Beauty Fitness Knowledge

ဒီလို (၅)မိနစ်နေနိင်ရင် တစ်လအတွင်း ဒီခန္ဓာကိုယ်ရပြီ။

ပျော်ပြီလေ…တစ်လအတွင်းတဲ့။

တစ်နေ့မှာ (၅)မိနစ်ဆိုတဲ့အချိန် လေ့ကျင့်ခန်း လုပ်ရုံနဲ့ လူတိုင်းအားကျရမယ့် ခန္ဓာကိုယ်ရမယ်ဆိုတော့ ရှယ်ပေါ့နော်။ လေ့ကျင့်ခန်းလုပ်ဖို့ (၅)မိနစ်ပေးနိုင်လား?ပေးနိုင်တာပေါ့။ ဖေ့စ်ဘွတ်သုံးနေရင်းတောင် (၅)မိနစ် ကုန်လို့ ကုန်မှန်းမသိ ကုန်သွားတာ။ (၅)မိနစ်တော့ အေးဆေး။ လေ့ကျင့်ခန်းကရော…မခက်ပါဘူး။ ဘာမှကို မလှုပ်ရတာ။စိတ်ဝင်စားသွားပြီဟုတ်?
ဒီလေ့ကျင့်ခန်းကတော့ တခြားမဟုတ်ပါဘူး။Plank လေ့ကျင့်ခန်းပါ။ခန္ဓာကိုယ်က ငြိမ်နေရတယ်ဆိုပေမယ့် ခန္ဓာကိုယ်က ကြွက်သားတွေ အကုန်လုံး အလုပ်လုပ်ရတာပါ။ ဝမ်းဗိုက်ကြွက်သားကျောရိုး တလျှောက်၊လက်မောင်းးခြေထောက်အကုန်ပါပဲ။

လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကတော့
(၁)ကြမ်းပြင်ပေါ်ကို ကြမ်းပြင်ပေါ်တွန်းတဲ့ ပုံစံနဲ့ မှောက်ချပါ။
(၂)တံတောင်ဆစ်ကို (၉၀)ဒီဂရီ ကွေးချလိုက်ပါ။လက်မောင်းနဲ့ တစ်ကိုယ်လုံးကို ထိန်းထားပါ။
(၃)ခန္ဓာကိုယ်ကို တဖြောင့်တည်းထားပါ။ ဒူးခေါင်းတွေဘာတွေ ကွေးမနေပါစေနဲ့။
(၄)မျက်လုံးက ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေပါ။
(၅)အသက်ပုံမှန်ရှူဖို့ မမေ့ပါနဲ့။ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ်လုပ်ပါ။
(၆)တတ်နိုင်သလောက် ကြာကြာနေကြည့်ပါ။ (ပထမဆုံး စလုပ်တာဆို စက္ကန့် (၂၅)လောက် လုပ်နိုင်ရင် ဆရာကြီးပါပဲ။အက်ဒမင်ဆို (၁၅)စက္ကန့်လောက်နဲ့ လဲကျတာ။:D)
(၇)ရပ်တဲ့အခါ ချက်ချင်းကြီးမတ်တပ်မထပါနဲ့။ မှောက်ပြီး ခဏအမောဖြေပြီးမှ ထပါ။(အိပ်တော့ ပြန်မအိပ်လိုက်ပါနဲ့။မောတယ်ဆိုပြီး မှောက်ပြီး အမောဖြေလိုက်တာ အိပ်ပျော်သွားပါတယ်။ ကိုယ်တွေ့ပါ။ :D)

အဆင့်ဆင့်သေချာ သိရအောင် အောက်မှာ ဗီဒီယိုပေးထားပါတယ်။

Related Article: ညအချိန်တွေမှာ လုပ်မိရင် ဝိတ်တက်မယ့် အကျင့်ဆိုးများ

 

 

ပျိုမေတို့ တစ်လအတွင်း ကျစ်လျစ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ နေ့တိုင်းတော့ ဒီလို (၅)မိနစ် နေစရာမလိုပါဘူး။စစချင်း စက္ကန့်(၂၀)ကနေ တစ်ဆင့်ပြီး တစ်ဆင့် အချိန်တိုးသွားရုံပါ။ အောက်မှာ ဇယားလေးပြထားပါတယ်။ တစ်ခုရှိတာက သူနားဆိုတဲ့အချိန်မှာ အရှင်းမနားဘဲ အနည်းဆုံး စက္ကန့်(၂၀)လုပ်ပေးဖို့ပါ။ ဘာလို့လဲဆိုတော့ နားလိုက်တဲ့အခါ ခန္ဓာကိုယ်ကအရှိန်ရပ်သလိုဖြစ်ပြီး နောက်နေ့ပြန်ကစားရင် ပိုနာလို့ပါ။

 

 Plank လေ့ကျင့်ခန်းက ပထမစစချင်းတော့ လွယ်သယောင်ယောင်ပါ။ လုပ်ကြည့်တဲ့အခါ အချိန်ဆက်တိုးဖို့ မနည်းတောင့်ခံရတာပါ။ သတိချပ်စေချင်တာက စိတ်ကိုစူးစိုက်ပြီး အသက်မှန်မှန် ရှူပေးဖို့ပါပဲ။(မဟုတ်ရင် သွေးအားနည်းတတ်တဲ့သူမျိုးတွေဆို မူးမော်တာမျိုးတွေဖြစ်တတ်ပါတယ်။)ဒီ plank လေ့ကျင့်ခန်း လုပ်တဲ့အခါ အရင်ကထက် ပိုပြီးတော့လည်း အကြောတွေပျော့လာပါတယ်။အရင်ကထက် ပိုပြီး သွက်သွက်လက် လှုပ်ရှားနိုင်လာတယ်။ စိတ်လည်း ပိုပြီး လန်းလန်းဆန်းဆန်း ရှိလာတယ်။ ပျိုမေတို့လည်း စမ်းကြည့်ပါ။ စစချင်းမှာ နာတယ်ဆိုပြီး အားမလျှော့သွားပါနဲ့နော်။ ဆက်လုပ်ကြည့်ပါ။ အကျိုးရလဒ်ကို ကိုယ်ကိုယ်တိုင် ခံစားကြည့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *