Fitness Health Knowledge

သိပ်လှတာလည်း အနိစ္စပါပဲ… ၀ိတ်ကို အတင်းကြီးမချပါနဲ့လို့…

ပိန်ပိန်သွယ်သွယ်လေးနဲ့ လှတာကို လိုချင်ကြပေမယ့် အသည်းအသန်ကြီးဝတ်ချပစ်လို့ ပိန်ကျသွားတယ်ဆိုရင်တောင် တကယ်ရော ကိုယ့်ကျန်းမာရေးအတွက် သင့်လျော်ပါ့မလား…

စာမေးပွဲရှိလို့ တစ်လလောက်နားလိုက်တော့ မတွေ့ရတာတောင်ကြာပြီ ယောင်းတို့ရေ.. လွမ်းနေတာ <3

မိန်းကလေးတွေရဲ့ပြဿနာတစ်ခုက စားချင်လျက်နဲ့ မစားရ၊ သောက်ချင်လျက်နဲ့ မသောက်ရဖြစ်ပြီး ကိုယ်အလေးချိန်ထိန်းကြတာပါပဲ.. အဝလွန်တာရဲ့ ဆိုးကျိုးတွေကလည်း ကြောက်စရာဆိုတော့ ဝိတ်ကျချင်တာ မဆန်းပါဘူး။ ဒါပေမဲ့ ကိုယ်အလေးချိန်အရမ်းကျသွားရင် လည်း ဆိုးကျိုးတွေရှိတယ် ယောင်းရဲ့..

ပုံမှန်လေးဝိတ်ကျသွားတာထက် မြန်မြန်ကြီးဝိတ်ကျချင်တဲ့အခါ သုံးတဲ့နည်းတွေက ကျန်းမာရေးအတွက်မကောင်းပါဘူး ယောင်းရေ.. ဆိုးကျိုးလေးတွေကို ပြောပြပေးမယ်နော်..

၁။ မောပန်းနွမ်းနယ်ခြင်း

ခန္ဓာကိုယ်ထဲမှာ ရနေကျကယ်လိုရီပမာဏထက် တအားနည်းသွားတဲ့အခါ အရမ်းပင်ပန်းတတ်ပါတယ်.. အားမရှိတော့တာပေါ့..။ သွေးထဲမှာလည်း သကြားဓာတ်လျော့ကျသွားပါတယ်။ အဲ့ဒါတွေက စိတ်ခံစားမှုအပြောင်းအလဲကိုလည်း ဖြစ်စေပါတယ်.. ရုတ်တရက်ကြီး ထစိတ်ဆိုးဒေါသထွက်တာမျိုးပေါ့..

၂။ မူးဝေခေါင်းကိုက်ခြင်း

တအား diet လုပ်တဲ့အချိန်မှာဆို ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လည်း နည်းနေတတ်ပါတယ်.. အဲ့ဒါကြောင့် ခေါင်းမူး ခေါင်းကိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်..

Related Article >>> လေ့ကျင့်ခန်းလုပ်ချင်စိတ် တဖွားဖွားဖြစ်ပေါ်လာစေမယ့် နည်း (၇)မျိုး

၃။ အစာခြေပြဿနာ

အသီးအနှံတွေ၊ အသီးအရွက်တွေ၊ ဂျုံတို့ကရတဲ့ အမျှင်ဓာတ်နဲ့ ရေဓာတ်လျော့နည်းသွားတာမို့လို့ အစာအိမ်မှာ ပြဿနာတက်ပါတယ်.. ဝမ်းချုပ်တာတို့ ဖောလာတာတို့ ဖြစ်နိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းမှာ ကယ်လိုရီကျလွန်းခြင်းကလည်း သည်းခြေကျောက်တည်တာကို ဖြစ်စေပါတယ်..

၎။ အာဟာရချို့တဲ့ခြင်း

ထမင်း၊ ဂျုံတို့မှာပါတဲ့ ကာဘိုဟိုက်ဒရိတ်ကို ဖြတ်လိုက်ရင် အလေးချိန်လျော့ကျသွားတာ မှန်ပါတယ်.. အစပိုင်းမှာတော့ ဝိတ်ပဲကျသွားပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ အာဟာရချို့တဲ့ပြီး ဆိုးကျိုးတွေက အများကြီးရယ်.. နှလုံးသွေးကြော၊ ကလေးရနိုင်ချေ၊ အရေပြား စတာတွေကို ထိခိုက်စေနိုင်ပါတယ်တဲ့..။

Related Article >>> ဒီလေ့ကျင့်ခန်း(၈)မျိုးနဲ့ ဆွဲဆောင်မှုရှိတဲ့မေးရိုးကို ရယူပါ

၅။ ဝိတ်အတက်အကျမြန်ခြင်း

အလေးချိန်မြန်မြန်ချတဲ့အခါမှာ ဖြစ်လေ့ရှိတာက တစ်ရက်မှာ ဝိတ်ကျသွားပြီး နောက် ပုံမှန်အစာတစ်ခုခုစားမိရင် ဝိတ်ပြန်တက်လာတာပါ.. အလေးချိန် အတက်အကျမြန်ရင်လည်း သွေးကြော၊ အရေပြား၊ အစာခြေစနစ်တို့ကို ဆိုးကျိုးဖြစ်စေတတ်ပြန်ရော..။

အရေးတကြီးဝိတ်ချဖို့လိုအပ်တယ်ဆိုပေမဲ့ ဆိုးကျိုးတွေကလည်း များသား ယောင်းရယ်.. ကြွက်သားတွေနာ၊ ဆံပင်တွေကျွတ်တဲ့အပြင် ဓမ္မတာစက်ဝန်းကိုပါ ထိခိုက်စေနိုင်ပါသေးတယ်..။

အရာရာမှာ တန်ဆေးလွန်ဘေးတော့ရှိတာပေါ့နော် .. အဲ့ဒါကြောင့် သိပ်လှတာလည်း အနိစ္စပါပဲ ယောင်းတို့ရယ်.. အလွန်အကြူးကြီး ဝိတ်မချပါနဲ့နော်.. ^^

Su Myat ( For Her Myanmar )

Reference >>> webmd.com
livestrong.com
mydiet.com

Su Myat
ညီမနာမည်ကတော့ ဆုမြတ်ပါ။ အသက်ကတော့ဆယ့်ခုနစ်နှစ်ပါ။ စာဖတ်နေရရင်ကို ပျော်နေတာပဲ..အခုလက်ရှိကတော့ FHMမှာ ဆောင်းပါးလေးတွေရေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *