Gym သြားဖို႔ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိျဖစ္ေနလား? ဒီေဆာင္းပါးေလးကိုဖတ္ပါ။

ဒါေလးဖတ္ၿပီးရင္ေတာ့ ခ်က္ခ်င္း Gym ကိုထသြားခ်င္စိတ္ျဖစ္သြားလိမ့္မယ္ဆိုတာ ယံု !!!

Gym ေဆာ့ရတဲ့ရည္ရြယ္ခ်က္ေတာ့ အမ်ိဳးမ်ိဳးရွိၾကမွာေပါ့ေနာ္။ ေတာ္ေတ္ာမ်ားမ်ားကေတာ့ က်န္းမာေရးေကာင္းခ်င္လို႔ အသက္ရွည္ရွည္ေနခ်င္လုိ႔လို႔ ေျပာၾကမွာဆိုေပမဲ့ တကယ္တမ္းက်ေတာ့ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားေျပျပစ္ၿပီး လွခ်င္လုိ႔ေဆာ့ၾကတာမ်ားပါတယ္။ ဆိုေပမဲ့ ဒီလိုသြားေဆာ့ဖို႔အေရး ငါ့ခႏၶာကိုယ္က အရမ္းဝေနတယ္ အဆီေတြနဲ႔၊ ငါကေတာ့ အရမ္းပိန္ေနတယ္ အရိုးေတြခ်ည္းပဲ၊ ငါ့မ်က္ႏွာမွာ ဝက္ျခံေတြ အရမ္းထြက္ေနတာ သူမ်ားေတြေတြ႔ရင္ ကဲ့ရဲ႕ၾကမလား စသည္ျဖင့္ အမ်ိဳးမ်ိဳးအဖံုဖံုေတြးပူၿပီး သြားဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမရွိ ျဖစ္ေနရင္ေတာ့ ဒီေဆာင္းပါးေလးကို အဆံုးထိသာဖတ္ၾကည့္လိုက္ပါေတာ့ ေယာင္းေရ.. 

ပထမဆံုးေျပာရရင္ ကိုယ္က Gym ေဆာ့ေနတဲ့အခ်ိန္မ်ိဳးမွာ ဟိုလူကကိုယ့္ကိုၾကည့္ေနသလို၊ ဒီလူကၾကည့္ေနသလို ခံစားရတတ္ပါတယ္။ တကယ္တမ္းက်ေတာ့ ဘယ္သူမွ ကိုယ့္ကိုၾကည့္မေနဘဲ ကိုယ့္ရဲ႕စိတ္ကပဲကိုယ့္ကိုျပန္ၿပီး ထင္ေယာင္ထင္မွားျဖစ္ေစတာမ်ိဳးပါလို႔။ Gym လိုေနရာမ်ိဳးကက် သူလည္းဒီလိုပံုစံ၊ ကိုယ္လည္းဒီလိုပံုစံပဲမို႔ တျခားေထြေထြထူးထူးၾကည့္ေနစရာမွ မရွိပဲကိုး။ ဆိုသည့္တိုင္ အဲဒီစိတ္ႀကီးကို ေဖ်ာက္မရဘူးဆိုရင္ေတာ့…

Related Article >>> တစ္ေန႕ကိုမိနစ္(၂၀)အခ်ိန္ေပးရုံနဲ႕ တစ္ကိုယ္လုံးအခ်ိဳးညီညီအဆီက်သြားေစမယ့္ နည္းလမ္း(၄)သြယ္

(၁) ကိုယ့္ရဲ႕ေနထိုင္မႈပံုစံ (Lifestyle) နဲ႔ကိုက္တဲ့ Gym ကိုရွာပါ။

ကိုယ့္ရဲ႕ကိုယ္ပိုင္စတိုင္လ္လို႔ေျပာရမွာေပါ့။ ကိုယ္အျပင္မွာသြားလာလႈပ္ရွားတဲ့အတိုင္း၊ ေနာက္ၿပီးကိုယ့္စိတ္ကို Gym ေဆာ့ေနတယ္ဆိုတဲ့အသိမ်ိဳး မခံစားေစဘဲ ပံုမွန္ေလး ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္ ေနရာမ်ိဳးမွာ Gym ေဆာ့ဖို႔ေရြးခ်ယ္သင့္ပါတယ္။ ေနာက္ၿပီး ကိုယ္ျဖစ္ခ်င္တဲ့ပံုစံကို ပြင့္ပြင့္လင္းလင္းေျပာျပၿပီး ေသခ်ာတိုင္ပင္ေဆြးေႏြးႏိုင္တဲ့ ထရိန္နာတစ္ေယာက္ရွိေနရင္ေတာ့ အတိုင္းအထက္အလြန္ေပါ့ေနာ္။ ဒါမွလည္း ခုနကေျပာသလို ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေလ်ာ႔နည္းေနတာေတြ နည္းနည္းျဖစ္ျဖစ္ ေလ်ာ႔သြားမွာေပါ့။

(၂) လွလွပပဝတ္စားပါ။

လူဆိုတာေလ ကိုယ့္ကိုယ္ကိုယ္လွေနတယ္ ၾကည့္ေကာင္းေနတယ္လို႔ ထင္ေနရင္ ကြန္ဖီးဒန္႔ေတြစြတ္ရွိၿပီး ဖီးလင္းဆိုးဟိုက္ေနာ္။ အဲဒါမယံုမရွိနဲ႔။ ဒါေၾကာင့္ Gym ကိုျဖစ္သလို တီရွပ္အပြႀကီးေတြ ဝတ္စားၿပီးသြားတာတို႔၊ ပရမ္းပတာနဲ႔ ဖရိုဖရဲသြားတာမ်ိဳးေတြ လံုးဝမလုပ္ပါနဲ႔။ ဝတဲ့သူလည္း ဝတဲ့အေလ်ာက္ လိုက္ဖက္တဲ့အဝတ္အစားေတြ ေရြးဝတ္ပါ။ လွလွပပဝတ္စားၿပီး မွန္ထဲၾကည့္မိတိုင္း ကိုယ့္ကိုယ္ကိုယ္ အသိအမွတ္ျပဳေပးပါ။ သူမ်ားက လွတယ္၊ ၾကည့္ေကာင္းတယ္လုိ႔ ေျပာလာခဲ့ရင္လည္း ‘မလွပါဘူးအစ္မရယ္၊ ဘယ္ေနရာကဘာျဖစ္ေနတာ၊ ညာျဖစ္ေနတာ’ လို႔ျပန္ေျပာတာထက္ ‘ဟုတ္ ေက်းဇူးတင္ပါတယ္ေနာ္’ ဆိုတဲ့စကားကုိ အျပံဳးေလးနဲ႔ပဲ တံု႕ျပန္ပါ၊ ကိုယ္တကယ္လွတာကိုလည္း လက္ခံပါလို႔။

Related Article>>> ကိုယ္အခုမ,ေနတဲ့အေလးေတြက ကိုယ့္အတြက္ တကယ္ကိုဂိတ္ဆံုးအေလးေတြလား?

(၃) သူငယ္ခ်င္း ဖြဲ႕ထားပါ။

သူငယ္ခ်င္းဆိုတာ ကိုယ့္ကို အႏုတ္သေဘာေတြေဆာင္ၿပီး နင္ကဘာျဖစ္ေနတယ္၊ ညာျဖစ္ေနတယ္ စသည္ျဖင့္အျပစ္ေတြကို လက္ညွိဳးထိုးေျပာေနမယ့္ လူမ်ိဳးမဟုတ္ပါဘူးေနာ္။ ကိုယ္စိတ္ဓာတ္က်ေနရင္ေတာင္ ျပန္ဆြဲတင္ေပးႏိုင္မယ့္ သူငယ္ခ်င္းမ်ိဳးကို ေခၚသြားပါ။ မရွိရင္ေတာင္ Gym ကလူေတြနဲ႔ စကားေျပာၾကည့္ၿပီး ဒီလိုလူမ်ိဳးနဲ႔ မိတ္ဖြဲ႔ပါ။ ေကာင္းမြန္တဲ့လူတစ္ေယာက္ အနားရွိေနတာက ေယာင္းတို႔ရဲ႕ ယံုၾကည္မႈကို ပိုၿပီးတိုးတက္ေစပါလိမ့္မယ္ေနာ္။ 

အမွန္ေတာ့ေလ ဒီလိုအခ်က္ေလးေတြက Gym မွာတင္မဟုတ္ဘဲ ကိုယ့္ရဲ႕ေန႔စဥ္လူမႈဘဝမွာလည္း အသံုးဝင္မယ့္အခ်က္ေလးေတြေပါ့။ လူဆိုတာဘယ္ေလာက္ပဲ ကြန္ဖီးဒန္႔လယ္ဗယ္ဆိုးဟိုက္ေနတယ္ေျပာေျပာ တစ္ခါတေလ အဆိုးေတြပဲ ဆက္တိုက္ၾကံဳလာတဲ့အခါ၊ ကိုယ္က ပတ္ဝန္းက်င္အသစ္တစ္ခုကို ေျပာင္းၿပီးရွင္သန္တဲ့အခ်ိန္ အဲဒီပတ္ဝန္းက်င္ကလည္း ကိုယ္နဲ႔မကိုက္တဲ့အခါက်ရင္ အဲဒီစိတ္ေတြကေပ်ာက္ဆံုးၿပီး ကိုယ့္ကိုယ္ကိုယ္ Lost ျဖစ္ေနသလို (ေပ်ာက္ဆံုးေနသလို) ခံစားရတတ္တာမို႔ ဒီအခ်က္ေလးေတြကို ျပန္သံုးသပ္ၿပီး လိုအပ္သလို သံုးပါလို႔။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဒါလေးဖတ်ပြီးရင်တော့ ချက်ချင်း Gym ကိုထသွားချင်စိတ်ဖြစ်သွားလိမ့်မယ်ဆိုတာ ယုံ !!!

Gym ဆော့ရတဲ့ရည်ရွယ်ချက်တော့ အမျိုးမျိုးရှိကြမှာပေါ့နော်။ တော်တေ်ာများများကတော့ ကျန်းမာရေးကောင်းချင်လို့ အသက်ရှည်ရှည်နေချင်လို့လို့ ပြောကြမှာဆိုပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး လှချင်လို့ဆော့ကြတာများပါတယ်။ ဆိုပေမဲ့ ဒီလိုသွားဆော့ဖို့အရေး ငါ့ခန္ဓာကိုယ်က အရမ်းဝနေတယ် အဆီတွေနဲ့၊ ငါကတော့ အရမ်းပိန်နေတယ် အရိုးတွေချည်းပဲ၊ ငါ့မျက်နှာမှာ ဝက်ခြံတွေ အရမ်းထွက်နေတာ သူများတွေတွေ့ရင် ကဲ့ရဲ့ကြမလား စသည်ဖြင့် အမျိုးမျိုးအဖုံဖုံတွေးပူပြီး သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိ ဖြစ်နေရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိသာဖတ်ကြည့်လိုက်ပါတော့ ယောင်းရေ.. 

ပထမဆုံးပြောရရင် ကိုယ်က Gym ဆော့နေတဲ့အချိန်မျိုးမှာ ဟိုလူကကိုယ့်ကိုကြည့်နေသလို၊ ဒီလူကကြည့်နေသလို ခံစားရတတ်ပါတယ်။ တကယ်တမ်းကျတော့ ဘယ်သူမှ ကိုယ့်ကိုကြည့်မနေဘဲ ကိုယ့်ရဲ့စိတ်ကပဲကိုယ့်ကိုပြန်ပြီး ထင်ယောင်ထင်မှားဖြစ်စေတာမျိုးပါလို့။ Gym လိုနေရာမျိုးကကျ သူလည်းဒီလိုပုံစံ၊ ကိုယ်လည်းဒီလိုပုံစံပဲမို့ တခြားထွေထွေထူးထူးကြည့်နေစရာမှ မရှိပဲကိုး။ ဆိုသည့်တိုင် အဲဒီစိတ်ကြီးကို ဖျောက်မရဘူးဆိုရင်တော့…

Related Article >>> တစ်နေ့ကိုမိနစ်(၂၀)အချိန်ပေးရုံနဲ့ တစ်ကိုယ်လုံးအချိုးညီညီအဆီကျသွားစေမယ့် နည်းလမ်း(၄)သွယ်

(၁) ကိုယ့်ရဲ့နေထိုင်မှုပုံစံ (Lifestyle) နဲ့ကိုက်တဲ့ Gym ကိုရှာပါ။

ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်လ်လို့ပြောရမှာပေါ့။ ကိုယ်အပြင်မှာသွားလာလှုပ်ရှားတဲ့အတိုင်း၊ နောက်ပြီးကိုယ့်စိတ်ကို Gym ဆော့နေတယ်ဆိုတဲ့အသိမျိုး မခံစားစေဘဲ ပုံမှန်လေး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် နေရာမျိုးမှာ Gym ဆော့ဖို့ရွေးချယ်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ပွင့်ပွင့်လင်းလင်းပြောပြပြီး သေချာတိုင်ပင်ဆွေးနွေးနိုင်တဲ့ ထရိန်နာတစ်ယောက်ရှိနေရင်တော့ အတိုင်းအထက်အလွန်ပေါ့နော်။ ဒါမှလည်း ခုနကပြောသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းနေတာတွေ နည်းနည်းဖြစ်ဖြစ် လျော့သွားမှာပေါ့။

(၂) လှလှပပဝတ်စားပါ။

လူဆိုတာလေ ကိုယ့်ကိုယ်ကိုယ်လှနေတယ် ကြည့်ကောင်းနေတယ်လို့ ထင်နေရင် ကွန်ဖီးဒန့်တွေစွတ်ရှိပြီး ဖီးလင်းဆိုးဟိုက်နော်။ အဲဒါမယုံမရှိနဲ့။ ဒါကြောင့် Gym ကိုဖြစ်သလို တီရှပ်အပွကြီးတွေ ဝတ်စားပြီးသွားတာတို့၊ ပရမ်းပတာနဲ့ ဖရိုဖရဲသွားတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ဝတဲ့သူလည်း ဝတဲ့အလျောက် လိုက်ဖက်တဲ့အဝတ်အစားတွေ ရွေးဝတ်ပါ။ လှလှပပဝတ်စားပြီး မှန်ထဲကြည့်မိတိုင်း ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပေးပါ။ သူများက လှတယ်၊ ကြည့်ကောင်းတယ်လို့ ပြောလာခဲ့ရင်လည်း ‘မလှပါဘူးအစ်မရယ်၊ ဘယ်နေရာကဘာဖြစ်နေတာ၊ ညာဖြစ်နေတာ’ လို့ပြန်ပြောတာထက် ‘ဟုတ် ကျေးဇူးတင်ပါတယ်နော်’ ဆိုတဲ့စကားကို အပြုံးလေးနဲ့ပဲ တုံ့ပြန်ပါ၊ ကိုယ်တကယ်လှတာကိုလည်း လက်ခံပါလို့။

Related Article>>> ကိုယ်အခုမ,နေတဲ့အလေးတွေက ကိုယ့်အတွက် တကယ်ကိုဂိတ်ဆုံးအလေးတွေလား?

(၃) သူငယ်ချင်း ဖွဲ့ထားပါ။

သူငယ်ချင်းဆိုတာ ကိုယ့်ကို အနုတ်သဘောတွေဆောင်ပြီး နင်ကဘာဖြစ်နေတယ်၊ ညာဖြစ်နေတယ် စသည်ဖြင့်အပြစ်တွေကို လက်ညှိုးထိုးပြောနေမယ့် လူမျိုးမဟုတ်ပါဘူးနော်။ ကိုယ်စိတ်ဓာတ်ကျနေရင်တောင် ပြန်ဆွဲတင်ပေးနိုင်မယ့် သူငယ်ချင်းမျိုးကို ခေါ်သွားပါ။ မရှိရင်တောင် Gym ကလူတွေနဲ့ စကားပြောကြည့်ပြီး ဒီလိုလူမျိုးနဲ့ မိတ်ဖွဲ့ပါ။ ကောင်းမွန်တဲ့လူတစ်ယောက် အနားရှိနေတာက ယောင်းတို့ရဲ့ ယုံကြည်မှုကို ပိုပြီးတိုးတက်စေပါလိမ့်မယ်နော်။ 

အမှန်တော့လေ ဒီလိုအချက်လေးတွေက Gym မှာတင်မဟုတ်ဘဲ ကိုယ့်ရဲ့နေ့စဉ်လူမှုဘဝမှာလည်း အသုံးဝင်မယ့်အချက်လေးတွေပေါ့။ လူဆိုတာဘယ်လောက်ပဲ ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်နေတယ်ပြောပြော တစ်ခါတလေ အဆိုးတွေပဲ ဆက်တိုက်ကြုံလာတဲ့အခါ၊ ကိုယ်က ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းပြီးရှင်သန်တဲ့အချိန် အဲဒီပတ်ဝန်းကျင်ကလည်း ကိုယ်နဲ့မကိုက်တဲ့အခါကျရင် အဲဒီစိတ်တွေကပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုယ် Lost ဖြစ်နေသလို (ပျောက်ဆုံးနေသလို) ခံစားရတတ်တာမို့ ဒီအချက်လေးတွေကို ပြန်သုံးသပ်ပြီး လိုအပ်သလို သုံးပါလို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed