Fitness

ဘယ္ Gym ဆရာမွ ဖြင့္ေျပာမွာမဟုတ္တဲ့ စကား (၄) ခြန္း

တျခားဟာေတြသာ ေျပာရင္ေျပာလိမ့္မယ္.. ဒီ ၄ ခြန္းကေတာ့ လံုးဝပဲ!!!!

ဘယ္သူမဆိုေတာ့ ကိုယ္အခ်ိန္ကုန္၊ လူပန္းၿပီး အားအမ်ားႀကီး စိုက္ထုတ္ထားရတဲ့ အရာတစ္ခုကို ရလဒ္ေကာင္းေကာင္းေလး ထြက္ေစခ်င္ၾကတာပါပဲ။ အဲဒီလို ရလဒ္ထြက္ဖုိ႔အတြက္ ထရိန္နာေတြက သင္ျပေပးဖို႔ လိုပါေသးတယ္။ ဆရာမျပ နည္းမက်ဆိုသလို Gym မွာ ေလ့က်င့္တဲ့အခါ ကိုယ့္ကို သင္ျပေပးမယ့္ ထရိန္နာေတြ လိုအပ္ေပမဲ့ ကိုယ္ေလ့က်င့္ေနတဲ့အခ်ိန္ေတာက္ေလွ်ာက္ ကိုယ့္တစ္ေယာက္တည္းကို ေလ့က်င့္ေပးမယ့္ Personal Trainer ငွားမယ္ဆိုရင္ေတာ့ ထရိန္နာေတြရဲ႕ စိတ္ထဲမွာ ဒီစကား (၆) ခြန္းကို ေတြးေနမိမွာ အမွန္ပါပဲ။ ဒါေပမဲ့ ေယာင္းတို႔ကို ဘယ္ေသာအခါမွေတာ့ ထုတ္ေျပာမွာမဟုတ္ပါဘူး။ ဘယ္စကား (၆) ခြန္းလဲဆိုေတာ့… 

(၁) အမွန္ေတာ့ ငါ့ကိုနင္မလိုအပ္ပါဘူး၊ နင့္ရဲ႕ ေနထိုင္မႈပံုစံကိုပဲ ေျပာင္းဖို႔လိုအပ္ေနတာပါ။

စငွားၿပီဆိုတာနဲ႔ ကိုယ့္ရဲ႕တစ္ေန႔တာ စားေသာက္ေနထိုင္တဲ့ပံုစံ၊ ေရဘယ္ႏွခြက္ေသာက္တယ္ကအစ ေနာက္ဆံုးကိုယ့္ရဲ႕ဝမ္းသြားတဲ့ အေျခအေနကိုပါ ေသခ်ာအေသးစိတ္ေမးၿပီး သူလိုခ်င္တဲ့အတိုင္းအတာကို ပံုစံခြက္ခ်စားခိုင္းတယ္မလား? အဲဒါဘာလို႔လဲသိလား? ကိုယ္လိုခ်င္တဲ့ ခႏၶာကိုယ္ပံုစံရဖို႔ဆို အစားအေသာက္က ၆၀ ရာခိုင္ႏႈန္းအထိ အေရးပါၿပီး ေလ့က်င့္ခန္းကေတာ့ ၄၀% ေလာက္ပဲ အေရးပါတာမို႔ပါ။ ဒီႏွစ္ခုမွ်သြားရင္ေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ပံုစံကို ရၿပီမို႔သူတို႔က ေလ့က်င့္ခန္းထက္စာရင္ အစားအေသာက္နဲ႔ပဲပိုၿပီး ထိန္းသိမ္းခိုင္းတာပါ။ ဒါဘာကိုဆိုလိုလဲဆိုရင္ သူ႔ကိုပိုက္ဆံအမ်ားႀကီး ေပးငွားစရာမလိုဘဲ ကိုယ့္ရဲ႕အစားအေသာက္နဲ႔ေနထိုင္မႈပံုစံကိုပဲ ေသခ်ာသတိထားၿပီး ျဖည္းျဖည္းမွန္မွန္ ေလ့က်င့္ခန္းလုပ္သြားရံုနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့ပံုစံကို ရႏိုင္တယ္ဆိုတာပါပဲ.. ဒါေပမဲ့ ဘယ္သူကေတာ့ ဒါကို ထုတ္ေျပာေနမလဲေနာ္.. 

Related Article >>> Gym ေဆာ့ၿပီးတဲ့အခ်ိန္ ဘာလို႔အစားစားသင့္တာလဲ?

(၂) မာဆယ္တက္ဖို႔ဆိုတာ အရမ္းၾကာတယ္။

ႏွစ္အၾကာႀကီး စြဲေဆာ့ရင္ေတာ့ မာဆယ္က မျဖစ္မေနတက္လာမွာပါပဲ။ အဲဒီလို အၾကာႀကီးမေစာင့္ခ်င္လို႔ ဒီလိုေဈးႀကီးေပးငွားပါတယ္ဆိုမွ သူနဲ႔ဆက္ေဆာ့လည္း ၾကာဦးမွာပဲဆိုရင္ေတာ့ ဘယ္လိုလုပ္ စိတ္ခ်မ္းသာေတာ့မလဲေနာ္ 😀 အဲဒါေၾကာင့္ ကိုယ့္ကိုေတာ့ ေလခ်ိဳေအးေလးနဲ႔ ဘယ္အခ်ိန္ဆိုတက္မွာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ ပံုစံခ်င္းမတူဘူးေလ၊ အခုေတာင္ နည္းနည္းေလးတက္လာသလိုပဲ စသည္ျဖင့္ ပံုစံမ်ိဳးစံု ရႊီေရွာင္လုပ္ၿပီး ေျပာၾကရတာေပါ့… အဲဒါေၾကာင့္  မာဆယ္ဆိုတာ ဘယ္လိုပံုစံနဲ႔ ေသေအာင္လိုက္လုပ္လုပ္ တက္ဖို႔က တကယ္ကို ခက္ခဲပါတယ္ဆိုတာကိုေတာ့ ေယာင္းတို႔သိထားရမယ္ေနာ္။

(၃) ကၽြန္ေတာ္တို႔လည္း ကိုယ္လိုခ်င္တဲ့ပံုစံရဖို႔ တစ္ခါတေလ စတီးရြိဳက္ထိုးရပါတယ္။

ကၽြန္ေတာ္ကေတာ့ ဘယ္သို႔ဘယ္ပံုစားေသာက္၊ ဘယ္လိုေတြ ေလ့က်င့္ခန္းလုပ္ၿပီး ထရိန္နင္ဆင္းခဲ့ရတာလို႔ ဘယ္ေလာက္ပဲေျပာေျပာ တခ်ိဳ႕ေသာဆရာေတြက ဒီလိုက်စ္လ်စ္မာေက်ာတဲ့ ႂကြက္သားေတြရဖို႔အတြက္ စတီးရြိဳက္ကို အနည္းနဲ႔အမ်ား သံုးစြဲရတာမ်ိဳးေတြ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္က စတီးရြိဳက္မသံုးထားတဲ့ အမွန္အကန္ႂကြက္သားေတြနဲ႔ ဆရာလိုခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ဘာသာနည္းနည္းရႊီေရွာင္ စံုစမ္းေပါ့ေနာ္။ သူ႔ပါးစပ္ကေတာ့ ကၽြန္ေတာ္စတီးရြိဳက္ထိုးထားတယ္ ဆိုတာမ်ိဳးဘယ္ေတာ့မွ ထုတ္ေျပာမွာမဟုတ္ဘူးေလ။

(၄) ပိုက္ဆံအမ်ားႀကီးကုန္မယ္ေနာ္။

စဥ္းစားၾကည့္ေလေယာင္းရယ္။ သူ႔ကို Gym ဖိုးထက္ ၂ ဆနီးပါးေလာက္ ကုန္ေနၿပီ။ ဒါတစ္ခုတည္းတင္မဟုတ္ဘူး ကိုယ္ျဖစ္ခ်င္တဲ့ပံုစံက ခက္ရင္ခက္သေလာက္ ျဖည့္စြက္စာေတြလည္း ထပ္တိုးရဦးမွာမို႔ တျခား အပို ယိုေပါက္ေတြလည္း အမ်ားႀကီးရွိေနပါဦးမယ္ဆိုတာကို မေမ့နဲ႔ေနာ္။ ဒါေပမဲ့ ဒီလိုပိုက္ဆံေတြ ရွယ္ကုန္မယ္လို႔ေတာ့ သူကေျပာမွာမဟုတ္ပါဘူး။ ျဖည္းျဖည္းခ်င္း ႏွဲ႕ႏွဲ႕ၿပီး ဝယ္ခိုင္းမွာမို႔ ကိုယ့္ဘာသာၾကည့္ေပါ့ေအ။ ဒီလိုဝယ္ခိုင္းဖို႔ကလည္း သူ႕တာဝန္မဟုတ္လား… 

Related Article >>> Gym နဲ႔ပတ္သက္ၿပီးလူအမ်ားလက္ခံထားတဲ့အယူအဆအမွားမ်ား

ကဲ.. ခုေတာ့ သူတို႔မေျပာလည္း ကိုယ္သိသြားၿပီဟုတ္? တကယ္ေတာ္ၿပီး လံုးဝဆရာက်တဲ့ဆရာေတြလည္း အမ်ားႀကီးပါပဲေနာ္… Gym သြားမယ္လို႔ စႀကံကတည္းက Personal Trainer ငွားမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ရွိေနတဲ့ ေယာင္းတို႔ စမ္းတဝါးဝါးနဲ႔ အမ်ားႀကီး ကုန္ေနမယ့္အစား ထိထိေရာက္ေရာက္ျဖစ္ေအာင္ တစ္ေနရာတည္းမွာပဲ သံုးေစခ်င္တဲ့ ေစတနာနဲ႔ပါလို႔။ ေယာင္းေလးတို႔အားလံုး ကိုယ္လိုခ်င္တဲ့ ခႏၶာကိုယ္ကို အခ်ိန္တိုအတြင္း ရႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Hnin Ei Oo (For Her Myanmar)

References : marketwatchReaders’ Digest

<<< Unicode >>>

တခြားဟာတွေသာ ပြောရင်ပြောလိမ့်မယ်.. ဒီ ၅ခွန်းကတော့ လုံးဝပဲ!!!!

ဘယ်သူမဆိုတော့ ကိုယ်အချိန်ကုန်၊ လူပန်းပြီး အားအများကြီး စိုက်ထုတ်ထားရတဲ့ အရာတစ်ခုကို ရလဒ်ကောင်းကောင်းလေး ထွက်စေချင်ကြတာပါပဲ။ အဲဒီလို ရလဒ်ထွက်ဖို့အတွက် ထရိန်နာတွေက သင်ပြပေးဖို့ လိုပါသေးတယ်။ ဆရာမပြ နည်းမကျဆိုသလို Gym မှာ လေ့ကျင့်တဲ့အခါ ကိုယ့်ကို သင်ပြပေးမယ့် ထရိန်နာတွေ လိုအပ်ပေမဲ့ ကိုယ်လေ့ကျင့်နေတဲ့အချိန်တောက်လျှောက် ကိုယ့်တစ်ယောက်တည်းကို လေ့ကျင့်ပေးမယ့် Personal Trainer ငှားမယ်ဆိုရင်တော့ ထရိန်နာတွေရဲ့ စိတ်ထဲမှာ ဒီစကား (၆) ခွန်းကို တွေးနေမိမှာ အမှန်ပါပဲ။ ဒါပေမဲ့ ယောင်းတို့ကို ဘယ်သောအခါမှတော့ ထုတ်ပြောမှာမဟုတ်ပါဘူး။ ဘယ်စကား (၆) ခွန်းလဲဆိုတော့…

(၁) အမှန်တော့ ငါ့ကိုနင်မလိုအပ်ပါဘူး၊ နင့်ရဲ့ နေထိုင်မှုပုံစံကိုပဲ ပြောင်းဖို့လိုအပ်နေတာပါ။

စငှားပြီဆိုတာနဲ့ ကိုယ့်ရဲ့တစ်နေ့တာ စားသောက်နေထိုင်တဲ့ပုံစံ၊ ရေဘယ်နှခွက်သောက်တယ်ကအစ နောက်ဆုံးကိုယ့်ရဲ့ဝမ်းသွားတဲ့ အခြေအနေကိုပါ သေချာအသေးစိတ်မေးပြီး သူလိုချင်တဲ့အတိုင်းအတာကို ပုံစံခွက်ချစားခိုင်းတယ်မလား? အဲဒါဘာလို့လဲသိလား? ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံရဖို့ဆို အစားအသောက်က ၆၀ ရာခိုင်နှုန်းအထိ အရေးပါပြီး လေ့ကျင့်ခန်းကတော့ ၄၀% လောက်ပဲ အရေးပါတာမို့ပါ။ ဒီနှစ်ခုမျှသွားရင်တော့ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရပြီမို့သူတို့က လေ့ကျင့်ခန်းထက်စာရင် အစားအသောက်နဲ့ပဲပိုပြီး ထိန်းသိမ်းခိုင်းတာပါ။ ဒါဘာကိုဆိုလိုလဲဆိုရင် သူ့ကိုပိုက်ဆံအများကြီး ပေးငှားစရာမလိုဘဲ ကိုယ့်ရဲ့အစားအသောက်နဲ့နေထိုင်မှုပုံစံကိုပဲ သေချာသတိထားပြီး ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ခန်းလုပ်သွားရုံနဲ့ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရနိုင်တယ်ဆိုတာပါပဲ.. ဒါပေမဲ့ ဘယ်သူကတော့ ဒါကို ထုတ်ပြောနေမလဲနော်..

Related Article >>> Gym ဆော့ပြီးတဲ့အချိန် ဘာလို့အစားစားသင့်တာလဲ?

(၂) မာဆယ်တက်ဖို့ဆိုတာ အရမ်းကြာတယ်။

နှစ်အကြာကြီး စွဲဆော့ရင်တော့ မာဆယ်က မဖြစ်မနေတက်လာမှာပါပဲ။ အဲဒီလို အကြာကြီးမစောင့်ချင်လို့ ဒီလိုဈေးကြီးပေးငှားပါတယ်ဆိုမှ သူနဲ့ဆက်ဆော့လည်း ကြာဦးမှာပဲဆိုရင်တော့ ဘယ်လိုလုပ် စိတ်ချမ်းသာတော့မလဲနော် 😀 အဲဒါကြောင့် ကိုယ့်ကိုတော့ လေချိုအေးလေးနဲ့ ဘယ်အချိန်ဆိုတက်မှာ၊ တစ်ယောက်နဲ့တစ်ယောက်ကတော့ ပုံစံချင်းမတူဘူးလေ၊ အခုတောင် နည်းနည်းလေးတက်လာသလိုပဲ စသည်ဖြင့် ပုံစံမျိုးစုံ ရွှီရှောင်လုပ်ပြီး ပြောကြရတာပေါ့… အဲဒါကြောင့်  မာဆယ်ဆိုတာ ဘယ်လိုပုံစံနဲ့ သေအောင်လိုက်လုပ်လုပ် တက်ဖို့က တကယ်ကို ခက်ခဲပါတယ်ဆိုတာကိုတော့ ယောင်းတို့သိထားရမယ်နော်။

(၃) ကျွန်တော်တို့လည်း ကိုယ်လိုချင်တဲ့ပုံစံရဖို့ တစ်ခါတလေ စတီးရွိုက်ထိုးရပါတယ်။

ကျွန်တော်ကတော့ ဘယ်သို့ဘယ်ပုံစားသောက်၊ ဘယ်လိုတွေ လေ့ကျင့်ခန်းလုပ်ပြီး ထရိန်နင်ဆင်းခဲ့ရတာလို့ ဘယ်လောက်ပဲပြောပြော တချို့သောဆရာတွေက ဒီလိုကျစ်လျစ်မာကျောတဲ့ ကြွက်သားတွေရဖို့အတွက် စတီးရွိုက်ကို အနည်းနဲ့အများ သုံးစွဲရတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်က စတီးရွိုက်မသုံးထားတဲ့ အမှန်အကန်ကြွက်သားတွေနဲ့ ဆရာလိုချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာနည်းနည်းရွှီရှောင် စုံစမ်းပေါ့နော်။ သူ့ပါးစပ်ကတော့ ကျွန်တော်စတီးရွိုက်ထိုးထားတယ် ဆိုတာမျိုးဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူးလေ။

(၄) ပိုက်ဆံအများကြီးကုန်မယ်နော်။

စဉ်းစားကြည့်လေယောင်းရယ်။ သူ့ကို Gym ဖိုးထက် ၂ ဆနီးပါးလောက် ကုန်နေပြီ။ ဒါတစ်ခုတည်းတင်မဟုတ်ဘူး ကိုယ်ဖြစ်ချင်တဲ့ပုံစံက ခက်ရင်ခက်သလောက် ဖြည့်စွက်စာတွေလည်း ထပ်တိုးရဦးမှာမို့ တခြား အပို ယိုပေါက်တွေလည်း အများကြီးရှိနေပါဦးမယ်ဆိုတာကို မမေ့နဲ့နော်။ ဒါပေမဲ့ ဒီလိုပိုက်ဆံတွေ ရှယ်ကုန်မယ်လို့တော့ သူကပြောမှာမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း နှဲ့နှဲ့ပြီး ဝယ်ခိုင်းမှာမို့ ကိုယ့်ဘာသာကြည့်ပေါ့အေ။ ဒီလိုဝယ်ခိုင်းဖို့ကလည်း သူ့တာဝန်မဟုတ်လား…

Related Article >>> Gym နဲ့ပတ်သက်ပြီးလူအများလက်ခံထားတဲ့အယူအဆအမှားများ

ကဲ.. ခုတော့ သူတို့မပြောလည်း ကိုယ်သိသွားပြီဟုတ်? တကယ်တော်ပြီး လုံးဝဆရာကျတဲ့ဆရာတွေလည်း အများကြီးပါပဲနော်… Gym သွားမယ်လို့ စကြံကတည်းက Personal Trainer ငှားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတဲ့ ယောင်းတို့ စမ်းတဝါးဝါးနဲ့ အများကြီး ကုန်နေမယ့်အစား ထိထိရောက်ရောက်ဖြစ်အောင် တစ်နေရာတည်းမှာပဲ သုံးစေချင်တဲ့ စေတနာနဲ့ပါလို့။ ယောင်းလေးတို့အားလုံး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ရနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Hnin Ei Oo (For Her Myanmar)

References : marketwatchReaders’ Digest

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *