Fitness

ႏွစ္သစ္မွာ ဒီေလ့က်င့္ခန္းေတြမွမလုပ္ရင္ ေယာင္းဝိတ္က်ဖို႔လမ္းမျမင္ေတာ့ပါဘူး…

အိမ္မွာ လြယ္လြယ္ကူကူလုပ္လို႔ရမယ့္ ေလ့က်င့္ခန္းေလးေတြပဲထည့္ေပးထားတာ အေၾကာင္းေတြသိေနလို႔ 😐😐😐

>>> Zawgyi >>>

၂၀၁၇ ဒီဇင္ဘာကတည္းက ေလ့က်င့္ခန္းလုပ္ဖို႔၊ ၁၀ မိနစ္ေလာက္ေလးပဲျဖစ္ျဖစ္ လႈပ္လႈပ္ရွားရွားေနဖို႔၊ အစားကိုခ်င့္ခ်ိန္ၿပီးစားဖို႔ ေျပာလာလိုက္တာ အခုႏွစ္လည္းကုန္ၿပီ။ ဘာမွလည္းဆက္မျဖစ္လာၾကဘူး။ ကဲ ၿပီးတဲ့ႏွစ္ကၿပီးသြားၿပီ ထားေတာ့။ အခုႏွစ္သစ္မွာ ဘဝအသစ္နဲ႔ အလန္းလြန္္လြန္လန္းဖို႔ ႏွစ္စကတည္းကက်င့္မယ္။ အခုမွမလုပ္ရင္ေတာ့ ဒီဝိတ္က်ဖို႔စိတ္ကူးကို ေရစက္သာခ်ေပးလိုက္ေတာ့ေနာ္…

အုိခီ စမယ္။ ပထမဦးဆံုး Jumping Jack လို႔ေခၚတဲ့ ေလ့က်င့့္ခန္းကို ၁၀ မိနစ္ လံုးဝ (လံုးဝ) မခိုမကပ္ဘဲလုပ္မယ္။ Jumping Jack ဆိုတာ ေျခစု+လက္စု၊ ေျခကား+လက္ကား ခုန္ခုန္ၿပီးလုပ္လို႔ရတဲ့ ေလ့က်င့္ခန္းပါ။ ႏွင္းေျပာတာရႈပ္ေနရင္ ဒီ Video ေလးထဲမွာ သြားၾကည့္ၾကည့္။ ဒီ Jumping Jack ေလ့က်င့္ခန္းက ၁၀ မိနစ္စာ ေသခ်ာထိထိေရာက္ေရာက္ ေဆာ့ရင္ ကယ္လုိရီ ၁၀၀ ေလာက္ေလာင္ကၽြမ္းတာမို႔ ဒါမွမလုပ္ရင္ ဘယ္ေလ့က်င့္ခန္းကို သြားလုပ္မွာလဲေျပာ? သူ႔ကို တစ္ခါေဆာ့ရင္ ၁၀ စကၠန္႔စာကို ၁၀ မိနစ္ေလာက္ေဆာ့ေပးပါ။

ဒုတိယတစ္ခုကေတာ့ ႀကိဳးခုန္တဲ့ ေလ့က်င့္ခန္းပါ။ ႀကိဳးေပၚေျမေပၚခ်ၿပီး အေပၚကတက္ခုန္ေနတာမ်ိဳး မဟုတ္ဘူးေနာ္။ (သိေနတယ္ ပရမ္းပတာေတြ လုပ္ေတာ့မယ္ဆိုတာကို) ႀကိဳးကို လက္ေမာင္းနဲ႔ လွည့္လွည့္ၿပီး ခုန္တာကို ေျပာတာပါ။ Jump Rope ကေတာ့ မိနစ္ ၂၀ ခုန္ရံုနဲ႔ ကယ္လိုရီ ၂၀၀ နီးပါးက်တဲ့အျပင္ အိမ္ခန္းထဲမွာပဲလုပ္မလား၊ အိမ္ျပင္မွာပဲခုန္မလား ကိုယ့္စိတ္ႀကိဳက္လုပ္လုိ႔ရတာမို႔ ဟိုအေၾကာငး္ျပ ဒီအေၾကာင္းျပနဲ႔ ေျပးလို႔မရေတာ့ဘူးေပါ့။ တစ္ခုသတိထားရမွာက ခုန္တဲ့အခါမွာ ႀကိဳးလြတ္ရံုေလာက္ပဲ ခုန္ရပါတယ္။ (အရမ္းျမင့္ရင္ အေမာေဖာက္တတ္တယ္ေလ။) တစ္ခါခုန္ရင္ ၁၅ စကၠန္႔ကို ၄ ေက်ာ႔ကို မိနစ္ ၂၀ စာေဆာ့ပါ။

Related Article >>> အက္ဒ္မင္မမရဲ႕ ၄၅ မိနစ္စာ Cardio ေလ့က်င့္ခန္း (Gym သြားစရာလံုးဝ မလိုဘူးေနာ္!!!!!)

တတိယတစ္ခုကေတာ့ Jogging In Place လို႔ေခၚတဲ့ ေနရာမွာေျပးခုန္တဲ့ ေလ့က်င့္ခန္းပါ။ (ေျပးတာနဲ႔ မတူဘူးေနာ္။ သူကေနရာမွာပဲ ေျခေထာက္ကို ေျမွာက္ေျမွာက္ၿပီး ေျပးတာ။) ဒီေလ့က်င့္ခန္းက အျမင္အရေတာ့ နည္းနည္းေလး လြယ္မယ္လုိ႔ထင္ရေပမဲ့ တကယ္တမ္းက်ေတာ့ တစ္ေနရာတည္းမွာပဲရပ္ၿပီး မေရြ႕ေအာင္ေျပးရတာမို႔ နည္းနည္းေတာ့ အားထုတ္ရပါလိမ့္မယ္။ အမယ္ ခက္လို႔ေက်ာ္မယ္ဆိုၿပီး စိတ္ကူးမွ်မယဥ္ေလႏွင့္၊ ၅ မိနစ္ေလာက္ ထိထိေရာက္ေရာက္ေျပးရံုနဲ႔ ကယ္လိုရီ ၁၀၀ နီးပါးေလာင္ကၽြမ္းတာဆိုေတာ့ ေျပးရတာတန္ပါတယ္ေနာ္။ တစ္ခါေျပးရင္ ၂၀ စကၠန္႔ ၃ ေက်ာ႔ကို ၁၀ မိနစ္စာေဆာ့ပါ။

၄ ခုေျမာက္ေလ့က်င့္ခန္းကေတာ့ Squat Jump လို႔ေခၚတဲ့ ေအာက္ပိုင္းထိုင္ၿပီး ခုန္ရတဲ့ေလ့က်င့္ခန္းပါ။ (ဘာလို႔ဒီေလ့က်င့္ခန္းေလး ထည့္ေပးလဲဆိုေတာ့ Cardio ေလ့က်င့္ခန္းေဆာ့တဲ့အခါ အသားေပ်ာ႔တတ္တဲ့ သဘာဝရွိတာမို႔ တင္ပါးေတြရြဲသြားမွာစိုးလို႔ပါ။) ဒီေလ့က်င့္ခန္းေလးက ခါတိုင္းႏွင္းတို႔ တင္ပါးထိုင္သလိုပဲ ထိုင္ၿပီးျပန္ခုန္ထရတဲ့ ေလ့က်င့္ခန္းပါ။ တင္ပါးထိုင္ေလ့က်င့္ခန္းေၾကာင့္ တင္ပါးနဲ႔ေပါင္ေတာက္ေလွ်ာက္ကို တင္းရင္းေစၿပီး ျပန္ခုန္ထတဲ့အခါမွာလည္း ကိုယ္အေလးခ်ိန္ကို က်ဆင္းေစပါတယ္။ သူကလည္း ၁၀ မိနစ္စာထိထိေရာက္ေရာက္ေဆာ့ေပးရံုနဲ႔ ကယ္လိုရီ ၁၀၀ နီးပါးေလာင္ကၽြမ္းေစတာမို႔ ပင္ပန္းလည္း တန္တယ္ဆိုတဲ့ ေလ့က်င့္ခန္းအမ်ိဳးအစားပါပဲ။ တစ္ခါခုန္ရင္ စကၠန္႔ ၃၀ ကို ၁၀ မိနစ္အျပည့္ ထိထိေရာက္ေရာက္ခုန္ပါ။

Related Article >>> ေယာင္းခႏၶာကိုယ္ရဲ႕ အဆီေတြက ေယာင္းရဲ႕ က်န္းမာေရးအေၾကာင္း ေျပာျပေနတယ္ဆိုတာ သိပါသလား

ဘယ္ႏွခုလဲ? ၄ ခုေနာ္။ မိနစ္ ၅၀ စာပဲေသခ်ာတြက္ၿပီး ထုတ္ေပးထားတာေတာင္ ေမာတယ္၊ ပန္းတယ္ အသက္ထြက္ေတာ့မယ္နဲ႔ အမ်ိဳးစံုႀကိဳးခုန္ၿပီး အေၾကာင္းျပခ်က္ေပါင္းစံုေပးေနရင္ေတာ့ ဝိတ္ခ်ခ်င္စိတ္ကို ဘုရားသာလွဴလိုက္ပါေတာ့ေယာင္းေရ။ ၿပီးေတာ့ မိနစ္ ၅၀ ကို တစ္ရက္ေလာက္ပဲေဆာ့ၿပီး ခ်က္ခ်င္း ၁၀ ေပါင္ေလာက္ ဝုန္းကနဲက်မယ္လို႔ ေမွ်ာ္လင့္ေနရင္ေတာ့ ဆုကိုမွအႀကီးႀကီးေတာင္းလို႔ပဲ အားေပးစကားေျပာလိုက္မယ္၊ ဟုတ္တယ္။ အာ့ ေသခ်ာလုပ္ေနာ္။ ႏွင္းေမေမက စိတ္မဆိုးေပမဲ့ ႏွင္းကေလးကေတာ့ စကားနားမေထာင္တဲ့ ေယာင္းေယာင္းေတြကို စိတ္ဆိုးေနပါၿပီလို႔ ><

ဒါနဲ႔ ဟက္ပီး ႏ်ဴးရီးယားပါေယာင္းေယာင္းေလး။

Hnin Ei Oo (For Her Myanmar)

References : verywellfitstylecraze

>> Unicode >>>

အိမ်မှာ လွယ်လွယ်ကူကူလုပ်လို့ရမယ့် လေ့ကျင့်ခန်းလေးတွေပဲထည့်ပေးထားတာ အကြောင်းတွေသိနေလို့ 😐😐😐

၂၀၁၇ ဒီဇင်ဘာကတည်းက လေ့ကျင့်ခန်းလုပ်ဖို့၊ ၁၀ မိနစ်လောက်လေးပဲဖြစ်ဖြစ် လှုပ်လှုပ်ရှားရှားနေဖို့၊ အစားကိုချင့်ချိန်ပြီးစားဖို့ ပြောလာလိုက်တာ အခုနှစ်လည်းကုန်ပြီ။ ဘာမှလည်းဆက်မဖြစ်လာကြဘူး။ ကဲ ပြီးတဲ့နှစ်ကပြီးသွားပြီ ထားတော့။ အခုနှစ်သစ်မှာ ဘဝအသစ်နဲ့ အလန်းလွန်လွန်လန်းဖို့ နှစ်စကတည်းကကျင့်မယ်။ အခုမှမလုပ်ရင်တော့ ဒီဝိတ်ကျဖို့စိတ်ကူးကို ရေစက်သာချပေးလိုက်တော့နော်…

အိုခီ စမယ်။ ပထမဦးဆုံး Jumping Jack လို့ခေါ်တဲ့ လေ့ကျင့်ခန်းကို ၁၀ မိနစ် လုံးဝ (လုံးဝ) မခိုမကပ်ဘဲလုပ်မယ်။ Jumping Jack ဆိုတာ ခြေစု+လက်စု၊ ခြေကား+လက်ကား ခုန်ခုန်ပြီးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းပါ။ နှင်းပြောတာရှုပ်နေရင် ဒီ Video လေးထဲမှာ သွားကြည့်ကြည့်။ ဒီ Jumping Jack လေ့ကျင့်ခန်းက ၁၀ မိနစ်စာ သေချာထိထိရောက်ရောက် ဆော့ရင် ကယ်လိုရီ ၁၀၀ လောက်လောင်ကျွမ်းတာမို့ ဒါမှမလုပ်ရင် ဘယ်လေ့ကျင့်ခန်းကို သွားလုပ်မှာလဲပြော? သူ့ကို တစ်ခါဆော့ရင် ၁၀ စက္ကန့်စာကို ၁၀ မိနစ်လောက်ဆော့ပေးပါ။

ဒုတိယတစ်ခုကတော့ ကြိုးခုန်တဲ့ လေ့ကျင့်ခန်းပါ။ ကြိုးပေါ်မြေပေါ်ချပြီး အပေါ်ကတက်ခုန်နေတာမျိုး မဟုတ်ဘူးနော်။ (သိနေတယ် ပရမ်းပတာတွေ လုပ်တော့မယ်ဆိုတာကို) ကြိုးကို လက်မောင်းနဲ့ လှည့်လှည့်ပြီး ခုန်တာကို ပြောတာပါ။ Jump Rope ကတော့ မိနစ် ၂၀ ခုန်ရုံနဲ့ ကယ်လိုရီ ၂၀၀ နီးပါးကျတဲ့အပြင် အိမ်ခန်းထဲမှာပဲလုပ်မလား၊ အိမ်ပြင်မှာပဲခုန်မလား ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာမို့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ပြေးလို့မရတော့ဘူးပေါ့။ တစ်ခုသတိထားရမှာက ခုန်တဲ့အခါမှာ ကြိုးလွတ်ရုံလောက်ပဲ ခုန်ရပါတယ်။ (အရမ်းမြင့်ရင် အမောဖောက်တတ်တယ်လေ။) တစ်ခါခုန်ရင် ၁၅ စက္ကန့်ကို ၄ ကျော့ကို မိနစ် ၂၀ စာဆော့ပါ။

Related Article >>> အက်ဒ်မင်မမရဲ့ ၄၅ မိနစ်စာ Cardio လေ့ကျင့်ခန်း (Gym သွားစရာလုံးဝ မလိုဘူးနော်!!!!!)

တတိယတစ်ခုကတော့ Jogging In Place လို့ခေါ်တဲ့ နေရာမှာပြေးခုန်တဲ့ လေ့ကျင့်ခန်းပါ။ (ပြေးတာနဲ့ မတူဘူးနော်။ သူကနေရာမှာပဲ ခြေထောက်ကို မြှောက်မြှောက်ပြီး ပြေးတာ။) ဒီလေ့ကျင့်ခန်းက အမြင်အရတော့ နည်းနည်းလေး လွယ်မယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ တစ်နေရာတည်းမှာပဲရပ်ပြီး မရွေ့အောင်ပြေးရတာမို့ နည်းနည်းတော့ အားထုတ်ရပါလိမ့်မယ်။ အမယ် ခက်လို့ကျော်မယ်ဆိုပြီး စိတ်ကူးမျှမယဉ်လေနှင့်၊ ၅ မိနစ်လောက် ထိထိရောက်ရောက်ပြေးရုံနဲ့ ကယ်လိုရီ ၁၀၀ နီးပါးလောင်ကျွမ်းတာဆိုတော့ ပြေးရတာတန်ပါတယ်နော်။ တစ်ခါပြေးရင် ၂၀ စက္ကန့် ၃ ကျော့ကို ၁၀ မိနစ်စာဆော့ပါ။

၄ ခုမြောက်လေ့ကျင့်ခန်းကတော့ Squat Jump လို့ခေါ်တဲ့ အောက်ပိုင်းထိုင်ပြီး ခုန်ရတဲ့လေ့ကျင့်ခန်းပါ။ (ဘာလို့ဒီလေ့ကျင့်ခန်းလေး ထည့်ပေးလဲဆိုတော့ Cardio လေ့ကျင့်ခန်းဆော့တဲ့အခါ အသားပျော့တတ်တဲ့ သဘာဝရှိတာမို့ တင်ပါးတွေရွဲသွားမှာစိုးလို့ပါ။) ဒီလေ့ကျင့်ခန်းလေးက ခါတိုင်းနှင်းတို့ တင်ပါးထိုင်သလိုပဲ ထိုင်ပြီးပြန်ခုန်ထရတဲ့ လေ့ကျင့်ခန်းပါ။ တင်ပါးထိုင်လေ့ကျင့်ခန်းကြောင့် တင်ပါးနဲ့ပေါင်တောက်လျှောက်ကို တင်းရင်းစေပြီး ပြန်ခုန်ထတဲ့အခါမှာလည်း ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ သူကလည်း ၁၀ မိနစ်စာထိထိရောက်ရောက်ဆော့ပေးရုံနဲ့ ကယ်လိုရီ ၁၀၀ နီးပါးလောင်ကျွမ်းစေတာမို့ ပင်ပန်းလည်း တန်တယ်ဆိုတဲ့ လေ့ကျင့်ခန်းအမျိုးအစားပါပဲ။ တစ်ခါခုန်ရင် စက္ကန့် ၃၀ ကို ၁၀ မိနစ်အပြည့် ထိထိရောက်ရောက်ခုန်ပါ။

Related Article >>> ယောင်းခန္ဓာကိုယ်ရဲ့ အဆီတွေက ယောင်းရဲ့ ကျန်းမာရေးအကြောင်း ပြောပြနေတယ်ဆိုတာ သိပါသလား

ဘယ်နှခုလဲ? ၄ ခုနော်။ မိနစ် ၅၀ စာပဲသေချာတွက်ပြီး ထုတ်ပေးထားတာတောင် မောတယ်၊ ပန်းတယ် အသက်ထွက်တော့မယ်နဲ့ အမျိုးစုံကြိုးခုန်ပြီး အကြောင်းပြချက်ပေါင်းစုံပေးနေရင်တော့ ဝိတ်ချချင်စိတ်ကို ဘုရားသာလှူလိုက်ပါတော့ယောင်းရေ။ ပြီးတော့ မိနစ် ၅၀ ကို တစ်ရက်လောက်ပဲဆော့ပြီး ချက်ချင်း ၁၀ ပေါင်လောက် ဝုန်းကနဲကျမယ်လို့ မျှော်လင့်နေရင်တော့ ဆုကိုမှအကြီးကြီးတောင်းလို့ပဲ အားပေးစကားပြောလိုက်မယ်၊ ဟုတ်တယ်။ အာ့ သေချာလုပ်နော်။ နှင်းမေမေက စိတ်မဆိုးပေမဲ့ နှင်းကလေးကတော့ စကားနားမထောင်တဲ့ ယောင်းယောင်းတွေကို စိတ်ဆိုးနေပါပြီလို့ ><

ဒါနဲ့ ဟက်ပီး နျူးရီးယားပါယောင်းယောင်းလေး။

Hnin Ei Oo (For Her Myanmar)

References : verywellfitstylecraze

 

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *