ပရိုတင္းဘားေတြရဲ႕ ေနာက္ကြယ္…

သူမ်ားဘားတိုင္း လိုက္မဘားဘဲ အက်ိဳးဆက္ေတြကို အရင္ၾကည့္ၾကေစခ်င္ပါတယ္ေနာ္…  

ပရိုတင္းဘားဆိုတာ Gym ေဆာ့ၿပီး အေလးတင္၊ အေလးေတြမေနတဲ့ အခ်စ္ေလးေတြနဲ႔ေတာ့ သိပ္ၿပီးစိမ္းမယ့္စကားလံုးမဟုတ္ပါဘူးေနာ္။ ပရိုတင္းဆိုတဲ့အတိုင္း ႂကြက္သားထုတင္တဲ့ေနရာမွာ အေရးအႀကီးဆံုးျဖစ္တာမို႔ ပရိုတင္းရွိတ္တို႔လို ျဖည့္စြက္စာ (Supplement) မေသာက္ခ်င္တဲ့ ေယာင္းေလးေတြ ထုတင္တဲ့အခ်ိန္မွာ ဒီပရိုတင္းဘားကို အားျပဳၿပီးစားၾကပါတယ္။ ပရိုတင္းဘားကလည္း စပ်စ္သီးေျခာက္၊ Oatmeal နဲ႔ တျခားႏွံစားေျပာင္းစတာေတြနဲ႔ လုပ္ထားတာဆိုေတာ့ တကယ့္ supplement စစ္စစ္လို႔ ထင္ေကာင္းထင္သြားႏိုင္ေပမဲ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳးဒြန္တြဲေနတတ္တဲ့ သဘာဝအတိုင္း သူ႔မွာလည္း Pros & Cons ေလးေတြ ရွိေနတတ္ပါတယ္ေနာ္။

ဒါဆို ေကာင္းက်ိဳးေလးေတြကို အရင္ေျပာၾကည့္မယ္ေနာ္… 

ပရိုတင္းအဝင္ႏႈန္းကို ျမွင့္တင္ေပးပါတယ္။

ဒါကေတာ့ အေထြအထူးေျပာေနစရာမလိုေတာ့ပါဘူးေနာ္။ နာမည္မွာကတည္းက ပရိုတင္းဘားဆိုေတာ့ ပရိုတင္းဓာတ္ကိုအေျခခံထားတဲ့ အစားအစာဆိုတာ သိသာေနေတာ့ေလ။ အထူးသျဖင့္ ထုတင္ခ်င္ေပမဲ့ အသားသိပ္မႀကိဳက္ဘူးဆိုတဲ့ ေယာင္းေလးေတြအတြက္ ဒီပရိုတင္းဘားကို တစ္ေန႔ ၁၀ ဂရမ္ေလာက္စားျခင္းက ေယာင္းတို႔ရဲ႕ႂကြက္သားေတြကို အရမ္းအေထာက္အကူျဖစ္ေစပါလိမ့္မယ္။ ေနာက္ၿပီး ဒီပရိုတင္းဘားကို စားၿပီးတာနဲ႔ မာဆယ္တက္ေစမယ့္ ေလ့က်င့္ခန္းေတြ၊ အေလးမျခင္းေတြကို လုပ္ေပးတာက မာဆယ္တက္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းထဲကတစ္ခုပဲမို႔ စားေပးသင့္ပါတယ္ေနာ္။

Related Article >>> ဘာလို႔အဆီက မက်ႏိုင္ေသးတာလဲ?

ဝယ္ရတာ လြယ္ကူတယ္။

တစ္ေန႔တစ္ေန႔ ကယ္လိုရီအဝင္အထြက္ကို ထိုင္တြက္ၿပီး ဘယ္ဟာနဲ႔ဘယ္လိုေပါင္းခ်က္ရမလဲ ဘယ္လိုပံုစံခ်က္ရမလဲ စဥ္းစား၊ ၿပီးရင္ ေဈးဝယ္ဦးဟဲ့ ခုတ္ထစ္ၿပီးခ်က္ျပဳတ္ဦးဟဲ့နဲ႔ အင္မတန္အလုပ္ရႈပ္ေတာ့ ေတာ္ေတာ္မ်ားမ်ားက ျဖစ္သလိုစားျဖစ္သြားတာ မ်ားပါတယ္။ ဒီလို ျဖစ္သလိုေတြ စားခ်လိုက္တဲ့အခါမွာ ဝိတ္ကမက်ႏိုင္ျဖစ္၊ ဒီလိုနဲ႔ပဲ ဂ်ာေအးကို သူ႔အေမရိုက္ေနပါေရာလား!!! (ဗိုက္ကလည္းဆာတာကိုး) ဒါေပမဲ့ ဒီပရိုတင္းဘားေလးေတြကေတာ့ တျခားဘာဘာညာညာ ခ်က္ျပဳတ္ေနစရာမလိုဘဲ Calories Intake ကို ၾကည့္လိုက္ရံုနဲ႔ သင့္ေတာ္တာကို ေရြးခ်ယ္လို႔ရၿပီး Gym အပါအဝင္ တျခားဘယ္ေနရာမွာမဆို ဝယ္ယူလို႔ရတာမို႔ စားဖို႔ေသာက္ဖို႔အတြက္ကို သီးသန္႔ စိတ္ပူေနစရာမလိုေတာ့ဘူးေပါ့။

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ မွ်တစြာ ပါဝင္တယ္။

ပရိုတင္းဘားဆိုလို႔ အသားဓာတ္ႀကီးပဲ ပါေနတာမ်ိဳးမဟုတ္ဘဲ အမွ်င္ဓာတ္၊ အာဟာရဓာတ္၊ ကစီဓာတ္ေတြလည္း ပါဝင္ေနတာမို႔ အာဟာရဓာတ္မမွ်တမွာကိုေတာ့ ေတြးၿပီး စိတ္ပူေနစရာမလိုပါဘူး။ ဒါ့အျပင္ ႂကြက္သားအတြက္ အေထာက္အကူျဖစ္ေစမယ့္ Ammino Acid လည္း ေပါင္းစပ္ပါဝင္ေနတာမို႔ တျခားျဖည့္စြက္စာေတြကို တကူးတကဝယ္ေသာက္၊ စားေနစရာမလိုေတာ့ဘူးေပါ့။

ေကာင္းက်ိဳးေတြၿပီးသြားၿပီဆိုေတာ့ ဆိုးက်ိဳးအလွည့္သြားရေအာင္…

သၾကားဓာတ္နဲ႔ ကယ္လိုရီေတြ မ်ားမ်ားပါဝင္တယ္။

ရိုးရိုးႏွံစားေျပာင္း၊ အခြံမာသီးနဲ႔ Oatmeal ေတြကို ေကာက္နယ္ထားတဲ့ မုန္႔တစ္ခုကို လူေတြကမက္မက္ေမာေမာ အစားထိုးစားၾကမယ္လို႔ထင္ရင္ ေယာင္းတို႔မွားသြားမွာေပါ့။ စီးပြားေရးသမားေတြကလည္း ဒီအခ်က္ကို ျမင္တတ္တာမို႔ ပရိုတင္းလည္းမ်ားေအာင္ စားလို႔လည္းေကာင္းေအာင္ သၾကားအပါအဝင္ ကယ္လိုရီမ်ားေစတဲ့ အဆီနည္းနည္းကို ထည့္သြင္းၿပီး ထုတ္လုပ္ထားပါတယ္။

ဒါေၾကာင့္ တစ္ခုသတိထားရမွာက ဒီပရိုတင္းဘားကို စားတဲ့အခါ ပရိုတင္းအပါအဝင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ရမွာျဖစ္တဲ့အျပင္ သိပ္မလိုအပ္တဲ့ အဆီနဲ႔ အခ်ိဳဓာတ္က တစ္ဆင့္ ျဖစ္လာမယ့္ အဆီေတြလည္း ပါဝင္လာမွာမို႔ မာဆယ္ခ်ည္းသက္သက္လိုခ်င္တဲ့ အခ်စ္ေလးေတြအတြက္ကေတာ့ မသင့္ေတာ္ပါဘူးေနာ္။ ဒါ့အျပင္ ဝိတ္ခ်ေနလို႔ ပရိုတင္းဘားပဲ စားတယ္လို႔ ေျပာရင္လည္း ဟက္ဟက္ပက္ပက္ အရယ္ခံရပါလိမ့္မယ္လို႔။

Related Article >>> ကိုယ္အခုမ,ေနတဲ့အေလးေတြက ကိုယ့္အတြက္ တကယ္ကိုဂိတ္ဆံုးအေလးေတြလား?

ပရိုတင္းဘားကို စြဲသြားတတ္တယ္။

ပရိုတင္းဘားထဲမွာ စားေကာင္းေအာင္လို႔ဆိုၿပီး သၾကား၊ အဆီေတြအျပင္ကိုမွ တျခားလူလုပ္အမည္မသိပါဝင္ပစၥည္းေတြ၊ ဓာတ္ေတြအမ်ားႀကီးပါဝင္ေနတာမို႔ ဘာအစားမွ မစားေတာ့ဘဲ ဒါတစ္မ်ိဳးတည္းကိုပဲ မက္မက္ေမာေမာစားခ်င္စိတ္ေတြလည္း ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ေရရွည္စားဖို႔ မစဥ္းစားထားရင္ ဒီေန႔တစ္ရက္တည္းပါပဲ၊ ဒီရက္ပိုင္းေလးပါပဲဆိုၿပီး အစသြားမလုပ္ပါနဲ႔။ ေရရွည္မွာ ျပႆနာ မ်ားတတ္ပါတယ္လို႔။

ႏွင္းက ဒီေဆာင္းပါးထဲမွာ ပရိုတင္းဘားကို ေကာင္းတယ္စားပါလို႔ မတိုက္တြန္းထားသလို မေကာင္းဘူး၊ လံုးဝမစားနဲ႔ ေရွာင္လို႔လည္း မေျပာထားပါဘူးေနာ္။ ကိုယ္ျဖစ္ခ်င္တဲ့ အေနအထားေပၚမူတည္ၿပီး စားသင့္မစားသင့္ကို ကိုယ့္ဘာသာပဲ သံုးသပ္ၿပီးဆံုးျဖတ္ပါလို႔။ စားလို႔ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကိို သိရံုအတြက္ ဒီေဆာင္းပါးကို ေရးလိုက္တာပါ။ ဒါကို ဖတ္ၿပီးသြားရင္ေတာ့ စားရမလား၊ မစားရဘူးလားဆိုတာကို စိတ္ရွင္းရွင္းနဲ႔ ဆံုးျဖတ္ႏုိင္ၿပီထင္ပါရဲ႕ ေယာင္းတို႔ေရ… 

Hnin Ei Oo (For Her Myanmar)

References: generationiron, stephencabral

<<< Unicode >>>

သူများဘားတိုင်း လိုက်မဘားဘဲ အကျိုးဆက်တွေကို အရင်ကြည့်ကြစေချင်ပါတယ်နော်…

ပရိုတင်းဘားဆိုတာ Gym ဆော့ပြီး အလေးတင်၊ အလေးတွေမနေတဲ့ အချစ်လေးတွေနဲ့တော့ သိပ်ပြီးစိမ်းမယ့်စကားလုံးမဟုတ်ပါဘူးနော်။ ပရိုတင်းဆိုတဲ့အတိုင်း ကြွက်သားထုတင်တဲ့နေရာမှာ အရေးအကြီးဆုံးဖြစ်တာမို့ ဖြည့်စွက်စာ (Supplement) (ဥပမာ ပရိုတင်းရှိတ်) မသောက်ချင်တဲ့ ယောင်းလေးတွေ ထုတင်တဲ့အချိန်မှာ ဒီပရိုတင်းဘားကို အားပြုပြီးစားကြပါတယ်။ ပရိုတင်းဘားကလည်း စပျစ်သီးခြောက်၊ Oatmeal နဲ့ တခြားနှံစားပြောင်းစတာတွေနဲ့ လုပ်ထားတာဆိုတော့ တကယ့် supplement စစ်စစ်လို့ ထင်ကောင်းထင်သွားနိုင်ပေမဲ့ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေတတ်တဲ့ သဘာဝအတိုင်း သူ့မှာလည်း Pros & Cons လေးတွေ ရှိနေတတ်ပါတယ်နော်။ 

ကောင်းကျိုးလေးတွေကို အရင်ပြောကြည့်ရအောင်… 

ပရိုတင်းအဝင်နှုန်းကို မြှင့်တင်ပေးပါတယ်။

ဒါကတော့ အထွေအထူးပြောနေစရာမလိုတော့ပါဘူးနော်။ နာမည်မှာကတည်းက ပရိုတင်းဘားဆိုတော့ ပရိုတင်းဓာတ်ကိုအခြေခံထားတဲ့ အစားအစာဆိုတာ သိသာနေတော့လေ။ အထူးသဖြင့် ထုတင်ချင်ပေမဲ့ အသားသိပ်မကြိုက်ဘူးဆိုတဲ့ ယောင်းလေးတွေအတွက် ဒီပရိုတင်းဘားကို တစ်နေ့ ၁၀ ဂရမ်လောက်စားခြင်းက ယောင်းတို့ရဲ့ကြွက်သားတွေကို အရမ်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ နောက်ပြီး ဒီပရိုတင်းဘားကို စားပြီးတာနဲ့ မာဆယ်တက်စေမယ့် လေ့ကျင့်ခန်းတွေ၊ အလေးမခြင်းတွေကို လုပ်ပေးတာက မာဆယ်တက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းထဲကတစ်ခုပဲမို့ စားပေးသင့်ပါတယ်နော်။

Related Article >>> ဘာလို့အဆီက မကျနိုင်သေးတာလဲ?

ဝယ်ရတာ လွယ်ကူတယ်။

တစ်နေ့တစ်နေ့ ကယ်လိုရီအဝင်အထွက်ကို ထိုင်တွက်ပြီး ဘယ်ဟာနဲ့ဘယ်လိုပေါင်းချက်ရမလဲ ဘယ်လိုပုံစံချက်ရမလဲ စဉ်းစား၊ ပြီးရင် ဈေးဝယ်ဦးဟဲ့ ခုတ်ထစ်ပြီးချက်ပြုတ်ဦးဟဲ့နဲ့ အင်မတန်အလုပ်ရှုပ်တော့ တော်တော်များများက ဖြစ်သလိုစားဖြစ်သွားတာ များပါတယ်။ ဒီလို ဖြစ်သလိုတွေ စားချလိုက်တဲ့အခါမှာ ဝိတ်ကမကျနိုင်ဖြစ်၊ ဒီလိုနဲ့ပဲ ဂျာအေးကို သူ့အမေရိုက်နေပါရောလား!!! (ဗိုက်ကလည်းဆာတာကိုး) ဒါပေမဲ့ ဒီပရိုတင်းဘားလေးတွေကတော့ တခြားဘာဘာညာညာ ချက်ပြုတ်နေစရာမလိုဘဲ Calories Intake ကို ကြည့်လိုက်ရုံနဲ့ သင့်တော်တာကို ရွေးချယ်လို့ရပြီး Gym အပါအဝင် တခြားဘယ်နေရာမှာမဆို ဝယ်ယူလို့ရတာမို့ စားဖို့သောက်ဖို့အတွက်ကို သီးသန့် စိတ်ပူနေစရာမလိုတော့ဘူးပေါ့။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတစွာ ပါဝင်တယ်။

ပရိုတင်းဘားဆိုလို့ အသားဓာတ်ကြီးပဲ ပါနေတာမျိုးမဟုတ်ဘဲ အမျှင်ဓာတ်၊ အာဟာရဓာတ်၊ ကစီဓာတ်တွေလည်း ပါဝင်နေတာမို့ အာဟာရဓာတ်မမျှတမှာကိုတော့ တွေးပြီး စိတ်ပူနေစရာမလိုပါဘူး။ ဒါ့အပြင် ကြွက်သားအတွက် အထောက်အကူဖြစ်စေမယ့် Ammino Acid လည်း ပေါင်းစပ်ပါဝင်နေတာမို့ တခြားဖြည့်စွက်စာတွေကို တကူးတကဝယ်သောက်၊ စားနေစရာမလိုတော့ဘူးပေါ့။

ကောင်းကျိုးတွေပြီးသွားပြီဆိုတော့ ဆိုးကျိုးအလှည့်သွားရအောင်…

သကြားဓာတ်နဲ့ ကယ်လိုရီတွေ များများပါဝင်တယ်။

ရိုးရိုးနှံစားပြောင်း၊ အခွံမာသီးနဲ့ Oatmeal တွေကို ကောက်နယ်ထားတဲ့ မုန့်တစ်ခုကို လူတွေကမက်မက်မောမော အစားထိုးစားကြမယ်လို့ထင်ရင် ယောင်းတို့မှားသွားမှာပေါ့။ စီးပွားရေးသမားတွေကလည်း ဒီအချက်ကို မြင်တတ်တာမို့ ပရိုတင်းလည်းများအောင် စားလို့လည်းကောင်းအောင် သကြားအပါအဝင် ကယ်လိုရီများစေတဲ့ အဆီနည်းနည်းကို ထည့်သွင်းပြီး ထုတ်လုပ်ထားပါတယ်။

ဒါကြောင့် တစ်ခုသတိထားရမှာက ဒီပရိုတင်းဘားကို စားတဲ့အခါ ပရိုတင်းအပါအဝင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရမှာဖြစ်တဲ့အပြင် သိပ်မလိုအပ်တဲ့ အဆီနဲ့ အချိုဓာတ်က တစ်ဆင့် ဖြစ်လာမယ့် အဆီတွေလည်း ပါဝင်လာမှာမို့ မာဆယ်ချည်းသက်သက်လိုချင်တဲ့ အချစ်လေးတွေအတွက်ကတော့ မသင့်တော်ပါဘူးနော်။ ဒါ့အပြင် ဝိတ်ချနေလို့ ပရိုတင်းဘားပဲ စားတယ်လို့ ပြောရင်လည်း ဟက်ဟက်ပက်ပက် အရယ်ခံရပါလိမ့်မယ်လို့။

Related Article >>> ကိုယ်အခုမ,နေတဲ့အလေးတွေက ကိုယ့်အတွက် တကယ်ကိုဂိတ်ဆုံးအလေးတွေလား?

ပရိုတင်းဘားကို စွဲသွားတတ်တယ်။

ပရိုတင်းဘားထဲမှာ စားကောင်းအောင်လို့ဆိုပြီး သကြား၊ အဆီတွေအပြင်ကိုမှ တခြားလူလုပ်အမည်မသိပါဝင်ပစ္စည်းတွေ၊ ဓာတ်တွေအများကြီးပါဝင်နေတာမို့ ဘာအစားမှ မစားတော့ဘဲ ဒါတစ်မျိုးတည်းကိုပဲ မက်မက်မောမောစားချင်စိတ်တွေလည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ရေရှည်စားဖို့ မစဉ်းစားထားရင် ဒီနေ့တစ်ရက်တည်းပါပဲ၊ ဒီရက်ပိုင်းလေးပါပဲဆိုပြီး အစသွားမလုပ်ပါနဲ့။ ရေရှည်မှာ ပြဿနာ များတတ်ပါတယ်လို့။

နှင်းက ဒီဆောင်းပါးထဲမှာ ပရိုတင်းဘားကို ကောင်းတယ်စားပါလို့ မတိုက်တွန်းထားသလို မကောင်းဘူး၊ လုံးဝမစားနဲ့ ရှောင်လို့လည်း မပြောထားပါဘူးနော်။ ကိုယ်ဖြစ်ချင်တဲ့ အနေအထားပေါ်မူတည်ပြီး စားသင့်မစားသင့်ကို ကိုယ့်ဘာသာပဲ သုံးသပ်ပြီးဆုံးဖြတ်ပါလို့။ စားလို့ဖြစ်လာမယ့် အကျိုးဆက်တွေကို သိရုံအတွက် ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ဒါကို ဖတ်ပြီးသွားရင်တော့ စားရမလား၊ မစားရဘူးလားဆိုတာကို စိတ်ရှင်းရှင်းနဲ့ ဆုံးဖြတ်နိုင်ပြီထင်ပါရဲ့ ယောင်းတို့ရေ… 

Hnin Ei Oo (For Her Myanmar)

References: generationiron, stephencabral

No Comments Yet

Comments are closed