ဗိုက္အဆီက်ဖို႔အတြက္ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ (၃) ခ်က္

လံုးဝထိေရာက္တယ္ကြာ…. ႏွင္းအာမခံတယ္ 

အမယ္ ေလ့က်င့္ခန္းက်မလုပ္ဘူး၊ ဒါမ်ိဳးက ခ်က္ခ်င္းကိုေျပးဖတ္ေတာ့တာပဲေနာ္။ မပူနဲ႔ အခုေဆာင္းပါးကလည္း ေလ့က်င့္ခန္းလုပ္ဖို႔ တြန္းအားေပးဦးမွာပဲ။ ဒါေပမဲ့ တျခားဟာေတြနဲ႔မတူတာက ဒီေဆာင္းပါးမွာကက်ေတာ့ ေလ့က်င့္ခန္းဘာညာမလုပ္ခင္ လံုးဝအေျခခံအခ်က္ေတြကို ေဆြးေႏြးသြားမွာဆိုေတာ့ ေယာင္းတို႔လည္း စိတ္ဝင္စားၾကမွာပါ။ ႏွင္းတို႔အားလံုး (နီးပါးပဲဆိုပါေတာ့) Gym သြားတဲ့အခါက်ရင္ အဓိကအားျဖင့္ အဆီခ်ခ်င္တာက ဗိုက္ပဲမလား? ဒါေပမဲ့လည္း အဲဒီအဆီအက်ခ်င္ဆံုးေနရာကပဲ ခ်ရအခက္ဆံုးျဖစ္ေနျပန္ေရာ။ ဆိုေတာ့ကား ႏွင္းရဲ႕ Tips and tricks ေတြကလည္းရိုးေနၿပီဆိုေတာ့ အီးအားနဲ႔ဗိုက္မရိုက္ခင္ ဒါေလးေတြကို အရင္သိေအာင္ဖတ္ၾကည့္လိုက္ပါဦး။

(၁) ကိုယ့္ဗိုက္အေျခအေနကိုသိပါ။

ဗိုက္က အေျခခံအားျဖင့္ ရင္ဘတ္ေအာက္ပိုင္းကို ဗိုက္ရဲ႕အေပၚပိုင္းနဲ႔ အေခါက္ရွိတဲ့အပိုင္းကို ဗိုက္ရဲ႕ေအာက္ပိုင္းလုိ႔ ေခၚပါတယ္။ ႏွင္း Gym မေဆာ့ခင္တုန္းကဆိုရင္ ဗိုက္ေအာက္ပိုင္းပဲ အေခါက္ရွိၿပီး ဗိုက္အေပၚပိုင္းကေတာ့ ခ်ပ္ပါတယ္။ ဒါေၾကာင့္ ႏွင္း Gym စေဆာ့တဲ့အခ်ိန္မွာ ဗိုက္ေအာက္ပိုင္းကို ေျခေထာက္ ေကာင္းေကာင္းကန္တင္ၿပီး ဗိုက္အေပၚပိုင္းကိုေတာ့ ႂကြက္သားထြက္ဖို႔အတြက္ အားျပဳၿပီးေဆာ့ခဲ့ပါတယ္။ (ဒါေၾကာင့္ အေပၚဘက္ႂကြက္သား ၄ လံုးကအရင္ထြက္လာတာေပါ့။) ဆိုလိုခ်င္တာက အကယ္၍ ႏွင္းသာဘုမသိဘမသိ ေျခေထာက္မေျမွာက္ဘဲ ဗိုက္ကို Belly ႀကီးအားစိုက္ၿပီး ထိုင္ရိုက္ေနမယ္ဆိုရင္ အေပၚက ႂကြက္သား ၄ လံုးထြက္ေနသည့္တိုင္ ေအာက္ဗိုက္က အေခါက္ရွိၿမဲရွိဆဲ ျဖစ္ေနဦးမွာပါ။  ဒါဆိုရင္ က်စ္တယ္လို႔ ဘယ္ေျပာလို႔ရမလဲေနာ့္။ ဒါေၾကာင့္ ေယာင္းေလးတို႔ ဘာမွမေဆာ့ခင္ ကိုယ့္ဗိုက္အေျခအေနကိုၾကည့္ပါ။ သူမ်ား Belly အေခါက္ ၁၀၀၀ ဆိုတိုင္း ကိုယ္လိုက္မလုပ္ပါနဲ႔။ ကိုယ့္အေျခအေနကိုယ္ၾကည့္ၿပီး လိုတုိးပိုေလွ်ာ႔လုပ္တတ္ပါေစ။

Related Article >>> တင္ေဘးသားေတြ ကားထြက္ေစမယ့္ ေလ့က်င့္ခန္း (၄) မ်ိဳး

(၂) နည္းမွန္လမ္းမွန္ျဖစ္ေအာင္ ကိုယ့္ဘာသာေလ့လာပါ။

ကိုယ့္အေျခအေနေတာ့သိပါရဲ႕။ ဒါေပမဲ့ သူမ်ားေတြက ဒါမ်ိဳးမွမလုပ္တာ ငါမွားေနၿပီထင္တယ္ဆိုၿပီး အမ်ားမိုးခါးေရေသာက္တိုင္း ကိုယ္လိုက္မေသာက္ပါနဲ႔။ အေရးအႀကီးဆံုးေနာက္တစ္ခ်က္က သူမ်ားေျပာတဲ့စကားတိုင္းကို လုိက္နားမေထာင္ပါနဲ႔ေနာ္။ ကိုယ့္ပံုစံ၊ ကိုယ္လိုခ်င္တဲ့အေနအထားနဲ႔ ကိုယ့္ပန္းတိုင္ကို ကိုယ့္ဘာသာအသိဆံုးပါ။ ကိုယ့္ဝမ္းနာကိုယ္သာသိဆိုသလို ကိုယ္ပင္ပန္းသမွ် အရာမထင္ရင္လည္း အလကားပဲမို႔ ကိုယ့္ကိုယ္ကိုယ္ မ်က္ေျခမျပတ္ေစာင့္ၾကည့္ၿပီး နည္းမွန္လမ္းမွန္ျဖစ္ေအာင္ပဲ အဓိကေလ့က်င့္ယူပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Related Article >>> ခႏၶာကိုယ္အခ်ိဳးက်ေစဖို႔ ဘယ္လိုအစားအစာေတြကို ဘယ္အခ်ိန္မွာစားရမလဲ ?

(၃) အစားအေသာက္ဆင္ျခင္ပါ။

အစားအေသာက္မီးလိုေတာက္ေနလို႔ကေတာ့ ငါ့ဘာသာဘယ္လိုပူပူ နင့္အပူပါလားဆိုၿပီး ဗိုက္ကျပန္တုပ္လႊတ္လိမ့္မယ္ အရပ္ကတို႔ေရး။ ဆီေၾကာ္စာ၊ မာလာရွမ္းေကာ၊ ေဟာ့ေပါ့၊ ပီဇာ၊ ဘာေဘမစ္တီး စသည္ျဖင့္ လက္ညွိဳးထိုးမလြဲရွိေနတဲ့ ဒီႏိုင္ငံႀကီးမွာေနၿပီး အစားအေသာက္ေလွ်ာ႔ရတာကလည္း ဘယ္လိုေတာင္ ဆပ္လို႔မကုန္တဲ့ဝဋ္ေႂကြးလဲေမး? (ေျပာရင္းနဲ႔ေတာင္ သြားရည္ယိုသြားတယ္မလား။ ယူတို႔အားႀကီးငတ္ပဲ။) ဒါေပမဲ့ လွတာမလွတာအပထား၊ ထိုင္ေနရင္းဗိုက္မေထာက္ေနရင္ျဖစ္ၿပီ ဟုတ္တယ္ဟုတ္? ကိုယ္ဝတ္ခ်င္တာေလး ဝတ္မယ့္အခ်ိန္ ရုပ္ပ်က္ဆင္းပ်က္ ထြက္မေနရင္ အဆင္ေျပၿပီဟုတ္? ဒါဆိုရင္ေတာ့ သူမ်ားေတြစားသလို ပရမ္းပတာ သြပ္ထည့္လို႔ ဘယ္ရမလဲ? တစ္ခုလိုခ်င္ရင္ တစ္ခုကို စြန္႔လႊတ္ႏိုင္ရမွာေပါ့။ ဒါေပမဲ့စိတ္မပူပါနဲ႔။ တစ္ပတ္မွာတစ္ရက္ ကိုယ္ႀကိဳက္တာကို ႀကိဳက္သလိုစားလို႔ရပါတယ္။ (အဲဒီတစ္ရက္ကေန မ်ိဳးဆက္ဆက္ၿပီး မပြားဘူးဆိုတာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ရင္ေပါ့။)

ဒါေလးေတြပါပဲ။ အရမ္းခက္ခက္ခဲခဲႀကီးမဟားဒရား ေသေအာင္က်ိတ္ေဆာ့ခဲ့တာမ်ိဳး မရွိဘူးဆိုတာေတာ့ယံုပါယူတို႔ရယ္။ အိုင္ကသိပ္အပ်င္းႀကီးတာ။ ဒါေပမဲ့ သမားရိုးက်လမ္းထက္ ကိုယ္တိုင္ေဖာက္တဲ့လမ္းက တစ္ခါတေလမွာ ပိုၿပီးပန္းတိုင္နဲ႔ နီးသြားတာမ်ိဳးရွိတာမို႔ ခက္ခဲသည့္တိုင္ ကိုယ္ျဖစ္ခ်င္တာကို ရေအာင္၊ ျဖစ္ေအာင္ ရႏိုင္၊ ယူႏိုင္ၾကပါေစလို႔ ႏွင္းကဆုေတာင္းေပးပါတယ္ရွင္။

Hnin Ei Oo (For Her Myanmar)

>> Unicode >>>

လုံးဝထိရောက်တယ်ကွာ…. နှင်းအာမခံတယ်

အမယ် လေ့ကျင့်ခန်းကျမလုပ်ဘူး၊ ဒါမျိုးက ချက်ချင်းကိုပြေးဖတ်တော့တာပဲနော်။ မပူနဲ့ အခုဆောင်းပါးကလည်း လေ့ကျင့်ခန်းလုပ်ဖို့ တွန်းအားပေးဦးမှာပဲ။ ဒါပေမဲ့ တခြားဟာတွေနဲ့မတူတာက ဒီဆောင်းပါးမှာကကျတော့ လေ့ကျင့်ခန်းဘာညာမလုပ်ခင် လုံးဝအခြေခံအချက်တွေကို ဆွေးနွေးသွားမှာဆိုတော့ ယောင်းတို့လည်း စိတ်ဝင်စားကြမှာပါ။ နှင်းတို့အားလုံး (နီးပါးပဲဆိုပါတော့) Gym သွားတဲ့အခါကျရင် အဓိကအားဖြင့် အဆီချချင်တာက ဗိုက်ပဲမလား? ဒါပေမဲ့လည်း အဲဒီအဆီအကျချင်ဆုံးနေရာကပဲ ချရအခက်ဆုံးဖြစ်နေပြန်ရော။ ဆိုတော့ကား နှင်းရဲ့ Tips and tricks တွေကလည်းရိုးနေပြီဆိုတော့ အီးအားနဲ့ဗိုက်မရိုက်ခင် ဒါလေးတွေကို အရင်သိအောင်ဖတ်ကြည့်လိုက်ပါဦး။

(၁) ကိုယ့်ဗိုက်အခြေအနေကိုသိပါ။

ဗိုက်က အခြေခံအားဖြင့် ရင်ဘတ်အောက်ပိုင်းကို ဗိုက်ရဲ့အပေါ်ပိုင်းနဲ့ အခေါက်ရှိတဲ့အပိုင်းကို ဗိုက်ရဲ့အောက်ပိုင်းလို့ ခေါ်ပါတယ်။ နှင်း Gym မဆော့ခင်တုန်းကဆိုရင် ဗိုက်အောက်ပိုင်းပဲ အခေါက်ရှိပြီး ဗိုက်အပေါ်ပိုင်းကတော့ ချပ်ပါတယ်။ ဒါကြောင့် နှင်း Gym စဆော့တဲ့အချိန်မှာ ဗိုက်အောက်ပိုင်းကို ခြေထောက် ကောင်းကောင်းကန်တင်ပြီး ဗိုက်အပေါ်ပိုင်းကိုတော့ ကြွက်သားထွက်ဖို့အတွက် အားပြုပြီးဆော့ခဲ့ပါတယ်။ (ဒါကြောင့် အပေါ်ဘက်ကြွက်သား ၄ လုံးကအရင်ထွက်လာတာပေါ့။) ဆိုလိုချင်တာက အကယ်၍ နှင်းသာဘုမသိဘမသိ ခြေထောက်မမြှောက်ဘဲ ဗိုက်ကို Belly ကြီးအားစိုက်ပြီး ထိုင်ရိုက်နေမယ်ဆိုရင် အပေါ်က ကြွက်သား ၄ လုံးထွက်နေသည့်တိုင် အောက်ဗိုက်က အခေါက်ရှိမြဲရှိဆဲ ဖြစ်နေဦးမှာပါ။  ဒါဆိုရင် ကျစ်တယ်လို့ ဘယ်ပြောလို့ရမလဲနော့်။ ဒါကြောင့် ယောင်းလေးတို့ ဘာမှမဆော့ခင် ကိုယ့်ဗိုက်အခြေအနေကိုကြည့်ပါ။ သူများ Belly အခေါက် ၁၀၀၀ ဆိုတိုင်း ကိုယ်လိုက်မလုပ်ပါနဲ့။ ကိုယ့်အခြေအနေကိုယ်ကြည့်ပြီး လိုတိုးပိုလျှော့လုပ်တတ်ပါစေ။

Related Article >>> တင်ဘေးသားတွေ ကားထွက်စေမယ့် လေ့ကျင့်ခန်း (၄) မျိုး

(၂) နည်းမှန်လမ်းမှန်ဖြစ်အောင် ကိုယ့်ဘာသာလေ့လာပါ။

ကိုယ့်အခြေအနေတော့သိပါရဲ့။ ဒါပေမဲ့ သူများတွေက ဒါမျိုးမှမလုပ်တာ ငါမှားနေပြီထင်တယ်ဆိုပြီး အများမိုးခါးရေသောက်တိုင်း ကိုယ်လိုက်မသောက်ပါနဲ့။ အရေးအကြီးဆုံးနောက်တစ်ချက်က သူများပြောတဲ့စကားတိုင်းကို လိုက်နားမထောင်ပါနဲ့နော်။ ကိုယ့်ပုံစံ၊ ကိုယ်လိုချင်တဲ့အနေအထားနဲ့ ကိုယ့်ပန်းတိုင်ကို ကိုယ့်ဘာသာအသိဆုံးပါ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို ကိုယ်ပင်ပန်းသမျှ အရာမထင်ရင်လည်း အလကားပဲမို့ ကိုယ့်ကိုယ်ကိုယ် မျက်ချေမပြတ်စောင့်ကြည့်ပြီး နည်းမှန်လမ်းမှန်ဖြစ်အောင်ပဲ အဓိကလေ့ကျင့်ယူပါလို့ တိုက်တွန်းချင်ပါတယ်။

Related Article >>> ခန္ဓာကိုယ်အချိုးကျစေဖို့ ဘယ်လိုအစားအစာတွေကို ဘယ်အချိန်မှာစားရမလဲ ?

(၃) အစားအသောက်ဆင်ခြင်ပါ။

အစားအသောက်မီးလိုတောက်နေလို့ကတော့ ငါ့ဘာသာဘယ်လိုပူပူ နင့်အပူပါလားဆိုပြီး ဗိုက်ကပြန်တုပ်လွှတ်လိမ့်မယ် အရပ်ကတို့ရေး။ ဆီကြော်စာ၊ မာလာရှမ်းကော၊ ဟော့ပေါ့၊ ပီဇာ၊ ဘာဘေမစ်တီး စသည်ဖြင့် လက်ညှိုးထိုးမလွဲရှိနေတဲ့ ဒီနိုင်ငံကြီးမှာနေပြီး အစားအသောက်လျှော့ရတာကလည်း ဘယ်လိုတောင် ဆပ်လို့မကုန်တဲ့ဝဋ်ကြွေးလဲမေး? (ပြောရင်းနဲ့တောင် သွားရည်ယိုသွားတယ်မလား။ ယူတို့အားကြီးငတ်ပဲ။) ဒါပေမဲ့ လှတာမလှတာအပထား၊ ထိုင်နေရင်းဗိုက်မထောက်နေရင်ဖြစ်ပြီ ဟုတ်တယ်ဟုတ်? ကိုယ်ဝတ်ချင်တာလေး ဝတ်မယ့်အချိန် ရုပ်ပျက်ဆင်းပျက် ထွက်မနေရင် အဆင်ပြေပြီဟုတ်? ဒါဆိုရင်တော့ သူများတွေစားသလို ပရမ်းပတာ သွပ်ထည့်လို့ ဘယ်ရမလဲ? တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်နိုင်ရမှာပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တစ်ပတ်မှာတစ်ရက် ကိုယ်ကြိုက်တာကို ကြိုက်သလိုစားလို့ရပါတယ်။ (အဲဒီတစ်ရက်ကနေ မျိုးဆက်ဆက်ပြီး မပွားဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ရင်ပေါ့။)

ဒါလေးတွေပါပဲ။ အရမ်းခက်ခက်ခဲခဲကြီးမဟားဒရား သေအောင်ကျိတ်ဆော့ခဲ့တာမျိုး မရှိဘူးဆိုတာတော့ယုံပါယူတို့ရယ်။ အိုင်ကသိပ်အပျင်းကြီးတာ။ ဒါပေမဲ့ သမားရိုးကျလမ်းထက် ကိုယ်တိုင်ဖောက်တဲ့လမ်းက တစ်ခါတလေမှာ ပိုပြီးပန်းတိုင်နဲ့ နီးသွားတာမျိုးရှိတာမို့ ခက်ခဲသည့်တိုင် ကိုယ်ဖြစ်ချင်တာကို ရအောင်၊ ဖြစ်အောင် ရနိုင်၊ ယူနိုင်ကြပါစေလို့ နှင်းကဆုတောင်းပေးပါတယ်ရှင်။

Hnin Ei Oo (For Her Myanmar)

 

No Comments Yet

Comments are closed