ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္ (၅) မိနစ္စာ ေယာဂက်င့္စဥ္

တစ္ညလံုးအတြက္ ၅ မိနစ္ကေတာ့ အတန္ႀကီး တန္တာပါကြာ…

ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ဆိုတာ လြယ္မေယာင္နဲ႔ခက္ တိမ္မေယာင္နဲ႔ အင္မတန္နက္တဲ့ ကိစၥပါပဲ။ တစ္ေန႔လံုးသြားလာလႈပ္ရွားၿပီး အေတြးေပါင္းစံု၊ အျဖစ္အပ်က္ေပါင္းစံုနဲ႔လံုးပန္းရတဲ့အျပင္ ေျဖရွင္းရခက္တဲ့ တခ်ိဳ႕ျပႆနာေလးေတြ ရွိလာတဲ့အခ်ိန္မွာဆို ကိုယ့္ရဲ႕အိပ္ခ်ိန္ကိုပါ သူကေႏွာင့္ယွက္ေတာ့တာပါပဲ။ ဒါေပမဲ့ တခ်ိဳ႕ေတြကက်ေတာ့ ဘာမွေတြးစရာရွိမေနတာကို Overthinking (အေတြးနယ္ခ်ဲ႕လြန္ျခင္း) ေတာထဲေမ်ာၿပီး အိပ္မရျပဳမရေတြျဖစ္ၾကတာမ်ားေတာ့ ႏွင္းကပဲအလိုက္တသိနဲ႔ ေယာဂက်င့္စဥ္ေလးေတြကို တင္ဆက္လိုက္ပါၿပီ။

ခက္ခက္ခဲခဲပိုစ့္ေတြဆိုရင္ မလုပ္တတ္လို႔ဘာလို႔ညာလို႔နဲ႔ အေၾကာင္းေပါင္းစံုျပၿပီး ဂ်င္းျပန္ထည့္ေနမွာစိုးလို႔ တကယ့္ အလြယ္တကာ့ အလြယ္ဆံုး ပိုစ့္ေလးေတြကိုပဲ စုစည္းၿပီးေတာ့ တင္ဆက္ပါမယ့္ရွင့္။ ဆက္ၿပီးေတာ့ ဖတ္ၾကည့္ၾကပါဦးေနာ္။

ပထမဦးဆံုး ေယာဂေနရာကိုမသြားခင္ အခုလက္ထဲမွာ မလႊတ္တမ္း ကိုင္ထားတဲ့ဖုန္းကို ဒီေဆာင္းပါးဖတ္ၿပီးရင္ ခ်ပါ့မယ္လို႔ ကတိေပး 😛 ကတိေပးႏုိင္ၿပီဆို ဆက္ဖတ္လို႔ ရပါၿပီရွင္.. 

(၁) ေၾကာင္ (သို႔) ႏြားပိုစ့္ (CAT/COW)

နာမည္ၾကည့္ၿပီး လန္႔ျဖန္႔မသြားနဲ႔ဦး။ ဒီအတိုင္း ေလးဘက္ကုန္းၿပီး အသက္ကိုရွဴသြင္းတဲ့အခ်ိန္မွာ ခႏၶာကိုယ္ကို ေလထဲေျမာက္တက္သြားေအာင္ လက္ျပင္ကိုကုန္း၊ ေခါင္းကိုေမာ့ ခါးကိုဘုထြက္သလို ေကြးခ်လိုက္ၿပီး နံပါတ္စဥ္ ၁ ကေန ၁၀ အထိေရ၊ ျပည့္သြားရင္ လက္ျပင္ကိုျပန္ေကာ့ ေခါင္းကိုေမာ့ နံပါတ္စဥ္ ျပန္ေရ။ ဒါပဲ။ အဲဒါမ်ိဳးကို ၄ ေက်ာ့ေလာက္ျဖည္းျဖည္းမွန္မွန္ေလးလုပ္ေပးရင္ ရပါၿပီေနာ္.. 

Related Article >>> ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကခုန္ၿပီး ဝိတ္ခ်လို႔ရတယ္ဆိုတာ Zumba အားကစားက သက္ေသပါပဲ။

(၂) ေျခေရွ႕ဆန္႔၊ ခႏၶာကိုယ္ေကြးပို႔စ္ (Straight Legged Forward Fold)

အေၾကာေလွ်ာ႔ဖူးတယ္ဟုတ္။ အာ့နဲ႔အတူတူပဲရယ္။ ေျခေထာက္ႏွစ္ေခ်ာင္းကို ပူးၿပီးေရွ႕ကိုဆန္႔ထုတ္ ၿပီးရင္ခါးကို ဒူးေခါင္းနဲ႔နဖူးထိတဲ့အထိ ေကြးခ်လိုက္ရံုပါပဲ။ အရမ္းႀကီးထိစရာမလိုဘဲ ျဖည္းျဖည္းေလးနဲ႔ စိတ္ကိုေလွ်ာ႔ၿပီး အနားရသြားတယ္ဆိုရံုေလာက္ပဲ ေကြးခ်ေနာ္။ တစ္ခါေကြးရင္ နံပါတ္စဥ္ ၁ ကေန ၁၀ အထိကို ၄ ေက်ာ့ေလာက္လုပ္လိုက္ပါ။


(၃) ကေလးပံုသ႑ာန္ပိုစ့္ (Child Pose)

ကေလးေလးလို ေျခဖ်ားခ် တင္ပါးကိုေျခဖ်ားေပၚတင္ၿပီးထိုင္၊ ၿပီးရင္လက္ႏွစ္ဖက္ကို ဆန္႔ၿပီးခါးကိုျဖည္းျဖည္းခ်င္းကိုင္းခ်လိုက္။ ဒီပိုစ့္ေလးကေတာ့ လုပ္ရတာအင္မတန္မွလြယ္ကူၿပီး စိတ္ကိုေတာ္ေတာ္ေအးခ်မ္းေစတဲ့ ပိုစ့္ေလးပါ။ (အိပ္ေပ်ာ္သြားမွာေတာင္ ေၾကာက္ရတယ္။)  သူ႔ကိုလည္း ခါးကိုင္းခ်တဲ့အခ်ိန္မွာ နံပါတ္စဥ္ ၁ ကေန ၁၀ ေရၿပီး ၄ ေက်ာ့ေလာက္ လုပ္ေပးေနာ္။

Related Article >>> ေန႔တိုင္းနီးပါးေလ့က်င့္ခန္းလုပ္တဲ့အက်င့္ျဖစ္လာေအာင္ ဘယ္လိုအရာေတြကို ေမြးျမဴရမလဲ?

(၄) တံတားပိုစ့္ (Bridge Pose)

တံတားပံုသ႑ာန္ ခႏၶာကိုယ္ကိုေကာ့ညြန္႔ရတာမို႔ တံတားပိုစ့္လို႔ေခၚၾကတာပါ။ အရင္ဆံုး ပက္လက္အေနအထား အိပ္လိုက္ၿပီး ေျခေထာက္ႏွစ္ဖက္ကို ဒူးေထာင္ထားလိုက္ပါ။ ၿပီးတာနဲ႔ ဒီေျခေထာက္အားကိုပဲသံုးၿပီး ခႏၶာကိုယ္တစ္ခုလံုးကို ပင့္တင္လိုက္ပါ။ တစ္ခါပင့္ရင္ နံပါတ္စဥ္ ၁ ကေန ၁၀ ေရၿပီး ၄ ခါေလာက္ အထင္အခ်ေလးလုပ္ေပးပါေနာ္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ ေယာင္းရဲ႕စိတ္ထဲမွာလည္း အေတာ္အသင့္ေလး ၿငိမ္းခ်မ္းသြားလိမ့္မယ္လို႔ ႏွင္းက ယံုၾကည္ပါတယ္။ (ဖုန္းကို ထပ္မပြတ္ေတာ့ရင္ေပါ့ေလ။) တစ္ခုသတိထားရမွာက ဒီေယာဂက်င့္စဥ္ကို ၿပီးခ်င္ေဇာနဲ႔ ခပ္ျမန္ျမန္ေရတြက္တာမ်ိဳး လံုးဝမလုပ္ဘဲ ျဖည္းျဖည္းနဲ႔မွန္မွန္ အသက္ကိုရွဴသြင္း၊ ရွဴထုတ္ၿပီး ကိုယ့္စိတ္ၿငိမ္းခ်မ္းသြားေအာင္ပဲ ဦးစားေပးပါလို႔။

ေနာက္မ်ားမွ ထပ္ၿပီးထိေရာက္တဲ့ ေလ့က်င့္ခန္းေလးေတြ တင္ေပးဦးမယ္ေနာ္။ အခုေတာ့ ၅ မိနစ္နဲ႔ လံုးပန္းလိုက္ပါဦး 😛

Hnin Ei Oo (For Her Myanmar)

References : groundedpanda, staradvertiser

<<< Unicode >>>

 

<<< Unicode >>>

တစ်ညလုံးအတွက် ၅ မိနစ်ကတော့ အတန်ကြီး တန်တာပါကွာ…

ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ အင်မတန်နက်တဲ့ ကိစ္စပါပဲ။ တစ်နေ့လုံးသွားလာလှုပ်ရှားပြီး အတွေးပေါင်းစုံ၊ အဖြစ်အပျက်ပေါင်းစုံနဲ့လုံးပန်းရတဲ့အပြင် ဖြေရှင်းရခက်တဲ့ တချို့ပြဿနာလေးတွေ ရှိလာတဲ့အချိန်မှာဆို ကိုယ့်ရဲ့အိပ်ချိန်ကိုပါ သူကနှောင့်ယှက်တော့တာပါပဲ။ ဒါပေမဲ့ တချို့တွေကကျတော့ ဘာမှတွေးစရာရှိမနေတာကို Overthinking (အတွေးနယ်ချဲ့လွန်ခြင်း) တောထဲမျောပြီး အိပ်မရပြုမရတွေဖြစ်ကြတာများတော့ နှင်းကပဲအလိုက်တသိနဲ့ ယောဂကျင့်စဉ်လေးတွေကို တင်ဆက်လိုက်ပါပြီ။

ခက်ခက်ခဲခဲပိုစ့်တွေဆိုရင် မလုပ်တတ်လို့ဘာလို့ညာလို့နဲ့ အကြောင်းပေါင်းစုံပြပြီး ဂျင်းပြန်ထည့်နေမှာစိုးလို့ တကယ့် အလွယ်တကာ့ အလွယ်ဆုံး ပိုစ့်လေးတွေကိုပဲ စုစည်းပြီးတော့ တင်ဆက်ပါမယ့်ရှင့်။ ဆက်ပြီးတော့ ဖတ်ကြည့်ကြပါဦးနော်။

ပထမဦးဆုံး ယောဂနေရာကိုမသွားခင် အခုလက်ထဲမှာ မလွှတ်တမ်း ကိုင်ထားတဲ့ဖုန်းကို ဒီဆောင်းပါးဖတ်ပြီးရင် ချပါ့မယ်လို့ ကတိပေး 😛 ကတိပေးနိုင်ပြီဆို ဆက်ဖတ်လို့ ရပါပြီရှင်.. 

(၁) ကြောင် (သို့) နွားပိုစ့် (CAT/COW)

နာမည်ကြည့်ပြီး လန့်ဖြန့်မသွားနဲ့ဦး။ ဒီအတိုင်း လေးဘက်ကုန်းပြီး အသက်ကိုရှူသွင်းတဲ့အချိန်မှာ ခန္ဓာကိုယ်ကို လေထဲမြောက်တက်သွားအောင် လက်ပြင်ကိုကုန်း၊ ခေါင်းကိုမော့ ခါးကိုဘုထွက်သလို ကွေးချလိုက်ပြီး နံပါတ်စဉ် ၁ ကနေ ၁၀ အထိရေ၊ ပြည့်သွားရင် လက်ပြင်ကိုပြန်ကော့ ခေါင်းကိုမော့ နံပါတ်စဉ် ပြန်ရေ။ ဒါပဲ။ အဲဒါမျိုးကို ၄ ကျော့လောက်ဖြည်းဖြည်းမှန်မှန်လေးလုပ်ပေးရင် ရပါပြီနော်.. 

Related Article >>> ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်ပြီး ဝိတ်ချလို့ရတယ်ဆိုတာ Zumba အားကစားက သက်သေပါပဲ။

(၂) ခြေရှေ့ဆန့်၊ ခန္ဓာကိုယ်ကွေးပို့စ် (Straight Legged Forward Fold)

အကြောလျှော့ဖူးတယ်ဟုတ်။ အာ့နဲ့အတူတူပဲရယ်။ ခြေထောက်နှစ်ချောင်းကို ပူးပြီးရှေ့ကိုဆန့်ထုတ် ပြီးရင်ခါးကို ဒူးခေါင်းနဲ့နဖူးထိတဲ့အထိ ကွေးချလိုက်ရုံပါပဲ။ အရမ်းကြီးထိစရာမလိုဘဲ ဖြည်းဖြည်းလေးနဲ့ စိတ်ကိုလျှော့ပြီး အနားရသွားတယ်ဆိုရုံလောက်ပဲ ကွေးချနော်။ တစ်ခါကွေးရင် နံပါတ်စဉ် ၁ ကနေ ၁၀ အထိကို ၄ ကျော့လောက်လုပ်လိုက်ပါ။


(၃) ကလေးပုံသဏ္ဍာန်ပိုစ့် (Child Pose)

ကလေးလေးလို ခြေဖျားချ တင်ပါးကိုခြေဖျားပေါ်တင်ပြီးထိုင်၊ ပြီးရင်လက်နှစ်ဖက်ကို ဆန့်ပြီးခါးကိုဖြည်းဖြည်းချင်းကိုင်းချလိုက်။ ဒီပိုစ့်လေးကတော့ လုပ်ရတာအင်မတန်မှလွယ်ကူပြီး စိတ်ကိုတော်တော်အေးချမ်းစေတဲ့ ပိုစ့်လေးပါ။ (အိပ်ပျော်သွားမှာတောင် ကြောက်ရတယ်။)  သူ့ကိုလည်း ခါးကိုင်းချတဲ့အချိန်မှာ နံပါတ်စဉ် ၁ ကနေ ၁၀ ရေပြီး ၄ ကျော့လောက် လုပ်ပေးနော်။

Related Article >>> နေ့တိုင်းနီးပါးလေ့ကျင့်ခန်းလုပ်တဲ့အကျင့်ဖြစ်လာအောင် ဘယ်လိုအရာတွေကို မွေးမြူရမလဲ?

(၄) တံတားပိုစ့် (Bridge Pose)

တံတားပုံသဏ္ဍာန် ခန္ဓာကိုယ်ကိုကော့ညွန့်ရတာမို့ တံတားပိုစ့်လို့ခေါ်ကြတာပါ။ အရင်ဆုံး ပက်လက်အနေအထား အိပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို ဒူးထောင်ထားလိုက်ပါ။ ပြီးတာနဲ့ ဒီခြေထောက်အားကိုပဲသုံးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပင့်တင်လိုက်ပါ။ တစ်ခါပင့်ရင် နံပါတ်စဉ် ၁ ကနေ ၁၀ ရေပြီး ၄ ခါလောက် အထင်အချလေးလုပ်ပေးပါနော်။

ကဲ ဒီလောက်ဆိုရင်တော့ ယောင်းရဲ့စိတ်ထဲမှာလည်း အတော်အသင့်လေး ငြိမ်းချမ်းသွားလိမ့်မယ်လို့ နှင်းက ယုံကြည်ပါတယ်။ (ဖုန်းကို ထပ်မပွတ်တော့ရင်ပေါ့လေ။) တစ်ခုသတိထားရမှာက ဒီယောဂကျင့်စဉ်ကို ပြီးချင်ဇောနဲ့ ခပ်မြန်မြန်ရေတွက်တာမျိုး လုံးဝမလုပ်ဘဲ ဖြည်းဖြည်းနဲ့မှန်မှန် အသက်ကိုရှူသွင်း၊ ရှူထုတ်ပြီး ကိုယ့်စိတ်ငြိမ်းချမ်းသွားအောင်ပဲ ဦးစားပေးပါလို့။

နောက်များမှ ထပ်ပြီးထိရောက်တဲ့ လေ့ကျင့်ခန်းလေးတွေ တင်ပေးဦးမယ်နော်။ အခုတော့ ၅ မိနစ်နဲ့ လုံးပန်းလိုက်ပါဦး 😛

Hnin Ei Oo (For Her Myanmar)

References : groundedpanda, staradvertiser

No Comments Yet

Comments are closed