Fitness

စိတ္ညစ္တိုင္း အစားေတြခ်ည္း လွိမ့္စားတတ္ေသာ မမထံသို႔ေပးစာ။

ဖြတ္မရ ဓားမဆံုးအကြက္ေတြ ျဖစ္ကုန္မယ္ေနာ္… သိဘို႔။

‘ငါ့အိုပါးရည္းစားရသြားၿပီ အမေလး အဟင့္ရြတ္’

အသံၿပဲႀကီးနဲ႔ေအာ္ေနလို႔ သူ႔လက္ထဲကိုၾကည့္လိုက္တဲ့အခ်ိန္မွာ ဟင္… အာလူးေၾကာ္ႏွစ္ထုပ္၊ ေရခဲမုန္႔ဘူးႀကီးတစ္ဘူးနဲ႔ ကိုလာတစ္ဘူးကို ဘယ္ညာညွပ္ၿပီး စိန္ေျပနေျပတြယ္ေနပါ့လား။

‘ဟဲ့ နင္ဘာၾကည့္တာလဲ။ ငါ ဒီမွာဝမ္းနည္းလြန္းလို႔ အစားနဲ႔ေျဖသိမ့္ေနရတာ’

ေၾသာ္ အင္းပါေပါ့။ ေခါင္းတညိတ္ညိတ္နဲ႔ လုပ္စရာရွိတာ ဆက္လုပ္ေနတဲ့အခ်ိန္ ရုတ္တရက္ ‘အားးးးး’ ဆိုတဲ့ အသံနက္ႀကီးၾကားလိုက္လို႔ ေျပးၾကည့္တဲ့အခါ…

‘လုပ္ပါဦးကမရယ္။ ငါဘာမွလည္း မစားရေသးဘူး ဝိတ္က ခ်က္ခ်င္းတက္သြားတယ္ ဘယ္လိုလုပ္ရမလဲ အဟင့္။ အိုပါးမရွိတဲ့ဘဝမွာ ဒီလိုပရမ္းပတာေတြ ျဖစ္ေနၿပီ အိုပါးရဲ႕။’

မဆီမဆိုင္ အိုပါးကိုတ,ၿပီး ငိုေနလိုက္တာ။ “ဒီမွာ အယ္မ…  အယ္မ ဒီလိုမ်ိဳးဝိတ္တက္တာ အိုပါးေၾကာင့္မဟုတ္ဘဲ အယ္မကိုယ္တိုင္ ဖန္တီးယူေနတာပါေနာ္” ဆိုတဲ့ တစ္ခြန္းပဲ ကိုယ့္မွာ ေျပာႏိုင္ေတာ့တယ္။ အဲဒါကို ဘယ္လိုေခၚလဲဆိုေတာ့…

Related Article >>> ကိုယ္အခုမ,ေနတဲ့အေလးေတြက ကိုယ့္အတြက္ တကယ္ကိုဂိတ္ဆံုးအေလးေတြလား?

Emotional Eating (စိတ္ညစ္တိုင္းအစားစြတ္စားျခင္း) ဆိုတာ ေယာင္းတို႔ရဲ႕ ဝိတ္ကို အခ်ိန္တစ္ခဏအတြင္းတက္ေစတဲ့ အဓိကတရားခံပါပဲ။ အထူးသျဖင့္ ကိုယ့္စိတ္ ကကေယာင္ကတမ္းျဖစ္ေနတဲ့အခ်ိန္မွာ ဒီလိုအစားအေသာက္ေတြကို စိတ္ေျဖရာတစ္ခုအေနနဲ႔ စားလိုက္တာဟာ အထိန္းအကြပ္မရွိဘဲ ကိုယ္ထည့္သေလာက္ဝင္ေနမွာျဖစ္သလို ဦးေႏွာက္ကလည္း ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိႏိုင္ပါဘူး။ ေနာက္ၿပီး ျမင္ျမင္ရာ စားမယ္ဆိုတဲ့ စိတ္မ်ိဳးပဲျဖစ္ေနမွာမို႔ ဒီအစားအေသာက္က က်န္းမာေရးနဲ႕ ညီညြတ္လား? ကိုယ္နဲ႔တည့္ရဲ႕လား စတာေတြကို စဥ္းစားေတာ့မွာ မဟုတ္ဘဲ စားခ်င္သလိုစားျဖစ္ေနေတာ့ ခ်က္ခ်င္းေလထိုးသလို ဝ,လာပါလိမ့္မယ္ေနာ္။

ေနာက္ထပ္ထူးျခားတာတစ္ခုက Emotional Eating ဆိုတာမ်ိဳးသည္ စိတ္ညစ္တဲ့အခ်ိန္ တစ္ခုတည္းတင္ ျဖစ္တာမ်ိဳးမဟုတ္ဘဲ ကိုယ့္ကိုယ္ကိုယ္ အရမ္းထိန္းခ်ဳပ္လြန္းတဲ့လူေတြမွာလည္း ျဖစ္တတ္ပါတယ္တဲ့။

အနီးစပ္ဆံုးေျပာရရင္ ဝိတ္ခ်ေနလို႔ ဟိုဟာမစားဘူး၊ ဒီဟာမစားဘူး၊ အရြက္ျပဳတ္ပဲစားမယ္၊ ထမင္းနဲ႔ဟင္းဆို အနံ႕ေတာင္မရွဴဘူး။ စသည္ျဖင့္ အလြန္အက်ဴးဝိတ္ခ်တတ္တဲ့လူေတြမွာလည္း ျဖစ္တတ္ပါတယ္။ ဒီလို ကိုယ့္ကိုယ္ကိုယ္ အရမ္းထိန္းခ်ဳပ္တဲ့လူေတြက သိစိတ္မွာေတာ့ သိပ္မသိသာေပမဲ့ မသိစိတ္ထဲမွာေတာ့ သူ႔ရဲ႕စားခ်င္စိတ္ကို အတင္းမ်ိဳသိပ္ထားသမွ်ေတြက တျဖည္းျဖည္းစုလာၿပီး ေနာက္ဆံုးေပါက္ထြက္လာတဲ့အခါ တျခားလူေတြထက္ ႏွစ္ဆ၊ သံုးဆမက ပိုၿပီးစားေသာက္တတ္ပါတယ္။ အဲဒါကလည္း ကိုယ္အားထုတ္သမွ် တစ္ခဏေလးနဲ႔ လံုးဝေရစံုေမ်ာလိုက္ရသလို ျဖစ္ေနပါလိမ့္မယ္။

Related Article >>> ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကခုန္ၿပီး ဝိတ္ခ်လို႔ရတယ္ဆိုတာ Zumba အားကစားက သက္ေသပါပဲ။

ကဲ ဒီေတာ့ ဘယ္လိုလုပ္ၾကမတုန္း? လြယ္လြယ္ေလးပါေနာ္။ စိတ္ညစ္တိုင္း အစားစားတတ္တဲ့ ေယာင္းေလးေတြကေတာ့ ကိုယ္တစ္ခုခုစိတ္ညစ္ေနၿပီလို႔ ခံစားလာရတာနဲ႔ (ေသးေသးျဖစ္ေစ၊ ႀကီးႀကီးျဖစ္ေစ) အစားမဟုတ္တဲ့ တစ္ခုခုဘက္ကို အာရံုလႊဲလိုက္ပါ။ ဥပမာ- သီခ်င္းကို အက်ယ္ႀကီးေအာ္ဆိုလုိက္တာမ်ိဳး၊ သီခ်င္းဖြင့္ၿပီး ကခုန္လိုက္တာမ်ိဳး စသည္ျဖင့္ လုပ္ေပးသင့္ပါတယ္။ ျဖစ္ႏိုင္ရင္ အစားရွိတဲ့ေနရာကို မ်က္ႏွာေတာင္မလွည့္မိပါေစနဲ႔ေနာ္။ ေနာက္ၿပီး အစားအေသာက္နဲ႔ ပတ္သက္ၿပီး အရမ္းထိန္းခ်ဳပ္လြန္းတဲ့ေယာင္းေတြကို မွာခ်င္တာက ထိန္းခ်ဳပ္တာသည္ အေျဖလံုးဝမဟုတ္ပါဘူးေနာ္။ ေန႔စဥ္ပံုမွန္ေလးပဲစားေသာက္ၿပီး စားတဲ့ေနရာမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားေတြကို စားရင္အဆင္ေျပပါၿပီ။

အခ်ဳပ္ေျပာရရင္ စိတ္ညစ္တိုင္း အစားကိုလွိမ့္မစားပါနဲ႔။ ပိုလွေအာင္ေလ့က်င့္ခန္းလုပ္လိုက္ပါ။ ဝိတ္က်ခ်င္ေဇာနဲ႔လည္း အရမ္းႀကီးဝိတ္မခ်ပါနဲ႔၊ အရမ္းႀကီး အစားေတြ မေရွာင္ပါနဲ႔။ ပံုမွန္ေလးပဲစားေသာက္သြားပါလို႔။

က်န္းမာၾကံ႕ခိုင္ၿပီး လွပတဲ့ေယာင္းေယာင္းေလးေတြ ျဖစ္လာႏိုင္ၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဖွတ်မရ ဓားမဆုံးအကွက်တွေ ဖြစ်ကုန်မယ်နော်… သိဘို့။

‘ငါ့အိုပါးရည်းစားရသွားပြီ အမလေး အဟင့်ရွတ်’

အသံပြဲကြီးနဲ့အော်နေလို့ သူ့လက်ထဲကိုကြည့်လိုက်တဲ့အချိန်မှာ ဟင်… အာလူးကြော်နှစ်ထုပ်၊ ရေခဲမုန့်ဘူးကြီးတစ်ဘူးနဲ့ ကိုလာတစ်ဘူးကို ဘယ်ညာညှပ်ပြီး စိန်ပြေနပြေတွယ်နေပါ့လား။

‘ဟဲ့ နင်ဘာကြည့်တာလဲ။ ငါ ဒီမှာဝမ်းနည်းလွန်းလို့ အစားနဲ့ဖြေသိမ့်နေရတာ’

သြော် အင်းပါပေါ့။ ခေါင်းတညိတ်ညိတ်နဲ့ လုပ်စရာရှိတာ ဆက်လုပ်နေတဲ့အချိန် ရုတ်တရက် ‘အားးးးး’ ဆိုတဲ့ အသံနက်ကြီးကြားလိုက်လို့ ပြေးကြည့်တဲ့အခါ…

‘လုပ်ပါဦးကမရယ်။ ငါဘာမှလည်း မစားရသေးဘူး ဝိတ်က ချက်ချင်းတက်သွားတယ် ဘယ်လိုလုပ်ရမလဲ အဟင့်။ အိုပါးမရှိတဲ့ဘဝမှာ ဒီလိုပရမ်းပတာတွေ ဖြစ်နေပြီ အိုပါးရဲ့။’

မဆီမဆိုင် အိုပါးကိုတ,ပြီး ငိုနေလိုက်တာ။ “ဒီမှာ အယ်မ…  အယ်မ ဒီလိုမျိုးဝိတ်တက်တာ အိုပါးကြောင့်မဟုတ်ဘဲ အယ်မကိုယ်တိုင် ဖန်တီးယူနေတာပါနော်” ဆိုတဲ့ တစ်ခွန်းပဲ ကိုယ့်မှာ ပြောနိုင်တော့တယ်။ အဲဒါကို ဘယ်လိုခေါ်လဲဆိုတော့…

Related Article >>> ကိုယ်အခုမ,နေတဲ့အလေးတွေက ကိုယ့်အတွက် တကယ်ကိုဂိတ်ဆုံးအလေးတွေလား?

Emotional Eating (စိတ်ညစ်တိုင်းအစားစွတ်စားခြင်း) ဆိုတာ ယောင်းတို့ရဲ့ ဝိတ်ကို အချိန်တစ်ခဏအတွင်းတက်စေတဲ့ အဓိကတရားခံပါပဲ။ အထူးသဖြင့် ကိုယ့်စိတ် ကကယောင်ကတမ်းဖြစ်နေတဲ့အချိန်မှာ ဒီလိုအစားအသောက်တွေကို စိတ်ဖြေရာတစ်ခုအနေနဲ့ စားလိုက်တာဟာ အထိန်းအကွပ်မရှိဘဲ ကိုယ်ထည့်သလောက်ဝင်နေမှာဖြစ်သလို ဦးနှောက်ကလည်း ထိန်းချုပ်နိုင်စွမ်းမရှိနိုင်ပါဘူး။ နောက်ပြီး မြင်မြင်ရာ စားမယ်ဆိုတဲ့ စိတ်မျိုးပဲဖြစ်နေမှာမို့ ဒီအစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်လား? ကိုယ်နဲ့တည့်ရဲ့လား စတာတွေကို စဉ်းစားတော့မှာ မဟုတ်ဘဲ စားချင်သလိုစားဖြစ်နေတော့ ချက်ချင်းလေထိုးသလို ဝ,လာပါလိမ့်မယ်နော်။

နောက်ထပ်ထူးခြားတာတစ်ခုက Emotional Eating ဆိုတာမျိုးသည် စိတ်ညစ်တဲ့အချိန် တစ်ခုတည်းတင် ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းချုပ်လွန်းတဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်တဲ့။

အနီးစပ်ဆုံးပြောရရင် ဝိတ်ချနေလို့ ဟိုဟာမစားဘူး၊ ဒီဟာမစားဘူး၊ အရွက်ပြုတ်ပဲစားမယ်၊ ထမင်းနဲ့ဟင်းဆို အနံ့တောင်မရှူဘူး။ စသည်ဖြင့် အလွန်အကျူးဝိတ်ချတတ်တဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းချုပ်တဲ့လူတွေက သိစိတ်မှာတော့ သိပ်မသိသာပေမဲ့ မသိစိတ်ထဲမှာတော့ သူ့ရဲ့စားချင်စိတ်ကို အတင်းမျိုသိပ်ထားသမျှတွေက တဖြည်းဖြည်းစုလာပြီး နောက်ဆုံးပေါက်ထွက်လာတဲ့အခါ တခြားလူတွေထက် နှစ်ဆ၊ သုံးဆမက ပိုပြီးစားသောက်တတ်ပါတယ်။ အဲဒါကလည်း ကိုယ်အားထုတ်သမျှ တစ်ခဏလေးနဲ့ လုံးဝရေစုံမျောလိုက်ရသလို ဖြစ်နေပါလိမ့်မယ်။

Related Article >>> ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်ပြီး ဝိတ်ချလို့ရတယ်ဆိုတာ Zumba အားကစားက သက်သေပါပဲ။

ကဲ ဒီတော့ ဘယ်လိုလုပ်ကြမတုန်း? လွယ်လွယ်လေးပါနော်။ စိတ်ညစ်တိုင်း အစားစားတတ်တဲ့ ယောင်းလေးတွေကတော့ ကိုယ်တစ်ခုခုစိတ်ညစ်နေပြီလို့ ခံစားလာရတာနဲ့ (သေးသေးဖြစ်စေ၊ ကြီးကြီးဖြစ်စေ) အစားမဟုတ်တဲ့ တစ်ခုခုဘက်ကို အာရုံလွှဲလိုက်ပါ။ ဥပမာ- သီချင်းကို အကျယ်ကြီးအော်ဆိုလိုက်တာမျိုး၊ သီချင်းဖွင့်ပြီး ကခုန်လိုက်တာမျိုး စသည်ဖြင့် လုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် အစားရှိတဲ့နေရာကို မျက်နှာတောင်မလှည့်မိပါစေနဲ့နော်။ နောက်ပြီး အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းထိန်းချုပ်လွန်းတဲ့ယောင်းတွေကို မှာချင်တာက ထိန်းချုပ်တာသည် အဖြေလုံးဝမဟုတ်ပါဘူးနော်။ နေ့စဉ်ပုံမှန်လေးပဲစားသောက်ပြီး စားတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားတွေကို စားရင်အဆင်ပြေပါပြီ။

အချုပ်ပြောရရင် စိတ်ညစ်တိုင်း အစားကိုလှိမ့်မစားပါနဲ့။ ပိုလှအောင်လေ့ကျင့်ခန်းလုပ်လိုက်ပါ။ ဝိတ်ကျချင်ဇောနဲ့လည်း အရမ်းကြီးဝိတ်မချပါနဲ့၊ အရမ်းကြီး အစားတွေ မရှောင်ပါနဲ့။ ပုံမှန်လေးပဲစားသောက်သွားပါလို့။

ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့ယောင်းယောင်းလေးတွေ ဖြစ်လာနိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *