Health

မိခင္ေတြ ခံစားရတဲ့ ေဝဒနာေတြကို ထုတ္ေျပာျပဖို႔ တိုက္တြန္းလိုက္တဲ့ S.H.E ရဲ႕ မန္ဘာ အယ္လာခ်န္း

ဘာအတြက္ ထိန္ခ်န္ထားမွာလဲေနာ္.. 

ေယာင္းတို႔ေရ S.H.E ထဲက အယ္လာ့ကို မွတ္မိၾကေသးလား? 90’s kids ေတြရဲ႕ အသည္းစြဲ You are my Super Star သီခ်င္းကို ဆိုခဲ့တဲ့ အဖြဲ႕ထဲက တစ္ေယာက္ပါ။ ဒါမွ မသိေသးဘူးဆို Hana Kimi (To the Beautiful You တရုတ္ဗားရွင္း) ထဲက မင္းသမီးေလးေပါ့… အယ္လာဟာ မေလးရွား စီးပြားေရးလုပ္ငန္းရွင္ အယ္ဗင္လိုင္ (Alvin Lai ) နဲ႔ လက္ထပ္ၿပီး သားတစ္ေယာက္ထြန္းကားခဲ့တာ ၾကာခဲ့ပါၿပီ။

အိမြန္ေျပာခ်င္တာ ခုမွ စပါၿပီ။ အသက္ (၃၇) ႏွစ္ အရြယ္ ကေလးတစ္ေယာက္အေမျဖစ္တဲ့ အယ္လာရဲ႕ ကေလးေမြးၿပီး ျဖစ္လာတဲ့ ေနာက္ဆက္တြဲ ျပႆနာက ဆီးမထိန္းႏိုင္တာပါပဲ။ သားေလး ဒန္နီရယ္ကို ေမြးတဲ့အခ်ိန္မွာ ဆီးအိမ္နဲ႔ သားအိမ္က ေလ်ာ့တိေလ်ာ့ရဲ ျဖစ္သြားၿပီး ဆီးအားကို မထိန္းႏိုင္တာေၾကာင့္ ဆီးအိမ္ကၽြံတဲ့ သေဘာ ျဖစ္ခဲ့ပါတယ္။ ႏွာေခ်ရင္ပဲ ျဖစ္ျဖစ္ ၊ ခုန္တာ ၊ ေျပးတာေတြ လုပ္မိရင္ ဆီးက အလိုလို ထြက္တဲ့ ျပႆနာေပါ့..

 

ဒါမ်ိဳးက ကေလးေမြးၿပီးတဲ့ မိခင္ ေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္တတ္ေပမဲ့ လူသိမခံခ်င္လို႔ တိတ္တိတ္ေလး ေျဖရွင္းၾကတာ မ်ားပါတယ္။ ဒါေပမဲ့ အယ္လာကေတာ့ ဒါဟာ ထိန္ခ်န္ထားရမယ့္ ျပႆနာမဟုတ္ဘူး။ မိခင္တစ္ေယာက္ ရင္ဆိုင္ရတဲ့ ျပႆနာဆိုတာ အားလံုးသိသင့္တယ္။ ဒါမွ မိခင္ေတြကို စာနာတတ္မွာဆိုၿပီး အားလံုးလည္း သိရေအာင္ တရားဝင္ပို႔စ္တင္ၿပီး ေျပာျပခဲ့ပါတယ္။ ေနာက္ၿပီး ဒီျပႆနာကို ေျဖရွင္းဖို႔ ခြဲစိတ္ကုသခဲ့ၿပီး ကၽြံက်ေနတဲ့ ဆီးအိမ္ကို ႀကိဳးနဲ႔ ေျမွာက္တင္ထားခဲ့ရပါတယ္တဲ့.. ခုေတာ့ ဒီျပႆနာက ၿငိမ္းသြားပါၿပီ။

For her Myanmar က မိခင္ေလာင္း ေယာင္းေလးတို႔ကို အိမြန္ ေျပာခ်င္တာက ဒါက ရွက္စရာ ကိစၥမဟုတ္ပါဘူးေနာ္။ ကေလးေမြးၿပီးတဲ့ မိခင္ေတြမွာ ျဖစ္တတ္လို႔ အခ်ိန္မီေလး ကုသမႈ ခံလိုက္ရင္ေတာ့ အဆင္ေျပသြားမွာဆိုတဲ့ အေၾကာင္းနဲ႔ ဒါဟာ က်န္းမာေရးကိစၥတစ္ခုသာ ျဖစ္ၿပီး ကိုယ့္ေသြးသားကို ေမြးဖြားေပးတာေၾကာင့္ ျဖစ္လာရတာမို႔လည္း ဒါဟာ ေျပာရမယ္ဆို ဂုဏ္ယူသင့္တဲ့ ကိစၥတစ္ခုုပါပဲလို႔…

References : asianbuzz,wiki

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

ဘာအတွက် ထိန်ချန်ထားမှာလဲနော်.. 

ယောင်းတို့ရေ S.H.E ထဲက အယ်လာ့ကို မှတ်မိကြသေးလား? 90’s kids တွေရဲ့ အသည်းစွဲ You are my Super Star သီချင်းကို ဆိုခဲ့တဲ့ အဖွဲ့ထဲက တစ်ယောက်ပါ။ ဒါမှ မသိသေးဘူးဆို Hana Kimi (To the Beautiful You တရုတ်ဗားရှင်း) ထဲက မင်းသမီးလေးပေါ့… အယ်လာဟာ မလေးရှား စီးပွားရေးလုပ်ငန်းရှင် အယ်ဗင်လိုင် (Alvin Lai ) နဲ့ လက်ထပ်ပြီး သားတစ်ယောက်ထွန်းကားခဲ့တာ ကြာခဲ့ပါပြီ။

အိမွန်ပြောချင်တာ ခုမှ စပါပြီ။ အသက် (၃၇) နှစ် အရွယ် ကလေးတစ်ယောက်အမေဖြစ်တဲ့ အယ်လာရဲ့ ကလေးမွေးပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာက ဆီးမထိန်းနိုင်တာပါပဲ။ သားလေး ဒန်နီရယ်ကို မွေးတဲ့အချိန်မှာ ဆီးအိမ်နဲ့ သားအိမ်က လျော့တိလျော့ရဲ ဖြစ်သွားပြီး ဆီးအားကို မထိန်းနိုင်တာကြောင့် ဆီးအိမ်ကျွံတဲ့ သဘော ဖြစ်ခဲ့ပါတယ်။ နှာချေရင်ပဲ ဖြစ်ဖြစ် ၊ ခုန်တာ ၊ ပြေးတာတွေ လုပ်မိရင် ဆီးက အလိုလို ထွက်တဲ့ ပြဿနာပေါ့..

 

ဒါမျိုးက ကလေးမွေးပြီးတဲ့ မိခင် တော်တော်များများမှာ ဖြစ်တတ်ပေမဲ့ လူသိမခံချင်လို့ တိတ်တိတ်လေး ဖြေရှင်းကြတာ များပါတယ်။ ဒါပေမဲ့ အယ်လာကတော့ ဒါဟာ ထိန်ချန်ထားရမယ့် ပြဿနာမဟုတ်ဘူး။ မိခင်တစ်ယောက် ရင်ဆိုင်ရတဲ့ ပြဿနာဆိုတာ အားလုံးသိသင့်တယ်။ ဒါမှ မိခင်တွေကို စာနာတတ်မှာဆိုပြီး အားလုံးလည်း သိရအောင် တရားဝင်ပို့စ်တင်ပြီး ပြောပြခဲ့ပါတယ်။ နောက်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ခွဲစိတ်ကုသခဲ့ပြီး ကျွံကျနေတဲ့ ဆီးအိမ်ကို ကြိုးနဲ့ မြှောက်တင်ထားခဲ့ရပါတယ်တဲ့.. ခုတော့ ဒီပြဿနာက ငြိမ်းသွားပါပြီ။

For her Myanmar က မိခင်လောင်း ယောင်းလေးတို့ကို အိမွန် ပြောချင်တာက ဒါက ရှက်စရာ ကိစ္စမဟုတ်ပါဘူးနော်။ ကလေးမွေးပြီးတဲ့ မိခင်တွေမှာ ဖြစ်တတ်လို့ အချိန်မီလေး ကုသမှု ခံလိုက်ရင်တော့ အဆင်ပြေသွားမှာဆိုတဲ့ အကြောင်းနဲ့ ဒါဟာ ကျန်းမာရေးကိစ္စတစ်ခုသာ ဖြစ်ပြီး ကိုယ့်သွေးသားကို မွေးဖွားပေးတာကြောင့် ဖြစ်လာရတာမို့လည်း ဒါဟာ ပြောရမယ်ဆို ဂုဏ်ယူသင့်တဲ့ ကိစ္စတစ်ခုပါပဲလို့…

References : asianbuzz,wiki

With love

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *