Health

ဒီအေၾကာင္းရင္း (၁၂)ခု ရွိေနရင္ ေသြး မလွဴပါနဲ႔။

ေစတနာေဇာနဲ႔ မမွားၾကေစဖို႔ ဒါေလးကိုေတာ့ ဖတ္ထားဖို႔ လိုမယ္ ေယာင္းတို႔ေရ…

ေသြးလွဴတာဟာ မြန္ျမတ္တဲ့ အလုပ္တစ္ခုပါ။ ဒါေပမဲ့ ဒီအလုပ္မွာလည္း ေသြးလွဴတဲ့ သူနဲ႔ ေသြးအလွဴခံမယ့္သူေတြအတြက္ သတိထားရမယ့္ အခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ ေၾသာ္.. ေရာဂါမရွိရင္ ၿပီးေရာေပါ့… လွဴလို႔ရတယ္ မဟုတ္ဘူးလားလို႔ ေျပာေတာ့မယ္မလား.. သိေနတယ္.. ကိုယ္ကသာ ဘာမွမဟုတ္ဘူးလို႔ ထင္ေပမဲ့ တကယ့္တကယ္က် ေရွာ႔ခ္အႀကီးႀကီး တက္သြားႏိုင္တာမို႔ ဒီအခ်က္ေတြကိုေတာ့ သတိထားသင့္ပါတယ္ေနာ္…

၁။ ေဆးဝါးတစ္ခုခု မွီဝဲေနရတယ္ဆိုရင္

အမ်ားအားျဖင့္ေတာ့ ေဆးဝါးေတြက ေသြးလွဴတာကို အေႏွာင့္အယွက္ မျဖစ္ေစတတ္ပါဘူး။ ဒါေပမဲ့ တခ်ိဳ႕ေဆးဝါးေတြက်ေတာ့ ေသြးမလွဴခင္မွာ ႀကိဳရပ္ထားဖို႔ လိုပါတယ္ေနာ္။ တကယ္လို႔မ်ား ေနမေကာင္းလို႔ ပဋိဇီဝေဆး ေသာက္ေနရတယ္ဆိုရင္ ေသေသခ်ာခ်ာ ျပန္က်န္းမာတဲ့အထိ ေစာင့္သင့္ပါတယ္။ အက္စပရင္လို ေသြးက်ဲေဆးမ်ဳိး ေသာက္ေနရတယ္ဆိုရင္ေတာ့ ေသြးမလွဴခင္ အနည္းဆံုး ႏွစ္ရက္ေလာက္ ရပ္ထားသင့္ပါတယ္။ ဒါေၾကာင့္ ေသြးလွဴေတာ့မယ္ဆိုရင္ လက္ရွိေသာက္ေနတဲ့ ေဆးဝါးေတြအေၾကာင္း ဆရာဝန္ကို ႀကိဳတင္ေျပာျပထားသင့္ပါတယ္ေနာ္…

၂။ မၾကာခင္ကမွ ကာကြယ္ေဆးတစ္မ်ဳိးမ်ဳိး ထိုးထားတယ္ဆိုရင္

တုပ္ေကြး ကာကြယ္ေဆးေတြ သားအိမ္ေခါင္းကာကြယ္ေဆးေတြကို ေျပာခ်င္တာ မဟုတ္ပါဘူး။ တခ်ဳိ႕ ကာကြယ္ေဆးေတြက ေရာဂါပိုးေတြကို အစြမ္းမဲ့ေအာင္ လုပ္ၿပီး ထြင္ထားတာပါ။ ဥပမာေျပာရရင္ ဝက္သက္တို႔ ေရေက်ာက္တို႔ေပါ့။ ဒါေၾကာင့္ ဒီလိုမ်ဳိး ပိုးကေနတစ္ဆင့္ ကာကြယ္ေဆး ထိုးထားတယ္ဆိုရင္ အနည္းဆံုး ေလးပတ္ၾကာမွ ေသြးလွဴသင့္ပါတယ္ေနာ္.. ေသြးမလွဴခင္ ထိုးထားတဲ့ ကာကြယ္ေဆးေတြနဲ႔ ဘယ္ေလာက္ၾကာမွ ေသြးျပန္လွဴသင့္တယ္ဆိုတဲ့ အေၾကာင္းေတြကို ဆရာဝန္နဲ႔ ေဆြးေႏြးဖို႔ လိုပါတယ္ ေယာင္းတို႔ေရ..

Related Article >>> သင့္ေသြးျဖင့္ အသက္ကယ္ပါ။

၃။ စိတ္မခ်ရတဲ့ ဆိုင္က တက္တူးထိုးထားမိတယ္ဆိုရင္

ဘာဆိုင္လို႔လဲ.. တက္တူးဆိုင္ေတြက တက္တူးေဆးေတြကို ျပန္သံုးတာမ်ိဳး မလုပ္ပါဘူး၊ အပ္ေတြကိုေတာင္ တစ္ခါသံုးေတြ သံုးတာ၊ ပိုးျပန္သတ္တာပဲလို႔ ျပန္ေျပာေတာ့မယ္ မလား… ဟုတ္ပါတယ္။ ဒီဘက္ေခတ္မွာေတာ့ တက္တူးကေနလည္း ေရာဂါကူးတတ္တယ္ဆိုတဲ့ က်န္းမာေရး ဗဟုသုတက ေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတဲ့အတြက္ ဘက္စံု၊ေထာင့္စံုကေန စဥ္းစားၿပီး စိတ္ခ်ရတဲ့ အရာေတြကိုပဲ သံုးၾကတာမ်ားပါတယ္။ ဒါေပမဲ့ ရာႏႈန္းျပည့္ မဟုတ္ဘူးဆိုတာကိုေတာ့ သတိခ်ပ္ရပါမယ္ ေယာင္းတို႔ေရ… တကယ္လို႔မ်ား ဒီလုိ အပ္ေတြကို ပိုးျပန္မသတ္၊ တစ္ခါသံုးၿပီးသားေဆးေတြကို ျပန္သံုးတတ္တဲ့ ဆိုင္ေတြမွာ ကိုယ္က မသိလိုက္ဘဲ တက္တူးထိုးထားမိတယ္ဆိုရင္ အနည္းဆံုး ႏွစ္ ႏွစ္ ေစာင့္ၿပီး ေသြးကတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြ ရွိ၊ မရွိ စစ္ေဆးၿပီးမွ လွဴသင့္ပါတယ္။

၄။ အသည္းေရာင္အသားဝါပိုး ဒါမွမဟုတ္ HIV ပိုး ရွိေနတယ္ဆိုရင္

ဒါေတာ့ ေတာ္ေတာ္မ်ားမ်ား သိၿပီးသားပါ။ ဒီေရာဂါပိုးေတြက ေသြးကေနတစ္ဆင့္ ကူးစက္တတ္တာေၾကာင့္ ဒီလို ပိုးေတြရွိေနရင္ ေသြးမလွဴဖို႔ သတိျပဳသင့္ပါတယ္။ အသည္းေရာင္အသားဝါပိုး ဆိုရင္ အသည္းကင္ဆာျဖစ္ေစတတ္တာေၾကာင့္ ဒီေရာဂါပိုးေတြ လံုးဝကူးစက္ေစလို႔ မျဖစ္ဘူးေနာ္…

၅။ ခရီးသြားထားတယ္ဆိုရင္

ေသြးမလွဴခင္မွာ ခရီးသြားထားျခင္း ရွိ၊ မရွိ ဆိုတာကလည္း အေရးႀကီးပါတယ္။ ဥပမာ ငွက္ဖ်ားေပါတဲ့ ေဒသကို ခရီးသြားထားတယ္ဆိုရင္ ေသြးမလွဴခင္ ဒါကို ေျပာထားသင့္ပါတယ္။ လူေတြသိၾကတာက ငွက္ဖ်ားက ျခင္ကိုက္ရာတာ ကူးတာပါ။ ဒါေပမဲ့ ငွက္ဖ်ားပိုး ေသြးထဲမွာ ရွိေနတဲ့အခ်ိန္ ေသြးလွဴမိရင္လည္း တျခားသူကို ကူးသြားတတ္တာမို႔ ဒါကိုလည္း မေပါ့ဆမိဖို႔ လိုပါတယ္ေနာ္..

၆။ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ မျပည့္ဘူးဆိုရင္

ဒါေတာ့ ေစတနာ အမွားနဲ႔ လုပ္မိတတ္ပါတယ္။ တကယ္လို႔ ကိုယ္အေလးခ်ိန္က ေပါင္ ၁၁၀ ေအာက္ျဖစ္ေနမယ္ဆိုရင္ ေသြးလွဴဖို႔ အဆင္မေျပပါဘူး။ ကိုယ္အေလးခ်ိန္ မျပည့္တဲ့သူေတြက ေသြးထုထည္လည္း နည္းတာေၾကာင့္ တကယ္တမ္း ေသြးလွဴဖို႔ ေသြးထုတ္လိုက္တဲ့အခါ ခံႏိုင္ရည္မရွိပါဘူး။ ေသြးလွဴရွင္ေတြအတြက္ သတ္မွတ္ထားတဲ့ စည္းကမ္းေတြထဲမွာ အနည္းဆံုး ေပါင္၁၁၀ (ေပါင္ ၁၀၀ အထက္) ရွိမွ ေသြးလွဴသင့္တယ္လို႔ ဆိုထားေပမဲ့ ကိုယ္က ေသြးလွဴခ်င္တဲ့ ေစတနာေဇာမ်ားေနတဲ့အခါ ငါ့မွာ ခံႏုိင္ရည္ရွိပါတယ္ဆိုတဲ့ အေတြးနဲ႔ ေခါင္းမာၿပီး လွဴတာမ်ိဳးက ျဖစ္တတ္တယ္ေလ။ ဒီအခါမ်ိဳးမွာ တကယ္တမ္း ထိခိုက္ရတာက ကိုယ္ပဲ မဟုတ္လား…

၇။ လတ္တေလာ ေနမေကာင္းျဖစ္ထားတယ္ဆိုရင္

ေသြးလွဴခါနီးက်မွ အေအးမိတာ၊ လည္ေခ်ာင္းနာတာ၊ ေခါင္းကိုက္တာ စတာေတြ ခံစားေနရတယ္ဆိုရင္ ေသြးလွဴဖို႔ကို ရက္ေရြ႕သင့္ပါတယ္။ အနည္းဆံုး ေနေကာင္းတာ ႏွစ္ရက္ေလာက္ၾကာမွ ေသြးျပန္လွဴသင့္ပါတယ္။ ကိုယ္တိုင္က်န္းမာေနမွ ေသြးလွဴတာမ်ဳိးကို လုပ္သင့္ပါတယ္။

Related Article >>> ေယာင္းမသိေသးတဲ့ ေယာင္းရဲ႕ ခႏၶာကိုယ္အေၾကာင္း

၈။ သံဓာတ္ မ်ားလြန္း၊ နည္းလြန္းတာ

အမ်ဳိးသမီးေတြမွာ 12.5g/dL အမ်ဳိးသားေတြမွာ 13g/dL ေအာက္ ေသြးအားနည္းေနမယ္ဆိုရင္ ေသြးမလွဴသင့္ပါဘူး။ ဒါေၾကာင့္ ပံုမွန္ေသြးလွဴဒါန္းေလ့ရွိတဲ့ အမ်ဳိးသမီးေတြကို သံဓာတ္အားေဆး ေသာက္ခိုင္းတာ သံဓာတ္ပါတဲ့ အစားအစာေတြ စားဖို႔ အၾကံေပးတာပါ။ ဒီလိုပါပဲ… သံဓာတ္သိပ္မ်ားေနတဲ့သူေတြကလည္း ေသြးမလွဴသင့္ပါဘူးေနာ္.. သံဓာတ္မ်ားလြန္းတာက ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္း၊ ကင္ဆာနဲ႔ အျခားေရာဂါေတြကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေသြးအား 18g/dL နဲ႔ အထက္ ရွိေနၿပီဆိုရင္ ေသြးမလွဴခင္ ဆရာဝန္နဲ႔ အရင္ စစ္ေဆးသင့္ပါတယ္ေနာ္…

၉။ ကင္ဆာေရာဂါ ရွိေနခဲ့ရင္

ေသြးကေနတစ္ဆင့္ ကင္ဆာေရာဂါကူးတယ္ဆိုတာ မရွွိသေလာက္ ရွားပါတယ္။ ဒါေပမဲ့ ကင္ဆာေဝဒနာရွင္ တစ္ေယာက္ ေသြးလွဴမယ္ဆိုရင္ေတာ့ သတိထားစရာေတြက အမ်ားႀကီးပါပဲ … ေျပာမယ္ဆိုရင္ ကင္ဆာေရာဂါကို ကုသေနဆဲသူေတြက ေသြးလံုးဝ မလွဴသင့္တဲ့ သူေတြထဲ ပါပါတယ္ေနာ္.. အထူးသျဖင့္ ေသြးကင္ဆာလို ေရာဂါမ်ိဳး ရွိေနတဲ့သူေတြဆိုရင္ေပါ့..

၁၀။ ကိုယ္ဝန္ေဆာင္ေနတယ္ဆိုရင္

ကိုယ္ဝန္မရွိခင္ကထက္စာရင္ ေသြးထုထည္မ်ားလာတာ မွန္ေပမဲ့ ကေလးေမြးၿပီး အနည္းဆံုး ၆ ပတ္ေလာက္ ေစာင့္ၿပီးမွ ေသြးလွဴသင့္ပါတယ္။ ကိုယ္ဝန္ရွိစဥ္မွာေတာ့ ကေလးနဲ႔ ကိုယ့္က်န္းမာေရးကုိသာ ဂရုစိုက္ပါ ေယာင္းတို႔ေရ… ေသြးမလွဴခင္မွာလည္း ဆရာဝန္နဲ႔ တိုင္ပင္ၿပီး သံဓာတ္အားျဖည့္ေဆးေတြ ေသာက္ထားသင့္ပါတယ္ေနာ္…

Related Article >>> ေသြးတုိးနဲ႔ဆီးခ်ဳိေရာဂါ ယွဥ္တြဲခံစားေနရသူမ်ားအတြက္ က်န္းမာေအာင္ေနထိုင္နည္း

၁၁။ မၾကာေသးခင္ကမွ နားေဖာက္ထားတယ္ဆိုရင္

မၾကာေသးခင္ကမွ နားေဖာက္ထားတယ္ဆိုရင္ အနည္းဆံုး တစ္ႏွစ္ေလာက္ေစာင့္၊ ေဆးစစ္ၿပီး ေသြးကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ မရွိဘူးဆိုမွ ေသြးလွဴသင့္ပါတယ္။ တက္တူးထိုးသလိုပါပဲ တစ္ခါသံုးအပ္ေတြ မသံုးဘူးဆိုရင္ ေရာဂါကူးစက္ႏိုင္ေျခ မ်ားပါတယ္။

၁၂။ သိပ္မၾကာခင္က ဆစ္ဖလစ္ေရာဂါ ျဖစ္ထားတယ္ဆိုရင္

ဒါဆိုရင္လည္း အနည္းဆံုး တစ္ႏွစ္ေလာက္ေနမွ ေသြးလွဴလို႔ ရမွာပါ။ ဆစ္ဖလစ္ေရာဂါပိုးက ခႏၶာကိုယ္တစ္ခုလံုးမွာ ျဖစ္တတ္ပါတယ္။ တစ္ခါ ကုသမႈခံယူၿပီး အျမစ္မျပတ္တဲ့အခါ ထပ္ခါထပ္ခါ ကုသမႈခံယူရတာမ်ဳိးေတြလည္း ရွိတတ္ပါတယ္။

ဒီေလာက္ဆိုရင္ ဘယ္အခ်ိန္မွာ ေသြးလွဴသင့္လဲ ဘယ္အခ်ိန္မွာ ေသြးမလွဴသင့္ဘူးလဲ၊ ေသြးမလႉခင္မွာ ဘာေတြ ျပင္ဆင္ထားရမလဲဆိုတာ အၾကမ္းဖ်ဥ္းအားျဖင့္ေတာ့ သိသြားေလာက္ပါၿပီေနာ္.. ေသြးလွဴျခင္းက မြန္ျမတ္တယ္ဆိုေပမဲ့ ေသြးလွဴတဲ့အခါ ကိုယ္ေရာ၊ ေသြးအလွဴခံမယ့္သူပါ မထိခိုက္ရင္ေတာ့ အေကာင္းဆံုးပဲ မဟုတ္လား..

ဘာသာျပန္ေရးသားသူ- ေဒါက္တာ ထက္ထက္ေဇာ္ဝင္း (က်န္းက်န္းမာမာ by Alinker)

Reference : Readers’ Digest

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

စေတနာဇောနဲ့ မမှားကြစေဖို့ ဒါလေးကိုတော့ ဖတ်ထားဖို့ လိုမယ် ယောင်းတို့ရေ…

သွေးလှူတာဟာ မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ ဒီအလုပ်မှာလည်း သွေးလှူတဲ့ သူနဲ့ သွေးအလှူခံမယ့်သူတွေအတွက် သတိထားရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ သြော်.. ရောဂါမရှိရင် ပြီးရောပေါ့… လှူလို့ရတယ် မဟုတ်ဘူးလားလို့ ပြောတော့မယ်မလား.. သိနေတယ်.. ကိုယ်ကသာ ဘာမှမဟုတ်ဘူးလို့ ထင်ပေမဲ့ တကယ့်တကယ်ကျ ရှော့ခ်အကြီးကြီး တက်သွားနိုင်တာမို့ ဒီအချက်တွေကိုတော့ သတိထားသင့်ပါတယ်နော်…

၁။ ဆေးဝါးတစ်ခုခု မှီဝဲနေရတယ်ဆိုရင်

အများအားဖြင့်တော့ ဆေးဝါးတွေက သွေးလှူတာကို အနှောင့်အယှက် မဖြစ်စေတတ်ပါဘူး။ ဒါပေမဲ့ တချို့ဆေးဝါးတွေကျတော့ သွေးမလှူခင်မှာ ကြိုရပ်ထားဖို့ လိုပါတယ်နော်။ တကယ်လို့များ နေမကောင်းလို့ ပဋိဇီဝဆေး သောက်နေရတယ်ဆိုရင် သေသေချာချာ ပြန်ကျန်းမာတဲ့အထိ စောင့်သင့်ပါတယ်။ အက်စပရင်လို သွေးကျဲဆေးမျိုး သောက်နေရတယ်ဆိုရင်တော့ သွေးမလှူခင် အနည်းဆုံး နှစ်ရက်လောက် ရပ်ထားသင့်ပါတယ်။ ဒါကြောင့် သွေးလှူတော့မယ်ဆိုရင် လက်ရှိသောက်နေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို ကြိုတင်ပြောပြထားသင့်ပါတယ်နော်…

၂။ မကြာခင်ကမှ ကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတယ်ဆိုရင်

တုပ်ကွေး ကာကွယ်ဆေးတွေ သားအိမ်ခေါင်းကာကွယ်ဆေးတွေကို ပြောချင်တာ မဟုတ်ပါဘူး။ တချို့ ကာကွယ်ဆေးတွေက ရောဂါပိုးတွေကို အစွမ်းမဲ့အောင် လုပ်ပြီး ထွင်ထားတာပါ။ ဥပမာပြောရရင် ဝက်သက်တို့ ရေကျောက်တို့ပေါ့။ ဒါကြောင့် ဒီလိုမျိုး ပိုးကနေတစ်ဆင့် ကာကွယ်ဆေး ထိုးထားတယ်ဆိုရင် အနည်းဆုံး လေးပတ်ကြာမှ သွေးလှူသင့်ပါတယ်နော်.. သွေးမလှူခင် ထိုးထားတဲ့ ကာကွယ်ဆေးတွေနဲ့ ဘယ်လောက်ကြာမှ သွေးပြန်လှူသင့်တယ်ဆိုတဲ့ အကြောင်းတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါတယ် ယောင်းတို့ရေ..

Related Article >>> သင့်သွေးဖြင့် အသက်ကယ်ပါ။

၃။ စိတ်မချရတဲ့ ဆိုင်က တက်တူးထိုးထားမိတယ်ဆိုရင်

ဘာဆိုင်လို့လဲ.. တက်တူးဆိုင်တွေက တက်တူးဆေးတွေကို ပြန်သုံးတာမျိုး မလုပ်ပါဘူး၊ အပ်တွေကိုတောင် တစ်ခါသုံးတွေ သုံးတာ၊ ပိုးပြန်သတ်တာပဲလို့ ပြန်ပြောတော့မယ် မလား… ဟုတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ တက်တူးကနေလည်း ရောဂါကူးတတ်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတက တော်တော်များများမှာ ရှိနေတဲ့အတွက် ဘက်စုံ၊ထောင့်စုံကနေ စဉ်းစားပြီး စိတ်ချရတဲ့ အရာတွေကိုပဲ သုံးကြတာများပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် မဟုတ်ဘူးဆိုတာကိုတော့ သတိချပ်ရပါမယ် ယောင်းတို့ရေ… တကယ်လို့များ ဒီလို အပ်တွေကို ပိုးပြန်မသတ်၊ တစ်ခါသုံးပြီးသားဆေးတွေကို ပြန်သုံးတတ်တဲ့ ဆိုင်တွေမှာ ကိုယ်က မသိလိုက်ဘဲ တက်တူးထိုးထားမိတယ်ဆိုရင် အနည်းဆုံး နှစ် နှစ် စောင့်ပြီး သွေးကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ရှိ၊ မရှိ စစ်ဆေးပြီးမှ လှူသင့်ပါတယ်။

၄။ အသည်းရောင်အသားဝါပိုး ဒါမှမဟုတ် HIV ပိုး ရှိနေတယ်ဆိုရင်

ဒါတော့ တော်တော်များများ သိပြီးသားပါ။ ဒီရောဂါပိုးတွေက သွေးကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် ဒီလို ပိုးတွေရှိနေရင် သွေးမလှူဖို့ သတိပြုသင့်ပါတယ်။ အသည်းရောင်အသားဝါပိုး ဆိုရင် အသည်းကင်ဆာဖြစ်စေတတ်တာကြောင့် ဒီရောဂါပိုးတွေ လုံးဝကူးစက်စေလို့ မဖြစ်ဘူးနော်…

၅။ ခရီးသွားထားတယ်ဆိုရင်

သွေးမလှူခင်မှာ ခရီးသွားထားခြင်း ရှိ၊ မရှိ ဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ငှက်ဖျားပေါတဲ့ ဒေသကို ခရီးသွားထားတယ်ဆိုရင် သွေးမလှူခင် ဒါကို ပြောထားသင့်ပါတယ်။ လူတွေသိကြတာက ငှက်ဖျားက ခြင်ကိုက်ရာတာ ကူးတာပါ။ ဒါပေမဲ့ ငှက်ဖျားပိုး သွေးထဲမှာ ရှိနေတဲ့အချိန် သွေးလှူမိရင်လည်း တခြားသူကို ကူးသွားတတ်တာမို့ ဒါကိုလည်း မပေါ့ဆမိဖို့ လိုပါတယ်နော်..

၆။ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်ဘူးဆိုရင်

ဒါတော့ စေတနာ အမှားနဲ့ လုပ်မိတတ်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်က ပေါင် ၁၁၀ အောက်ဖြစ်နေမယ်ဆိုရင် သွေးလှူဖို့ အဆင်မပြေပါဘူး။ ကိုယ်အလေးချိန် မပြည့်တဲ့သူတွေက သွေးထုထည်လည်း နည်းတာကြောင့် တကယ်တမ်း သွေးလှူဖို့ သွေးထုတ်လိုက်တဲ့အခါ ခံနိုင်ရည်မရှိပါဘူး။ သွေးလှူရှင်တွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ အနည်းဆုံး ပေါင်၁၁၀ (ပေါင် ၁၀၀ အထက်) ရှိမှ သွေးလှူသင့်တယ်လို့ ဆိုထားပေမဲ့ ကိုယ်က သွေးလှူချင်တဲ့ စေတနာဇောများနေတဲ့အခါ ငါ့မှာ ခံနိုင်ရည်ရှိပါတယ်ဆိုတဲ့ အတွေးနဲ့ ခေါင်းမာပြီး လှူတာမျိုးက ဖြစ်တတ်တယ်လေ။ ဒီအခါမျိုးမှာ တကယ်တမ်း ထိခိုက်ရတာက ကိုယ်ပဲ မဟုတ်လား…

၇။ လတ်တလော နေမကောင်းဖြစ်ထားတယ်ဆိုရင်

သွေးလှူခါနီးကျမှ အအေးမိတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ စတာတွေ ခံစားနေရတယ်ဆိုရင် သွေးလှူဖို့ကို ရက်ရွေ့သင့်ပါတယ်။ အနည်းဆုံး နေကောင်းတာ နှစ်ရက်လောက်ကြာမှ သွေးပြန်လှူသင့်ပါတယ်။ ကိုယ်တိုင်ကျန်းမာနေမှ သွေးလှူတာမျိုးကို လုပ်သင့်ပါတယ်။

Related Article >>> ယောင်းမသိသေးတဲ့ ယောင်းရဲ့ ခန္ဓာကိုယ်အကြောင်း

၈။ သံဓာတ် များလွန်း၊ နည်းလွန်းတာ

အမျိုးသမီးတွေမှာ 12.5g/dL အမျိုးသားတွေမှာ 13g/dL အောက် သွေးအားနည်းနေမယ်ဆိုရင် သွေးမလှူသင့်ပါဘူး။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းလေ့ရှိတဲ့ အမျိုးသမီးတွေကို သံဓာတ်အားဆေး သောက်ခိုင်းတာ သံဓာတ်ပါတဲ့ အစားအစာတွေ စားဖို့ အကြံပေးတာပါ။ ဒီလိုပါပဲ… သံဓာတ်သိပ်များနေတဲ့သူတွေကလည်း သွေးမလှူသင့်ပါဘူးနော်.. သံဓာတ်များလွန်းတာက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ အခြားရောဂါတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအား 18g/dL နဲ့ အထက် ရှိနေပြီဆိုရင် သွေးမလှူခင် ဆရာဝန်နဲ့ အရင် စစ်ဆေးသင့်ပါတယ်နော်…

၉။ ကင်ဆာရောဂါ ရှိနေခဲ့ရင်

သွေးကနေတစ်ဆင့် ကင်ဆာရောဂါကူးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ကင်ဆာဝေဒနာရှင် တစ်ယောက် သွေးလှူမယ်ဆိုရင်တော့ သတိထားစရာတွေက အများကြီးပါပဲ … ပြောမယ်ဆိုရင် ကင်ဆာရောဂါကို ကုသနေဆဲသူတွေက သွေးလုံးဝ မလှူသင့်တဲ့ သူတွေထဲ ပါပါတယ်နော်.. အထူးသဖြင့် သွေးကင်ဆာလို ရောဂါမျိုး ရှိနေတဲ့သူတွေဆိုရင်ပေါ့..

၁၀။ ကိုယ်ဝန်ဆောင်နေတယ်ဆိုရင်

ကိုယ်ဝန်မရှိခင်ကထက်စာရင် သွေးထုထည်များလာတာ မှန်ပေမဲ့ ကလေးမွေးပြီး အနည်းဆုံး ၆ ပတ်လောက် စောင့်ပြီးမှ သွေးလှူသင့်ပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာတော့ ကလေးနဲ့ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်ပါ ယောင်းတို့ရေ… သွေးမလှူခင်မှာလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သံဓာတ်အားဖြည့်ဆေးတွေ သောက်ထားသင့်ပါတယ်နော်…

Related Article >>> သွေးတိုးနဲ့ဆီးချိုရောဂါ ယှဉ်တွဲခံစားနေရသူများအတွက် ကျန်းမာအောင်နေထိုင်နည်း

၁၁။ မကြာသေးခင်ကမှ နားဖောက်ထားတယ်ဆိုရင်

မကြာသေးခင်ကမှ နားဖောက်ထားတယ်ဆိုရင် အနည်းဆုံး တစ်နှစ်လောက်စောင့်၊ ဆေးစစ်ပြီး သွေးကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဘူးဆိုမှ သွေးလှူသင့်ပါတယ်။ တက်တူးထိုးသလိုပါပဲ တစ်ခါသုံးအပ်တွေ မသုံးဘူးဆိုရင် ရောဂါကူးစက်နိုင်ခြေ များပါတယ်။

၁၂။ သိပ်မကြာခင်က ဆစ်ဖလစ်ရောဂါ ဖြစ်ထားတယ်ဆိုရင်

ဒါဆိုရင်လည်း အနည်းဆုံး တစ်နှစ်လောက်နေမှ သွေးလှူလို့ ရမှာပါ။ ဆစ်ဖလစ်ရောဂါပိုးက ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်တတ်ပါတယ်။ တစ်ခါ ကုသမှုခံယူပြီး အမြစ်မပြတ်တဲ့အခါ ထပ်ခါထပ်ခါ ကုသမှုခံယူရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဒီလောက်ဆိုရင် ဘယ်အချိန်မှာ သွေးလှူသင့်လဲ ဘယ်အချိန်မှာ သွေးမလှူသင့်ဘူးလဲ၊ သွေးမလှူခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာ အကြမ်းဖျဉ်းအားဖြင့်တော့ သိသွားလောက်ပါပြီနော်.. သွေးလှူခြင်းက မွန်မြတ်တယ်ဆိုပေမဲ့ သွေးလှူတဲ့အခါ ကိုယ်ရော၊ သွေးအလှူခံမယ့်သူပါ မထိခိုက်ရင်တော့ အကောင်းဆုံးပဲ မဟုတ်လား..

ဘာသာပြန်ရေးသားသူ- ဒေါက်တာ ထက်ထက်ဇော်ဝင်း (ကျန်းကျန်းမာမာ by Alinker)

Reference : Readers’ Digest

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *