ကိုယ္ဝန္ေဆာင္တိုင္း သိထားသင့္တဲ့ ကိုယ္ဝန္ပ်က္က်ျခင္းရဲ႕ အေစာဆံုးလကၡဏာမ်ား

မသိလိုက္ မသိဘာသာနဲ႔ ေက်ာ္သြားမိလို႔ ဒုကၡေရာက္သြားတာမ်ိဳး မျဖစ္ေစခ်င္ပါေနာ္…

ေဟာ က်န္းမာေရးအေၾကာင္း ေျပာၾကရမယ့္ ရက္ေရာက္လာျပန္ၿပီဆိုေတာ့ ေဒါက္တာစုတို႔ ေဆးခန္း လာျပတဲ့ လူနာေတြထဲမွာေရာ ၾကားေနရတဲ့ သတင္းေတြအရေရာ ေယာင္းတို႔ သိထားဖို႔ လိုတယ္ထင္တဲ့ အေၾကာင္းရာေလးနဲ႔အတူ ေရာက္လာပါၿပီ။

ေယာင္းတို႔ ၾကားဖူးၾကမလားေတာ့မသိဘူး။ “ကိုယ္ဝန္ ပ်က္က်မယ့္ လကၡဏာမွန္း မသိလို႔ ေပါ့ေပါ့ဆဆ ေနမိတာပါ “ ” ကၽြန္မက ဒီလို ဗိုက္ေအာင့္တာကို ကိ္ုယ္ဝန္ ပ်က္က်ႏိုင္တဲ့ အရိပ္အေယာင္မွန္း မသိဘူး” စသျဖင့္ ေဒါက္တာစုတို႔ ေဆးရံု ဂ်ဴတီမွာ ၾကားရေလ့ရွိပါတယ္။ တကယ္ေတာ့ ကိုယ္ဝန္ပ်က္က်တယ္ဆိုတဲ့ အိပ္မက္ဆိုးႀကီး ဘယ္သူမွ ေယာင္လို႔ေတာင္ မက္ခ်င္မယ္မထင္ပါဘူးေနာ္။

ဒါေပမဲ့ ကိုယ္ဝန္ပ်က္က်တယ္ဆ္ုတဲ့ ျဖစ္စဥ္ဟာ ကိုယ္ဝန္ေဆာင္ ၄ေယာက္မွာ ၁ေယာက္ဆိုသလိုျဖစ္ႏိုင္တယ္ဆိုေတာ့ အေတာ္အျဖစ္မ်ားတဲ့ ကိစၥလို႔ေျပာလို႔ရပါတယ္။ ကိုယ္ဝန္ပ်က္က်ျခင္းရဲ႕ ၈၅ ရာခိုင္ႏႈန္းဟာလည္း ကိုယ္ဝန္ ၃လ မတိုင္ခင္မွာပဲ ျဖစ္လို႔ ကိုယ္ဝန္ ပထမ ၃လကို ဂ႐ုတစိုက္ေနဖို႔ ဆရာဝန္ေတြက မွာေလ့ရွိတာေပါ့…

ကိုယ္ဝန္ပ်က္က်တဲ့ လကၡဏာေတြကို မၾကားဖူးသူေတြဆိုရင္ ျဖစ္မွန္းေတာင္ မသိလိုက္တာမ်ိဳး ရွိပါတယ္။ ဒါဆို ဘယ္လို လကၡဏာမ်ိဳးေတြ ေတြ႕လာရင္ ေဆးခန္း အျမန္ေျပးရမွာလဲ?

၁။ ေသြးဆင္းျခင္း

ေသြးဆင္းတယ္ဆိုရင္ေတာ့ သတိထားမိၾကမယ္ ထင္ပါတယ္။ တခ်ိဳ႕ကလည္း တစ္ခါတည္း ရာသီလာသလို အမ်ားႀကီးဆင္းၿပီး ကိုယ္ဝန္ပ်က္က်တာမ်ိဳးရွိသလို တခ်ိဳ႕လည္း နည္းနည္းကိုပဲ ရက္အတန္ၾကာဆင္းလို႔ ေပါ့ဆမိတာလည္း ရွိႏိုင္ပါတယ္။ နည္းနည္းဆင္းဆင္း၊ မ်ားမ်ားဆင္းဆင္း မေပါ့ဆဖို႔ သတိေပးခ်င္ပါတယ္ ေယာင္းတို႔ေရ… ေသြးဆင္းတာအျပင္ တျခားေတြ႕ႏုိင္တဲ့ လကၡဏာေတြက…

 ၂။ အတံုးအခဲမ်ားဆင္းျခင္း

ငါးအူလိုမ်ိဳး ျဖဴျဖဴအဖတ္ေတြ ဆင္းတာဟာလည္း ကိုယ္ဝန္ပ်က္က်တဲ့ လကၡဏာတစ္ခုပါပဲ။

၃။ ဗိုက္ေအာင့္ျခင္း

ဆီးစပ္ေနရာမွာ ရာသီလာသလို ကိုက္ခဲတာ ဆုပ္ဆြဲထားသလို ေအာင့္ေတာင့္ေတာင့္နဲ႔ တင္းေနတာ မ်ိဳးရွိေနရင္ ကိုယ္ဝန္ပ်က္က်ျခင္တဲ့ လကၡဏာပါ။

၄။ ကိုယ္ဝန္ရွိေနေၾကာင္းျပတဲ့ လကၡဏာမ်ား ေလ်ာ့က်လာျခင္း

ကိုယ္ဝန္ရွိလို႔ အန္မယ္။ ပါးစပ္ပ်က္ေနမယ္ဆိုရင္ ကိုယ္ဝန္ဆက္လက္ႀကီးထြားေနတာျဖစ္ၿပီး ဒီလကၡဏာေတြမရွိေတာ့ရင္ ကိုယ္ဝန္မႀကီးထြားေတာ့တာ ပ်က္က်တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

Related Article >>> ကိုယ္ဝန္ေဆာင္ဖို႔ ရည္ရြယ္ထားရင္ မျဖစ္မေန လုပ္ထားသင့္တဲ့ က်န္းမာေရး ျပင္ဆင္မႈမ်ား

ကိုယ္ဝန္ပ်က္က်ေစတဲ့ အေၾကာင္းရင္းေတြကေတာ့

  • မမ်ိဳးဥမေကာင္းတာ
  • Blighted Ovum လို႔ေခၚတဲ့ မ်ဳိးဥထဲမွာ သေႏၶသားျဖစ္ဖို႔ ပါမလာလို႔ ႀကီးထြားမႈမရွိဘဲ ပ်က္က်တာ
  • ကိုယ္အေလးခ်ိန္နည္းလြန္း ၊ မ်ားလြန္းတာ
  • အသက္ႀကီးလြန္း ငယ္လြန္းတာ
  • ေဆးလိပ္ေသာက္တာ
  • ဗိုက္ကို ထိခိုက္ဒဏ္ရာရတာေတြနဲ႔
  • လိင္မွ တစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါ ရွိေနတာေတြေၾကာင့္ ကိုယ္ဝန္ပ်က္က်တတ္ပါတယ္။

ကိုယ္ဝန္ တစ္ခါ ပ်က္က်ဖူးတာနဲ႔ ေနာက္တစ္ႀကိမ္ ပ်က္က်ႏိုင္ေျခလညး္မရွိပါဘူးေနာ္…

Related Article >>> ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္တတ္တဲ့ စိတ္အေျပာင္းအလဲကို ဘယ္လို ေက်ာ္လႊားမလဲ?

ကိုယ္ဝန္ပ်က္က်ျခင္းဟာ အမ်ိဳးမ်ဳိးရွိပါတယ္။

ပ်က္ခ်င္ခ်င္ ကိုယ္ဝန္

သူကေသြးဆင္းတာက ခၽြဲဆင္းတာေလာက္ပဲရွိၿပီး တကယ့္ဗိုက္ထဲမွာ ကေလးက ႏွလံုးခုန္မွန္မွန္နဲ႔ ႀကီးထြားဆဲပါပဲ။

တစ္ဝက္တစ္ပ်က္ ပ်က္က်ျခင္း

သူက်ေတာ့ သေႏၶသား တစ္ရွဴး တခ်ိဳ႕တစ္ဝက္ပဲ ပ်က္က်သြားၿပီး က်န္တဲ့ တစ္ဝက္က သားအိမ္ထဲမွာ က်န္ရွိေနတာပါ။ ဒါမ်ိဴးဆိုရင္ေတာ့ သားအိမ္ျခစ္ ရတာမ်ိဳး၊ က်န္ရွိေနတဲ့ အသားစကို ဖယ္ရတာမ်ိဳးလုပ္ရႏိုင္ပါတယ္။

အလံုးစံုပ်က္က်ျခင္း

ဒါကေတာ့ သေႏၶသား တစ္ရွဴးအကုန္ ပါသြားၿပီး သားအိမ္တြင္း က်န္ရွိမေနေတာ့တာကို ဆိုလိုပါတယ္။ သားအိမ္ျခစ္တာမ်ိဳးလည္း မလုပ္ရတတ္ပါဘူး။

ကိုယ္ဝန္ပ်က္က်တာမ်ိဳး မၾကံဳခ်င္ဘူးဆိုရင္ အတန္အသင့္ကာကြယ္ႏိုင္တဲ့ နည္းေတြကေတာ့

  • ေဆးလိပ္ေငြ႕ေရွာင္ပါ။
  • ေကာ္ဖီကို အလြန္အကၽြံမေသာက္ပါနဲ႔။
  • ကိုယ္ဝန္ေဆာင္ လိုအပ္တဲ့ အားေဆးကို ပံုမွန္ေသာက္ပါ။
  • က္ုယ္ဝန္ကို ေစာေစာနဲ႔ ပံုမွန္အပ္ပါ။
  • အႏၲရာယ္လကၡဏာရွိရင္ ေဆးခန္းအျမန္သြားပါ။

ေယာင္းတို႔အတြက္ ဒီတစ္ပတ္ေတာ့ ဒီေလာက္ပါပဲ လို႔ႏႈတ္ဆက္ရင္း

မယ္တင္(ေဆး ၁)

<<< Unicode >>>

မသိလိုက် မသိဘာသာနဲ့ ကျော်သွားမိလို့ ဒုက္ခရောက်သွားတာမျိုး မဖြစ်စေချင်ပါနော်…

ဟော ကျန်းမာရေးအကြောင်း ပြောကြရမယ့် ရက်ရောက်လာပြန်ပြီဆိုတော့ ဒေါက်တာစုတို့ ဆေးခန်း လာပြတဲ့ လူနာတွေထဲမှာရော ကြားနေရတဲ့ သတင်းတွေအရရော ယောင်းတို့ သိထားဖို့ လိုတယ်ထင်တဲ့ အကြောင်းရာလေးနဲ့အတူ ရောက်လာပါပြီ။

ယောင်းတို့ ကြားဖူးကြမလားတော့မသိဘူး။ “ကိုယ်ဝန် ပျက်ကျမယ့် လက္ခဏာမှန်း မသိလို့ ပေါ့ပေါ့ဆဆ နေမိတာပါ “ ” ကျွန်မက ဒီလို ဗိုက်အောင့်တာကို ကိုယ်ဝန် ပျက်ကျနိုင်တဲ့ အရိပ်အယောင်မှန်း မသိဘူး” စသဖြင့် ဒေါက်တာစုတို့ ဆေးရုံ ဂျူတီမှာ ကြားရလေ့ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး ဘယ်သူမှ ယောင်လို့တောင် မက်ချင်မယ်မထင်ပါဘူးနော်။

ဒါပေမဲ့ ကိုယ်ဝန်ပျက်ကျတယ်ဆ်ုတဲ့ ဖြစ်စဉ်ဟာ ကိုယ်ဝန်ဆောင် ၄ယောက်မှာ ၁ယောက်ဆိုသလိုဖြစ်နိုင်တယ်ဆိုတော့ အတော်အဖြစ်များတဲ့ ကိစ္စလို့ပြောလို့ရပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ ၈၅ ရာခိုင်နှုန်းဟာလည်း ကိုယ်ဝန် ၃လ မတိုင်ခင်မှာပဲ ဖြစ်လို့ ကိုယ်ဝန် ပထမ ၃လကို ဂရုတစိုက်နေဖို့ ဆရာဝန်တွေက မှာလေ့ရှိတာပေါ့…

ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေကို မကြားဖူးသူတွေဆိုရင် ဖြစ်မှန်းတောင် မသိလိုက်တာမျိုး ရှိပါတယ်။ ဒါဆို ဘယ်လို လက္ခဏာမျိုးတွေ တွေ့လာရင် ဆေးခန်း အမြန်ပြေးရမှာလဲ?

၁။ သွေးဆင်းခြင်း

သွေးဆင်းတယ်ဆိုရင်တော့ သတိထားမိကြမယ် ထင်ပါတယ်။ တချို့ကလည်း တစ်ခါတည်း ရာသီလာသလို အများကြီးဆင်းပြီး ကိုယ်ဝန်ပျက်ကျတာမျိုးရှိသလို တချို့လည်း နည်းနည်းကိုပဲ ရက်အတန်ကြာဆင်းလို့ ပေါ့ဆမိတာလည်း ရှိနိုင်ပါတယ်။ နည်းနည်းဆင်းဆင်း၊ များများဆင်းဆင်း မပေါ့ဆဖို့ သတိပေးချင်ပါတယ် ယောင်းတို့ရေ… သွေးဆင်းတာအပြင် တခြားတွေ့နိုင်တဲ့ လက္ခဏာတွေက…

 ၂။ အတုံးအခဲများဆင်းခြင်း

ငါးအူလိုမျိုး ဖြူဖြူအဖတ်တွေ ဆင်းတာဟာလည်း ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတစ်ခုပါပဲ။

၃။ ဗိုက်အောင့်ခြင်း

ဆီးစပ်နေရာမှာ ရာသီလာသလို ကိုက်ခဲတာ ဆုပ်ဆွဲထားသလို အောင့်တောင့်တောင့်နဲ့ တင်းနေတာ မျိုးရှိနေရင် ကိုယ်ဝန်ပျက်ကျခြင်တဲ့ လက္ခဏာပါ။

၄။ ကိုယ်ဝန်ရှိနေကြောင်းပြတဲ့ လက္ခဏာများ လျော့ကျလာခြင်း

ကိုယ်ဝန်ရှိလို့ အန်မယ်။ ပါးစပ်ပျက်နေမယ်ဆိုရင် ကိုယ်ဝန်ဆက်လက်ကြီးထွားနေတာဖြစ်ပြီး ဒီလက္ခဏာတွေမရှိတော့ရင် ကိုယ်ဝန်မကြီးထွားတော့တာ ပျက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။

Related Article >>> ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ထားရင် မဖြစ်မနေ လုပ်ထားသင့်တဲ့ ကျန်းမာရေး ပြင်ဆင်မှုများ

ကိုယ်ဝန်ပျက်ကျစေတဲ့ အကြောင်းရင်းတွေကတော့

  • မမျိုးဥမကောင်းတာ
  • Blighted Ovum လို့ခေါ်တဲ့ မျိုးဥထဲမှာ သန္ဓေသားဖြစ်ဖို့ ပါမလာလို့ ကြီးထွားမှုမရှိဘဲ ပျက်ကျတာ
  • ကိုယ်အလေးချိန်နည်းလွန်း ၊ များလွန်းတာ
  • အသက်ကြီးလွန်း ငယ်လွန်းတာ
  • ဆေးလိပ်သောက်တာ
  • ဗိုက်ကို ထိခိုက်ဒဏ်ရာရတာတွေနဲ့
  • လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ ရှိနေတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

ကိုယ်ဝန် တစ်ခါ ပျက်ကျဖူးတာနဲ့ နောက်တစ်ကြိမ် ပျက်ကျနိုင်ခြေလည်းမရှိပါဘူးနော်…

Related Article >>> ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲကို ဘယ်လို ကျော်လွှားမလဲ?

ကိုယ်ဝန်ပျက်ကျခြင်းဟာ အမျိုးမျိုးရှိပါတယ်။

ပျက်ချင်ချင် ကိုယ်ဝန်

သူကသွေးဆင်းတာက ချွဲဆင်းတာလောက်ပဲရှိပြီး တကယ့်ဗိုက်ထဲမှာ ကလေးက နှလုံးခုန်မှန်မှန်နဲ့ ကြီးထွားဆဲပါပဲ။

တစ်ဝက်တစ်ပျက် ပျက်ကျခြင်း

သူကျတော့ သန္ဓေသား တစ်ရှူး တချို့တစ်ဝက်ပဲ ပျက်ကျသွားပြီး ကျန်တဲ့ တစ်ဝက်က သားအိမ်ထဲမှာ ကျန်ရှိနေတာပါ။ ဒါမျိူးဆိုရင်တော့ သားအိမ်ခြစ် ရတာမျိုး၊ ကျန်ရှိနေတဲ့ အသားစကို ဖယ်ရတာမျိုးလုပ်ရနိုင်ပါတယ်။

အလုံးစုံပျက်ကျခြင်း

ဒါကတော့ သန္ဓေသား တစ်ရှူးအကုန် ပါသွားပြီး သားအိမ်တွင်း ကျန်ရှိမနေတော့တာကို ဆိုလိုပါတယ်။ သားအိမ်ခြစ်တာမျိုးလည်း မလုပ်ရတတ်ပါဘူး။

ကိုယ်ဝန်ပျက်ကျတာမျိုး မကြုံချင်ဘူးဆိုရင် အတန်အသင့်ကာကွယ်နိုင်တဲ့ နည်းတွေကတော့

  • ဆေးလိပ်ငွေ့ရှောင်ပါ။
  • ကော်ဖီကို အလွန်အကျွံမသောက်ပါနဲ့။
  • ကိုယ်ဝန်ဆောင် လိုအပ်တဲ့ အားဆေးကို ပုံမှန်သောက်ပါ။
  • က်ုယ်ဝန်ကို စောစောနဲ့ ပုံမှန်အပ်ပါ။
  • အန္တရာယ်လက္ခဏာရှိရင် ဆေးခန်းအမြန်သွားပါ။

ယောင်းတို့အတွက် ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ လို့နှုတ်ဆက်ရင်း

မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed