ႂကြက္သားတက္ေအာင္ ေလ့က်င့္ေနတဲ့အခ်ိန္ ေမြးျမဴရမယ့္ အက်င့္ (၅) ခု

ေမြးရခက္မွန္းသိေပမဲ့ ေမြးသင့္ပါတယ္ :3

Gym စေဆာ့တဲ့အခ်ိန္ ႂကြက္သားတက္ခ်င္လို႔ဆိုၿပီး ရည္ရြယ္ခ်က္နဲ႔ ေဆာ့တဲ့လူ ဘယ္ႏွစ္ေယာက္ရွိလဲ? (ကိုယ္တိုင္လည္း မဟုတ္ခဲ့ပါဘူးေနာ္ :P) ၿပီးေတာ့ ႂကြက္သားဆိုရင္ တိရစာၦန္ႂကြက္ကိုပဲ ေျပးေျပးျမင္တာ ငါတစ္ေယာက္တည္းလားကြ။

အမွန္ေတာ့ ႂကြက္သားတက္တယ္ဆိုတာ ႏွင္းတို႔ျမင္ဖူးေနက် အဖုအထစ္ေတြနဲ႔ အႀကီးႀကီးေတြကိုပဲ ေခၚတာမဟုတ္ပါဘူးေနာ္… ခႏၶာကိုယ္မွာ အဆီေတြမရွိေတာ့တဲ့အခါ သူ႔ေနရာနဲ႔သူ အဖုအထစ္ေလးေတြ ျဖစ္လာတာကို ေခၚတာပါ။ ဆိုေတာ့ ဒီလို ႂကြက္သားတက္ေအာင္ ေလ့က်င့္ေနတယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးက အမ်ားႀကီးအေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။ ဒါဆို ဘယ္လို အက်င့္ေလးေတြ ေမြးရမလဲဆိုတာ တစ္ခ်က္ၾကည့္ၾကရေအာင္ေနာ္… 

(၁) အစားမေလွ်ာ႔ပါနဲ႔။

အရမ္းအေရးႀကီးပါတယ္။ ေလ့က်င့္ခန္း လုပ္ၿပီးၿပီးခ်င္း အခ်ိန္မွာ အဆီစားရင္ အဆီ၊ အသားစားရင္ အသား စသည္ျဖင့္ ခႏၶာကိုယ္မွာအက်ိဳးသက္ေရာက္တာေၾကာင့္ မစားၾကတဲ့လူက မ်ားပါတယ္။ ဒါေပမဲ့ ႂကြက္သားတက္ခ်င္တဲ့လူေတြက္ေတာ့ မစားဘဲ ေနလို႔ မရပါဘူးေနာ္။ အသားတက္ေစမယ့္ ပရိုတင္းအျပင္ ကာဗိုဟိုက္ဒရိတ္ကိုလည္း စားလို႔ရပါတယ္။ ႂကြက္သားတက္ခ်င္တယ္ဆိုရင္ မၾကာခဏ စားေပးရပါမယ္။ မၾကာခဏဆိုတဲ့ေနရာမွာ တစ္ေန႔ကို ထမင္း ၆နပ္ ၇ နပ္ စားေနစရာမလိုဘဲ ပံုမွန္စားေနက် ထမင္း ၃ နပ္ကိုပဲ ေသခ်ာစားၿပီး ၾကားမွာ ပရိုတင္းရွိတ္ကို မ်ားမ်ား ေသာက္ေပးရမွာပါ။ 

(၂) ပရိုတင္းမ်ားမ်ားစားပါ။

ႂကြက္သားတက္ဖို႔အတြက္ အေျခခံလိုအပ္ခ်က္က ပရိုတင္းဓာတ္ပါ။ ဥပမာ – ကိုယ့္ႂကြက္သားကို အုတ္နံရံအေနနဲ႔ သတ္မွတ္ၾကည့္လိုက္။ ဒီလိုအုတ္နံရံႀကီး တျဖည္းျဖည္းႀကီးလာဖို႔အတြက္ ပရိုတင္းအုတ္ခဲေတြ အမ်ားႀကီးလိုအပ္တယ္မလား? ဒါေၾကာင့္ ပရိုတင္းရွိတ္ေတြ၊ အသားနဲ႔ ႏြားႏို႔နဲ႕ တျခားအသားဓာတ္တက္ေစမယ့္ အစားအစာေတြကို မ်ားမ်ားသာစားပါ။

Related Article >>> အမိုက္စားေဘာ္ဒီဆိုတဲ့ ပန္းတိုင္ေလးေရာက္ေအာင္ လိုက္နာရမယ့္ နည္းလမ္း (၆)သြယ္

(၃) ျဖည့္စြက္စာေတြစားပါ။

အသား၊ ဥနဲ႔ ႏြားႏို႔ေတြ စားေသာက္ရံုနဲ႔ေတာ့ ကိုယ္လိုခ်င္တဲ့ပံုစံ မထြက္ႏိုင္ပါဘူးေနာ္။ အဲဒါေၾကာင့္ ျဖည့္စြက္စာအေနနဲ႔ ငါးႀကီးဆီ၊ Creatine Monohydrate ပါဝင္တဲ့ ပရိုတင္းရွိတ္ေတြကိုလည္း မ်ားမ်ားေသာက္ေပးသင့္ပါတယ္။

(၄) အရြက္မ်ားမ်ားစားပါ။

အေမေတြက သူတို႔ကေလးေတြ အရြက္စားမစားကို ေဘးနားမွာ တုတ္တစ္ေခ်ာင္းနဲ႔ ေစာင့္ၾကည့္ေနသလိုပဲ ႂကြက္သားတက္ခ်င္တယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပဲ ေစာင့္ၾကည့္ရမွာပါ။ အဓိကအားျဖင့္ ကိုယ့္ရဲ႕အစာေခ်စနစ္က ေကာင္းဖို႔အေရးႀကီးတာမို႔ အမွ်င္ဓာတ္မ်ားမ်ားပါတဲ့ အရြက္ေတြကို စားေပးသင့္ပါတယ္။

Related Article >>> ကိုယ္အေလးခ်ိန္ကို အစားအေသာက္ေလးနဲ႔ ထိန္းၾကမယ္..

(၅) မ်ားမ်ားအိပ္ပါ။

ေလ့က်င့္ခန္းလုပ္၊ အစားေတြ ျဖည့္စြက္စာေတြ အေသစားၿပီး မအိပ္ဘူးဆိုရင္ေတာ့ ႂကြက္သားတက္ဖို႔အိပ္မက္ကို တာ့တာျပလိုက္ပါ။ ကိုယ့္ခႏၶာကိုယ္ကို အလုပ္ေတြေပးတာမ်ားၿပီး ျပန္တည္ေဆာက္ရတဲ့အခ်ိန္မွာ လံုလံုေလာက္ေလာက္ အနားမေပးဘူးဆိုရင္ ကိုယ္လိုခ်င္တဲ့ပံုစံကို ရဖို႔ခက္ခဲပါလိမ့္မယ္။

ခႏၶာကိုယ္ က်စ္လ်စ္ဖို႔ဆိုတာခက္ပါတယ္။ ဒါေပမဲ့ က်စ္လ်စ္ၿပီးသား ခႏၶာကိုယ္ကို ႂကြက္သားေတြတက္ေအာင္လုပ္ၿပီး ထိန္းသိမ္းထားဖို႔အတြက္က ပိုၿပီးေတာ့ခက္ခဲတတ္ပါတယ္။ ဆိုေပမဲ့ ဒီလိုအေျခခံအခ်က္ ၅ ခ်က္ကိုလိုက္နာမယ္ဆိုရင္ေတာ့ ထိန္းသိမ္းဖို႔ ပိုလြယ္သြားၿပီမို႔ ကဲ.. ဖိုက္တင္း ေယာင္းေလးတို႔ေရ… 

Hnin Ei Oo (For Her Myanmar)

References : t-nationshape

<<< Unicode >>>

မွေးရခက်မှန်းသိပေမဲ့ မွေးသင့်ပါတယ် :3

Gym စဆော့တဲ့အချိန် ကြွက်သားတက်ချင်လို့ဆိုပြီး ရည်ရွယ်ချက်နဲ့ ဆော့တဲ့လူ ဘယ်နှစ်ယောက်ရှိလဲ? (ကိုယ်တိုင်လည်း မဟုတ်ခဲ့ပါဘူးနော် :P) ပြီးတော့ ကြွက်သားဆိုရင် တိရစ္ဆာန်ကြွက်ကိုပဲ ပြေးပြေးမြင်တာ ငါတစ်ယောက်တည်းလားကွ။

အမှန်တော့ ကြွက်သားတက်တယ်ဆိုတာ နှင်းတို့မြင်ဖူးနေကျ အဖုအထစ်တွေနဲ့ အကြီးကြီးတွေကိုပဲ ခေါ်တာမဟုတ်ပါဘူးနော်… ခန္ဓာကိုယ်မှာ အဆီတွေမရှိတော့တဲ့အခါ သူ့နေရာနဲ့သူ အဖုအထစ်လေးတွေ ဖြစ်လာတာကို ခေါ်တာပါ။ ဆိုတော့ ဒီလို ကြွက်သားတက်အောင် လေ့ကျင့်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အများကြီးအထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါဆို ဘယ်လို အကျင့်လေးတွေ မွေးရမလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်နော်…

(၁) အစားမလျှော့ပါနဲ့။

အရမ်းအရေးကြီးပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း အချိန်မှာ အဆီစားရင် အဆီ၊ အသားစားရင် အသား စသည်ဖြင့် ခန္ဓာကိုယ်မှာအကျိုးသက်ရောက်တာကြောင့် မစားကြတဲ့လူက များပါတယ်။ ဒါပေမဲ့ ကြွက်သားတက်ချင်တဲ့လူတွေက်တော့ မစားဘဲ နေလို့ မရပါဘူးနော်။ အသားတက်စေမယ့် ပရိုတင်းအပြင် ကာဗိုဟိုက်ဒရိတ်ကိုလည်း စားလို့ရပါတယ်။ ကြွက်သားတက်ချင်တယ်ဆိုရင် မကြာခဏ စားပေးရပါမယ်။ မကြာခဏဆိုတဲ့နေရာမှာ တစ်နေ့ကို ထမင်း ၆နပ် ၇ နပ် စားနေစရာမလိုဘဲ ပုံမှန်စားနေကျ ထမင်း ၃ နပ်ကိုပဲ သေချာစားပြီး ကြားမှာ ပရိုတင်းရှိတ်ကို များများ သောက်ပေးရမှာပါ။

(၂) ပရိုတင်းများများစားပါ။

ကြွက်သားတက်ဖို့အတွက် အခြေခံလိုအပ်ချက်က ပရိုတင်းဓာတ်ပါ။ ဥပမာ – ကိုယ့်ကြွက်သားကို အုတ်နံရံအနေနဲ့ သတ်မှတ်ကြည့်လိုက်။ ဒီလိုအုတ်နံရံကြီး တဖြည်းဖြည်းကြီးလာဖို့အတွက် ပရိုတင်းအုတ်ခဲတွေ အများကြီးလိုအပ်တယ်မလား? ဒါကြောင့် ပရိုတင်းရှိတ်တွေ၊ အသားနဲ့ နွားနို့နဲ့ တခြားအသားဓာတ်တက်စေမယ့် အစားအစာတွေကို များများသာစားပါ။

Related Article >>> အမိုက်စားဘော်ဒီဆိုတဲ့ ပန်းတိုင်လေးရောက်အောင် လိုက်နာရမယ့် နည်းလမ်း (၆)သွယ်

(၃) ဖြည့်စွက်စာတွေစားပါ။

အသား၊ ဥနဲ့ နွားနို့တွေ စားသောက်ရုံနဲ့တော့ ကိုယ်လိုချင်တဲ့ပုံစံ မထွက်နိုင်ပါဘူးနော်။ အဲဒါကြောင့် ဖြည့်စွက်စာအနေနဲ့ ငါးကြီးဆီ၊ Creatine Monohydrate ပါဝင်တဲ့ ပရိုတင်းရှိတ်တွေကိုလည်း များများသောက်ပေးသင့်ပါတယ်။

(၄) အရွက်များများစားပါ။

အမေတွေက သူတို့ကလေးတွေ အရွက်စားမစားကို ဘေးနားမှာ တုတ်တစ်ချောင်းနဲ့ စောင့်ကြည့်နေသလိုပဲ ကြွက်သားတက်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ စောင့်ကြည့်ရမှာပါ။ အဓိကအားဖြင့် ကိုယ့်ရဲ့အစာချေစနစ်က ကောင်းဖို့အရေးကြီးတာမို့ အမျှင်ဓာတ်များများပါတဲ့ အရွက်တွေကို စားပေးသင့်ပါတယ်။

Related Article >>> ကိုယ်အလေးချိန်ကို အစားအသောက်လေးနဲ့ ထိန်းကြမယ်..

(၅) များများအိပ်ပါ။

လေ့ကျင့်ခန်းလုပ်၊ အစားတွေ ဖြည့်စွက်စာတွေ အသေစားပြီး မအိပ်ဘူးဆိုရင်တော့ ကြွက်သားတက်ဖို့အိပ်မက်ကို တာ့တာပြလိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်ကို အလုပ်တွေပေးတာများပြီး ပြန်တည်ဆောက်ရတဲ့အချိန်မှာ လုံလုံလောက်လောက် အနားမပေးဘူးဆိုရင် ကိုယ်လိုချင်တဲ့ပုံစံကို ရဖို့ခက်ခဲပါလိမ့်မယ်။

ခန္ဓာကိုယ် ကျစ်လျစ်ဖို့ဆိုတာခက်ပါတယ်။ ဒါပေမဲ့ ကျစ်လျစ်ပြီးသား ခန္ဓာကိုယ်ကို ကြွက်သားတွေတက်အောင်လုပ်ပြီး ထိန်းသိမ်းထားဖို့အတွက်က ပိုပြီးတော့ခက်ခဲတတ်ပါတယ်။ ဆိုပေမဲ့ ဒီလိုအခြေခံအချက် ၅ ချက်ကိုလိုက်နာမယ်ဆိုရင်တော့ ထိန်းသိမ်းဖို့ ပိုလွယ်သွားပြီမို့ ကဲ.. ဖိုက်တင်း ယောင်းလေးတို့ရေ…

Hnin Ei Oo (For Her Myanmar)

References : t-nationshape

No Comments Yet

Comments are closed