Gym ခဏနားတဲ့အခ်ိန္မွာလည္း ဝိတ္အဆမတန္တက္မလာေအာင္ ဒီလိုအခ်က္ေတြကို မျဖစ္မေနလိုက္နာပါ။

၂ လနားၿပီး ဝိတ္က်သြားသျဖင့္ ေပ်ာ္ရႊင္ေနေသာ ခ်ိမ ပါေနာ္

Gym စစေဆာ့ခ်င္းတုန္းကေတာ ့ကိုယ့္ကိုယ္ကိုယ္ ထင္ခဲ့ဖူးတယ္ ‘ေၾသာ္ ငါတစ္သက္လံုး ဒီေလ့က်င့္ခန္းကို စြဲစြဲၿမဲၿမဲေလးနဲ႔ တစ္သက္လံုးေသခ်ာလုပ္သြားမယ္ေပါ့။’ ဒါေပမဲ့လည္း အေၾကာင္းကိစၥေလးေတြ ရွိလာတဲ့အခါ (ပ်င္းတာလည္း ပါတာေပါ့ေလ) ဒီ Gym ကို အနည္းနဲ႔အမ်ားေတာ့ ေနာက္ဆုတ္လိုက္ရတာပဲေလ။ အဲ့ေတာ့ ဒီလိုနားထားတဲ့အခ်ိန္နဲ႔ Gym ျပန္မေဆာ့ခင္ စပ္ၾကားေလးမွာ ဝိတ္မတက္ေအာင္ ဘယ္လိုထိန္းမလဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ႏွင္းရဲ႕ ကိုယ္ပိုင္အေတြ႔အၾကံဳေလးနဲ႔ယွဥ္ၿပီး ေျပာျပေပးသြားမွာပါေနာ္။

ေၾသာ္ တစ္ခုအရင္ေျပာရဦးမယ္။ တခ်ိဳ႕ေတြကေျပာၾကတယ္။ Gym ေဆာ့ေနတာကို ရပ္လိုက္ရင္ ဝ,လာတယ္တဲ့။ အမွန္ေတာ့ အဲဒါမဟုတ္ပါဘူးေနာ္။ Gym ေဆာ့ေနတုန္းအခ်ိန္က်ေတာ့ ခႏၶာကိုယ္က က်စ္က်စ္လ်စ္လ်စ္နဲ႔ သိပ္သိပ္သည္းသည္းမို႔ ပိုပိန္သေယာင္ေယာင္ ထင္ေနရၿပီး Gym ေဆာ့တာ ရပ္လိုက္တဲ့အခ်ိန္မွာက်ေတာ့ အသားက ပြသြားတာမို႔ အနည္းငယ္ပဲ ကြာသြားမွာပါ။ ဟိုလိုမ်ိဳး ဘုတ္ၿပဲႀကီးျဖစ္လာတာေတာ့ ကိုယ့္ရဲ႕မဆင္မျခင္စားေသာက္တတ္တဲ့ ပါးစပ္ေၾကာင့္လို႔ပဲ ေျပာပါရေစ။ ကဲ ဒါဆို ဘာေတြလုပ္ရမလဲ ဆက္ၿပီး ေလ့လာရေအာင္ေနာ္..

(၁) စိတ္အလိုကို ပါးစပ္ကမလိုက္ပါနဲ႔။

အားလံုးထဲမွာ ဒါက အေရးအႀကီးဆံုးပဲ။ အရင္ Gym ေဆာ့ေနတုန္းအခ်ိန္မွာက်ေတာ့ အနည္းဆံုး ကိုယ္စားတဲ့ မာလာရွမ္းေကာတစ္ပြဲစာေလာက္က အားကစားလုပ္တဲ့အခ်ိန္ထုတ္တဲ့ ေခၽြးေတြ၊ အားအင္ေတြထဲမွာ ပါသြားေသးတယ္။ အခုလို Gym ရပ္လိုက္တဲ့အခ်ိန္မွာ ကိုယ္စားသမွ်ကို ခႏၶာကိုယ္တစ္ခုတည္းက ဒိုင္ခံလက္ခံၿပီး ျပန္ထုတ္တာဆိုလို႔ အင္အင္းပဲရွိတာမို႔ (စားေနတုန္းဖတ္မိရင္ ကန္ေတာ့ပါ။) စိတ္က မာလာရွမ္းေကာတိုင္း ကိုယ္က လိုက္မေကာပါနဲ႔။ ဒုကၡနဲ႔လွလွ ေတြ႔သြားပါလိမ့္မယ္ေနာ္။

Related Article >>> ဗိုက္အဆီက်ဖို႔အတြက္ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ (၃) ခ်က္

(၂) အိမ္တြင္းေလ့က်င့္ခန္းေလးေတြ ျပန္လုပ္ေပးပါ။

အကယ္၍ ကိုယ္ကအခုခ်ိန္မွာ ခဏနားထားတာဆိုေပမဲ့ တစ္ခ်ိန္ခ်ိန္ျပန္ေဆာ့မယ္လို႔ ေတြးထားရင္ေတာ့ ေလ့က်င့္ခန္းကို နည္းနည္းျဖစ္ျဖစ္ ျပန္ျပန္ၿပီး လုပ္ေပးပါေနာ္။ ဒီလိုလုပ္ေပးတာက ေယာင္းရဲ႕ Stamina (သက္လံု) ကို မေလ်ာ႔သြားေစသလို ျပန္ေဆာ့တဲ့အခါက်ရင္လည္း ခႏၶာကိုယ္က မဟားဒရား နာက်င္ကိုက္ခဲေနတာမ်ိဳး မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ တစ္ေန႔ကို မိနစ္ ၂၀ ေလာက္ျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေလးေတြ လုပ္ေပးပါလို႔။

(၃) အခ်ိဳနဲ႔ တျခားအဆီအဆိမ့္၊ အသင့္စား အစားအေသာက္ေတြကို ေရွာင္ပါ။

အေပၚမွာကက်ေတာ့ ပါးစပ္အလိုမလိုက္ခိုင္းတာ ဒီမွာကက်ေတာ့ လံုးဝမစားနဲ႔လို႔ ေရွာင္ခိုင္းတာပါေနာ္။ အခ်ိဳဆိုတာ သၾကားတစ္ခုတည္းကို ေျပာတာမဟုတ္ဘဲ ေယာင္းတို႔ေန႔တိုင္းေသာက္ေနက် အခ်ိဳရည္၊ ေကာ္ဖီ၊ လၻက္ရည္ အာလူးေၾကာ္  စတာေတြကလည္း ေယာင္းတို႔ရဲ႕ခႏၶာကိုယ္မွာ အဆီပိုစုတဲ့လုပ္ငန္းစဥ္ကို အားေပးတာမို႔ အဲဒီအစားအေသာက္ေတြကိုလည္း လံုးဝလံုးဝ မစားဖို႔ ႏွင္းက တားျမစ္ခ်င္ပါတယ္။

Related Article >>> ဘယ္အခ်ိန္မဆို Strict ျဖစ္ေနတာက အျပစ္ႀကီးတစ္ခုလား?

(၄) ေရမ်ားမ်ား ေသာက္ပါ။

ေရက ခႏၶာကိုယ္မွာရွိတဲ့ အဆိပ္အေတာက္ေတြကို ေျပေစသလို အဆီပိုရွိေနရင္လည္း ေခ်ဖ်က္ေပးတာမို႔ ဘာမွတျခားဟာေတြကို ထူးထူးျခားျခား အားမထုတ္ႏိုင္ရင္ေတာင္ ေရဘူးကို အနားထားၿပီး ေရအၿမဲတမ္း ေသာက္ေစခ်င္ပါတယ္။

(၅) ခဏနားလို႔ရတယ္ ဆိုတဲ့စိတ္ကိုထားပါ။

တခ်ိဳ႕ေတြကရွိတယ္။ မျဖစ္မေနမို႔သာ နားလိုက္ရတာ စိတ္ထဲမွာက ငါနားလိုက္ရင္ ဝ,လာေတာ့မွာပဲ ဆိုတာမ်ိဳးျဖစ္ေနေရာ။ အဲဒီစိတ္ဖိစီးမႈက ေယာင္းတို႔ကို ပိုၿပီးပင္ပန္းေစတဲ့ျပင္ စိတ္ဖိစီးလို႔ထြက္လာတဲ့ ေဟာ္မုန္းက ေယာင္းတို႕ကို ပိုၿပီး ဝ,ေစတာေၾကာင့္ ျဖစ္ႏိုင္ရင္ ကိုယ္နားတဲ့အခ်ိန္မွာ ဘာကိုမွ စိတ္ထဲစြဲမထားဘဲ အျပည့္အဝ နားေစခ်င္ပါတယ္။

ဒီအခ်က္ေလးေတြက ၾကည့္ေတာ့သာ လြယ္ေနတာ၊ တကယ္တမ္း လိုက္နာရမယ္ဆို သိပ္ေတာ့မလြယ္ေလာက္ဘူးေနာ္။ ဒါေပမဲ့လည္း ကိုယ့္က်န္းမာေရးအတြက္၊ ကိုယ့္ခႏၶာကိုယ္အတြက္ ဒီေလာက္ေတာ့ ထိန္းသိမ္းေပးရမွာေပါ့ေလ။ အကယ္၍ လုပ္ရတာအခက္အခဲတစ္ခုခုရွိေနတယ္ဆိုရင္လည္း ကြန္မန္႔မွာေျပာခဲ့ေနာ္။ ႏွင္းတတ္ႏိုင္သေလာက္ ျပန္ေျဖေပးပါ့မယ္။ ခုေတာ့ ဒီေလာက္နဲ႔ပဲရပ္လိုက္ပါမယ္ရွင့္။ အားလံုးပဲ တာ့တာ!!!

Hnin Ei Oo (For Her Myanmar)

<<< Unicode>>>

၂ လနားပြီး ဝိတ်ကျသွားသဖြင့် ပျော်ရွှင်နေသောချိမ ဖြစ်နေတာ

Gym စစဆော့ချင်းတုန်းကတော့ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့ဖူးတယ် ‘သြော် ငါတစ်သက်လုံး ဒီလေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲလေးနဲ့ တစ်သက်လုံးသေချာလုပ်သွားမယ်ပေါ့။’ ဒါပေမဲ့လည်း အကြောင်းကိစ္စလေးတွေ ရှိလာတဲ့အခါ (ပျင်းတာလည်း ပါတာပေါ့လေ) ဒီ Gym ကို အနည်းနဲ့အများတော့ နောက်ဆုတ်လိုက်ရတာပဲလေ။ အဲ့တော့ ဒီလိုနားထားတဲ့အချိန်နဲ့ Gym ပြန်မဆော့ခင် စပ်ကြားလေးမှာ ဝိတ်မတက်အောင် ဘယ်လိုထိန်းမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ နှင်းရဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးနဲ့ယှဉ်ပြီး ပြောပြပေးသွားမှာပါနော်။

သြော် တစ်ခုအရင်ပြောရဦးမယ်။ တချို့တွေကပြောကြတယ်။ Gym ဆော့နေတာကို ရပ်လိုက်ရင် ဝ,လာတယ်တဲ့။ အမှန်တော့ အဲဒါမဟုတ်ပါဘူးနော်။ Gym ဆော့နေတုန်းအချိန်ကျတော့ ခန္ဓာကိုယ်က ကျစ်ကျစ်လျစ်လျစ်နဲ့ သိပ်သိပ်သည်းသည်းမို့ ပိုပိန်သယောင်ယောင် ထင်နေရပြီး Gym ဆော့တာ ရပ်လိုက်တဲ့အချိန်မှာကျတော့ အသားက ပွသွားတာမို့ အနည်းငယ်ပဲ ကွာသွားမှာပါ။ ဟိုလိုမျိုး ဘုတ်ပြဲကြီးဖြစ်လာတာတော့ ကိုယ့်ရဲ့မဆင်မခြင်စားသောက်တတ်တဲ့ ပါးစပ်ကြောင့်လို့ပဲ ပြောပါရစေ။ ကဲ ဒါဆို ဘာတွေလုပ်ရမလဲ ဆက်ပြီး လေ့လာရအောင်နော်..

(၁) စိတ်အလိုကို ပါးစပ်ကမလိုက်ပါနဲ့။

အားလုံးထဲမှာ ဒါက အရေးအကြီးဆုံးပဲ။ အရင် Gym ဆော့နေတုန်းအချိန်မှာကျတော့ အနည်းဆုံး ကိုယ်စားတဲ့ မာလာရှမ်းကောတစ်ပွဲစာလောက်က အားကစားလုပ်တဲ့အချိန်ထုတ်တဲ့ ချွေးတွေ၊ အားအင်တွေထဲမှာ ပါသွားသေးတယ်။ အခုလို Gym ရပ်လိုက်တဲ့အချိန်မှာ ကိုယ်စားသမျှကို ခန္ဓာကိုယ်တစ်ခုတည်းက ဒိုင်ခံလက်ခံပြီး ပြန်ထုတ်တာဆိုလို့ အင်အင်းပဲရှိတာမို့ (စားနေတုန်းဖတ်မိရင် ကန်တော့ပါ။) စိတ်က မာလာရှမ်းကောတိုင်း ကိုယ်က လိုက်မကောပါနဲ့။ ဒုက္ခနဲ့လှလှ တွေ့သွားပါလိမ့်မယ်နော်။

Related Article >>> ဗိုက်အဆီကျဖို့အတွက် မဖြစ်မနေသိထားသင့်တဲ့ အချက် (၃) ချက်

(၂) အိမ်တွင်းလေ့ကျင့်ခန်းလေးတွေ ပြန်လုပ်ပေးပါ။

အကယ်၍ ကိုယ်ကအခုချိန်မှာ ခဏနားထားတာဆိုပေမဲ့ တစ်ချိန်ချိန်ပြန်ဆော့မယ်လို့ တွေးထားရင်တော့ လေ့ကျင့်ခန်းကို နည်းနည်းဖြစ်ဖြစ် ပြန်ပြန်ပြီး လုပ်ပေးပါနော်။ ဒီလိုလုပ်ပေးတာက ယောင်းရဲ့ Stamina (သက်လုံ) ကို မလျော့သွားစေသလို ပြန်ဆော့တဲ့အခါကျရင်လည်း ခန္ဓာကိုယ်က မဟားဒရား နာကျင်ကိုက်ခဲနေတာမျိုး မဖြစ်တော့ပါဘူး။ ဒါကြောင့် တစ်နေ့ကို မိနစ် ၂၀ လောက်ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါလို့။

(၃) အချိုနဲ့ တခြားအဆီအဆိမ့်၊ အသင့်စား အစားအသောက်တွေကို ရှောင်ပါ။

အပေါ်မှာကကျတော့ ပါးစပ်အလိုမလိုက်ခိုင်းတာ ဒီမှာကကျတော့ လုံးဝမစားနဲ့လို့ ရှောင်ခိုင်းတာပါနော်။ အချိုဆိုတာ သကြားတစ်ခုတည်းကို ပြောတာမဟုတ်ဘဲ ယောင်းတို့နေ့တိုင်းသောက်နေကျ အချိုရည်၊ ကော်ဖီ၊ လ္ဘက်ရည် အာလူးကြော် စတာတွေကလည်း ယောင်းတို့ရဲ့ခန္ဓာကိုယ်မှာ အဆီပိုစုတဲ့လုပ်ငန်းစဉ်ကို အားပေးတာမို့ အဲဒီအစားအသောက်တွေကိုလည်း လုံးဝလုံးဝ မစားဖို့ နှင်းက တားမြစ်ချင်ပါတယ်။

Related Article >>> ဘယ်အချိန်မဆို Strict ဖြစ်နေတာက အပြစ်ကြီးတစ်ခုလား?

(၄) ရေများများ သောက်ပါ။

ရေက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ပြေစေသလို အဆီပိုရှိနေရင်လည်း ချေဖျက်ပေးတာမို့ ဘာမှတခြားဟာတွေကို ထူးထူးခြားခြား အားမထုတ်နိုင်ရင်တောင် ရေဘူးကို အနားထားပြီး ရေအမြဲတမ်း သောက်စေချင်ပါတယ်။

(၅) ခဏနားလို့ရတယ် ဆိုတဲ့စိတ်ကိုထားပါ။

တချို့တွေကရှိတယ်။ မဖြစ်မနေမို့သာ နားလိုက်ရတာ စိတ်ထဲမှာက ငါနားလိုက်ရင် ဝ,လာတော့မှာပဲ ဆိုတာမျိုးဖြစ်နေရော။ အဲဒီစိတ်ဖိစီးမှုက ယောင်းတို့ကို ပိုပြီးပင်ပန်းစေတဲ့ပြင် စိတ်ဖိစီးလို့ထွက်လာတဲ့ ဟော်မုန်းက ယောင်းတို့ကို ပိုပြီး ဝ,စေတာကြောင့် ဖြစ်နိုင်ရင် ကိုယ်နားတဲ့အချိန်မှာ ဘာကိုမှ စိတ်ထဲစွဲမထားဘဲ အပြည့်အဝ နားစေချင်ပါတယ်။

ဒီအချက်လေးတွေက ကြည့်တော့သာ လွယ်နေတာ၊ တကယ်တမ်း လိုက်နာရမယ်ဆို သိပ်တော့မလွယ်လောက်ဘူးနော်။ ဒါပေမဲ့လည်း ကိုယ့်ကျန်းမာရေးအတွက်၊ ကိုယ့်ခန္ဓာကိုယ်အတွက် ဒီလောက်တော့ ထိန်းသိမ်းပေးရမှာပေါ့လေ။ အကယ်၍ လုပ်ရတာအခက်အခဲတစ်ခုခုရှိနေတယ်ဆိုရင်လည်း ကွန်မန့်မှာပြောခဲ့နော်။ နှင်းတတ်နိုင်သလောက် ပြန်ဖြေပေးပါ့မယ်။ ခုတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်ရှင့်။ အားလုံးပဲ တာ့တာ!!!

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed