ဘယ္အခ်ိန္မဆို Strict ျဖစ္ေနတာက အျပစ္ႀကီးတစ္ခုလား?

“နင္အပိုေတြမလုပ္နဲ႔၊ ခုမွ ပဲလာမ်ားျပေနတယ္” ဆိုၿပီး လူၾကားသူၾကား  ေဒါက္ျဖဳတ္တတ္သူမ်ား ေသခ်ာဖတ္ပါ 

ဒါမ်ိဳးကေတာ့ ကိုယ္ေတြလို ေလ့က်င့္ခန္းအရမ္းလုပ္ၿပီး ခႏၶာကိုယ္ပံုစံကို အေသထိန္းတတ္တဲ့လူေတြနဲ႔ သိပ္မစိမ္းဘူးထင္ပါရဲ႕။ (အဲ့လိုပဲ ဂ်င္းထည့္ရတာေပါ့။  Gym တစ္လေလာက္နားေနတာ ဘယ္သူသိတာမွတ္လို႔ :P) 

ေလ့က်င့္ခန္းေတြ လုပ္ၿပီး ခႏၶာကိုယ္ကို ထိခိုက္ေစမယ့္ အရာေတြဆို ေရွာင္တတ္တဲ့သူေတြ အျပင္ထြက္တဲ့အခါ ၾကံဳရတဲ့ ျပႆနာ တစ္ခုရွိပါတယ္။ အျပင္ထြက္တယ္ဆိုတာက အမ်ားအားျဖင့္ ကိုယ့္အလုပ္သေဘာအရျဖစ္ေစ၊ သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းခ်က္ၿပီး သြားသြားလာလာျဖစ္ေစ ေသာက္စားရတဲ့အခါမ်ိဳးေတြကို ဆိုလိုတာပါ။

အထူးသျဖင့္ ညဘက္ေတြပဲ မ်ားေတာ့ (ေအ့ေလ.. ေန႔ဘက္က အလုပ္လုပ္ရတာ အားမွမအားတာ အားခ်ိန္ေလး ဆံုရတာကိုး) ကိုယ့္ရဲ႕ Cheat day (စားခ်င္တာစားတဲ့ေန႔) နဲ႔ဆိုရင္ ဘာမွမျဖစ္ဘူး။ ပြဲေတြကဆက္ၿပီး စားေသာက္ရတဲ့ ေန႔ေတြ မ်ားလာရင္ေတာ့ ကိုယ္လုပ္တဲ့ေလ့က်င့္ခန္းနဲ႔ မကာမိတာ ဘာညာတြက္ၿပီး မစားခ်င္ေတာ့တဲ့အခ်ိန္မ်ိဳးေတြ ရွိလာတတ္ပါတယ္။ အဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြကေတာ့ ‘မင္းကြာ တစ္ရက္တစ္ေလေလးပဲကို ဘာျဖစ္ေနတာလဲ’ ဆိုၿပီး အတင္းေျပာ အတင္းေကၽြးတတ္ၾကတာမို႔ ဒီစာေလးကို ဒင္းတို႔ဆီ အိတ္ဖြင့္ေပးစာအေနနဲ႔ ေရးလိုက္ပါတယ္ေနာ္။

ယူတို႔ေတြ ဟိုနားဒီနားေလး ၅ မိနစ္ေလာက္ေျပးရင္ေတာင္ လွ်ာတစ္လစ္ ေဟာဟဲလိုက္ၿပီး အရမ္းေမာတတ္ၾကတယ္မလား? အိုင္တို႔ကေလ ၁ နာရီစာေလာက္ကို မခိုမကပ္ဘဲ ငါ ၆ ဖုထြက္ရမယ္ဟဲ့၊ ငါလက္ေမာင္းသားေတြ ႂကြက္သားအဖုအထစ္နဲ႔ ၾကည့္ေကာင္းလာရမယ္ဟဲ့၊ ဝတဲ့လူဆိုရင္လည္း ဘယ္ေလာက္အတြင္း ဝိတ္ဘယ္ႏွစ္ေပါင္က်ရမယ္ဟဲ့ စသည္ျဖင့္ ေႂကြးေၾကာ္ၿပီး တကယ္ကိုထိထိေရာက္ေရာက္ လုပ္ရတဲ့လူေတြမို႔ ဘယ္အစားအေသာက္က ဘယ္ေလာက္ကယ္လိုရီ၊ ဘယ္ေဖ်ာ္ရည္ကေတာ့ ဘယ္ေလာက္သၾကားပါတယ္၊ ဘယ္အရက္ကေတာ့ ဘယ္လိုမ်ိဳး စသည္ျဖင့္ တြက္ခ်က္ၿပီးစားမွ ကိုယ္ေဆာ့ထားတာနဲ႔ ေတာ္ကာတန္ကာက်မွာဆိုတာ ယူတို႔သိရင္ သိပ္ေကာင္းမွာပဲ။

တစ္ပတ္မွာ တစ္ရက္ေလာက္က ၿဖဲရဲၿပီး စားလို႔ အဆင္ေျပေပမဲ့ ပြဲဆက္ေတြ အရမ္းမ်ားလာရင္ေတာ့ အဲ့ႏႈန္းအတိုင္း ဆက္စားရင္ က်န္းမာတဲ့ ဝက္ႀကီးပဲ ျဖစ္လာမွာေပါ့။ ေနာက္ၿပီး အိုင္တို႔လည္း လူေတြထဲက လူပါပဲ။ ယူတို႔စားေသာက္သလို အိုင္တို႔လည္း အတင္းနင္းကန္ စားခ်င္တာေပါ့။ ဒါေပမဲ့လည္း ကိုယ္က တျခားလူေတြမွာ မရွိတဲ့ အရာမ်ိဳးလိုခ်င္တာမို႔ တျခားလူေတြထက္ ပိုသည္းခံရၿပီး ပိုထိန္းရမယ္ေလ။ အဲဒါကို ယူတို႔က စြပိုေတြလုပ္ေနတာတို႔၊ သက္သက္မဲ့ ဒုကၡခံေနတာတို႔၊ ပဲမ်ားျပေနတာတို႔ ႀကိဳက္သလိုေျပာေနၾကေတာ့ ဘယ့္ႏွယ္လုပ္ရမလဲ… ေစာင့္ၾကည့္ပါ.. အခ်ိန္က စကားေျပာသြားပါလိမ့္မယ္ဆိုတဲ့ စကားပဲ ျပန္ေျပာရေတာ့မွာေပါ့..

Related Article >>> မိန္းကေလးေတြဘာလို႔ Gym ေဆာ့ရမွာကို ေၾကာက္ၾကတာလဲ?

ေနာက္ၿပီး တခ်ိဳ႕ေတြက ရွိေသးတယ္။ နင့္ဟာကလည္း ဝိတ္ကို ဒီေလာက္ ထိန္းခ်ေနတယ္သာ ေျပာတာ ဘာမွလည္းထူးထူးျခားျခား ေျပာင္းလဲသြားတာလည္း မဟုတ္ဘဲနက္ ဆိုတာမ်ိဳး။ ဒီမယ္အမိတို႔။

အမိတို႔က ခႏၶာကိုယ္အေလးခ်ိန္ကို ‘ဘစ္ပတီ၊ ဘာပတီ၊ ဘူး’ လို႔ ႏွင္တံေလး တစ္ခ်က္ေဝွ႕လိုက္တာနဲ႔ ဝုန္းကနဲ က်သြားမယ္ထင္လို႔လား? ေနာက္ၿပီး အဆီ၊ အသားနဲ႔ ႂကြက္သား သင့္တင့္မွ်တၿပီး သူ႔ဘာသာအခ်ိဳးက်က်ရွိေနတဲ့ ခႏၶာကိုယ္ဆိုတာကေရာ ဘယ္လိုပံုစံအေနအထား ရွိသင့္တယ္ဆိုတာမ်ိဳးေရာ ယူတို႔သိလို႔လား? ဝိတ္က်၊ အဆီက်ဖို႔တင္မဟုတ္ဘဲ သူ႔ေနရာနဲ႔သူ အထုအထည္ အဖုအေဖာင္း အမို႔အေမာက္ေလးနဲ႔ က်စ္က်စ္လ်စ္လ်စ္ရွိေနဖို႔ ေဆာ့တာဆိုတာမ်ိဳးေရာ ယူတို႔နားလည္ရဲ႕လား?

အထူးသျဖင့္ မိန္းကေလးေတြရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပံုအရ ေယာက်ာ္းေလးေတြထက္ အဆီပိုမ်ားလို႔ အစားအေသာက္ကို ဒီေလာက္ထိန္းသိမ္းႏိုင္မွ ေတာ္ကာတန္ကာက်တယ္ဆိုတာမ်ိဳးလည္း ယူတို႔သိမွာမဟုတ္ပါဘူးေလ။ အေျခအေနေတြအမ်ားႀကီးရွိတယ္ အရပ္ကတို႔ရဲဲ႕။ ကိုယ္မလုပ္တဲ့အရာတစ္ခုကို သူမ်ားလုပ္တိုင္း ဒင္းအရူးပါကြား ဆိုတာမ်ိဳးေတာ့ မလုပ္ၾကပါနဲ႔။ ေျပာင္းလဲခ်ိန္တန္ေနပါၿပီလို႔။

Related Article >>> ဘယ္သူကမွန္တယ္လို႔ ေျပာလိုက္မွန္းမသိတဲ့ ဝိတ္ေလွ်ာ႔နည္းအလြဲမ်ား

အဲ့ေတာ့ ယူတို႔ေတြ ေနာက္တစ္ခါ ပြဲေတြဘာေတြလုပ္ရင္ “လာရံုနဲ႔တင္ရၿပီ နင့္ဘာသာစားခ်င္စား မစားခ်င္ေန” ဆိုတဲ့ သေဘာမ်ိဳးနဲ႔ပဲ ဖိတ္ေပးပါ။ အတင္းထိုးေကၽြးမယ္၊ ၿဖဲရဲၿပီးစားမွ ရမယ္ဆိုရင္ေတာ့ အိုင့္ခ်ိေဒး အေျခအေနကိုၾကည့္ၿပီး လာခဲ့ပါ့မယ္ေနာ္.. -်င္ေခါင္းက်ယ္တာမဟုတ္သလို ယူတို႔ကိုလည္း တကယ္အရမ္းအားနာလို႔ပါေနာ္။

ၿပီးေတာ့ လာတယ္ဆိုရင္လည္း တစ္ညတစ္ေလ အမုန္းဆြဲ၊ ဗုံးႀကဲၿပီး အားပါးတရစားေသာက္မွာမ်ိဳးရွိသလို ဘာမွမစားဘဲ ဟိုတို႔ဒီတို႔ေလးပဲလုပ္ၿပီး ျပန္သြားရမယ့္ေန႔ေတြလည္းရွိတာမို႔ အိုင့္ကို နားလည္ေပးၾကပါ။ မျဖစ္ျဖစ္ေအာင္ လုပ္ခ်င္ေနတဲ့ အိုင့္စိတ္ေလးကိုလည္း ပါရမီျဖည့္ေပးၾကပါလို႔ ဒီစာေလးကေနတစ္ဆင့္ ေတာင္းဆိုလိုက္ပါတယ္ေနာ္။

ယူတို႔အားလံုးကို ခင္တယ္၊ ခ်စ္လည္းခ်စ္တယ္ဆိုေပမဲ့ အိုင့္ရဲ႕ခႏၶာကိုယ္ေလးကိုလည္း ခ်စ္ရဦးမွာမို႔ အခ်စ္ေပါ့ေနလို႔ မစားတာမဟုတ္ရပါေၾကာင္း ေျပာခ်င္ပါတယ္။

အားလူးကို ခ်လစ္ယူပါရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

“နင်အပိုတွေမလုပ်နဲ့၊ ခုမှ ပဲလာများပြနေတယ်” ဆိုပြီး လူကြားသူကြား ဒေါက်ဖြုတ်တတ်သူများ သေချာဖတ်ပါ

ဒါမျိုးကတော့ ကိုယ်တွေလို လေ့ကျင့်ခန်းအရမ်းလုပ်ပြီး ခန္ဓာကိုယ်ပုံစံကို အသေထိန်းတတ်တဲ့လူတွေနဲ့ သိပ်မစိမ်းဘူးထင်ပါရဲ့။ (အဲ့လိုပဲ ဂျင်းထည့်ရတာပေါ့။ Gym တစ်လလောက်နားနေတာ ဘယ်သူသိတာမှတ်လို့ :P)

လေ့ကျင့်ခန်းတွေ လုပ်ပြီး ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အရာတွေဆို ရှောင်တတ်တဲ့သူတွေ အပြင်ထွက်တဲ့အခါ ကြုံရတဲ့ ပြဿနာ တစ်ခုရှိပါတယ်။ အပြင်ထွက်တယ်ဆိုတာက အများအားဖြင့် ကိုယ့်အလုပ်သဘောအရဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ချိန်းချက်ပြီး သွားသွားလာလာဖြစ်စေ သောက်စားရတဲ့အခါမျိုးတွေကို ဆိုလိုတာပါ။

အထူးသဖြင့် ညဘက်တွေပဲ များတော့ (အေ့လေ.. နေ့ဘက်က အလုပ်လုပ်ရတာ အားမှမအားတာ အားချိန်လေး ဆုံရတာကိုး) ကိုယ့်ရဲ့ Cheat day (စားချင်တာစားတဲ့နေ့) နဲ့ဆိုရင် ဘာမှမဖြစ်ဘူး။ ပွဲတွေကဆက်ပြီး စားသောက်ရတဲ့ နေ့တွေ များလာရင်တော့ ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းနဲ့ မကာမိတာ ဘာညာတွက်ပြီး မစားချင်တော့တဲ့အချိန်မျိုးတွေ ရှိလာတတ်ပါတယ်။ အဲ့အချိန်မှာ သူငယ်ချင်းတွေကတော့ ‘မင်းကွာ တစ်ရက်တစ်လေလေးပဲကို ဘာဖြစ်နေတာလဲ’ ဆိုပြီး အတင်းပြော အတင်းကျွေးတတ်ကြတာမို့ ဒီစာလေးကို ဒင်းတို့ဆီ အိတ်ဖွင့်ပေးစာအနေနဲ့ ရေးလိုက်ပါတယ်နော်။

ယူတို့တွေ ဟိုနားဒီနားလေး ၅ မိနစ်လောက်ပြေးရင်တောင် လျှာတစ်လစ် ဟောဟဲလိုက်ပြီး အရမ်းမောတတ်ကြတယ်မလား? အိုင်တို့ကလေ ၁ နာရီစာလောက်ကို မခိုမကပ်ဘဲ ငါ ၆ ဖုထွက်ရမယ်ဟဲ့၊ ငါလက်မောင်းသားတွေ ကြွက်သားအဖုအထစ်နဲ့ ကြည့်ကောင်းလာရမယ်ဟဲ့၊ ဝတဲ့လူဆိုရင်လည်း ဘယ်လောက်အတွင်း ဝိတ်ဘယ်နှစ်ပေါင်ကျရမယ်ဟဲ့ စသည်ဖြင့် ကြွေးကြော်ပြီး တကယ်ကိုထိထိရောက်ရောက် လုပ်ရတဲ့လူတွေမို့ ဘယ်အစားအသောက်က ဘယ်လောက်ကယ်လိုရီ၊ ဘယ်ဖျော်ရည်ကတော့ ဘယ်လောက်သကြားပါတယ်၊ ဘယ်အရက်ကတော့ ဘယ်လိုမျိုး စသည်ဖြင့် တွက်ချက်ပြီးစားမှ ကိုယ်ဆော့ထားတာနဲ့ တော်ကာတန်ကာကျမှာဆိုတာ ယူတို့သိရင် သိပ်ကောင်းမှာပဲ။

တစ်ပတ်မှာ တစ်ရက်လောက်က ဖြဲရဲပြီး စားလို့ အဆင်ပြေပေမဲ့ ပွဲဆက်တွေ အရမ်းများလာရင်တော့ အဲ့နှုန်းအတိုင်း ဆက်စားရင် ကျန်းမာတဲ့ ဝက်ကြီးပဲ ဖြစ်လာမှာပေါ့။ နောက်ပြီး အိုင်တို့လည်း လူတွေထဲက လူပါပဲ။ ယူတို့စားသောက်သလို အိုင်တို့လည်း အတင်းနင်းကန် စားချင်တာပေါ့။ ဒါပေမဲ့လည်း ကိုယ်က တခြားလူတွေမှာ မရှိတဲ့ အရာမျိုးလိုချင်တာမို့ တခြားလူတွေထက် ပိုသည်းခံရပြီး ပိုထိန်းရမယ်လေ။ အဲဒါကို ယူတို့က စွပိုတွေလုပ်နေတာတို့၊ သက်သက်မဲ့ ဒုက္ခခံနေတာတို့၊ ပဲများပြနေတာတို့ ကြိုက်သလိုပြောနေကြတော့ ဘယ့်နှယ်လုပ်ရမလဲ… စောင့်ကြည့်ပါ.. အချိန်က စကားပြောသွားပါလိမ့်မယ်ဆိုတဲ့ စကားပဲ ပြန်ပြောရတော့မှာပေါ့..

Related Article >>> မိန်းကလေးတွေဘာလို့ Gym ဆော့ရမှာကို ကြောက်ကြတာလဲ?

နောက်ပြီး တချို့တွေက ရှိသေးတယ်။ နင့်ဟာကလည်း ဝိတ်ကို ဒီလောက် ထိန်းချနေတယ်သာ ပြောတာ ဘာမှလည်းထူးထူးခြားခြား ပြောင်းလဲသွားတာလည်း မဟုတ်ဘဲနက် ဆိုတာမျိုး။ ဒီမယ်အမိတို့။ အမိတို့က ခန္ဓာကိုယ်အလေးချိန်ကို ‘ဘစ်ပတီ၊ ဘာပတီ၊ ဘူး’ လို့ နှင်တံလေး တစ်ချက်ဝှေ့လိုက်တာနဲ့ ဝုန်းကနဲ ကျသွားမယ်ထင်လို့လား? နောက်ပြီး အဆီ၊ အသားနဲ့ ကြွက်သား သင့်တင့်မျှတပြီး သူ့ဘာသာအချိုးကျကျရှိနေတဲ့ ခန္ဓာကိုယ်ဆိုတာကရော ဘယ်လိုပုံစံအနေအထား ရှိသင့်တယ်ဆိုတာမျိုးရော ယူတို့သိလို့လား? ဝိတ်ကျ၊ အဆီကျဖို့တင်မဟုတ်ဘဲ သူ့နေရာနဲ့သူ အထုအထည် အဖုအဖောင်း အမို့အမောက်လေးနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိနေဖို့ ဆော့တာဆိုတာမျိုးရော ယူတို့နားလည်ရဲ့လား?

အထူးသဖြင့် မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ယောကျာ်းလေးတွေထက် အဆီပိုများလို့ အစားအသောက်ကို ဒီလောက်ထိန်းသိမ်းနိုင်မှ တော်ကာတန်ကာကျတယ်ဆိုတာမျိုးလည်း ယူတို့သိမှာမဟုတ်ပါဘူးလေ။ အခြေအနေတွေအများကြီးရှိတယ် အရပ်ကတို့ရဲ့။ ကိုယ်မလုပ်တဲ့အရာတစ်ခုကို သူများလုပ်တိုင်း ဒင်းအရူးပါကွား ဆိုတာမျိုးတော့ မလုပ်ကြပါနဲ့။ ပြောင်းလဲချိန်တန်နေပါပြီလို့။

Related Article >>> ဘယ်သူကမှန်တယ်လို့ ပြောလိုက်မှန်းမသိတဲ့ ဝိတ်လျှော့နည်းအလွဲများ

အဲ့တော့ ယူတို့တွေ နောက်တစ်ခါ ပွဲတွေဘာတွေလုပ်ရင် “လာရုံနဲ့တင်ရပြီ နင့်ဘာသာစားချင်စား မစားချင်နေ” ဆိုတဲ့ သဘောမျိုးနဲ့ပဲ ဖိတ်ပေးပါ။ အတင်းထိုးကျွေးမယ်၊ ဖြဲရဲပြီးစားမှ ရမယ်ဆိုရင်တော့ အိုင့်ချိဒေး အခြေအနေကိုကြည့်ပြီး လာခဲ့ပါ့မယ်နော်.. -ျင်ခေါင်းကျယ်တာမဟုတ်သလို ယူတို့ကိုလည်း တကယ်အရမ်းအားနာလို့ပါနော်။ ပြီးတော့ လာတယ်ဆိုရင်လည်း တစ်ညတစ်လေ အမုန်းဆွဲ၊ ဗုံးကြဲပြီး အားပါးတရစားသောက်မှာမျိုးရှိသလို ဘာမှမစားဘဲ ဟိုတို့ဒီတို့လေးပဲလုပ်ပြီး ပြန်သွားရမယ့်နေ့တွေလည်းရှိတာမို့ အိုင့်ကို နားလည်ပေးကြပါ။ မဖြစ်ဖြစ်အောင် လုပ်ချင်နေတဲ့ အိုင့်စိတ်လေးကိုလည်း ပါရမီဖြည့်ပေးကြပါလို့ ဒီစာလေးကနေတစ်ဆင့် တောင်းဆိုလိုက်ပါတယ်နော်။

ယူတို့အားလုံးကို ခင်တယ်၊ ချစ်လည်းချစ်တယ်ဆိုပေမဲ့ အိုင့်ရဲ့ခန္ဓာကိုယ်လေးကိုလည်း ချစ်ရဦးမှာမို့ အချစ်ပေါ့နေလို့ မစားတာမဟုတ်ရပါကြောင်း ပြောချင်ပါတယ်။

အားလူးကို ချလစ်ယူပါရှင်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed