒီလို Diaperကို ခပ်ကြာကြာထားပြီး တစ်ပြင်လုံးစိုရွှဲနေမှ လဲပေးတာဟာ အရေပြားမှာ အနီကွက်တွေ ထစေနိုင်တဲ့အပြင် staph infection ဝင်သည်အထိ ဖြစ်စေနိုင်ပါတယ်။

Staph infectionဆိုတာ အညစ်အကြေးမှာနေတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပိုးဖြစ်ပြီး ကလေးငယ်တွေအတွက် အလွန်အန္တရာယ်များပါတယ်။

ဒါကြောင့် Diaperကို ပြည့်တဲ့အထိ မစောင့်ဘဲ ခဏခဏ အသစ်လဲလှယ်ပေးသင့်ပါတယ်။

(၅) ထုထည်ကြီးတဲ့ အရုပ်ခပ်ကြီးကြီးကို ကလေးအနား ထားခြင်း

အမွှေးပွဝက်ဝံလို အရုပ်ခပ်ကြီးကြီးတွေဟာ ကလေးငယ်တွေအတွက်တော့ ဖက်အိပ်လို့ကောင်းတဲ့ အရာတွေပါ။ ဆိုပေမဲ့လည်း ဒါဟာ အန္တရာယ်တချို့ ရှိနေပြန်ပါတယ်။ တစ်နှစ်မပြည့်တဲ့ ကလေးငယ်တွေဟာ နုနယ်လွန်းတာမို့ SIDS ဖြစ်နိုင်ချေ ရှိသူတွေပါ။

ဒီလို ထုထည်ကြီးတဲ့ အရုပ်တွေကို ဖက်အိပ်တဲ့အခါ အရံမသင့်ရင် သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကို လာဖိမိစေနိုင်ပါတယ်။ အဲဒီအခါ အောက်စီဂျင်ကောင်းကောင်းမရဘဲ အသက်ရှူကြပ်တာဖြစ်လာပါတယ်။ အဆိုးဆုံး အခြေအနေမှာဆိုရင်တော့ SIDS ဖြစ်ပြီး သေဆုံးသွားနိုင်ပါတယ်။

ဒါဟာ ဖြစ်ခဲပေမဲ့ ဖြစ်တတ်တဲ့၊ ဖြစ်နိုင်ချေရှိတဲ့ အရာပါ။ နောက်ပြီး ဒီအရွယ်ဟာ ပစ္စည်းတွေကို သူ့ဟာသူ ကောင်းကောင်း မရွှေ့နိုင်သေးတဲ့အရွယ်မို့ ကလေး အသက်တစ်နှစ်မပြည့်ခင်အထိ သူအိပ်တဲ့အနားမှာ ထုထည်ကြီးတဲ့ အရုပ်ကြီးကြီးတွေမထားတာ အကောင်းဆုံးပါ။

ဒါကတော့ မိဘတွေအားလုံး သတိထားသင့်တဲ့ အချက်လေးတွေပါ။ အန္တရာယ်မရှိဘူး ထင်ရတဲ့ အရာတွေက လျစ်လျူရှုမိတဲ့အခါ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါ ဒီလို ကိစ္စသေးသေးလေးကစပြီး သေချာဂရုစိုက်ကြဖို့ မှာချင်ပါတယ် ယောင်းတို့ရေ..

By

Mia (For Her Myanmar)

Reference links: babbletop.com scmp.com mayoclinic.org utswmed.org

No Comments Yet

Comments are closed