၂၀၁၉ မှာ ခေတ်စားနေတဲ့ Fitness Trend (၄) ခု
(၃) လျှော့လုပ်ခြင်း။
<<< Unicode >>>
နံပါတ် (၃) အချက်ကိုတော့ ယောင်းတို့ကြိုက်မှာ သေချာတယ်
ခေတ်ရေစီးကြောင်းဆိုသည်မှာလည်း လိုက်၍မဆုံးပေါင် တောသုံးထောင်ပါပဲရှင်။ မျက်ခုံးဆိုလည်းမျက်ခုံး၊ အဝတ်အစားဆိုလည်း အဝတ်အစား၊ မိတ်ကပ်၊ ဆံပင် စသည်ဖြင့် ဒီလောက်ရှုပ်ရှက်ခတ်ပြီး တိုင်ပတ်နေရတဲ့အထဲ အခုလာပြန်ပြီ Fitness Trend တဲ့။ ကိုယ်ဆိုသည်မှာလည်း အားကစားကို မက်မက်စက်စက်ကြီးဆော့တဲ့အပြင် ခေတ်လေးကလည်း မီချင်သေးတာဆိုတော့ ကဲ လေ့လာဦးစို့ပေါ့ကွယ်….
(၁) ကိုယ့်ကိုယ်ကိုယ် အရမ်းပြင်းပြင်းထန်ထန် တွန်းအားမပေးခြင်း။
အမြင်မှားတာမဟုတ်ပါဘူးနော်။ အခုနောက်ပိုင်း လူတွေက Facebook နဲ့ Instagram ရဲ့လွှမ်းမိုးမှုကို ခံလာရတော့ အဲဒီ social media တွေပေါ်မှာ တွေ့နေရတဲ့ ဘော်ဒီလှလှလေးတွေကို စံနှုန်းအနေနဲ့သတ်မှတ်ပြီး အလွန်အကျူးတွေ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးလာကြတော့ စိတ်ဖိစီးမှုတွေများပြီး လမ်းတစ်ဝက်မှာပဲ ရပ်သွားကြတဲ့လူတွေ အရမ်းများပါတယ်။ ဒါကြောင့် ၂၀၁၉ မှာတော့ ဒီလိုဖိအားများတဲ့ ပတ်ဝန်းကျင်ကနေရုန်းထွက်ပြီး အေးဆေးပုံမှန်လေးပဲ သွားမယ့် ရေစီးကြောင်းကို လိုက်လုပ်လာကြပါတယ်တဲ့။
Related Article >>> တင်သားကျစ်လျစ်လှပစေမယ့် (၁၀) မိနစ်စာ လေ့ကျင့်ခန်းများ
(၂) ခရီးများများထွက်ခြင်း။
ရိုးရိုးအပန်းဖြေတဲ့ အပျော်ခရီးမဟုတ်ပါဘူးနော်။ Adventure လို့ခေါ်တဲ့ စွန့်စားပြီးသွားလာနေရတဲ့ ခရီးမျိုးကိုပြောတာပါ။ (အပျော်ခရီးများများထွက်ရင်တော့ စားသောက်တာနဲ့တင် အဆီတွေ ထွက်လာဖို့ ရာနှုန်းများပါတယ်) စွန့်စားသွားလာနေရတဲ့ခရီးကျတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့အပြင် အသစ်အသစ်သော အတွေ့အကြုံတွေတိုးလာပြီး စိတ်ကိုလည်း အပန်းပြေစေတာမို့ နေ့သစ်တွေကို ဖြတ်ကျော်ဖို့အတွက် အကောင်းဆုံးခွန်အားတွေကို ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အားကစားတစ်ခုတည်းမဟုတ်ဘဲ ခရီးလည်းများများထွက်ပြီး ကိုယ်လက်လှုပ်ရှားပေးတဲ့ ရေစီးကြောင်းက ခေတ်စားလာတာပေါ့။
(၃) လျှော့လုပ်ခြင်း။
အထူးအဆန်းတွေပဲ မြင်နေရပါလားနော် ဆိုပြီးခေါင်းကုတ်နေပြီလား? ဒီနေရာမှာ လျှော့လုပ်ပါဆိုတာ အားထုတ်တာကို လျှော့ပြီး အပျင်းတစ်ခိုင်းတာ မဟုတ်ပါဘူးနော်…  တစ်ပတ်မှာ ၇ ရက်လုံး Gym သွား၊ မနက်တစ်ခါ ညတစ်ခါပြေးဆော့ စသည်ဖြင့် အပြင်းအထန်အလွန်အကျူးလုပ်နေတဲ့ ကိုကိုမမတွေကို အဲဒီလိုတွေ အရမ်းလုပ်နေမယ့်အစား တစ်ပတ်မှာ ၄ ရက်လောက်ပဲအများဆုံးဆော့ပြီး ဆော့တဲ့အချိန်မှာလည်း ထိထိရောက်ရောက်ဖြစ်အောင် သေချာအာရုံစိုက်ဆော့စေချင်တာပါ။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ကို အနားမပေးဘဲ တောက်လျှောက်မောင်းနေရင် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုက ထင်သလောက်မထိရောက်တာမျိုး ဖြစ်တတ်တာမို့ လျှော့လုပ်တဲ့ရေစီးကြောင်းလေးကို တီထွင်လိုက်တာပါတဲ့။
Related Article >>> ညဘက်ကောင်းကောင်းအိပ်ပျော်စေမယ့် (၅) မိနစ်စာ ယောဂကျင့်စဉ်
(၄) အပြင်မှာအားကစားထွက်လုပ်ခြင်း။
Gym ခန်းထဲမှာပဲ အံကြီးကြိတ်ပြီး ဆော့နေမယ့်အစား Outdoor (ဥပမာ ပန်းခြံလိုနေရာမျိုး) တွေမှာ အုပ်စုဖွဲ့ပြီးဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားကစားလုပ်ခြင်းက စိတ်ကိုပိုကြည်လင်လန်းဆန်းစေပါတယ်တဲ့။ နောက်ပြီး ဘယ်သူတွေကြည့်နေပါစေ ကိုယ့်ဘာသာလုပ်စရာရှိတာကိုပဲ လုပ်တတ်တဲ့စိတ်မျိုးဖြစ်သွားတာကြောင့် confidence ကိုလည်း တစ်ခါတည်း မြှင့်တင်ပြီးသားဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတိုးတက်လာစေတာမို့ အပြင်မှာအားကစားထွက်လုပ်တဲ့ ရေစီးကြောင်းကလည်း ခေတ်စားလာပါသတဲ့ ေယောင်းတို့ရေ… 
ကဲ ယောင်းတို့ရော? ဒီ Trend အသစ် ၄ ခုကိုဘယ်လိုမြင်လဲ? ဘယ်ဟာကိုအကြိုက်ဆုံးလဲဆိုတာ ပြောသွားခဲ့ပါဦးနော်…
Hnin Ei Oo (For Her Myanmar)
<<< Unicode >>>
Hnin Ei Oo (For Her Myanmar)
No Comments Yet
Comments are closed