Fitness

ဒီႏွစ္ထဲ သယ္မလာသင့္ေတာ့တဲ့ gym အယူအဆမွားမ်ား

ပိန္မွလွတာ၊ အစားမစားဘဲ ေနမွ ဝိတ္က်မွာ စတဲ့အယူအဆေတြက မွန္ရဲ႕လား????

ေလ့က်င့္ခန္းလုပ္တာနဲ႔ ပတ္သက္ၿပီး တစ္ေယာက္တစ္ေပါက္နဲ႔ ဆရာမ်ားသားေသ အၾကံဉာဏ္ေပါင္း တစ္သိန္းေျခာက္ေသာင္းေလာက္ဝိုင္းေပးၿပီး အခုခ်ိန္ဘယ္ဟာအမွန္၊ ဘယ္ဟာအမွားမွန္းေသခ်ာမသိေသးတဲ့ေယာင္းေတြ ခ်ီးယားစ္ပါေနာ္။ ၂၀၁၉ လည္း ေရာက္ေနၿပီ အခုထိ ထိုင္ေနရာက မထေသးဘူး။ ငိုေနပါၿပီ ခ်ိမေရ :’) အဲ့ေတာ့ မေဆာ့ရေသးမယ့္အတူတူ မွားႏိုင္ေျခရွိေနေသးတဲ့ အယူအဆေတြကို ထပ္ေျပာဦးမယ္။ သိခ်င္သြားၿပီမလား??? ဆက္ဖတ္လိုက္ပါေတာ့ယူ…

ပိန္မွက်န္းမာတာ။

အင္စတာဂရမ္က ေကာင္မေလးပံုေတြကိုၾကည့္ၿပီး ပိန္ၿပီးသြယ္လ်ေနမွ က်န္းမာတာဆိုတဲ့အသိကို ေခါင္းထဲက ထုတ္လိုက္ပါေတာ့ေနာ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္က မ်ိဳးရိုးဗီဇ၊ ခႏၶာကိုယ္ တည္ေဆာက္ပံုေတြအေပၚ မူတည္ၿပီး ခႏၶာကိုယ္ပံုစံေလးေတြက မတူပါဘူးေနာ္။ ကိုယ္ကပိန္မေနလို႔ဆိုၿပီး စိတ္ဓာတ္က်စရာလည္း တစ္စိမွ မရွိပါဘူး။ ဖ်တ္ဖ်တ္လတ္လတ္ရွိေနရင္၊ သန္စြမ္းေနရင္ ဒါကက်န္းမာတာပါပဲ။ ဒါေၾကာင့္ ပိန္ဖို႔ေလ့က်င့္ခန္းမလုပ္ပါနဲ႔၊ ပိန္ဖို႔ဝိတ္မေလွ်ာ႔ပါနဲ႔။ က်န္းမာေရးေကာင္းဖို႔အတြက္ပဲ ေလ့က်င့္ခန္းကိုပံုမွန္လုပ္ၿပီး ခႏၶာကိုယ္အတြက္ အက်ိဳးျဖစ္ေစမယ့္ အစားအေသာက္ေတြကို ပံုမွန္စားပါ။

Related Article >>> ားေသာက္ဆိုင္ေတြမွာ ဝယ္စားရလို႔ဝိတ္မက်တာဆိုတဲ့ ဆင္ေျခေတြနားလိုက္ေတာ့…

အစာမစားဘဲ ေလ့က်င့္ခန္းလုပ္ရင္ ဝိတ္ပိုက်တယ္။

ေလ့က်င့္ခန္းမလုပ္ခင္လည္း မစား၊ ေလ့က်င့္ခန္း လုပ္ၿပီးတဲ့အခ်ိန္က်ရင္လည္း မစားနဲ႔ဆိုရင္ေတာ့ ခ်ိမ အစာအိမ္ျဖစ္ေတာ့မယ္ေနာ္။ ဘယ္အရာမဆို တန္ေဆးလြန္ေဘး ေယာင္းရဲ႕။ အမ်ားႀကီးစားရင္ ဝိတ္တက္ေစသလို လံုးဝမစားရင္လည္း မက်န္းမာတဲ့အျပင္ ေရာဂါပါပိုတိုးလာဦးမယ္။ ေနာက္ၿပီး ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္မွာ ႏွင္းတို႔ရဲ႕ခႏၶာကိုယ္မွာရွိတဲ့ အားအင္ေတြကို ေလာင္ကၽြမ္းေစတာျဖစ္တဲ့အတြက္ ေလာင္ကၽြမ္းစရာမရွိတဲ့အခါ အားမရွိဘဲ အေလးေတြကို မ,မႏိုင္တာမ်ိဳး၊ အေမာမခံႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အစာမစားဘဲ ေလ့က်င့္ခန္းလုပ္တဲ့ အက်င့္ရွိရင္ေတာ့ ေဖ်ာက္ေပးပါလို႔။ (မစားဘဲေနမွာေတာ့ မဟုတ္ပါဘူးေလ :P)

ေလ့က်င့္ခန္းလုပ္တဲ့အခါ ခႏၶာကိုယ္က နာေလ ေကာင္းေလပဲ။

ပယ္သူေျပာတာလဲ အဲဒါ။ ရုပ္ရွင္ထဲမွာေတြ႔ရတဲ့ ဗလနဲ႔ လူႀကီးေတြ တအီးအီး တအားအားေအာ္၊ အံႀကီးႀကိတ္ၿပီး အေလးေတြ မ,ေနတယ္ဆိုတာ နာလို႔မဟုတ္ဘူး။ မာဆယ္ေတြထြက္ေအာင္ ကိုယ့္မွာရွိတဲ့ အားအကုန္လံုးကို နားထင္ေၾကာေတြ ေထာင္ေနေအာင္ ထုတ္သံုးရတာမို႔ အသံထြက္တာပါ။ အဲဒါေၾကာင့္ အကယ္၍ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခုက နာေနၿပီဆိုရင္ေတာ့ တစ္ခုခုမွားေနပါၿပီ။

မ်ားမ်ားေျပးတာက ဒူးေခါင္းကိုထိေစတယ္။

ဒါကေလ မွန္လည္းမွန္သလို မွားလည္းမွားတယ္လို႔ ေျပာရမယ့္ အေနအထားပဲ။ ဘာလို႔လဲဆိုေတာ့ ပံုမွန္လူတစ္ေယာက္ အေနနဲ႔ ေျပးႏိုင္တဲ့ အေနအထားတစ္ခုေလာက္ပဲ ေျပးမယ္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ ေကာင္းတယ္လို႔ ဆိုေပမဲ့ မႏိုင္ဝန္ႀကီးကို ထမ္းၿပီး ျဖစ္ခ်င္ေဇာနဲ႔ စြတ္ေျပးရင္ေတာ့ ေျခလွမ္းမွားသြားတဲ့အခ်ိန္ ဒူးေခါင္းမွာ ဒဏ္ျဖစ္တတ္ၿပီး ထိခိုက္ေစႏိုင္ပါတယ္။ အကယ္၍ ကိုယ္လုပ္ႏိုင္တဲ့ႏႈန္းကို တိုးခ်င္ရင္ေတာ့ အမ်ားႀကီး တန္းတိုးခ်လိုက္တာထက္ ျဖည္းျဖည္းခ်င္းတိုးတာက ေယာင္းရဲ႕ခႏၶာကိုယ္အတြက္ ပိုၿပီးေကာင္းမြန္ေစပါတယ္။

Related Article >>> ႏွစ္သစ္မွာ ဒီေလ့က်င့္ခန္းေတြမွမလုပ္ရင္ ေယာင္းဝိတ္က်ဖို႔လမ္းမျမင္ေတာ့ပါဘူး…

အားကစားလုပ္တာက ဉာဏ္ပိုေကာင္းေစတယ္။

ဒါတစ္ခုေတာ့ မွန္တယ္သလား။ ေလ့က်င့္ခန္းလုပ္တာက ကိုယ့္ရဲ႕ခႏၶာကိုယ္ကို အလုပ္ေပးရံုတင္မကဘဲ ကိုယ့္ရဲ႕ဦးေႏွာက္ပိုပါ အလုပ္ေပးတာမို႔ ဉာဏ္လည္းပိုေကာင္းေစပါတယ္တဲ့။ အဓိကအားျဖင့္ ဦးေႏွာက္ရဲ႕မွတ္ႏိုင္စြမ္းကို ပိုၿပီးေကာင္းေစတာမို႔ အသစ္ေတြကို ေလ့လာသင္ယူတဲ့အခါ ပိုၿပီးအေထာက္အကူျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေက်ာင္းေနအရြယ္ ေက်ာင္းသား၊ ေက်ာင္းသူေလးေတြ အေနနဲ႔လည္း စာပဲ ဖိလုပ္ေနတာမ်ိဳးမဟုတ္ဘဲ ေလ့က်င့္ခန္းကိုလည္း အခ်ိန္ေလးအနည္းငယ္ ေပးၿပီးေတာ့ပဲျဖစ္ျဖစ္ လုပ္သင့္ပါတယ္ေနာ္။

ဒီအခ်က္ေလးေတြကေတာ့ ေလ့က်င့္ခန္းလုပ္တာ၊ အားကစားလုပ္တာနဲ႔ ပတ္သက္ၿပီး ထပ္မမွားသင့္ေတာ့တဲ့ အခ်က္ေလးေတြပါ။ (ေနာက္ဆံုးတစ္ခ်က္က လြဲၿပီးေပါ့ေနာ္။) ဘာပဲျဖစ္ျဖစ္ ကိုယ္အားထုတ္လိုက္ရတဲ့ အတိုင္းအတာကိုလိုက္ၿပီး သူသူကိုယ္ကိုယ္ကေတာ့ ရလဒ္ထြက္ခ်င္မွာပဲေလ။ အဲဒါေၾကာင့္ Gym မေဆာ့ရေသးရင္လည္း ဒီစာေလးဖတ္ၿပီး သြားေဆာ့ၾကပါ ခ်ိမတို႔ေရးးး။

Hnin Ei Oo (For Her Myanmar)

References : activeexperiencelife

<<< Unicode >>>

ပိန်မှလှတာ၊ အစားမစားဘဲ နေမှဝိတ်ကျမှာ စတဲ့အယူအဆတွေက မှန်ရဲ့လား????

လေ့ကျင့်ခန်းလုပ်တာနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်ပေါက်နဲ့ ဆရာများသားသေ အကြံဉာဏ်ပေါင်း တစ်သိန်းခြောက်သောင်းလောက်ဝိုင်းပေးပြီး အခုချိန်ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားမှန်းသေချာမသိသေးတဲ့ယောင်းတွေ ချီးယားစ်ပါနော်။ ၂၀၁၉ လည်း ရောက်နေပြီ အခုထိ ထိုင်နေရာက မထသေးဘူး။ ငိုနေပါပြီ ချိမရေ :’) အဲ့တော့ မဆော့ရသေးမယ့်အတူတူ မှားနိုင်ခြေရှိနေသေးတဲ့ အယူအဆတွေကို ထပ်ပြောဦးမယ်။ သိချင်သွားပြီမလား??? ဆက်ဖတ်လိုက်ပါတော့ယူ…

ပိန်မှကျန်းမာတာ။

အင်စတာဂရမ်က ကောင်မလေးပုံတွေကိုကြည့်ပြီး ပိန်ပြီးသွယ်လျနေမှ ကျန်းမာတာဆိုတဲ့အသိကို ခေါင်းထဲက ထုတ်လိုက်ပါတော့နော်။ လူတစ်ယောက်နဲ့တစ်ယောက်က မျိုးရိုးဗီဇ၊ ခန္ဓာကိုယ် တည်ဆောက်ပုံတွေအပေါ် မူတည်ပြီး ခန္ဓာကိုယ်ပုံစံလေးတွေက မတူပါဘူးနော်။ ကိုယ်ကပိန်မနေလို့ဆိုပြီး စိတ်ဓာတ်ကျစရာလည်း တစ်စိမှ မရှိပါဘူး။ ဖျတ်ဖျတ်လတ်လတ်ရှိနေရင်၊ သန်စွမ်းနေရင် ဒါကကျန်းမာတာပါပဲ။ ဒါကြောင့် ပိန်ဖို့လေ့ကျင့်ခန်းမလုပ်ပါနဲ့၊ ပိန်ဖို့ဝိတ်မလျှော့ပါနဲ့။ ကျန်းမာရေးကောင်းဖို့အတွက်ပဲ လေ့ကျင့်ခန်းကိုပုံမှန်လုပ်ပြီး ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေမယ့် အစားအသောက်တွေကို ပုံမှန်စားပါ။

Related Article >>> ားသောက်ဆိုင်တွေမှာ ဝယ်စားရလို့ဝိတ်မကျတာဆိုတဲ့ ဆင်ခြေတွေနားလိုက်တော့…

အစာမစားဘဲ လေ့ကျင့်ခန်းလုပ်ရင် ဝိတ်ပိုကျတယ်။

လေ့ကျင့်ခန်းမလုပ်ခင်လည်း မစား၊ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အချိန်ကျရင်လည်း မစားနဲ့ဆိုရင်တော့ ချိမ အစာအိမ်ဖြစ်တော့မယ်နော်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ယောင်းရဲ့။ အများကြီးစားရင် ဝိတ်တက်စေသလို လုံးဝမစားရင်လည်း မကျန်းမာတဲ့အပြင် ရောဂါပါပိုတိုးလာဦးမယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ နှင်းတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အားအင်တွေကို လောင်ကျွမ်းစေတာဖြစ်တဲ့အတွက် လောင်ကျွမ်းစရာမရှိတဲ့အခါ အားမရှိဘဲ အလေးတွေကို မ,မနိုင်တာမျိုး၊ အမောမခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာမစားဘဲ လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ရှိရင်တော့ ဖျောက်ပေးပါလို့။ (မစားဘဲနေမှာတော့ မဟုတ်ပါဘူးလေ :P)

လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က နာလေ ကောင်းလေပဲ။

ပယ်သူပြောတာလဲ အဲဒါ။ ရုပ်ရှင်ထဲမှာတွေ့ရတဲ့ ဗလနဲ့ လူကြီးတွေ တအီးအီး တအားအားအော်၊ အံကြီးကြိတ်ပြီး အလေးတွေ မ,နေတယ်ဆိုတာ နာလို့မဟုတ်ဘူး။ မာဆယ်တွေထွက်အောင် ကိုယ့်မှာရှိတဲ့ အားအကုန်လုံးကို နားထင်ကြောတွေ ထောင်နေအောင် ထုတ်သုံးရတာမို့ အသံထွက်တာပါ။ အဲဒါကြောင့် အကယ်၍ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုက နာနေပြီဆိုရင်တော့ တစ်ခုခုမှားနေပါပြီ။

များများပြေးတာက ဒူးခေါင်းကိုထိစေတယ်။

ဒါကလေ မှန်လည်းမှန်သလို မှားလည်းမှားတယ်လို့ ပြောရမယ့် အနေအထားပဲ။ ဘာလို့လဲဆိုတော့ ပုံမှန်လူတစ်ယောက် အနေနဲ့ ပြေးနိုင်တဲ့ အနေအထားတစ်ခုလောက်ပဲ ပြေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုပေမဲ့ မနိုင်ဝန်ကြီးကို ထမ်းပြီး ဖြစ်ချင်ဇောနဲ့ စွတ်ပြေးရင်တော့ ခြေလှမ်းမှားသွားတဲ့အချိန် ဒူးခေါင်းမှာ ဒဏ်ဖြစ်တတ်ပြီး ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ ကိုယ်လုပ်နိုင်တဲ့နှုန်းကို တိုးချင်ရင်တော့ အများကြီး တန်းတိုးချလိုက်တာထက် ဖြည်းဖြည်းချင်းတိုးတာက ယောင်းရဲ့ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းမွန်စေပါတယ်။

Related Article >>> နှစ်သစ်မှာ ဒီလေ့ကျင့်ခန်းတွေမှမလုပ်ရင် ယောင်းဝိတ်ကျဖို့လမ်းမမြင်တော့ပါဘူး…

အားကစားလုပ်တာက ဉာဏ်ပိုကောင်းစေတယ်။

ဒါတစ်ခုတော့ မှန်တယ်သလား။ လေ့ကျင့်ခန်းလုပ်တာက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အလုပ်ပေးရုံတင်မကဘဲ ကိုယ့်ရဲ့ဦးနှောက်ပိုပါ အလုပ်ပေးတာမို့ ဉာဏ်လည်းပိုကောင်းစေပါတယ်တဲ့။ အဓိကအားဖြင့် ဦးနှောက်ရဲ့မှတ်နိုင်စွမ်းကို ပိုပြီးကောင်းစေတာမို့ အသစ်တွေကို လေ့လာသင်ယူတဲ့အခါ ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူလေးတွေ အနေနဲ့လည်း စာပဲ ဖိလုပ်နေတာမျိုးမဟုတ်ဘဲ လေ့ကျင့်ခန်းကိုလည်း အချိန်လေးအနည်းငယ် ပေးပြီးတော့ပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်နော်။

ဒီအချက်လေးတွေကတော့ လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာနဲ့ ပတ်သက်ပြီး ထပ်မမှားသင့်တော့တဲ့ အချက်လေးတွေပါ။ (နောက်ဆုံးတစ်ချက်က လွဲပြီးပေါ့နော်။) ဘာပဲဖြစ်ဖြစ် ကိုယ်အားထုတ်လိုက်ရတဲ့ အတိုင်းအတာကိုလိုက်ပြီး သူသူကိုယ်ကိုယ်ကတော့ ရလဒ်ထွက်ချင်မှာပဲလေ။ အဲဒါကြောင့် Gym မဆော့ရသေးရင်လည်း ဒီစာလေးဖတ်ပြီး သွားဆော့ကြပါ ချိမတို့ရေးးး။

Hnin Ei Oo (For Her Myanmar)

References : activeexperiencelife

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *