Fitness

ဘာလို႔အဆီက မက်ႏိုင္ေသးတာလဲ?

လြယ္မေယာင္နဲ႔ခက္ တိမ္မေယာင္နဲ႔နက္ေသာ…

ကိုယ့္မွာ ဝိတ္ကိုက်ခ်င္လြန္းလို႔ အမ်ိဳးမ်ိဳးအဖံုဖံုေသာ ဒုကၡေတြကိုခံစားၿပီး ထိန္းထိန္းသိမ္းသိမ္း ေနေပမဲ့ ကိုယ္လုပ္သေလာက္ ရလဒ္က သိပ္မသိသာတဲ့အခါမွာေတာ့ အသည္းကြဲသလို ခံစားရတာက သဘာဝပါပဲ။ အမွန္ေတာ့ ခႏၶာကိုယ္ရဲ႕ ဖြဲ႔စည္းတည္ေဆာက္ပံုနဲ႔ ဇီဝျဖစ္စဥ္ေတြအရ ကိုယ္အေလးအခ်ိန္ အတက္အက်က ေျပာင္းလဲတတ္တာမို႔ ခႏၶာကိုယ္မွာ ရွိတဲ့အဆီေတြ မက်မခ်င္း ဒီခႏၶာကိုယ္က က်စ္က်စ္လ်စ္လ်စ္ ျဖစ္လာမွာ မဟုတ္တာေတာ့ က်ိန္းေသပါပဲ။ ဒါေပမဲ့ စိတ္မပူပါနဲ႔ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ အကုန္ေပ်ာက္မသြားေသးပါဘူး။ ကိုယ့္ရဲ႕ေန႔စဥ္ အက်င့္ေတြထဲကမွ တခ်ိဳ႕ကိုျပင္လိုက္တာနဲ႔ ဒီအဆီေတြ က်လာပါလိမ့္မယ္။ ဘယ္အက်င့္ေတြက အဆီကို မက်ေစတာလဲဆိုတာကိုေတာ့ သိဖို႔ လိုတာေပါ့ေနာ္…

ကိုယ္တစ္ေန႔စားသမွ် အစားအစာပမာဏ ဘယ္ေလာက္ရွိလဲ မသိဘူး။

အဆီခ်ေနတဲ့လူကို ‘နင္တစ္ေန႔ဘယ္ေလာက္စားလဲ’ လို႔ ရုတ္တရက္ ဖမ္းေမးၾကည့္… ၁၀ ေယာက္မွာ ၈ေယာက္ခြဲေလာက္က ထမင္းေလွ်ာ့စားတဲ့အေၾကာင္း ေျပာျပၾကပါလိမ့္မယ္။ တကယ့္တကယ္က ၾကားခ်ိန္မွာ စားတဲ့ အာလူးေၾကာ္ေတြ၊ အခ်ိဳရည္ေတြနဲ႔ အျခားေသာ ဆီေၾကာ္စာ၊ သြားရည္စာေတြက အဓိက ဝေစတယ္ဆိုတာကိုေတာ့ ေတာ္ေတာ္မ်ားမ်ား ေမ့ေနတတ္ၾကပါတယ္။ ၾကားစာေတြကို ပရမ္းပတာေတြ စားခ်င္သလို စားေနမယ္ဆိုရင္ေတာ့ အဆီက်ဖို႔ဆိုတာ ဟိုးအေဝးႀကီးမွာပါပဲ ေယာင္းတို႔ေရ… ဒါေၾကာင့္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအေသာက္ပလန္ကို ေသခ်ာခ်ၿပီး အဲ့အတိုင္း ေသခ်ာ စားပါလို႔..

ေလ့က်င့္ခန္းကို ထိထိေရာက္ေရာက္ မလုပ္ဘူး။

အဆီက်ၿပီး က်စ္လ်စ္တဲ့ ခႏၶာကိုယ္လိုခ်င္ရင္ ေလ့က်င့္ခန္းမွန္မွန္ လုပ္ရမယ္ဆိုတာကိုေတာ့ အထူးတလည္ေျပာေနစရာ မလိုေလာက္ေတာ့ပါဘူးေနာ္။ ဒါေပမဲ့ တခ်ိဳ႕က်ေတာ့လည္း မွန္မွန္ေတာ့ Gym သြားပါရဲ႕… Gym မွာ ကိုယ္လိုအပ္တဲ့ ကစားနည္းေတြကို အားထုတ္ၿပီး မကစားတာက တစ္ေၾကာင္း၊ ကိုယ့္ကိုယ္ကိုယ္ အညွာလြန္ေနတာက တစ္ေၾကာင္း၊ မ, တဲ့ အေလးေတြကို တိုးၿပီး မမဘဲ ဒီတုိင္း ဒီတိုင္း ဆက္သြားေနတာက တစ္ေၾကာင္း စသျဖင့္ေသာ အေၾကာင္းေပါင္းမ်ားစြာေတြေၾကာင့္ ဘာဆို ဘာမွကို ဆက္ျဖစ္မလာေတာ့တာပါေနာ္..

Related Article >>> ဗိုက္ေအာက္ပိုင္းအဆီေတြက်ေအာင္ ဒီစည္းကမ္း (၈) ခ်က္ကိုလိုက္နာၾကမယ္

အိပ္ေရးဝဝ မအိပ္ဘူး။

ကိုယ္အေလးခ်ိန္နဲ႔ပတ္သက္တဲ့ ေဆာာင္းပါးတိုင္းမွာ ထည့္ေရးတယ္၊ ခုလည္း ထပ္ထည့္ၿပီးေရးဦးမယ္။ အိပ္ေရးဝဝမအိပ္ရင္ ခႏၶာကိုယ္က ေဟာ္မုန္းေတြ ဂေယာက္ဂယက္ျဖစ္ၿပီး လႈပ္ရွားဖို႔အတြက္ လိုအပ္တဲ့ စြမ္းအင္ေတြကို အစားကေနပဲ တစ္ဆင့္ ယူမွာပါ။ ဒီအခါမွာေတာ့ အစာစားခ်င္စိတ္ကို ပိုျဖစ္ေစၿပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း ျမင့္တက္ေစဦးမွာမို႔ အဆီက်ဖို႔ကလည္း ေအသင္ခ်ိဳေဆြသီခ်င္းေလးလုိ ကမ္းမျမင္လမ္းမျမင္ ဆက္ျဖစ္ေနဦးမွာပါပဲ 🙁

အစားနဲ႔ ပတ္သက္ရင္ ကိုယ့္စိတ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ဘူး။

ခႏၶာကိုယ္အတြက္ အက်ိဳးမျဖစ္ေစတဲ့ အသင့္စားအစားအစာ (Junkfood) ေတြရဲ႕သေဘာကိုက လူေတြကို စားခ်င္စဖြယ္ျဖစ္ေအာင္ အမ်ိဳးမ်ိဳးစီမံထားၿပီး အရသာေကာင္းေအာင္ ခ်က္ျပဳတ္ထားၾကတာပါ။ ဒီအစာေတြထဲမွာ အဆီအဆိမ့္နဲ႔ အခ်ိဳေတြကို မတရားေတြ ထည့္ထားၿပီး ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အသားဓာတ္၊ အမွ်င္ဓာတ္ ဗီတာမင္နဲ႔ ဓာတ္ပစၥည္းေတြဆိုတာ မပါသေလာက္ နည္းပါးပါတယ္။ ဘယ္သူမဆိုေတာ့ အစားေကာင္းဆိုရင္ စားခ်င္ၾကတာပါပဲ။

ဒါေပမဲ့ ကိုယ္ကၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္ကိုလိုခ်င္ရင္ေတာ့ ဒီလိုအစားအစာေတြကို ေရွာင္ႏိုင္သေလာက္ ရေအာင္ေရွာင္မယ္ဆိုတဲ့ စိတ္မ်ိဳးကိုထားပါ။ ကိုယ့္စိတ္ကိုယ္ မႏိုင္လို႔ ခဏခဏ ပီဇာဆိုင္ေရာက္ရပါတယ္ ဆိုတဲ့အျဖစ္မ်ိဳးေတြ မျဖစ္ပါေစနဲ႔ေတာ့။ သမာဓိ ခိုင္ခိုင္ ထားၾကပါေနာ္ :3

Related Article >>> Gym ကို ပိုက္ဆံသြားလွဴတတ္တဲ့သူမ်ားအတြက္ အိတ္ဖြင့္ေပးစာ

ဒီအက်င့္ (၄)ခုကို ျပင္ဖို႔ဆိုတာ ၾကည့္ေတာ့သာ လြယ္တယ္လုိ႔ ထင္ေကာင္းထင္ႏိုင္ေပမဲ့ တကယ္တမ္းလုိက္လုပ္တဲ့အခါ ေတာ္ေတာ္ခက္ခဲပါတယ္ေနာ္။ ဒါေပမဲ့ တစ္ပတ္မွာ တစ္ရက္ေလာက္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ညွာတာၿပီး စားခ်င္တာေတြကို အသားကုန္ ပတ္စားလိုက္ပါဦး။ ညဥ့္နက္အထိေနရုပ္ရွင္ေတြၾကည့္ၿပီး စိတ္ႀကိဳက္ေနလိုက္ပါဦး။ ဒါေပမဲ့ တစ္ရက္ထက္မပိုေအာင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ထိန္းပါ။ ကိုယ္တစ္ေန႔စားတဲ့ အစားအစာေတြအားလံုးကို ေသခ်ာတြက္ခ်က္ၿပီးစားပါ။ ေလ့က်င့္ခန္းကိုလည္း ေသေသခ်ာခ်ာလုပ္ပါလို႔။

အကယ္၍ ကိုယ္ကဒီအခ်က္ေတြကိုလည္း ေသေသခ်ာခ်ာ ဂရုစိုက္ရဲ႕သားနဲ႔ အဆီကမက်ႏိုင္ေသးဘူးဆိုရင္ေတာ့ For Her Myanmar ရဲ႕ ခ်က္ေဘာက္ကေန တစ္ဆင့္ ဆက္သြယ္ၿပီး လာေဆြးေႏြးႏိုင္ပါတယ္ ေယာင္းတို႔ေရ…

Hnin Ei Oo (For Her Myanmar)

References : runtastict-nation

<<< Unicode >>>

လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်သော…

ကိုယ့်မှာ ဝိတ်ကိုကျချင်လွန်းလို့ အမျိုးမျိုးအဖုံဖုံသော ဒုက္ခတွေကိုခံစားပြီး ထိန်းထိန်းသိမ်းသိမ်း နေပေမဲ့ ကိုယ်လုပ်သလောက် ရလဒ်က သိပ်မသိသာတဲ့အခါမှာတော့ အသည်းကွဲသလို ခံစားရတာက သဘာဝပါပဲ။ အမှန်တော့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဇီဝဖြစ်စဉ်တွေအရ ကိုယ်အလေးအချိန် အတက်အကျက ပြောင်းလဲတတ်တာမို့ ခန္ဓာကိုယ်မှာ ရှိတဲ့အဆီတွေ မကျမချင်း ဒီခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ် ဖြစ်လာမှာ မဟုတ်တာတော့ ကျိန်းသေပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့ မျှော်လင့်ချက်တွေကတော့ အကုန်ပျောက်မသွားသေးပါဘူး။ ကိုယ့်ရဲ့နေ့စဉ် အကျင့်တွေထဲကမှ တချို့ကိုပြင်လိုက်တာနဲ့ ဒီအဆီတွေ ကျလာပါလိမ့်မယ်။ ဘယ်အကျင့်တွေက အဆီကို မကျစေတာလဲဆိုတာကိုတော့ သိဖို့ လိုတာပေါ့နော်…

ကိုယ်တစ်နေ့စားသမျှ အစားအစာပမာဏ ဘယ်လောက်ရှိလဲ မသိဘူး။

အဆီချနေတဲ့လူကို ‘နင်တစ်နေ့ဘယ်လောက်စားလဲ’ လို့ ရုတ်တရက် ဖမ်းမေးကြည့်… ၁၀ ယောက်မှာ ၈ယောက်ခွဲလောက်က ထမင်းလျှော့စားတဲ့အကြောင်း ပြောပြကြပါလိမ့်မယ်။ တကယ့်တကယ်က ကြားချိန်မှာ စားတဲ့ အာလူးကြော်တွေ၊ အချိုရည်တွေနဲ့ အခြားသော ဆီကြော်စာ၊ သွားရည်စာတွေက အဓိက ဝစေတယ်ဆိုတာကိုတော့ တော်တော်များများ မေ့နေတတ်ကြပါတယ်။ ကြားစာတွေကို ပရမ်းပတာတွေ စားချင်သလို စားနေမယ်ဆိုရင်တော့ အဆီကျဖို့ဆိုတာ ဟိုးအဝေးကြီးမှာပါပဲ ယောင်းတို့ရေ… ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပလန်ကို သေချာချပြီး အဲ့အတိုင်း သေချာ စားပါလို့..

လေ့ကျင့်ခန်းကို ထိထိရောက်ရောက် မလုပ်ဘူး။

အဆီကျပြီး ကျစ်လျစ်တဲ့ ခန္ဓာကိုယ်လိုချင်ရင် လေ့ကျင့်ခန်းမှန်မှန် လုပ်ရမယ်ဆိုတာကိုတော့ အထူးတလည်ပြောနေစရာ မလိုလောက်တော့ပါဘူးနော်။ ဒါပေမဲ့ တချို့ကျတော့လည်း မှန်မှန်တော့ Gym သွားပါရဲ့… Gym မှာ ကိုယ်လိုအပ်တဲ့ ကစားနည်းတွေကို အားထုတ်ပြီး မကစားတာက တစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အညှာလွန်နေတာက တစ်ကြောင်း၊ မ, တဲ့ အလေးတွေကို တိုးပြီး မမဘဲ ဒီတိုင်း ဒီတိုင်း ဆက်သွားနေတာက တစ်ကြောင်း စသဖြင့်သော အကြောင်းပေါင်းများစွာတွေကြောင့် ဘာဆို ဘာမှကို ဆက်ဖြစ်မလာတော့တာပါနော်..

Related Article >>> ဗိုက်အောက်ပိုင်းအဆီတွေကျအောင် ဒီစည်းကမ်း (၈) ချက်ကိုလိုက်နာကြမယ်

အိပ်ရေးဝဝ မအိပ်ဘူး။

ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့ ဆောာင်းပါးတိုင်းမှာ ထည့်ရေးတယ်၊ ခုလည်း ထပ်ထည့်ပြီးရေးဦးမယ်။ အိပ်ရေးဝဝမအိပ်ရင် ခန္ဓာကိုယ်က ဟော်မုန်းတွေ ဂယောက်ဂယက်ဖြစ်ပြီး လှုပ်ရှားဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို အစားကနေပဲ တစ်ဆင့် ယူမှာပါ။ ဒီအခါမှာတော့ အစာစားချင်စိတ်ကို ပိုဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း မြင့်တက်စေဦးမှာမို့ အဆီကျဖို့ကလည်း အေသင်ချိုဆွေသီချင်းလေးလို ကမ်းမမြင်လမ်းမမြင် ဆက်ဖြစ်နေဦးမှာပါပဲ 🙁

အစားနဲ့ ပတ်သက်ရင် ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ဘူး။

ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်စေတဲ့ အသင့်စားအစားအစာ (Junkfood) တွေရဲ့သဘောကိုက လူတွေကို စားချင်စဖွယ်ဖြစ်အောင် အမျိုးမျိုးစီမံထားပြီး အရသာကောင်းအောင် ချက်ပြုတ်ထားကြတာပါ။ ဒီအစာတွေထဲမှာ အဆီအဆိမ့်နဲ့ အချိုတွေကို မတရားတွေ ထည့်ထားပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်၊ အမျှင်ဓာတ် ဗီတာမင်နဲ့ ဓာတ်ပစ္စည်းတွေဆိုတာ မပါသလောက် နည်းပါးပါတယ်။ ဘယ်သူမဆိုတော့ အစားကောင်းဆိုရင် စားချင်ကြတာပါပဲ။

ဒါပေမဲ့ ကိုယ်ကကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကိုလိုချင်ရင်တော့ ဒီလိုအစားအစာတွေကို ရှောင်နိုင်သလောက် ရအောင်ရှောင်မယ်ဆိုတဲ့ စိတ်မျိုးကိုထားပါ။ ကိုယ့်စိတ်ကိုယ် မနိုင်လို့ ခဏခဏ ပီဇာဆိုင်ရောက်ရပါတယ် ဆိုတဲ့အဖြစ်မျိုးတွေ မဖြစ်ပါစေနဲ့တော့။ သမာဓိ ခိုင်ခိုင် ထားကြပါနော် :3

Related Article >>> Gym ကို ပိုက်ဆံသွားလှူတတ်တဲ့သူများအတွက် အိတ်ဖွင့်ပေးစာ

ဒီအကျင့် (၄)ခုကို ပြင်ဖို့ဆိုတာ ကြည့်တော့သာ လွယ်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တမ်းလိုက်လုပ်တဲ့အခါ တော်တော်ခက်ခဲပါတယ်နော်။ ဒါပေမဲ့ တစ်ပတ်မှာ တစ်ရက်လောက်တော့ ကိုယ့်ကိုယ်ကိုယ် ညှာတာပြီး စားချင်တာတွေကို အသားကုန် ပတ်စားလိုက်ပါဦး။ ညဉ့်နက်အထိနေရုပ်ရှင်တွေကြည့်ပြီး စိတ်ကြိုက်နေလိုက်ပါဦး။ ဒါပေမဲ့ တစ်ရက်ထက်မပိုအောင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းပါ။ ကိုယ်တစ်နေ့စားတဲ့ အစားအစာတွေအားလုံးကို သေချာတွက်ချက်ပြီးစားပါ။ လေ့ကျင့်ခန်းကိုလည်း သေသေချာချာလုပ်ပါလို့။

အကယ်၍ ကိုယ်ကဒီအချက်တွေကိုလည်း သေသေချာချာ ဂရုစိုက်ရဲ့သားနဲ့ အဆီကမကျနိုင်သေးဘူးဆိုရင်တော့ For Her Myanmar ရဲ့ ချက်ဘောက်ကနေ တစ်ဆင့် ဆက်သွယ်ပြီး လာဆွေးနွေးနိုင်ပါတယ် ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

References : runtastic, t-nation

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *