ထိုင္ထေလ့က်င့္ခန္းနဲ႔ ပတ္သက္ၿပီး မွားေလ့မွားထရွိၾကတဲ့ အမွား (၄) ခု

ပင္ပန္းရက်ိဳးမနပ္တဲ့အျပင္ ဒဏ္ျဖစ္သြားမွာ စိုးရိမ္လို႔ပါ

အခုေခတ္မွာ gym ေတြကလည္း ေနရာတိုင္းလိုလိုမွာ ရွိေနၿပီဆိုေတာ့ မိန္းကေလးေတာ္ေတာ္မ်ားက က်န္းမာလွပဖို႔အတြက္ gym ကို ဦးစားေပးေဆာ့လာၾကၿပီေနာ္။ ဒါေပမဲ့လည္း ေဆာ့ပံုေဆာ့နည္းမမွန္ရင္ေတာ့ ကိုယ္လံုးလွဖို႔ဆိုတာ ေရႊျပည္ေတာ္ ေမွ်ာ္တိုင္းေဝးျဖစ္ေနေတာ့မွာပဲ ။ gym ကစားတဲ့အခါမွာ ေဆာ့ပံုေဆာ့နည္း မွားတတ္ၾကတာေတြ အမ်ားႀကီးရွိတဲ့ထဲကမွ ထိုင္ထေလ့က်င့္ခန္းနဲ႔ ပတ္သက္ၿပီး မွားတတ္ၾကတာေလးေတြကို ေဝမွ်ေပးလိုက္ရပါတယ္ ေယာင္းေရ …

(၁) ဒူးေကြးတဲ့အခါ ေျခဖ်ားစြန္းထြက္ ေက်ာ္လြန္ေနတာ

ဒူးေကြးတဲ့အခါ ေျခဖ်ားထိပ္အစြန္းထက္ ေက်ာ္ေနမယ္ဆိုရင္ ေယာင္းရဲ႕ ခႏၶာကိုယ္ အေလးခ်ိန္တစ္ခုလံုးက ဒူးေပၚက်သြားသလိုျဖစ္ၿပီး ဒူးနာတာ၊ ေျခေထာက္မခိုင္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။

Related article >>> ၂၀၁၉ မွာ ေခတ္စားေနတဲ့ Fitness Trend (၄) ခု

(၂) ေအာက္အထိထိုင္ခ်တာ

ထိုင္ထေလ့က်င့္ခန္းလုပ္တဲ့အခါ ဂိတ္ဆံုးထိ ထိုင္ခ်ၿပီးမွ ျပန္ရပ္တာက ေနာက္ေက်ာကို ဒဏ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ထိုင္ထေလ့က်င့္ခန္း လုပ္ေတာ့မယ္ဆိုရင္ ၉၀ ဒီဂရီေထာင့္မွန္က်တဲ့ အထိေလာက္ပဲ ထိုင္ခ်တာက အေကာင္းဆံုးပါတဲ့။

(၃) ေျခဖ်ားေလးေတြကို အားျပဳတာ

ထိုင္ထေလ့က်င့္ခန္းရဲ႕ အသက္က ေျခဖေနာင့္ကို အားျပဳၿပီး ျပန္ထတဲ့ေနရာမွာပါ။ ေျခဖ်ားေလးကို အားျပဳၿပီး ျပန္ထတဲ့အခါမွာေတာ့ ခႏၶာကိုယ္က ေရွ႕ကိုငိုက္က်သြားပါတယ္။ အက်ိဳးဆက္ကေတာ့ ဒူးနာလာတာနဲ႔ ေျခက်င္းဝတ္လည္တာေတြပါပဲ။ ေျခဖ်ားေလးေတြကို အားျပဳေနသ၍ေတာ့ တင္ပါးက်စ္လ်စ္ၿပီး ကိုယ္လံုးလွဖို႔နဲ႔ အေဝးႀကီးမွာပါ။

Related article >>> လက္ျပင္ကုန္းတဲ့အက်င့္ကို ေဖ်ာက္ပစ္ႏိုင္ဖို႔ ေလ့က်င့္ခန္း (၄) ခု

(၄) ျမန္လြန္းတာ

အလ်င္မလိုပါနဲ႔။ ေျဖးေျဖးမွန္မွန္ပဲ သြားပါ။ ျမန္ျမန္ထိုင္ထလုပ္ျခင္းက ခႏၶာကိုယ္ကို ဒဏ္ျဖစ္ေစပါတယ္။ ေလ့က်င့္ခန္းလုပ္ေနတုန္း အသက္မွန္မွန္ရွဴဖို႔လည္း မေမ့ပါနဲ႔။ အသက္ရွဴတဲ့အခါ အထိုင္မွာ ဝမ္းဗိုက္ထဲ အထိေရာက္ေအာင္ ရွဴသြင္းၿပီး အထမွာေတာ့ ေျခဖေနာင့္ကို အားျပဳၿပီး ထလာတာနဲ႔အမွ် ျဖည္းျဖည္းခ်င္း အသက္ရွဴထုတ္ေပးတာ အေကာင္းဆံုးျဖစ္ပါတယ္။

ကဲ … ဒါေတြကေတာ့ ထိုင္ထေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ ကိုယ္တိုင္ေတာင္ သတိမထားမိဘဲ လုပ္မိေနတတ္တဲ့ အမွားေလးေတြပါ။ ဒါေလးေတြကို သတိထားၿပီး ျပင္သြားမယ္ဆိုရင္ က်န္းမာလွပတဲ့ ကိုယ္လံုးေလးက ေျပးမလြတ္ေတာ့ပါဘူးေနာ္။

Ref : Aaptiv , muscleandperformance

Stella (For Her Myanmar)

<<< Unicode >>>

ပင်ပန်းရကျိုးမနပ်တဲ့အပြင် ဒဏ်ဖြစ်သွားမှာ စိုးရိမ်လို့ပါ

အခုခေတ်မှာ gym တွေကလည်း နေရာတိုင်းလိုလိုမှာ ရှိနေပြီဆိုတော့ မိန်းကလေးတော်တော်များက ကျန်းမာလှပဖို့အတွက် gym ကို ဦးစားပေးဆော့လာကြပြီနော်။ ဒါပေမဲ့လည်း ဆော့ပုံဆော့နည်းမမှန်ရင်တော့ ကိုယ်လုံးလှဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်နေတော့မှာပဲ ။ gym ကစားတဲ့အခါမှာ ဆော့ပုံဆော့နည်း မှားတတ်ကြတာတွေ အများကြီးရှိတဲ့ထဲကမှ ထိုင်ထလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး မှားတတ်ကြတာလေးတွေကို ဝေမျှပေးလိုက်ရပါတယ် ယောင်းရေ …

(၁) ဒူးကွေးတဲ့အခါ ခြေဖျားစွန်းထွက် ကျော်လွန်နေတာ

ဒူးကွေးတဲ့အခါ ခြေဖျားထိပ်အစွန်းထက် ကျော်နေမယ်ဆိုရင် ယောင်းရဲ့ ခန္ဓာကိုယ် အလေးချိန်တစ်ခုလုံးက ဒူးပေါ်ကျသွားသလိုဖြစ်ပြီး ဒူးနာတာ၊ ခြေထောက်မခိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။

Related article >>> ၂၀၁၉ မှာ ခေတ်စားနေတဲ့ Fitness Trend (၄) ခု

(၂) အောက်အထိထိုင်ချတာ

ထိုင်ထလေ့ကျင့်ခန်းလုပ်တဲ့အခါ ဂိတ်ဆုံးထိ ထိုင်ချပြီးမှ ပြန်ရပ်တာက နောက်ကျောကို ဒဏ်ဖြစ်စေပါတယ်။ ဒါကြောင့် ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ၉၀ ဒီဂရီထောင့်မှန်ကျတဲ့ အထိလောက်ပဲ ထိုင်ချတာက အကောင်းဆုံးပါတဲ့။

(၃) ခြေဖျားလေးတွေကို အားပြုတာ

ထိုင်ထလေ့ကျင့်ခန်းရဲ့ အသက်က ခြေဖနောင့်ကို အားပြုပြီး ပြန်ထတဲ့နေရာမှာပါ။ ခြေဖျားလေးကို အားပြုပြီး ပြန်ထတဲ့အခါမှာတော့ ခန္ဓာကိုယ်က ရှေ့ကိုငိုက်ကျသွားပါတယ်။ အကျိုးဆက်ကတော့ ဒူးနာလာတာနဲ့ ခြေကျင်းဝတ်လည်တာတွေပါပဲ။ ခြေဖျားလေးတွေကို အားပြုနေသ၍တော့ တင်ပါးကျစ်လျစ်ပြီး ကိုယ်လုံးလှဖို့နဲ့ အဝေးကြီးမှာပါ။

Related article >>> လက်ပြင်ကုန်းတဲ့အကျင့်ကို ဖျောက်ပစ်နိုင်ဖို့ လေ့ကျင့်ခန်း (၄) ခု

(၄) မြန်လွန်းတာ

အလျင်မလိုပါနဲ့။ ဖြေးဖြေးမှန်မှန်ပဲ သွားပါ။ မြန်မြန်ထိုင်ထလုပ်ခြင်းက ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်နေတုန်း အသက်မှန်မှန်ရှူဖို့လည်း မမေ့ပါနဲ့။ အသက်ရှူတဲ့အခါ အထိုင်မှာ ဝမ်းဗိုက်ထဲ အထိရောက်အောင် ရှူသွင်းပြီး အထမှာတော့ ခြေဖနောင့်ကို အားပြုပြီး ထလာတာနဲ့အမျှ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

ကဲ … ဒါတွေကတော့ ထိုင်ထလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ကိုယ်တိုင်တောင် သတိမထားမိဘဲ လုပ်မိနေတတ်တဲ့ အမှားလေးတွေပါ။ ဒါလေးတွေကို သတိထားပြီး ပြင်သွားမယ်ဆိုရင် ကျန်းမာလှပတဲ့ ကိုယ်လုံးလေးက ပြေးမလွတ်တော့ပါဘူးနော်။

Ref : Aaptiv , muscleandperformance

Stella (For Her Myanmar)

No Comments Yet

Comments are closed