ကိုယ္အခုမ,ေနတဲ့အေလးေတြက ကိုယ့္အတြက္ တကယ္ကိုဂိတ္ဆံုးအေလးေတြလား?

ကိုယ့္ Limit ေရာက္ေနၿပီဆိုတာ ေသခ်ာၿပီလား? ျပန္စဥ္းစားပါဦး…

ဝိတ္ေတြစြတ္က်ၿပီး ႂကြက္သားအလံုးလုိက္နဲ႔ က်စ္ေနၾကၿပီလားခ်ိမတို႔။ (ဒီလို ၾကံဳတိုင္း၊ သတိရတိုင္း ဖဲ့ႏိုင္ဖို႔ဆိုတာ ေတာ္ရံုစေကးနဲ႔ေတာ့ မရႏိုင္ဘူးေလေနာ္႔ :P) ကဲပါ။ ဒီေန႔ေဆာင္းပါးကေတာ့ ႏွင္းေျပာသလို Gym ကို ေသခ်ာစနစ္တက် ေဆာ့က်င့္လုပ္ထားတဲ့ ေယာင္းေယာင္းေလးေတြအတြက္ပါေနာ္။

Gym ေဆာ့တာၾကာတဲ့လူတိုင္းနီးပါး Repeat Task (အလုပ္တစ္ခုတည္းကိုပဲ ထပ္ခါထပ္ခါလုပ္ျခင္း) လုိ႔ေခၚတဲ့  အရာကိုၾကံဳေတြ႔ရတတ္ပါတယ္။ ဒီလို Repeat Task ကို လုပ္တာၾကာလာတဲ့အခါ ပ်င္းသြားၿပီး မလုပ္ခ်င္တဲ့အထိ ျဖစ္သြားတတ္ပါတယ္။ တကယ္တမ္းက်ေတာ့ ဒီလိုအေျခအေနမ်ိဳးအထိ ၾကံဳရတယ္ဆိုတာ ကုိယ့္ကိုယ္ကိုယ္ အၿမဲတမ္းစိန္ေခၚမေနလို႔ တစ္နည္းအားျဖင့္ ကိုယ္တတ္ႏိုင္တဲ့ အေနအထားေလးမွာပဲ ရပ္ထားလို႔ျဖစ္ပါတယ္။

ႏွင္းတို႔ Gym ေဆာ့တဲ့အခ်ိန္မွာ ထရိန္နာေတြက အၿမဲတမ္း ၁၂ ႀကိမ္ ၄ ေက်ာ့ (သို႔) ၁၅ ႀကိမ္ ၃ ေက်ာ့ ေဆာ့ခိုင္းတတ္ၾကပါတယ္။ ဒီအခ်ိန္မွာ ႏွင္းတို႔က အႀကိမ္ေရျပည့္ဖို႔အတြက္ပဲ ဦးစားေပးေတာ့ အေလးတံုးေတြကို ကိုယ္ႏိုင္သေလာက္ေလးပဲ အၿမဲတမ္းယူတတ္ၾကတတ္ၾကပါတယ္။ စစခ်င္းတုန္းကေတာ့ ကိုယ့္ရဲ႕စိတ္အားထက္သန္တာနဲ႔ ဆရာရဲ႕ဖိအားေၾကာင့္ အေလးေတြကို အံႀကီးႀကိတ္ၿပီး တိုးေနေသးေပမဲ့ ေဆာ့တာၾကာလာတဲ့အခ်ိန္ ေဈးဆစ္တတ္တဲ့အႏုပညာတတ္လာတာရယ္၊ ႏိုင္သေလာက္ေလးပဲသယ္မယ္ ဆိုတဲ့ စိတ္ရယ္ေၾကာင့္ ဒီလိုမ်ိဳးေတြျဖစ္လာတာပါ။

အဲဒီစိတ္ရဲ႕ေနာက္ဆက္တြဲအေနနဲ႔ Motivation ေတြက်လာမယ္၊ ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚတာမ်ိဳးကို ရပ္တန္႔လိုက္တာေၾကာင့္ ကိုယ့္ရဲ႕တကယ့္ Limit က ဘာလဲဆိုတာ မကြဲေတာ့ဘဲ ငါဒီေလာက္ပဲလုပ္ႏိုင္တာလား ဆိုတဲ့စိတ္မ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ ဒါေပမဲ့ ကိုယ္က တကယ္ ဒီေလာက္ပဲ လုပ္ႏိုင္တာလား???

Related Article >>> အဆီလည္းမတက္၊ စားလို႕လည္းေကာင္းတဲ့ ထိုင္းစတိုင္ ခ်ဥ္ငံစပ္ ဝက္သားသုပ္

ႏွင္းတစ္ခုၾကားဖူးတယ္သိလား။ Gym ေဆာ့ေနရင္းနဲ႔ အေလးအသစ္ေတြတိုးတဲ့အခ်ိန္မွာ ကိုယ္အရင္တုန္းက မလုပ္ႏိုင္ဘူးလို႔ ခံယူထားခဲ့တဲ့အရာတစ္ခုကို ရေအာင္လုပ္မယ္လို႔ ေတြးၿပီး ကိုယ္ရည္မွန္းထားတဲ့အထိကို မရ/ရေအာင္ ႀကိဳးစား၊ ေနာက္ပိုင္း လုပ္ႏိုင္သြားတဲ့အခ်ိန္က်ေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ နဲ႔ အခက္အခဲေတြက ဘယ္ေလာက္ပဲႀကီးမားေနပါေစ ငါလုပ္ႏိုင္တယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးေတြ ပိုၿပီးတိုးလာပါတယ္။

အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဒီေလာက္ပဲလုပ္ႏိုင္တယ္ လို႔ခံယူထားတာထက္ ငါဒီထက္ပိုၿပီး လုပ္ႏိုင္တယ္လို႔ အၿမဲတမ္းအားေပးပါ။ သူမ်ားေတြက ဒီေလာက္မို႔ ကိယ္လည္းဒီေလာက္ပဲဆိုၿပီးလည္း ရပ္မထားပါနဲ႔။ တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္ခ်က္၊ ခံယူခ်က္ခ်င္းလည္း မတူၾကသလို Limit ခ်င္းလည္းမတူတာမို႔ ပိုပိုၿပီး ေျပာင္းလဲတိုးတက္လာတဲ့ ကိုယ့္ပံုစံကိုျမင္ခ်င္ရင္ေတာ့ အၿမဲတမ္းကိုယ့္ကိုယ္ကိုယ္ စိန္ေခၚေနဖို႔ ႏွင္းကအၾကံျပဳခ်င္ပါတယ္။

ဒါေပမဲ့လည္း တိုးလို႔ရတယ္ဆိုၿပီးေတာ့ စြတ္တိုးရင္း တိုးရင္း တကယ့္ ကိုယ့္ Limit ကို ေရာက္ေနတာေတာင္ စိတ္ေဆာင္ၿပီး အတင္းတြန္းတဲ့အခါ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာတတ္တာမို႔ ကိုယ့္ကိုယ္ကိုယ္ အရင္ဆန္းစစ္ၾကည့္ဖို႔ေတာ့ လိုပါလိမ့္မယ္ ေယာင္းတို႔ေရ.. 

Related Article >>> ရာသီလာခ်ိန္မွာ ေလ့က်င့္ခန္းလုပ္မယ္ဆိုရင္ေတာ့ ဒီ ၄ ခ်က္ကို သိကိုသိထားဖို႔ လိုအပ္ပါတယ္။

ဒါေလးေတြကေတာ့ ႏွင္း Gym ေဆာ့တဲ့တစ္ႏွစ္အတြင္းမွာ ၾကံဳခဲ့ရတဲ့အခက္အခဲေလးေတြထဲက တစ္ခုေပါ့။  Gym တစ္ခုတည္းမွာပဲ အၾကာႀကီးေဇာက္ခ်လုပ္တာရယ္၊ ဆရာအပါအဝင္ Gym တစ္ခုလံုးနဲ႔ရင္းႏွီးေနေတာ့ တစ္ခန္းလံုးပတ္ၿပီးစကားေျပာ၊ အေလးကိုလည္း မ,ခ်င္သလိုမ ၊ မ,မခ်င္လည္း ဂ်င္းထည့္တာေတြမ်ားၿပီး ခႏၶာကိုယ္က ဘာမွဆက္မျဖစ္လာေတာ့တာ။

ၾကားထဲမွာ ၂ လေလာက္နား၊ စားခ်င္တာေတြစားၿပီး အခုေတာ့ျပန္ေဆာ့ေနပါၿပီ။ ဒီ Gym မွာကက်ေတာ့ ဆရာေတြက အရမ္းေမာင္းတဲ့လူေတြမို႔ တစ္ေန႔တစ္ေန႔ လွ်ာထြက္မတတ္ျပန္က်င့္ေနရပါၿပီလုိ႔ ကပ္တိုးေလးတိုင္ရင္း ဒီေဆာင္းပါးေလးကို ဒီေနရာမွာပဲ ရပ္နားလိုက္ရပါတယ္ရွင့္။ ေယာင္းေလးေတြလည္း ကိုယ္အားစိုက္သေလာက္ သိသာတဲ့ရလဒ္ေလးေတြ ျပန္ရၾကပါေစရွင္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ကိုယ့် Limit ရောက်နေပြီဆိုတာ သေချာပြီလား? ပြန်စဉ်းစားပါဦး…

ဝိတ်တွေစွတ်ကျပြီး ကြွက်သားအလုံးလိုက်နဲ့ ကျစ်နေကြပြီလားချိမတို့။ (ဒီလို ကြုံတိုင်း၊ သတိရတိုင်း ဖဲ့နိုင်ဖို့ဆိုတာ တော်ရုံစကေးနဲ့တော့ မရနိုင်ဘူးလေနော့် :P) ကဲပါ။ ဒီနေ့ဆောင်းပါးကတော့ နှင်းပြောသလို Gym ကို သေချာစနစ်တကျ ဆော့ကျင့်လုပ်ထားတဲ့ ယောင်းယောင်းလေးတွေအတွက်ပါနော်။

Gym ဆော့တာကြာတဲ့လူတိုင်းနီးပါး Repeat Task (အလုပ်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါလုပ်ခြင်း) လို့ခေါ်တဲ့  အရာကိုကြုံတွေ့ရတတ်ပါတယ်။ ဒီလို Repeat Task ကို လုပ်တာကြာလာတဲ့အခါ ပျင်းသွားပြီး မလုပ်ချင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ တကယ်တမ်းကျတော့ ဒီလိုအခြေအနေမျိုးအထိ ကြုံရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းစိန်ခေါ်မနေလို့ တစ်နည်းအားဖြင့် ကိုယ်တတ်နိုင်တဲ့ အနေအထားလေးမှာပဲ ရပ်ထားလို့ဖြစ်ပါတယ်။

နှင်းတို့ Gym ဆော့တဲ့အချိန်မှာ ထရိန်နာတွေက အမြဲတမ်း ၁၂ ကြိမ် ၄ ကျော့ (သို့) ၁၅ ကြိမ် ၃ ကျော့ ဆော့ခိုင်းတတ်ကြပါတယ်။ ဒီအချိန်မှာ နှင်းတို့က အကြိမ်ရေပြည့်ဖို့အတွက်ပဲ ဦးစားပေးတော့ အလေးတုံးတွေကို ကိုယ်နိုင်သလောက်လေးပဲ အမြဲတမ်းယူတတ်ကြတတ်ကြပါတယ်။ စစချင်းတုန်းကတော့ ကိုယ့်ရဲ့စိတ်အားထက်သန်တာနဲ့ ဆရာရဲ့ဖိအားကြောင့် အလေးတွေကို အံကြီးကြိတ်ပြီး တိုးနေသေးပေမဲ့ ဆော့တာကြာလာတဲ့အချိန် ဈေးဆစ်တတ်တဲ့အနုပညာတတ်လာတာရယ်၊ နိုင်သလောက်လေးပဲသယ်မယ် ဆိုတဲ့ စိတ်ရယ်ကြောင့် ဒီလိုမျိုးတွေဖြစ်လာတာပါ။

အဲဒီစိတ်ရဲ့နောက်ဆက်တွဲအနေနဲ့ Motivation တွေကျလာမယ်၊ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တာမျိုးကို ရပ်တန့်လိုက်တာကြောင့် ကိုယ့်ရဲ့တကယ့် Limit က ဘာလဲဆိုတာ မကွဲတော့ဘဲ ငါဒီလောက်ပဲလုပ်နိုင်တာလား ဆိုတဲ့စိတ်မျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်က တကယ် ဒီလောက်ပဲ လုပ်နိုင်တာလား???

Related Article >>> အဆီလည်းမတက်၊ စားလို့လည်းကောင်းတဲ့ ထိုင်းစတိုင် ချဉ်ငံစပ် ဝက်သားသုပ်

နှင်းတစ်ခုကြားဖူးတယ်သိလား။ Gym ဆော့နေရင်းနဲ့ အလေးအသစ်တွေတိုးတဲ့အချိန်မှာ ကိုယ်အရင်တုန်းက မလုပ်နိုင်ဘူးလို့ ခံယူထားခဲ့တဲ့အရာတစ်ခုကို ရအောင်လုပ်မယ်လို့ တွေးပြီး ကိုယ်ရည်မှန်းထားတဲ့အထိကို မရ/ရအောင် ကြိုးစား၊ နောက်ပိုင်း လုပ်နိုင်သွားတဲ့အချိန်ကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ နဲ့ အခက်အခဲတွေက ဘယ်လောက်ပဲကြီးမားနေပါစေ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ပိုပြီးတိုးလာပါတယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလောက်ပဲလုပ်နိုင်တယ် လို့ခံယူထားတာထက် ငါဒီထက်ပိုပြီး လုပ်နိုင်တယ်လို့ အမြဲတမ်းအားပေးပါ။ သူများတွေက ဒီလောက်မို့ ကိယ်လည်းဒီလောက်ပဲဆိုပြီးလည်း ရပ်မထားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ချက်၊ ခံယူချက်ချင်းလည်း မတူကြသလို Limit ချင်းလည်းမတူတာမို့ ပိုပိုပြီး ပြောင်းလဲတိုးတက်လာတဲ့ ကိုယ့်ပုံစံကိုမြင်ချင်ရင်တော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် စိန်ခေါ်နေဖို့ နှင်းကအကြံပြုချင်ပါတယ်။

ဒါပေမဲ့လည်း တိုးလို့ရတယ်ဆိုပြီးတော့ စွတ်တိုးရင်း တိုးရင်း တကယ့် ကိုယ့် Limit ကို ရောက်နေတာတောင် စိတ်ဆောင်ပြီး အတင်းတွန်းတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတတ်တာမို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆန်းစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ် ယောင်းတို့ရေ.. 

Related Article >>> ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ဒီ ၄ ချက်ကို သိကိုသိထားဖို့ လိုအပ်ပါတယ်။

ဒါလေးတွေကတော့ နှင်း Gym ဆော့တဲ့တစ်နှစ်အတွင်းမှာ ကြုံခဲ့ရတဲ့အခက်အခဲလေးတွေထဲက တစ်ခုပေါ့။  Gym တစ်ခုတည်းမှာပဲ အကြာကြီးဇောက်ချလုပ်တာရယ်၊ ဆရာအပါအဝင် Gym တစ်ခုလုံးနဲ့ရင်းနှီးနေတော့ တစ်ခန်းလုံးပတ်ပြီးစကားပြော၊ အလေးကိုလည်း မ,ချင်သလိုမ ၊ မ,မချင်လည်း ဂျင်းထည့်တာတွေများပြီး ခန္ဓာကိုယ်က ဘာမှဆက်မဖြစ်လာတော့တာ။

ကြားထဲမှာ ၂ လလောက်နား၊ စားချင်တာတွေစားပြီး အခုတော့ပြန်ဆော့နေပါပြီ။ ဒီ Gym မှာကကျတော့ ဆရာတွေက အရမ်းမောင်းတဲ့လူတွေမို့ တစ်နေ့တစ်နေ့ လျှာထွက်မတတ်ပြန်ကျင့်နေရပါပြီလို့ ကပ်တိုးလေးတိုင်ရင်း ဒီဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်နားလိုက်ရပါတယ်ရှင့်။ ယောင်းလေးတွေလည်း ကိုယ်အားစိုက်သလောက် သိသာတဲ့ရလဒ်လေးတွေ ပြန်ရကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed