Celebrity News Fitness

ဘောလိဝုဒ်သရုပ်ဆောင်တို့ရဲ့ ဝိတ်ချနည်းများ





၁) Arjun Kapoor

အလေးချိန် 140 kilo ရှိပြီး ၁၀ စက္ကန့်ထက်ပိုမပြေးနိုင်တဲ့ Arjun ဘယ်လိုတွေ ပြောင်းလဲသွားလဲသိချင်ရင် သူ့ရဲ့ နည်းလေးကို ဖတ်ကြည့်ပါဦး… သူဟာ weight training and cardio exercise, circuit training, crossfit training, bench press, squats, deadlifts, pull ups စတဲ့လေ့ကျင့်ခန်းတွေကို စိတ်အားထက်သန်စွာနဲ့ မပျက်မကွက် လုပ်ခဲ့တာကြောင့် ၄ နှစ်အတွင်း ကီလို ၅၀ ကျသွားခဲ့ပါတယ်။



၂) Sonam Kapoor








၃) Alia Bhatt



Miko ( For Her Myanmar )


<<< Unicode >>>

ပိန်ချင်တယ် ပိန်ချင်တယ်ပဲ ထိုင်အော်ပြီး ဘာမှမလုပ်ခဲ့ရင် ဝိတ်ကျလာမှာမဟုတ်ပါဘူး။

ခန္ဓာကိုယ် ကျစ်ကျစ်လျစ်လျစ်နဲ့ လှချင်တယ်ဆိုတာက လူအများစုရဲ့ ဆန္ဒတစ်ခုပါ။ Body Goal တွေ Share ပေါင်းလည်း မနည်းဘူးလေ :3 ရှဲပြီးတော့ ဘာမှဆက်ဖြစ်မလာတော့ဘူးလေ 😀 😀  ဆိုတော့ ပိန်ချင်တယ်၊ တောင့်ချင်၊ ဖြောင့်ချင်တယ်ဆိုပြီး ဘာမှမလုပ်ရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လေ ကိုယ်တွေကမှ မလှချင်လည်း နေပေါ့.. ဘာမှမလုပ်ရပြီးရောဆိုပြီး နေလို့ ရသေးတယ်.. နိုင်ငံရပ်ခြားက သရုပ်ဆောင်တွေကျတော့ ဇာတ်ရုပ်ပီပြင်ဖို့အတွက်ရယ်၊ နေရင်းထိုင်ရင်း လှနေဖို့ရယ် အဲလေ အမြဲလိုလို ကြည့်ကောင်းနေဖို့အတွက် ခန္ဓာကိုယ်အလေးချိန်ကို ကျစ်လျစ်လှပနေအောင် အမြဲထိန်းနေရပါတယ်။ အထူးသဖြင့် ဘောလိဝုဒ်က မင်းသား၊ မင်းသမီးတွေပေါ့။ ယောင်းတို့လည်း သိကြမှာပါ။

ဘောလိဝုဒ်မင်းသမီးတွေရဲ့ ခန္ဓာကိုယ်တွေဟာ အချိုးတကျ အမြဲတမ်းလိုလို လှပနေတာကိုပေါ့။ မင်းသမီးရယ်မှ မဟုတ်ပါဘူး။ ဘောလိဝုဒ်မင်းသားတွေဟာလည်း အနည်းဆုံးတော့ အရပ်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားကြပါတယ်။ သူတို့သာ အပျင်းထူနေခဲ့ရင် ခုယောင်းတို့သဘောကျတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်နိုင်မှာလည်း မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့ ဘယ်လိုကြိုးစားပြီး  ဝိတ်အမြန်ချခဲ့ရတယ်ဆိုတာ ယောင်းတို့ သိရအောင် ဝေမျှပေးလိုက်ပါတယ်။

၁) Arjun Kapoor

အလေးချိန် 140 kilo ရှိပြီး ၁၀ စက္ကန့်ထက်ပိုမပြေးနိုင်တဲ့ Arjun ဘယ်လိုတွေ ပြောင်းလဲသွားလဲသိချင်ရင် သူ့ရဲ့ နည်းလေးကို ဖတ်ကြည့်ပါဦး… သူူဟာ weight training and cardio exercise, circuit training, crossfit training, bench press, squats, deadlifts, pull ups စတဲ့လေ့ကျင့်ခန်းတွေကို စိတ်အားထက်သန်စွာနဲ့ မပျက်မကွက် လုပ်ခဲ့တာကြောင့် ၄ နှစ်အတွင်း ကီလို ၅၀ ကျသွားခဲ့ပါတယ်။

သူ့ကို ဝိတ်ကျစေတဲ့ အခြားအကြောင်းအရာကတော့ Salman Khan ဖြစ်တယ်လို့ ပြောပါတယ်။ ”တစ်ခါတလေမှာ ကျွန်တော်နဲ့ Salman Khan လေ့ကျင့်ခန်းအတူတူလုပ်ကြပါတယ်။ သူဟာ အစားအသောက်ကိုလည်း ထိန်းထိန်းသိမ်းသိမ်း စားပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း နာတယ်ဆိုတာတောင် ဘာမှန်းမသိတဲ့အထိ ရူးသွပ်သူပါ။ ကျွန်တော့ကိုလည်း တခြားဘာမှမသိရင်တောင် ဝိတ်တော့ကျရမယ်ဆိုတဲ့ စက်တစ်လုံးလို ဖြစ်အောင် စိတ်ဓာတ်သွင်းပေးခဲ့တာလဲ သူပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Related Article >>> ကြော့ကြော့မော့မော့နဲ့ ဗိုက်ချပ်စေမယ့် ဖြတ်လမ်းနည်း(၆)မျိုး

၂) Sonam Kapoor

Sonam ဟာ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ ဒီလို အစာတွေကို ပုံမှန်စားခဲ့ရပါတယ်။

နံနက်- အုတ်ဂျုံနှင့် သစ်သီး

နေ့လယ် –  ဟင်းသီးဟင်းရွက်၊ ရိုတီ၊ ငါးကင် (သို့) ကြက်သားပြုတ်

ညနေစာ – ပေါင်မုန့်ညိုနှင့် ကြက်ဥအကာ

ညစာ –  အရွက်ပြုတ်ရည်၊ ငါးကင် (သို့) ကြက်သားပြုတ်

ဗိုက်အရမ်းဆာတဲ့အခါ ပေါင်မုန့်ညို၊ ကြက်ဥအကာ၊ ပရိုတင်းဖျော်ရည်နဲ့ အသီးစားပါတယ်တဲ့။ ၁ လမှာ ၂ ခါလောက် detox လည်း လုပ်ပါတယ်။ ဒါကတော့ သူမရဲ့ ဝိတ်ချနည်းလေးပါ။

Related Article >>> လေ့ကျင့်ခန်းမလုပ်ဘဲ အဆီကျအောင် ဘယ်လိုတွေလုပ်ကြမလဲ?

၃) Alia Bhatt

ဆယ်ကျော်သက်တုန်းက ဖက်တီးမလေးဖြစ်ခဲ့တဲ့ alia ဟာ Student of the year ရုပ်ရှင်စရိုက်ဖို့အတွက် ၆လအတွင်း ပေါင် ၄၀ လောက် လျှော့ချခဲ့ရပါတယ်။ သူ(မ)ဟာ စားနေကျ အစားအသောက်တွေအစား ကြက်သားနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားခဲ့ပါတယ်။ တစ်နေ့ကို ၈ ကြိမ်ခွဲစားတာက အစာကို ပိုကြေစေပြီး အဆာပိုခံစေတယ်လို့ သူ(မ)က ပြောပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်သလို တစ်ပတ်မှာ ၄ ရက်လောက် gym သွားပါတယ်တဲ့။ Cardio exercise ကိုတော့ နေ့တိုင်းလုပ်ပြီး ဝိတ်ကျပြီးတဲ့ နောက်မှာ တစ်ပတ်ကို တစ်ရက်လောက် ကြိုက်တာစားပြီး ကျန်တဲ့ရက်တွေမှာတော့ ပုံမှန် diet လုပ်ပါတယ်တဲ့..

ဒါကတော့ ဝိတ်ချခဲ့ပြီး ပိုလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ကြတဲ့ ဘောလိဝုဒ်သရုပ်ဆောင်တွေပါ။ ဖတ်ရင်း အားမကျသွားကြဘူးလား ယောင်းတို့ရေ..သူတို့လို လှချင်တယ်၊ ပိန်ချင်တယ် ဆိုရင်တော့ ဒီဆိုတာလေးနဲ့ ရပ်တန့်နေလို့မရပါဘူး။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချပြီး ခုတည်းက စလို့ ကြိုးစားလေ့ကျင့်လိုက်ပါတော့ ယောင်းတို့ရေ…

Miko ( For Her Myanmar )

References : Style Craze , Bollywoodshaadis

Miko
နာမည္ကေတာ့မီကုိပါ။ စာတွေရေးရတာနဲ့ ခရီးထွက်ရတာက အကြိုက်ဆုံးအရာပါပဲ။ စိတ်ရဲ့ထွက်ပေါက်အဖြစ် စာတွေရေးရင်းကနေ FHM မှာ စာရေးဖြစ်နေတာ ၁ နှစ်တောင်ရှိပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *