ခႏၶာကိုယ္မွာရွိတဲ့ အဆီရာခိုင္ႏႈန္းကို လိုက္ၿပီး ပံုစံက ဘယ္လိုေျပာင္းလဲသြားလဲ?

ကိုယ့္သူငယ္ခ်င္းေတြကိုလည္း သူတို႔အေျခအေနသိသြားေအာင္ မန္းရွင္းေလးေခၚျပလိုက္ပါဦး  

ခႏၶာကိုယ္တစ္ခုလံုးမွာ ကိုယ္ဝလား၊ ပိန္လားဆိုတာကို အဆံုးအျဖတ္ေပးမွာက ဒီအဆီေတြပါပဲ။ ဘာလို႔လဲဆိုေတာ့ ဝိတ္အနည္းအမ်ားက ႂကြက္သားေၾကာင့္လည္း ျဖစ္ႏိုင္ေသးတာကိုး… တခ်ိဳ႕ခႏၶာကိုယ္က်စ္ေနေပမဲ့ ဝိတ္သြားေမးလိုက္ရင္ ကိုယ္ေတြေတာင္ ဖ်ားသြားရမယ့္ အကြက္ေတြရွိတတ္ပါတယ္။ ဥပမာ ႏွင္းကို ရုတ္တရက္ၾကည့္ရင္ ခႏၶာကိုယ္က ႀကီးတယ္လို႔ မထင္ရေပမဲ့ ဝိတ္က ၁၁၂ ေလာက္ရွိေနတာမ်ိဳးေပါ့ 😛 ဆိုေတာ့ ေအာက္မွာႏွင္းပံုေလးေတြထည့္ေပးထားတယ္။ ကိုယ္က ဘယ္အေျခအေနရွိေနလဲ တစ္ခ်က္ရိႈးၿပီး လုပ္စရာရွိတာလုပ္ေတာ့ေပါ့ေနာ္။

မိန္းကေလးတစ္ေယာက္က ခႏၶာကိုယ္တည္ေဆာက္ပံုအရ ေယာက်ာ္းေလးေတြထက္ အဆီပိုမ်ားပါတယ္။ ဒါေၾကာင့္လည္း အဖု အေဖာင္း အမို႔ အေမာက္ေတြ ရွိတာေပါ့… အဆီ % ကိုလိုက္ၿပီး ျဖစ္လာႏိုင္တဲ့ ခႏၶာကိုယ္အခ်ိဳးအစားေတြကေတာ့ –

Related Article >>> ဗိုက္အဆီက်ဖို႔အတြက္ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ (၃) ခ်က္

၁၀% ကေန ၁၅% အထိကေတာ့ အားကစားမယ္တစ္ေယာက္ရဲ႕ ခႏၶာကိုယ္ျဖစ္ပါတယ္။ အဆီပိုမရွိက်စ္လ်စ္ေနၿပီး ႂကြက္သားေတြလည္း ျပတ္ျပတ္သားသားေပၚေနတဲ့ ခႏၶာကိုယ္ပံုစံမ်ိဳးပါ။

၁၅% ကေန ၂၅% ကေတာ့ ေယာင္းတို႔မ်က္လံုးထဲ ေသခ်ာျမင္သြားေအာင္ေျပာရရင္ အခု Miss ေတြရဲ႕ခႏၶာကိုယ္ေပါ့။ ရိႈက္ဖိုႀကီးငယ္အသြယ္သြယ္ရွိၿပီး က်န္တဲ့ေနရာေတြမွာ (ဥပမာ ဗိုက္၊ ခါး၊ ေပါင္သား)  အဆီပိုမရွိတဲ့ခႏၶာကိုယ္ပံုစံေလးေတြ ျဖစ္ပါတယ္။

၂၅% အထက္ကေန ၃၀% ကေတာ့ ဟိုတစ္စ ဒီတစ္စနဲ႔ အဆီေလးေတြစထြက္လာၿပီး ဖြံ႕ဖြံ႕ထြားထြား ခႏၶာကိုယ္ပိုင္ရွင္မ်ိဳးပါ။ အဆီနည္းနည္းပါတဲ့ လံုးႀကီးေပါက္လွေလးေတြေပါ့။

Related Article >>> ေယာင္းခႏၶာကိုယ္ရဲ႕ အဆီေတြက ေယာင္းရဲ႕ က်န္းမာေရးအေၾကာင္း ေျပာျပေနတယ္ဆိုတာ သိပါသလား

၃၀% အထက္ကေန ၃၅% ကေတာ့ ကစ္တုတ္ ခႏၶာကိုယ္ ပိုင္ရွင္ေလးေတြပါ။ ဗိုက္ေခါက္ေလးေတြ လက္ေမာင္းေနာက္သား အဆီေလးေတြ၊ ေပါင္ ခပ္တုတ္တုတ္ေလးေတြကေတာ့ သူတို႔ရဲ႕ Signature ေပါ့ေလ။

၃၅% အထက္ကေတာ့ ဝသြားပါၿပီရွင္။ ဘယ္လိုမွဖံုးဖိမရေအာင္ ဝသြားပါၿပီေနာ္။  လွဖို႔ မလွဖို႔ထက္ ကိုယ့္က်န္းမာေရးအတြက္ မျဖစ္မေနေလ့က်င့္ခန္းလုပ္ဖို႔၊ အစားေရွာင္ဖို႔ လိုအပ္ေနပါၿပီ။ ခႏၶာကိုယ္မွာ အဆီ% ေတြအရမ္းမ်ားေနပါတယ္လို႔။

ကဲ ေယာင္းေယာင္းတို႔ ဘယ္ႏွယ္ရွိစ? ကိုယ္က ဘယ္အေျခအေနထဲ ေရာက္ေနၿပီလဲ?

အခု အဆီ% ကိုၾကည့္တယ္ဆိုတာ ပိန္တာဝတာ၊ လွတာမလွတာထက္ က်န္းမာေရးကိုပိုၿပီး လိုက္စားေစခ်င္လုိ႔ ေရးလိုက္တာပါေနာ္။ မ်ိဳးရိုး၊ ေဟာ္မုန္းနဲ႔ ခႏၶာကိုယ္ပံုစံကို လိုက္ၿပီး ခႏၶာကိုယ္အခ်ိဳးအစားက အမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္ေသးတာမို႔ အဆီနည္းေအာင္ ေနရင္ပဲ ရပါၿပီလို႔။

ဒီေန႔ေတာ့ ဒီေလာက္ပါပဲရွင္။ ေနာက္ေန႔ေတြမွာလည္း တျခား Fitness ေဆာင္းပါးေလးေတြ ထပ္တင္ေပးဦးမွာမို႔ ဆက္ဆက္ေစာင့္ၾကည့္ဖို႔ မေမ့နဲ႔ေနာ္!!!

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ကိုယ့်သူငယ်ချင်းတွေကိုလည်း သူတို့အခြေအနေသိသွားအောင် မန်းရှင်းလေးခေါ်ပြလိုက်ပါဦ

ခန္ဓာကိုယ်တစ်ခုလုံးမှာ ကိုယ်ဝလား၊ ပိန်လားဆိုတာကို အဆုံးအဖြတ်ပေးမှာက ဒီအဆီတွေပါပဲ။ ဘာလို့လဲဆိုတော့ ဝိတ်အနည်းအများက ကြွက်သားကြောင့်လည်း ဖြစ်နိုင်သေးတာကိုး… တချို့ခန္ဓာကိုယ်ကျစ်နေပေမဲ့ ဝိတ်သွားမေးလိုက်ရင် ကိုယ်တွေတောင် ဖျားသွားရမယ့် အကွက်တွေရှိတတ်ပါတယ်။ ဥပမာ နှင်းကို ရုတ်တရက်ကြည့်ရင် ခန္ဓာကိုယ်က ကြီးတယ်လို့ မထင်ရပေမဲ့ ဝိတ်က ၁၁၂ လောက်ရှိနေတာမျိုးပေါ့ 😛 ဆိုတော့ အောက်မှာနှင်းပုံလေးတွေထည့်ပေးထားတယ်။ ကိုယ်က ဘယ်အခြေအနေရှိနေလဲ တစ်ချက်ရှိုးပြီး လုပ်စရာရှိတာလုပ်တော့ပေါ့နော်။

မိန်းကလေးတစ်ယောက်က ခန္ဓာကိုယ်တည်ဆောက်ပုံအရ ယောကျာ်းလေးတွေထက် အဆီပိုများပါတယ်။ ဒါကြောင့်လည်း အဖု အဖောင်း အမို့ အမောက်တွေ ရှိတာပေါ့… အဆီ % ကိုလိုက်ပြီး ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားတွေကတော့ –

Related Article >>> ဗိုက်အဆီကျဖို့အတွက် မဖြစ်မနေသိထားသင့်တဲ့ အချက် (၃) ချက်

၁၀% ကနေ ၁၅% အထိကတော့ အားကစားမယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖြစ်ပါတယ်။ အဆီပိုမရှိကျစ်လျစ်နေပြီး ကြွက်သားတွေလည်း ပြတ်ပြတ်သားသားပေါ်နေတဲ့ ခန္ဓာကိုယ်ပုံစံမျိုးပါ။

၁၅% ကနေ ၂၅% ကတော့ ယောင်းတို့မျက်လုံးထဲ သေချာမြင်သွားအောင်ပြောရရင် အခု Miss တွေရဲ့ခန္ဓာကိုယ်ပေါ့။ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ရှိပြီး ကျန်တဲ့နေရာတွေမှာ (ဥပမာ ဗိုက်၊ ခါး၊ ပေါင်သား) အဆီပိုမရှိတဲ့ခန္ဓာကိုယ်ပုံစံလေးတွေ ဖြစ်ပါတယ်။

၂၅% အထက်ကနေ ၃၀% ကတော့ ဟိုတစ်စ ဒီတစ်စနဲ့ အဆီလေးတွေစထွက်လာပြီး ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်ပိုင်ရှင်မျိုးပါ။ အဆီနည်းနည်းပါတဲ့ လုံးကြီးပေါက်လှလေးတွေပေါ့။

Related Article >>> ယောင်းခန္ဓာကိုယ်ရဲ့ အဆီတွေက ယောင်းရဲ့ ကျန်းမာရေးအကြောင်း ပြောပြနေတယ်ဆိုတာ သိပါသလား

၃၀% အထက်ကနေ ၃၅% ကတော့ ကစ်တုတ် ခန္ဓာကိုယ် ပိုင်ရှင်လေးတွေပါ။ ဗိုက်ခေါက်လေးတွေ လက်မောင်းနောက်သား အဆီလေးတွေ၊ ပေါင် ခပ်တုတ်တုတ်လေးတွေကတော့ သူတို့ရဲ့ Signature ပေါ့လေ။

၃၅% အထက်ကတော့ ဝသွားပါပြီရှင်။ ဘယ်လိုမှဖုံးဖိမရအောင် ဝသွားပါပြီနော်။ လှဖို့ မလှဖို့ထက် ကိုယ့်ကျန်းမာရေးအတွက် မဖြစ်မနေလေ့ကျင့်ခန်းလုပ်ဖို့၊ အစားရှောင်ဖို့ လိုအပ်နေပါပြီ။ ခန္ဓာကိုယ်မှာ အဆီ% တွေအရမ်းများနေပါတယ်လို့။

ကဲ ယောင်းယောင်းတို့ ဘယ်နှယ်ရှိစ? ကိုယ်က ဘယ်အခြေအနေထဲ ရောက်နေပြီလဲ?

အခု အဆီ% ကိုကြည့်တယ်ဆိုတာ ပိန်တာဝတာ၊ လှတာမလှတာထက် ကျန်းမာရေးကိုပိုပြီး လိုက်စားစေချင်လို့ ရေးလိုက်တာပါနော်။ မျိုးရိုး၊ ဟော်မုန်းနဲ့ ခန္ဓာကိုယ်ပုံစံကို လိုက်ပြီး ခန္ဓာကိုယ်အချိုးအစားက အမျိုးမျိုးပြောင်းလဲနိုင်သေးတာမို့ အဆီနည်းအောင် နေရင်ပဲ ရပါပြီလို့။

ဒီနေ့တော့ ဒီလောက်ပါပဲရှင်။ နောက်နေ့တွေမှာလည်း တခြား Fitness ဆောင်းပါးလေးတွေ ထပ်တင်ပေးဦးမှာမို့ ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့နဲ့နော်!!!

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed