Fitness

မိန္းကေလးေတြ အေလးမ သင့္တဲ့ အေၾကာင္းရင္း(၆)ခ်က္

နံပါတ္(၄)အခ်က္ကို ေရလည္ေၾကြေနပါၿပီေနာ္! 

ႏွင္းတို႔ Gym ေဆာ့တဲ့အခ်ိန္က်ရင္ မိန္းကေလးေတြဆီက အမ်ားဆံုးၾကားရတဲ့စကားက ‘အမေလး ဆရာ အေလးတံုးအႀကီးႀကီးေတြမ,မဘူးေနာ္။’  ‘ဆရာ သမီးကေလ ဒီအေလးေတြမ,မႏိုင္ဘူး။ အေလးႀကီးေတြမေပးပါနဲ႔ေနာ္။’ ‘ဆရာ ဒီအေလးေတြမ,ရင္ ေယာက်ာ္းေတြလို လက္ေမာင္းႀကီးေတြ၊ ႂကြက္သားေတြ ထြက္လာမွာ။ မ,မဘူး’ ဆိုတဲ့စကားေတြပါပဲ။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ မိန္းကေလးေတြ ေၾကာက္ၾကတဲ့ အဲဒီအေလးကို မ,သင့္တဲ့အေၾကာင္းအရင္းရွိပါတယ္။ အဲဒါကေတာ့…

(၁) အဆီခ်တဲ့ေနရာမွာ အမ်ားႀကီးအေထာက္အပံ့ေပးတယ္။

အေလးမ,တယ္ဆိုတာ ႂကြက္သားတက္ဖို႔၊ ႂကြက္သားေတြ ႀကီးလာဖို႔လို႔ပဲ သိထားၾကတာမလား? တကယ္တမ္းက်ေတာ့ ဒီလိုႂကြက္သားေတြက အဆီေနရာကို အစားဝင္လာတဲ့အခါမွာ ခႏၶာကိုယ္က ပိုက်စ္လ်စ္ၿပီး ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ေရာ လုပ္ၿပီးတဲ့အခ်ိန္မွာပါ အဆီေလာင္ကၽြမ္းတာကို အေထာက္အကူေပးပါတယ္။

Related Article >>> ဘယ္အခ်ိန္မဆို Strict ျဖစ္ေနတာက အျပစ္ႀကီးတစ္ခုလား?

(၂) အိပ္ေပ်ာ္ေစတယ္။

တကယ္ အဲဒီလိုအသားကုန္အားထုတ္ၿပီး မာန္နဲ႔အံႀကိတ္လုပ္ရတဲ့ ေလ့က်င့္ခန္းေတြက ကိုယ့္ရဲ႕အိပ္စက္ျခင္းကို အရမ္းအေထာက္အကူျဖစ္ေစပါတယ္။ ခါတိုင္းအိပ္မေပ်ာ္တဲ့လူေတာင္ ဒီလိုအေလးမ,လိုက္တဲ့အခ်ိန္မွာ အားအင္ေတြအသားကုန္ ထုတ္လိုက္ရတာမို႔ ပင္ပန္းၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစမွာပါ။

(၃) အားအင္ေတြတိုးေစတယ္။

အားအင္ဆိုတဲ့ေနရာမွာ ခႏၶာကိုယ္ေရာ စိတ္ေရာေပါ့ေနာ္။ ခႏၶာကိုယ္ကေတာ့ ေယာင္းတို႔သိတဲ့အတိုင္း အေလးမ,တဲ့အခ်ိန္မွာ တစ္ဆင့္ခ်င္းထပ္ထပ္ၿပီးတိုးေနရတာမို႔ အားအင္အသစ္ေတြရလာၿပီး စိတ္ဓာတ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ အၿမဲစိန္ေခၚေနရတာမို႔ မလုပ္ႏိုင္တဲ့အေနအထားကေန ငါလုပ္ကိုလုပ္ႏိုင္တယ္ဆိုတာမ်ိဳးျဖစ္လာၿပီး လူေရာစိတ္ပါ ေကာင္းေကာင္းအင္အားျဖစ္လာေစပါတယ္။

(၄) ခႏၶာကိုယ္ေကာက္ေၾကာင္းပိုေပၚတယ္။

မာဆယ္ေတြေတာင့္လာေလေလ ကိုယ့္ရဲ႕ေကာက္ေၾကာင္းကပိုပီျပင္ေလပဲ။ ဘာလို႔လဲဆိုေတာ့ အေပၚမွာႏွင္းေျပာထားတဲ့အတိုင္း အဆီေတြေလာင္ကၽြမ္းတဲ့အခ်ိန္မွာ အစားဝင္လာတဲ့ ဒီႂကြက္သားေတြက ကိုယ့္ခႏၶာကိုယ္မွာ လိုအပ္တဲ့အစိတ္အပိုင္းေတြကိုပဲ သြားမွာမို႔ ေသခ်ာေပါက္ ခႏၶာကိုယ္ေကာက္ေၾကာင္းက ေပၚထြက္လာမွာပဲေလ။

(၅) ႏွလံုးေရာဂါျဖစ္တာကို ကာကြယ္ေပးတယ္။

ေလ့လာေတြ႔ရွိခ်က္ေတြအရ အေလးမ,တဲ့အားကစားကို လုပ္တဲ့အမ်ိဳးသမီးေတြက သာမန္အမ်ိဳးသမီးေတြထက္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ ႏွလံုးေရာဂါေတြ အျဖစ္နည္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလိုအားထုတ္ရတဲ့ေလ့က်င့္ခန္းေတြက ေသြးလည္ပတ္မႈႏႈန္းကို မွန္ေစၿပီး ေသြးတြင္းအဆီဓာတ္၊ အခ်ိဳဓာတ္တက္တာေတြကိုလည္း ေလွ်ာ႔ခ်ေပးလုိ႔ေလ။

Related Article >>> ဘယ္သူကမွန္တယ္လို႔ ေျပာလိုက္မွန္းမသိတဲ့ ဝိတ္ေလွ်ာ႔နည္းအလြဲမ်ား

(၆) အရိုးပြေရာဂါကိုကာကြယ္ေပးတယ္။

ဒါကေတာ့ အသက္ႀကီးတဲ့အခ်ိန္မွာ အရမ္းသိသာတယ္။ ငယ္ငယ္တုန္းက ပ်င္းခဲ့သမွ်ကို အမ်ားဆံုးဒဏ္ခံရမွာက အသက္ႀကီးလာတဲ့အခ်ိန္မွာ အရိုးပြတာ၊ ေျခလက္ေတြ မခိုင္ေတာ့တာ စတာေတြပဲျဖစ္ပါတယ္။ အဲဒါေတြျဖစ္ရတဲ့ အေၾကာင္းအရင္းကို ျပန္ရွာၾကည့္လိုက္ေတာ့ ငယ္ငယ္တုန္းက ကိုယ့္အရိုးကို သန္မာေအာင္ မေလ့က်င့္ခဲ့လုိ႔ပါပဲ။ အခုအေလးမ,တဲ့ေလ့က်င့္ခန္းကေတာ့ ကိုယ့္ရဲ႕တစ္ကိုယ္လံုးက ႂကြက္သားေတြတင္မဟုတ္ဘူး အရိုးေတြကိုပါ သန္မာေစဦးမွာမို႔ မျဖစ္မေနလုပ္သင့္တဲ့ေလ့က်င့္ခန္းပါပဲလုိ႔။

အဓိကအားျဖင့္ ဒီလိုအေလးမ,တဲ့ေလ့က်င့္ခန္းေတြက ကိုယ့္ရဲ႕စိတ္ဖိစီးမႈေတြကိုလည္း ေျပေလ်ာ႔ေစပါေသးတယ္။ တစ္ခုခုေဒါသျဖစ္ခဲ့ရင္လည္း အဲဒါကိုဒီဖက္ထဲစိတ္ထည့္ ေအာ္ဟစ္ၿပီးအေလးကိုမ, ဖြင့္ထုတ္လုိက္ရင္ အနည္းနဲ႔အမ်ားေတာ့ ေက်နပ္သြားတာပဲေလ။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ ျမန္ျမန္မအိုစာဘဲ အရြယ္တင္ႏုပ်ိဳခ်င္ရင္၊ ကိုယ့္ဘဝတစ္ေလွ်ာက္လံုးက်စ္က်စ္လ်စ္လ်စ္နဲ႔ က်န္းက်န္းမာမာေနသြားခ်င္ရင္ အေလးမ,တဲ့ေလ့က်င့္ခန္းကို လုပ္ေပးၾကပါလို႔!!!!

Hnin Ei Oo (For Her Myanmar)

References : bodybuilding, verywellfit

<<<Unicode>>>

နှင်းတို့ Gym ဆော့တဲ့အချိန်ကျရင် မိန်းကလေးတွေဆီက အများဆုံးကြားရတဲ့စကားက ‘အမလေး ဆရာ အလေးတုံးအကြီးကြီးတွေမ,မဘူးနော်။’  ‘ဆရာ သမီးကလေ ဒီအလေးတွေမ,မနိုင်ဘူး။ အလေးကြီးတွေမပေးပါနဲ့နော်။’ ‘ဆရာ ဒီအလေးတွေမ,ရင် ယောကျာ်းတွေလို လက်မောင်းကြီးတွေ၊ ကြွက်သားတွေ ထွက်လာမှာ။ မ,မဘူး’ ဆိုတဲ့စကားတွေပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ မိန်းကလေးတွေ ကြောက်ကြတဲ့ အဲဒီအလေးကို မ,သင့်တဲ့အကြောင်းအရင်းရှိပါတယ်။ အဲဒါကတော့…

(၁) အဆီချတဲ့နေရာမှာ အများကြီးအထောက်အပံ့ပေးတယ်။

အလေးမ,တယ်ဆိုတာ ကြွက်သားတက်ဖို့၊ ကြွက်သားတွေ ကြီးလာဖို့လို့ပဲ သိထားကြတာမလား? တကယ်တမ်းကျတော့ ဒီလိုကြွက်သားတွေက အဆီနေရာကို အစားဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်က ပိုကျစ်လျစ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်ရော လုပ်ပြီးတဲ့အချိန်မှာပါ အဆီလောင်ကျွမ်းတာကို အထောက်အကူပေးပါတယ်။

Related Article >>> ဘယ်အချိန်မဆို Strict ဖြစ်နေတာက အပြစ်ကြီးတစ်ခုလား?

(၂) အိပ်ပျော်စေတယ်။

တကယ် အဲဒီလိုအသားကုန်အားထုတ်ပြီး မာန်နဲ့အံကြိတ်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ကိုယ့်ရဲ့အိပ်စက်ခြင်းကို အရမ်းအထောက်အကူဖြစ်စေပါတယ်။ ခါတိုင်းအိပ်မပျော်တဲ့လူတောင် ဒီလိုအလေးမ,လိုက်တဲ့အချိန်မှာ အားအင်တွေအသားကုန် ထုတ်လိုက်ရတာမို့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။

(၃) အားအင်တွေတိုးစေတယ်။

အားအင်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရော စိတ်ရောပေါ့နော်။ ခန္ဓာကိုယ်ကတော့ ယောင်းတို့သိတဲ့အတိုင်း အလေးမ,တဲ့အချိန်မှာ တစ်ဆင့်ချင်းထပ်ထပ်ပြီးတိုးနေရတာမို့ အားအင်အသစ်တွေရလာပြီး စိတ်ဓာတ်ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲစိန်ခေါ်နေရတာမို့ မလုပ်နိုင်တဲ့အနေအထားကနေ ငါလုပ်ကိုလုပ်နိုင်တယ်ဆိုတာမျိုးဖြစ်လာပြီး လူရောစိတ်ပါ ကောင်းကောင်းအင်အားဖြစ်လာစေပါတယ်။

(၄) ခန္ဓာကိုယ်ကောက်ကြောင်းပိုပေါ်တယ်။

မာဆယ်တွေတောင့်လာလေလေ ကိုယ့်ရဲ့ကောက်ကြောင်းကပိုပီပြင်လေပဲ။ ဘာလို့လဲဆိုတော့ အပေါ်မှာနှင်းပြောထားတဲ့အတိုင်း အဆီတွေလောင်ကျွမ်းတဲ့အချိန်မှာ အစားဝင်လာတဲ့ ဒီကြွက်သားတွေက ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့အစိတ်အပိုင်းတွေကိုပဲ သွားမှာမို့ သေချာပေါက် ခန္ဓာကိုယ်ကောက်ကြောင်းက ပေါ်ထွက်လာမှာပဲလေ။

(၅) နှလုံးရောဂါဖြစ်တာကို ကာကွယ်ပေးတယ်။

လေ့လာတွေ့ရှိချက်တွေအရ အလေးမ,တဲ့အားကစားကို လုပ်တဲ့အမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ နှလုံးရောဂါတွေ အဖြစ်နည်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအားထုတ်ရတဲ့လေ့ကျင့်ခန်းတွေက သွေးလည်ပတ်မှုနှုန်းကို မှန်စေပြီး သွေးတွင်းအဆီဓာတ်၊ အချိုဓာတ်တက်တာတွေကိုလည်း လျှော့ချပေးလို့လေ။

Related Article >>> ဘယ်သူကမှန်တယ်လို့ ပြောလိုက်မှန်းမသိတဲ့ ဝိတ်လျှော့နည်းအလွဲများ

(၆) အရိုးပွရောဂါကိုကာကွယ်ပေးတယ်။

ဒါကတော့ အသက်ကြီးတဲ့အချိန်မှာ အရမ်းသိသာတယ်။ ငယ်ငယ်တုန်းက ပျင်းခဲ့သမျှကို အများဆုံးဒဏ်ခံရမှာက အသက်ကြီးလာတဲ့အချိန်မှာ အရိုးပွတာ၊ ခြေလက်တွေ မခိုင်တော့တာ စတာတွေပဲဖြစ်ပါတယ်။ အဲဒါတွေဖြစ်ရတဲ့ အကြောင်းအရင်းကို ပြန်ရှာကြည့်လိုက်တော့ ငယ်ငယ်တုန်းက ကိုယ့်အရိုးကို သန်မာအောင် မလေ့ကျင့်ခဲ့လို့ပါပဲ။ အခုအလေးမ,တဲ့လေ့ကျင့်ခန်းကတော့ ကိုယ့်ရဲ့တစ်ကိုယ်လုံးက ကြွက်သားတွေတင်မဟုတ်ဘူး အရိုးတွေကိုပါ သန်မာစေဦးမှာမို့ မဖြစ်မနေလုပ်သင့်တဲ့လေ့ကျင့်ခန်းပါပဲလို့။အဓိကအားဖြင့် ဒီလိုအလေးမ,တဲ့လေ့ကျင့်ခန်းတွေက ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါသေးတယ်။ တစ်ခုခုဒေါသဖြစ်ခဲ့ရင်လည်း အဲဒါကိုဒီဖက်ထဲစိတ်ထည့် အော်ဟစ်ပြီးအလေးကိုမ, ဖွင့်ထုတ်လိုက်ရင် အနည်းနဲ့အများတော့ ကျေနပ်သွားတာပဲလေ။ ဒါကြောင့် အမျိုးသမီးတွေ မြန်မြန်မအိုစာဘဲ အရွယ်တင်နုပျိုချင်ရင်၊ ကိုယ့်ဘဝတစ်လျှောက်လုံးကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းကျန်းမာမာနေသွားချင်ရင် အလေးမ,တဲ့လေ့ကျင့်ခန်းကို လုပ်ပေးကြပါလို့!!!!

Hnin Ei Oo (For Her Myanmar)
References : bodybuilding, verywellfit

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *