ဘယ္အခ်ိန္ေတြမွာ ေလ့က်င့္ခန္းမလုပ္ဘဲ အျပည့္အဝအနားယူသင့္လဲ? ဘာေၾကာင့္လဲ?

ပ်င္းၿပီးနားတာကို မဆိုလိုဘူးေနာ္

Workout (ေလ့က်င့္ခန္းလုပ္ျခင္း) လို႔ေျပာလိုက္တာနဲ႔ အေလးအပင္ေတြ မ,ၿပီး တစ္ပတ္ ၇ ရက္မျပတ္ အားအင္ေတြကုန္ဆံုးရာေနရာကို ေျပးျမင္ေနရင္ ဒါမွမဟုတ္ တစ္ပတ္ ၂ ရက္ေလာက္သြား အေလးႏွစ္ခုေလာက္ အျဖစ္သေဘာ မ,ၿပီး ေအးေဆးေလး အလွမပ်က္ေခၽြးမထြက္ဘဲ သြားလို႔ရတဲ့ေနရာလို႔ ေျပးျမင္ေနရင္ ေယာင္းတို႔နဲ႔ စကားေျပာဖို႔လိုအပ္ေနပါၿပီ။ (အက္မယ္ ကိုယ္ ဆရာႀကီးပါေပါ့ :P) တကယ္တမ္းက်ေတာ့ Gym လိုေနရာမ်ိဳးက အသားကုန္အားထုတ္ၿပီး က်ားကုတ္က်ားခဲ မနားမေနလုပ္ရင္လည္း ကိုယ့္အတြက္မေကာင္းႏိုင္သလို အလွမပ်က္ေခၽြးမထြက္ သာယာေနတာကလည္း လံုးဝမေကာင္းပါဘူးေနာ္။ အဲ့ေတာ့ ဘယ္အခ်ိန္မွာ နားၾကမလဲ??? ဘာေၾကာင့္ နားသင့္လဲ???

တစ္ပတ္မွာဘယ္ေလာက္နားသင့္လဲ?

တစ္ေယာက္နဲ႔တစ္ေယာက္ ခႏၶာကိုယ္ပံုစံမတူသလို ကိုယ္ျဖစ္ခ်င္တဲ့ပံုစံအေနအထားခ်င္းလည္း မတူတာမို႔ တစ္ပတ္မွာဘယ္ေလာက္နားသင့္လဲဆိုတာ ကိုယ့္အေပၚမွာပဲမူတည္ပါတယ္။ ဒါေပမဲ့လည္း ေယဘယ်အားျဖင့္ေျပာရမယ္ဆိုရင္ေတာ့ တစ္ပတ္မွာ အနည္းဆံုးတစ္ရက္ကေန ၃ ရက္ေလာက္အထိ နားသင့္ပါတယ္ေနာ္။

ဘာေၾကာင့္အနားယူသင့္လဲ?

ႏွင္းတို႔ Workout (အားကစားလုပ္) တဲ့အခါမွာ ခႏၶာကိုယ္ တစ္ကိုယ္လံုးမွာရွိတဲ့ အားေတြကို အကုန္လံုးထုတ္သံုးရပါတယ္။ (ေသခ်ာေဆာ့တဲ့လူဆိုရင္ေပါ့ :P) အဲ့လိုခႏၶာကိုယ္မွာရွိတဲ့ ႂကြက္သားနဲ႔ အစိတ္အပိုင္းေတြကို အလုပ္ေပးရတာမို႔ ျပန္အနားမယူရင္ေတာ့ ခႏၶာကိုယ္ကအရမ္းကိုပင္ပန္းလာၿပီး ေနာက္ဆံုးေျခကုန္လက္ပန္းက်သြားတတ္ပါတယ္။ အဲ့လိုေျခကုန္လက္ပန္းက်သြားရင္ေတာ့ ဘယ္ေလာက္ပဲအလုပ္ေပးေပး အေနာက္က်ေန လိုက္မလုပ္ႏိုင္ေတာ့တာမ်ိဳးေတြ ျဖစ္တတ္တာမို႔ ဒီအဆင့္ထိမေရာက္ခင္မွာ ခႏၶာကိုယ္ကို မျဖစ္မေနအနားေပးဖို႔လိုအပ္ပါတယ္။

Related Article >>> ဝိတ္က်ခ်င္လား? ဒီပလန္အတိုင္း က်န္းမာေရးနဲ႔ ညီေအာင္ စားၾကည့္ပါ။

နားရမလား? အတင္းတြန္းရမလား?

ဒါကေတာ့ တခ်ိဳ႕ေန႔ေတြမွာ ‘ေဝခြဲမရပါလား’ ဆိုၿပီးမၾကာခဏၾကံဳေတြရတတ္တဲ့ အျဖစ္အပ်က္ပဲလို႔ထင္ပါရဲ႕။ သြားရမယ့္ရက္ဆိုေပမဲ့ ကိုယ့္ရဲ႕စိတ္အေျခအေနေၾကာင့္ (ဒါမွမဟုတ္) တစ္ေနကုန္သြားလာလႈပ္ရွားၿပီး အရမ္းပင္ပန္းေနတဲ့အခ်ိန္မွာဆိုရင္ ဒီ Gym ကိုသြားရမလား မသြားရဘူးလားဆိုၿပီး စိတ္ေထြသြားတတ္ပါတယ္။ အကယ္၍ ကိုယ္နားမယ္လို႔သတ္မွတ္ထားတဲ့ရက္မကုန္ေသးရင္ေတာ့ ေနာက္ေန႔က်မွေသခ်ာေဆာ့မယ္ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ကတိေပးရင္း တစ္ရက္ေလာက္ေတာ့ ေအးေဆးနားလိုက္ပါ။ (အပ်င္းေတာ့ ဆက္မတစ္သြားေစနဲ႔ေပါ့ ေအတို႔ရယ္။) အကယ္လို႔ ဒီအတိုင္းပ်င္းၿပီးမသြားခ်င္တာမ်ိဳးမဟုတ္ဘဲ ေနမေကာင္းျဖစ္တာမ်ိဳးဆိုရင္ေတာ့ နားေနတာက အေကာင္းဆံုးပါပဲ။

ဘယ္အခ်ိန္မွာ Gym လံုးဝမေဆာ့ဘဲ ခဏရပ္ထားရမလဲ?

ခႏၶာကိုယ္က တစ္ခုခုေၾကာင့္ထိခိုက္ထားတဲ့အခ်ိန္မွာ လံုးဝကို နားေနသင့္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာက ကိုယ့္ရဲ႕ခႏၶာကိုယ္အလွထက္ တစ္သက္လံုးဒဏ္မပါသြားဖုိ႔က အေရးႀကီးတာမို႔ ဒီလိုထိခိုက္ထားတဲ့အခ်ိန္မ်ိဳးမွာ ေပါ့ပါးတာေရာ၊ မေပါ့ပါးတာေရာ အားလံုးကို ခဏေလာက္ျဖတ္ထားၿပီး ကိုယ့္ရဲ႕ႂကြက္သားေတြကို ရဲရဲႀကီးအနားေပးလိုက္ပါ။ မဟုတ္ရင္ တစ္သက္လံုးေနာင္တရေနရလိမ့္မယ္ေနာ္။

Related Article >>> ေန႔တိုင္းနီးပါးေလ့က်င့္ခန္းလုပ္တဲ့အက်င့္ျဖစ္လာေအာင္ ဘယ္လိုအရာေတြကို ေမြးျမဴရမလဲ?

ဘယ္အခ်ိန္ေတြမွာ Gym ကိုပိုေဆာ့သင့္လဲ?

ႏွင္းရဲ႕ အေတြ႔အၾကံဳအရေျပာရမယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာတစ္ခုခု က်ရံႈးေနတဲ့အခါမွာ Gym ကိုစိတ္ႏွစ္ၿပီး ေဆာ့ဖို႔အေကာင္းဆံုးအခ်ိန္ပါပဲ။ တစ္ခါတေလမွာ ကို္ယ့္အတြက္ တကယ့္အဆိုးရြားဆံုးေတြကိုပဲ မ်က္စိထဲျမင္မိတဲ့အခါ ကိုယ့္မွာရွိတဲ့အရာေလာက္နဲ႔ မတင္းတိမ္ႏိုင္တာမ်ိဳးေလးေတြ ျဖစ္တတ္ပါတယ္။

ဒါကလည္း လူ႕သဘာဝပဲမို႔ ဒီလိုအရာရာကို ‘Why Me’ မ်က္လံုးနဲ႔ ၾကည့္မိတဲ့အခ်ိန္ (ဒါမွမဟုတ္) ဘဝမွ ာတကယ့္အဆိုးရြားဆံုးအရာေတြကိုပဲ ၾကံဳေတြ႔ရတဲ့အခ်ိန္မွာ တစ္ခုခုကိုထြက္ေပါက္အေနနဲ႔ သေဘာထားၿပီး ေဖာက္ထုတ္ပစ္လိုက္တာက အေကာင္းဆံုးအေျဖပါပဲေနာ္။ အထူးသျဖင့္ ခႏၶာကိုယ္အားေတြကို အျပည့္အဝအသံုးခ်ၿပီး အေလးမရင္းေအာ္လိုက္တဲ့အခ်ိန္မွာ ရွိသမွ်ကိုယ့္ရဲ႕ ဒုကၡေတြက တစ္ခါတည္းစီးေျမာၿပီးပါသြားပါေစ။ ဒါဆိုရင္ ေပါ့ပါး လြတ္လပ္သြားပါလိမ့္မယ္။ 

ကဲ.. ဒါဆို ဘယ္အခ်ိန္ေတြမွာ နားသင့္တယ္၊ ဘယ္အခ်ိန္ေတြမွာ တြန္းၿပီး ေဆာ့သင့္တယ္ဆိုတာ သေဘာေပါက္သြားေလာက္ၿပီေပါ့.. ေနာက္မ်ားမွ ျပန္ဆံုၾကမယ္ေနာ္…

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ပျင်းပြီးနားတာကို မဆိုလိုဘူးနော်

Workout (လေ့ကျင့်ခန်းလုပ်ခြင်း) လို့ပြောလိုက်တာနဲ့ အလေးအပင်တွေ မ,ပြီး တစ်ပတ် ၇ ရက်မပြတ် အားအင်တွေကုန်ဆုံးရာနေရာကို ပြေးမြင်နေရင် ဒါမှမဟုတ် တစ်ပတ် ၂ ရက်လောက်သွား အလေးနှစ်ခုလောက် အဖြစ်သဘော မ,ပြီး အေးဆေးလေး အလှမပျက်ချွေးမထွက်ဘဲ သွားလို့ရတဲ့နေရာလို့ ပြေးမြင်နေရင် ယောင်းတို့နဲ့ စကားပြောဖို့လိုအပ်နေပါပြီ။ (အက်မယ် ကိုယ် ဆရာကြီးပါပေါ့ :P) တကယ်တမ်းကျတော့ Gym လိုနေရာမျိုးက အသားကုန်အားထုတ်ပြီး ကျားကုတ်ကျားခဲ မနားမနေလုပ်ရင်လည်း ကိုယ့်အတွက်မကောင်းနိုင်သလို အလှမပျက်ချွေးမထွက် သာယာနေတာကလည်း လုံးဝမကောင်းပါဘူးနော်။ အဲ့တော့ ဘယ်အချိန်မှာ နားကြမလဲ??? ဘာကြောင့် နားသင့်လဲ???

တစ်ပတ်မှာဘယ်လောက်နားသင့်လဲ?

တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ပုံစံမတူသလို ကိုယ်ဖြစ်ချင်တဲ့ပုံစံအနေအထားချင်းလည်း မတူတာမို့ တစ်ပတ်မှာဘယ်လောက်နားသင့်လဲဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ဒါပေမဲ့လည်း ယေဘယျအားဖြင့်ပြောရမယ်ဆိုရင်တော့ တစ်ပတ်မှာ အနည်းဆုံးတစ်ရက်ကနေ ၃ ရက်လောက်အထိ နားသင့်ပါတယ်နော်။

ဘာကြောင့်အနားယူသင့်လဲ?

နှင်းတို့ Workout (အားကစားလုပ်) တဲ့အခါမှာ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာရှိတဲ့ အားတွေကို အကုန်လုံးထုတ်သုံးရပါတယ်။ (သေချာဆော့တဲ့လူဆိုရင်ပေါ့ :P) အဲ့လိုခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားနဲ့ အစိတ်အပိုင်းတွေကို အလုပ်ပေးရတာမို့ ပြန်အနားမယူရင်တော့ ခန္ဓာကိုယ်ကအရမ်းကိုပင်ပန်းလာပြီး နောက်ဆုံးခြေကုန်လက်ပန်းကျသွားတတ်ပါတယ်။ အဲ့လိုခြေကုန်လက်ပန်းကျသွားရင်တော့ ဘယ်လောက်ပဲအလုပ်ပေးပေး အနောက်ကျနေ လိုက်မလုပ်နိုင်တော့တာမျိုးတွေ ဖြစ်တတ်တာမို့ ဒီအဆင့်ထိမရောက်ခင်မှာ ခန္ဓာကိုယ်ကို မဖြစ်မနေအနားပေးဖို့လိုအပ်ပါတယ်။

Related Article >>> ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

နားရမလား? အတင်းတွန်းရမလား?

ဒါကတော့ တချို့နေ့တွေမှာ ‘ဝေခွဲမရပါလား’ ဆိုပြီးမကြာခဏကြုံတွေရတတ်တဲ့ အဖြစ်အပျက်ပဲလို့ထင်ပါရဲ့။ သွားရမယ့်ရက်ဆိုပေမဲ့ ကိုယ့်ရဲ့စိတ်အခြေအနေကြောင့် (ဒါမှမဟုတ်) တစ်နေကုန်သွားလာလှုပ်ရှားပြီး အရမ်းပင်ပန်းနေတဲ့အချိန်မှာဆိုရင် ဒီ Gym ကိုသွားရမလား မသွားရဘူးလားဆိုပြီး စိတ်ထွေသွားတတ်ပါတယ်။ အကယ်၍ ကိုယ်နားမယ်လို့သတ်မှတ်ထားတဲ့ရက်မကုန်သေးရင်တော့ နောက်နေ့ကျမှသေချာဆော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ကတိပေးရင်း တစ်ရက်လောက်တော့ အေးဆေးနားလိုက်ပါ။ (အပျင်းတော့ ဆက်မတစ်သွားစေနဲ့ပေါ့ အေတို့ရယ်။) အကယ်လို့ ဒီအတိုင်းပျင်းပြီးမသွားချင်တာမျိုးမဟုတ်ဘဲ နေမကောင်းဖြစ်တာမျိုးဆိုရင်တော့ နားနေတာက အကောင်းဆုံးပါပဲ။

ဘယ်အချိန်မှာ Gym လုံးဝမဆော့ဘဲ ခဏရပ်ထားရမလဲ?

ခန္ဓာကိုယ်က တစ်ခုခုကြောင့်ထိခိုက်ထားတဲ့အချိန်မှာ လုံးဝကို နားနေသင့်ပါတယ်။ ဒီလိုအချိန်မျိုးမှာက ကိုယ့်ရဲ့ခန္ဓာကိုယ်အလှထက် တစ်သက်လုံးဒဏ်မပါသွားဖို့က အရေးကြီးတာမို့ ဒီလိုထိခိုက်ထားတဲ့အချိန်မျိုးမှာ ပေါ့ပါးတာရော၊ မပေါ့ပါးတာရော အားလုံးကို ခဏလောက်ဖြတ်ထားပြီး ကိုယ့်ရဲ့ကြွက်သားတွေကို ရဲရဲကြီးအနားပေးလိုက်ပါ။ မဟုတ်ရင် တစ်သက်လုံးနောင်တရနေရလိမ့်မယ်နော်။

Related Article >>> နေ့တိုင်းနီးပါးလေ့ကျင့်ခန်းလုပ်တဲ့အကျင့်ဖြစ်လာအောင် ဘယ်လိုအရာတွေကို မွေးမြူရမလဲ?

ဘယ်အချိန်တွေမှာ Gym ကိုပိုဆော့သင့်လဲ?

နှင်းရဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာတစ်ခုခု ကျရှုံးနေတဲ့အခါမှာ Gym ကိုစိတ်နှစ်ပြီး ဆော့ဖို့အကောင်းဆုံးအချိန်ပါပဲ။ တစ်ခါတလေမှာ ကိုယ့်အတွက် တကယ့်အဆိုးရွားဆုံးတွေကိုပဲ မျက်စိထဲမြင်မိတဲ့အခါ ကိုယ့်မှာရှိတဲ့အရာလောက်နဲ့ မတင်းတိမ်နိုင်တာမျိုးလေးတွေ ဖြစ်တတ်ပါတယ်။

ဒါကလည်း လူ့သဘာဝပဲမို့ ဒီလိုအရာရာကို ‘Why Me’ မျက်လုံးနဲ့ ကြည့်မိတဲ့အချိန် (ဒါမှမဟုတ်) ဘဝမှ ာတကယ့်အဆိုးရွားဆုံးအရာတွေကိုပဲ ကြုံတွေ့ရတဲ့အချိန်မှာ တစ်ခုခုကိုထွက်ပေါက်အနေနဲ့ သဘောထားပြီး ဖောက်ထုတ်ပစ်လိုက်တာက အကောင်းဆုံးအဖြေပါပဲနော်။ အထူးသဖြင့် ခန္ဓာကိုယ်အားတွေကို အပြည့်အဝအသုံးချပြီး အလေးမရင်းအော်လိုက်တဲ့အချိန်မှာ ရှိသမျှကိုယ့်ရဲ့ ဒုက္ခတွေက တစ်ခါတည်းစီးမြောပြီးပါသွားပါစေ။ ဒါဆိုရင် ပေါ့ပါး လွတ်လပ်သွားပါလိမ့်မယ်။ 

ကဲ.. ဒါဆို ဘယ်အချိန်တွေမှာ နားသင့်တယ်၊ ဘယ်အချိန်တွေမှာ တွန်းပြီး ဆော့သင့်တယ်ဆိုတာ သဘောပေါက်သွားလောက်ပြီပေါ့.. နောက်များမှ ပြန်ဆုံကြမယ်နော်…

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed