ေန႔တိုင္းနီးပါးေလ့က်င့္ခန္းလုပ္တဲ့အက်င့္ျဖစ္လာေအာင္ ဘယ္လိုအရာေတြကို ေမြးျမဴရမလဲ?

ဖတ္သင့္ပါတယ္၊ ၃ လစာေတြသြင္းၿပီး ဒီအတိုင္း ပလစ္လိုက္ရတဲ့ အကြက္ေတြ ထပ္မျဖစ္ခ်င္ရင္ေပါ့…

ေလ့က်င့္ခန္းလုပ္ျခင္းအႏုပညာဆိုတာ လြယ္ေမယာင္နဲ႔ အင္မတန္ခက္ခဲတဲ့ အရာတစ္ခုပဲလို႔ေျပာရင္ ေယာင္းတို႔ ႏွင္းကို ျငင္းၾကမလားမသိ? ေဆာ့ဖို႔က အေတာ္ခက္ခဲတာလားဆိုေတာ့ မဟုတ္ဘူးရယ္ ေယာင္းတို႔ရဲ႕.. ဒါျဖင့္ ဘယ္ဟာက ခက္ခဲတာလဲဆိုရင္ အခ်ိန္ၾကာၾကာ စြဲၿပီး ေဆာ့ဖို႔က ခက္ခဲတာပါ။ ေလ့က်င့္ခန္း ဆိုတာမ်ိဳးကလည္း တစ္ရက္ေလာက္ အတင္းလုပ္လုိက္ရံုနဲ႔ သိသာတဲ့ အမ်ိဳးလည္း မဟုတ္ဘူးေလ.. ေရရွည္ေလ့က်င့္သြားရမွာမ်ိဳးဆိုေတာ့ ေလ့က်င့္ခန္း လုပ္ဖို႔မပ်င္းေအာင္၊ အက်င့္ျဖစ္သြားေအာင္ ဘယ္လိုက်င့္ယူရမလဲဆိုတာကို ႏွင္းကဒီေဆာင္းပါးေလးထဲမွာ ေဝမွ်ေပးပါ့မယ္ေနာ္။

(၁) ေလ့က်င့္ခန္းေဆာ့ဖို႔ အခ်ိန္ဇယား တိတိက်က်ထားပါ။

အဲဒါက ႏွင္းကိုယ္တိုင္ ေလ့လာထားတာေပါ့ေနာ္။ အရင္အလုပ္မလုပ္ခင္တုန္းက အခ်ိန္တိုင္းကအားေနေတာ့ သြားခ်င္တဲ့အခ်ိန္ ေကာက္ဆင္း၊ မဆင္းခ်င္တဲ့ရက္က်ရင္ တစ္ခုမဟုတ္တစ္ခုအေၾကာင္းျပၿပီး အပ်င္းတစ္ေနေတာ့တာပဲ။ ဒါေပမဲ့ အခ်ိန္တိတိက်က်ရွိတဲ့ Zumba တို႔၊ Aerobic တို႔ကိုက်ေတာ့ အိပ္ေပ်ာ္ေနရင္ေတာင္ ေကာက္ထၿပီးသြားတယ္ေလ။ ဒါေပမဲ့ ေနာက္ပိုင္းအလုပ္ေလးစလုပ္လာတဲ့အခါ အလုပ္ကေန ျပန္လာၿပီး ဘယ္အခ်ိန္ဆို ေရာက္ေအာင္ သြားမယ္လို႔ တိတိက်က်အခ်ိန္ဇယားဆြဲလိုက္ေတာ့ မသြားျဖစ္ရင္ တစ္ခုခုလိုၿပီး ထိုင္မရထမရျဖစ္ေနေရာ။ အခ်ိန္ဇယားဆြဲလုိက္တယ္ဆုိတာက ကိုယ့္ကိုယ္ကိုယ္ လုပ္ကိုလုပ္ရမယ္ဆိုၿပီး သတိေပးထားသလိုျဖစ္ေနေတာ့ မလုပ္ျဖစ္တဲ့အခါ ပ်က္ကြက္သလို ခံစားမိတာမ်ိဳးေလ…  ဒါေလးကေတာ့ Mind Twist (စိတ္ကိုလွည့္စားျခင္း) တစ္မ်ိဳးေပါ့.. 

Related Article >>> Gym သြားဖို႔ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိျဖစ္ေနလား? ဒီေဆာင္းပါးေလးကိုဖတ္ပါ။

(၂) Gym သြားရင္ယူသြားမယ့္ပစၥည္းေတြကို ကိုယ့္မ်က္စိေရွ႕မွာထားပါ။

ဒါကလည္း စိတ္ကိုလွည့္စားျခင္း ေနာက္တစ္မ်ိဳးပါပဲ။ ဒီလိုပစၥည္းေတြကို မ်က္စိေရွ႕ထားထားေတာ့ ျမင္လိုက္တိုင္း ငါသြားရဦးမယ္ဆိုတဲ့ မသိစိတ္က ေယာင္းတို႔ကို သတိေပးေနပါလိမ့္မယ္။ ဥပမာ အားကစားဖိနပ္ကို အိမ္ေရွ႕မွာ တင္ထားတာမ်ိဳး၊ Gym သြားတိုင္း ယူသြားတဲ့အိတ္ကို အိမ္ေရွ႕ထိုင္ခံုမွာ ထားထားတာမ်ိဳးအျပင္ မသြားခင္ ၁ နာရီေလာက္အလိုမွာ အက်ႌလဲထားတာမ်ိဳး၊ ႀကိဳတင္ျပင္ဆင္ထားတာမ်ိဳး လုပ္ေပးသင့္ပါတယ္ေနာ္။ ဒါကလည္္း Gym ကို ပံုမွန္ေရာက္ဖုိ႔ တြန္းအားတစ္ခုပါပဲ။ 

(၃) Gym မွာသူငယ္ခ်င္းဖြဲ႔ပါ။ လူတိုင္းနဲ႔ စကားစျမည္ေျပာပါ။

အရင္ဆံုးမွာရမွာက ေခ်မိုးမေနဖို႔ပါ။ ကိုယ္ကဘယ္ေလာက္ပဲ ပိုက္ဆံေပးေဆာ့ေဆာ့ နည္းနည္းပါးပါး ႏိုးႏိုးၾကားၾကားေလးနဲ႔ လူေတြကို ေဖာ္ေဖာ္ေရြေရြ ဆက္ဆံပါေနာ္။ ဒီလို ဆက္ဆံလုိက္တာက ကိုယ့္ရဲ႕ လူမႈေပါင္းသင္းဆက္ဆံေရးအတြက္လည္း ေကာင္းသလို သူငယ္ခ်င္းမိတ္ေဆြေတြ တိုးလာေတာ့ ကိုယ့္ကို Gym လာေအာင္ဆြဲေဆာင္တဲ့ နည္းလမ္းေတြထဲက တစ္မ်ိဳးပဲေပါ့။ Gym မွာေတြ့ၿပီး အျပင္မုန္႔ဆိုင္မွာပဲ ပတ္ခ်ိန္းေနတတ္တဲ့ ဝါသနာတူမျဖစ္ဖို႔ေတာ့ လုိတာေပါ့ေနာ္။

Related Article >>> ဝိတ္က်ခ်င္လား? ဒီပလန္အတိုင္း က်န္းမာေရးနဲ႔ ညီေအာင္ စားၾကည့္ပါ။

(၄) ေသြးပူေလ့က်င့္ခန္း အခ်ိန္ကို ၁၀ မိနစ္ သတ္မွတ္ထားပါ။

Gym ေဆာ့တဲ့ေနရာမွာ Cardio (ႏွလံုးခုန္ႏႈန္းကိုျမန္ေစတဲ့ေလ့က်င့္ခန္း) နဲ႔ ရိုးရိုးအေလးမေလ့က်င့္ခန္းဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ Cardio သမားကေတာ့ အရမ္းေမာတာကလြဲၿပီး ေလ့က်င့္ခန္းလုပ္ရတာ ပ်င္းတယ္ဆိုတာမ်ိဳးမရွိေပမဲ့ ရိုးရိုးအေလးမသမားကေတာ့ ၾကာရင္ ပ်င္းလာတတ္ပါတယ္။ အဲဒါေၾကာင့္ ေန႔စဥ္ပံုမွန္ Routine ထဲမွာ အေလးမမခင္ ေသြးပူေလ့က်င့္ခန္းကို ၁၀ မိနစ္ေလာက္ အခ်ိန္ခြာေပးထားပါ။ ဒီလိုေဆာ့လိုက္ျခင္းက ေသြးနည္းနည္းပူသြားေစတာမို႔ အရမ္းပ်င္းေနတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။

ဒီလိုအခ်က္ေလးေတြကိုလိုက္လုပ္ေပးရင္ အရင္တုန္းကလို Gym သြားဖို႔အတြက္ ခက္ခက္ခဲခဲႀကီး ရုန္းကန္ေနစရာမလိုေတာ့ပါဘူးေနာ္။ အဓိကလိုအပ္တာက ဘယ္လိုအေျခအေနမ်ိဳးမွာမဆို မျဖစ္ျဖစ္ေအာင္သြားမယ္ဆိုတဲ့စိတ္ကို ရေအာင္သြင္းထားဖို႔ပါပဲ။ ေနာက္မွအေရးႀကီးကိစၥေပၚလာလို႔ဆိုတာမ်ိဳးေတြက တစ္မ်ိဳးေပါ့။ (ဒူးေလာက္တင္မွ ရင္ေလာက္က်တာဆိုေတာ့ေလ။) ဘာပဲျဖစ္ျဖစ္ ကိုယ့္က်န္းမာေရးေကာင္းဖို႔အတြက္ေတာ့ တစ္ေန႔မွာ ႏွစ္နာရီေလာက္အခ်ိန္ေပးသင့္တယ္ ဆိုတဲ့အေတြးေလးကိုေတာ့ အၿမဲထည့္ထားပါလို႔… 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဖတ်သင့်ပါတယ်၊ ၃ လစာတွေသွင်းပြီး ဒီအတိုင်း ပလစ်လိုက်ရတဲ့ အကွက်တွေ ထပ်မဖြစ်ချင်ရင်ပေါ့…

လေ့ကျင့်ခန်းလုပ်ခြင်းအနုပညာဆိုတာ လွယ်မေယာင်နဲ့ အင်မတန်ခက်ခဲတဲ့ အရာတစ်ခုပဲလို့ပြောရင် ယောင်းတို့ နှင်းကို ငြင်းကြမလားမသိ? ဆော့ဖို့က အတော်ခက်ခဲတာလားဆိုတော့ မဟုတ်ဘူးရယ် ယောင်းတို့ရဲ့.. ဒါဖြင့် ဘယ်ဟာက ခက်ခဲတာလဲဆိုရင် အချိန်ကြာကြာ စွဲပြီး ဆော့ဖို့က ခက်ခဲတာပါ။ လေ့ကျင့်ခန်း ဆိုတာမျိုးကလည်း တစ်ရက်လောက် အတင်းလုပ်လိုက်ရုံနဲ့ သိသာတဲ့ အမျိုးလည်း မဟုတ်ဘူးလေ.. ရေရှည်လေ့ကျင့်သွားရမှာမျိုးဆိုတော့ လေ့ကျင့်ခန်း လုပ်ဖို့မပျင်းအောင်၊ အကျင့်ဖြစ်သွားအောင် ဘယ်လိုကျင့်ယူရမလဲဆိုတာကို နှင်းကဒီဆောင်းပါးလေးထဲမှာ ဝေမျှပေးပါ့မယ်နော်။

(၁) လေ့ကျင့်ခန်းဆော့ဖို့ အချိန်ဇယား တိတိကျကျထားပါ။

အဲဒါက နှင်းကိုယ်တိုင် လေ့လာထားတာပေါ့နော်။ အရင်အလုပ်မလုပ်ခင်တုန်းက အချိန်တိုင်းကအားနေတော့ သွားချင်တဲ့အချိန် ကောက်ဆင်း၊ မဆင်းချင်တဲ့ရက်ကျရင် တစ်ခုမဟုတ်တစ်ခုအကြောင်းပြပြီး အပျင်းတစ်နေတော့တာပဲ။ ဒါပေမဲ့ အချိန်တိတိကျကျရှိတဲ့ Zumba တို့၊ Aerobic တို့ကိုကျတော့ အိပ်ပျော်နေရင်တောင် ကောက်ထပြီးသွားတယ်လေ။ ဒါပေမဲ့ ေနာက်ပိုင်းအလုပ်လေးစလုပ်လာတဲ့အခါ အလုပ်ကနေ ပြန်လာပြီး ဘယ်အချိန်ဆို ရောက်အောင် သွားမယ်လို့ တိတိကျကျအချိန်ဇယားဆွဲလိုက်တော့ မသွားဖြစ်ရင် တစ်ခုခုလိုပြီး ထိုင်မရထမရဖြစ်နေရော။ အချိန်ဇယားဆွဲလိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် လုပ်ကိုလုပ်ရမယ်ဆိုပြီး သတိပေးထားသလိုဖြစ်နေတော့ မလုပ်ဖြစ်တဲ့အခါ ပျက်ကွက်သလို ခံစားမိတာမျိုးလေ…  ဒါလေးကတော့ Mind Twist (စိတ်ကိုလှည့်စားခြင်း) တစ်မျိုးပေါ့.. 

Related Article >>> Gym သွားဖို့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်နေလား? ဒီဆောင်းပါးလေးကိုဖတ်ပါ။

(၂) Gym သွားရင်ယူသွားမယ့်ပစ္စည်းတွေကို ကိုယ့်မျက်စိရှေ့မှာထားပါ။

ဒါကလည်း စိတ်ကိုလှည့်စားခြင်း နောက်တစ်မျိုးပါပဲ။ ဒီလိုပစ္စည်းတွေကို မျက်စိရှေ့ထားထားတော့ မြင်လိုက်တိုင်း ငါသွားရဦးမယ်ဆိုတဲ့ မသိစိတ်က ယောင်းတို့ကို သတိပေးနေပါလိမ့်မယ်။ ဥပမာ အားကစားဖိနပ်ကို အိမ်ရှေ့မှာ တင်ထားတာမျိုး၊ Gym သွားတိုင်း ယူသွားတဲ့အိတ်ကို အိမ်ရှေ့ထိုင်ခုံမှာ ထားထားတာမျိုးအပြင် မသွားခင် ၁ နာရီလောက်အလိုမှာ အင်္ကျီလဲထားတာမျိုး၊ ကြိုတင်ပြင်ဆင်ထားတာမျိုး လုပ်ပေးသင့်ပါတယ်နော်။ ဒါကလည်း Gym ကို ပုံမှန်ရောက်ဖို့ တွန်းအားတစ်ခုပါပဲ။ 

(၃) Gym မှာသူငယ်ချင်းဖွဲ့ပါ။ လူတိုင်းနဲ့ စကားစမြည်ပြောပါ။

အရင်ဆုံးမှာရမှာက ချေမိုးမနေဖို့ပါ။ ကိုယ်ကဘယ်လောက်ပဲ ပိုက်ဆံပေးဆော့ဆော့ နည်းနည်းပါးပါး နိုးနိုးကြားကြားလေးနဲ့ လူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံပါနော်။ ဒီလို ဆက်ဆံလိုက်တာက ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအတွက်လည်း ကောင်းသလို သူငယ်ချင်းမိတ်ဆွေတွေ တိုးလာတော့ ကိုယ့်ကို Gym လာအောင်ဆွဲဆောင်တဲ့ နည်းလမ်းတွေထဲက တစ်မျိုးပဲပေါ့။ Gym မှာတွေ့ပြီး အပြင်မုန့်ဆိုင်မှာပဲ ပတ်ချိန်းနေတတ်တဲ့ ဝါသနာတူမဖြစ်ဖို့တော့ လိုတာပေါ့နော်။

Related Article >>> ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

(၄) သွေးပူလေ့ကျင့်ခန်း အချိန်ကို ၁၀ မိနစ် သတ်မှတ်ထားပါ။

Gym ဆော့တဲ့နေရာမှာ Cardio (နှလုံးခုန်နှုန်းကိုမြန်စေတဲ့လေ့ကျင့်ခန်း) နဲ့ ရိုးရိုးအလေးမလေ့ကျင့်ခန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ Cardio သမားကတော့ အရမ်းမောတာကလွဲပြီး လေ့ကျင့်ခန်းလုပ်ရတာ ပျင်းတယ်ဆိုတာမျိုးမရှိပေမဲ့ ရိုးရိုးအလေးမသမားကတော့ ကြာရင် ပျင်းလာတတ်ပါတယ်။ အဲဒါကြောင့် နေ့စဉ်ပုံမှန် Routine ထဲမှာ အလေးမမခင် သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်လောက် အချိန်ခွာပေးထားပါ။ ဒီလိုဆော့လိုက်ခြင်းက သွေးနည်းနည်းပူသွားစေတာမို့ အရမ်းပျင်းနေတာမျိုး မဖြစ်တော့ဘူးပေါ့။

ဒီလိုအချက်လေးတွေကိုလိုက်လုပ်ပေးရင် အရင်တုန်းကလို Gym သွားဖို့အတွက် ခက်ခက်ခဲခဲကြီး ရုန်းကန်နေစရာမလိုတော့ပါဘူးနော်။ အဓိကလိုအပ်တာက ဘယ်လိုအခြေအနေမျိုးမှာမဆို မဖြစ်ဖြစ်အောင်သွားမယ်ဆိုတဲ့စိတ်ကို ရအောင်သွင်းထားဖို့ပါပဲ။ နောက်မှအရေးကြီးကိစ္စပေါ်လာလို့ဆိုတာမျိုးတွေက တစ်မျိုးပေါ့။ (ဒူးလောက်တင်မှ ရင်လောက်ကျတာဆိုတော့လေ။) ဘာပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးကောင်းဖို့အတွက်တော့ တစ်နေ့မှာ နှစ်နာရီလောက်အချိန်ပေးသင့်တယ် ဆိုတဲ့အတွေးလေးကိုတော့ အမြဲထည့်ထားပါလို့… 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed