ချိုးဖျက်ရမည့် လေ့ကျင့်ခန်းယုံတမ်းစကား (၅) ခု

ပြောင်းလဲချိန်တန်ပြီ

ကိုယ်က Gym သွားဆော့တော့မယ်ဟေ့ဆိုရင် ဘက်ပေါင်းစုံနေရာနဲ့ ထောင့်ပေါင်းစုံကနေ အမျိုးမျိုးပြောကြတာ ပြောကြတာဆိုတာလေ ကိုယ်ကဒီဟာအမှန်လို့ ထင်လိုက်ရင် နောက်တစ်ယောက်က တစ်မျိုးပြောလို့ ကိုယ်ပါရောပြီး စိတ်တွေရှုပ်လာရော။ ဒါပေမဲ့ ဒီယုံတမ်းစကား ၅ ခုကိုတော့ လူတိုင်းတစ်ထေရာတည်း အမှန်လို့ပြောကြလိမ့်မယ်။ ဥပမာအားဖြင့် အိပ်ထမတင် များများလုပ်ရင် ဗိုက်ကြွက်သားထွက်တယ်ဘာညာ စသဖြင့်ပေါ့… 

လေ့ကျင့်ခန်းမလုပ်ခင် အကြောသေချာလျှော့ပါ။

အကြောဆိုတာမျိုးတာ အလျှော့မတော်ရင် တစ်ခါပဲ (ပြတ်ထွက်ကုန်မှာကို ပြောပါတယ်။) သွေးပူလေ့ကျင့်ခန်း ကောင်းကောင်း မလုပ်ထားတဲ့ ကြွက်သားတွေကို အကြောတန်းလျှော့လိုက်တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အများကြီးထိခိုက်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့တဲ့အခါ အလွန်အကျွံ မလုပ်မိအောင် သတိထားပါ။

လေ့ကျင့်ခန်းလုပ်ပြီးရင် ချောကလက်နို့သောက်ပါ။

အကယ်၍ အချိုတွေ၊ သကြားဓာတ်တွေသာမပါရင် ဒီဟာက ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ချောကလက်နို့မှာ ကြွက်သားအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေအပြင် တခြားအချိုဓာတ်တွေလည်း အများကြီးပါဝင်နေတာကြောင့် မသောက်သင့်ပါဘူး။ တခြားကြက်ဥနဲ့ အသားတွေကိုပဲ များများစားသင့်ပါတယ်။

Related Article >>> ဗိုက်အောက်ပိုင်းအဆီတွေကျအောင် ဒီစည်းကမ်း (၈) ချက်ကိုလိုက်နာကြမယ်

လေ့ကျင့်ခန်းမလုပ်ခင် မိနစ် ၂၀ လောက် နှလုံးခုန်မြန်စေမယ့် လေ့ကျင့်ခန်း (Cardio) လုပ်ပါ။

ကိုယ့်ရဲ့ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးမယ့် ဘယ်ကိုယ်လက်လှုပ်ရှားမှုမဆို ခန္ဓာကိုယ်အတွက် အရမ်းကောင်းပါတယ်။ ဒီလိုပါပဲ အလေးတုံးတွေ မ,မခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်တော့မယ်လို့ဆိုမှ ကောက်ခါငင်ခါကြီး သွေးပူဆိုပြီး မိနစ် ၂၀ လောက် မနားတမ်းပြေးရင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို အကုန်ခံတာနဲ့စာရင် ဖြည်းဖြည်းချင်းနဲ့ တစ်နေကုန် ကိုယ်လက်လှုပ်ရှား နေတာက ခန္ဓာကိုယ်အတွက် ပိုပြီးကောင်းမွန်ပါတယ်။

အိပ်ထမတင် လုပ်တာက ဗိုက်ကြွက်သားတက်ဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းပဲ။

Gym မှာလေ တအီးအီးတအားအားနဲ့ အိပ်ထမတင်လုပ်နေတဲ့ လူတွေကို တွေ့ရင် သနားတာဗျား။ (နှင်းဆိုလေ ၁၀၀ ပဲရိုက်တာသိလား။ ဒါတောင် ခိုချင်ရင် ခိုသေးတာ။) ဒီလိုဗိုက်မှာ ကြွက်သားပေါ်ဖို့ဆိုတာ ပထမဆုံးဗိုက်မှာ အဆီမရှိဖို့ အရမ်း အရေးကြီးပါတယ်။ နောက်ပြီး ဗိုက်မှာလိုင်းတွေ၊ ကြွက်သားတွေပေါ်ဖို့အတွက် အိပ်ထမတင်ကို ရူးမတတ် နှမ်းမတတ်ပဲ လုပ်နေလို့မရပါဘူး။ Plank ထောက်တဲ့ လေ့ကျင့်ခန်းလိုမျိုး ကမ္ဘာ့ဆွဲအားက ကိုယ့်ရဲ့ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပေါ် သက်ရောက်မှုရှိစေမယ့် လေ့ကျင့်ခန်းမျိုးပါ တွဲဖက်ပေးလုပ်ပေးရပါမယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ကြွက်သားတုံးတွေရမှာပါနော်။

Related Article >>> ကိုယ်မှန်းထားတဲ့ ခန္ဓာကိုယ်ကို မရနိုင်သေးတဲ့ အကြောင်းရင်း (၇)ချက်

တဖြည်းဖြည်းနဲ့ လုပ်နိုင်စွမ်းတွေ တိုးလာအောင် အလေးတုံးအကြီးကြီးတွေ မ,သင့်တယ်။

အားရှိလာအောင်ဆိုပြီး ကိုယ့်ထက် ၂ ဆနီးပါးလောက် လေးတဲ့ အလေးတုံးတွေကို အံကြီးတွေကြိတ်ပြီး တိုးတိုးမ,နေတာက အမှန်တော့ တကယ်မှားနေပါတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်ကို တိုးချင်လို့ စိန်ခေါ်မှုအသစ်တွေ လုပ်တာမှန်ပေမဲ့ အလေးတိုးပြီး မ နိုင်တိုင်း စွမ်းရည်တွေတိုးလာတာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲ အလေးတွေမနိုင်ပါစေ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်ကို ထုတ်မသုံးတတ်ရင် အလကားပဲလေ။

ကဲ ဒီစကားတွေက ရင်းရင်းနှီးနှီးကြားဖူးနေကျ စကားတွေမလား။ နှင်းလည်းအရင်တုန်းကမှားခဲ့ဖူးတယ်။ မှားတော့ဘာဖြစ်လဲဆိုတော့ ကိုယ်ထုတ်သမျှအားတွေက အလကားဖြစ်တဲ့အပြင် တစ်ခါတလေ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတာမို့ သတိထားပြီး ရှောင်သင့်တဲ့ အချက်လေးတွေပါပဲနော်။ ဆိုတော့ တကယ်ဆော့ပြီဆိုရင် ဒီလိုယုံတမ်းစကားတွေကို ဘယ်သူတွေ ဘာပဲပြောပြော ရအောင်ချိုးဖျက်ပါလို့။

Hnin Ei Oo (For Her Myanmar)

References : healthfashionmagazine

No Comments Yet

Comments are closed