Health

အခ်စ္က က်န္းမာေရး ေကာင္းေစလား?

မသိဘူး.. ေကာင္းေကာင္း မေကာင္းေကာင္း ခ်စ္မယ္ 😛 

အခ်စ္နဲ႔ က်န္းမာေရးဟာ တကယ္ကို ဆက္စပ္မႈ ရွိပါတယ္။ အတိအက် သက္ေသမျပႏိုင္ေသးေပမဲ့ ေလ့လာခ်က္ေတြအရ ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရး တစ္ခုကို ပိုင္ဆိုင္ထားတဲ့ သူေတြဟာ မပိုင္ဆိုင္ထားတဲ့သူေတြထက္ က်န္းမာေရး ပိုေကာင္းတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ၾကာရွည္တည္ၿမဲေနတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတဲ့ သူေတြက ပိုၿပီး က်န္းမာေရး ေကာင္းမြန္တတ္ၾကပါတယ္တဲ့..

အခ်စ္လို႔ ဆိုတဲ့ေနရာမွာ ခ်စ္သူခ်င္း ခ်စ္တဲ့ အခ်စ္မ်ဳိးသာ မဟုတ္ဘဲ –

  • မိသားစုခ်င္း၊
  • လုပ္ေဖာ္ကိုင္ဖက္ခ်င္း၊
  • သူငယ္ခ်င္း အခ်င္းခ်င္းခ်စ္တဲ့ အခ်စ္မ်ဳိးေတြလည္း ပါဝင္ပါတယ္။

အခ်စ္က က်န္းမာေရးအတြက္ ဒီလို အက်ိဳးျပဳပါသတဲ့…

၁။ ေဆးရံု ေဆးခန္း သြားရတဲ့အႀကိမ္ နည္းတယ္။

သုေတသနျပဳခ်က္ေတြအရ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ သူေတြဟာ မပိုင္ဆိုင္ထားတဲ့သူေတြထက္ ေဆးရံုေဆးခန္းသြားရတဲ့ အႀကိမ္အေရအတြက္ နည္းေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေဆးရံုတက္ခဲ့ရတယ္ဆိုရင္ေတာင္ ေဆးရံုတက္ရတဲ့ ရက္ တိုပါတယ္တဲ့။ ဘာေၾကာင့္ဒီလိုျဖစ္ရတယ္ဆိုတာေတာ့ အေျဖရွာလို႔ မရေသးပါဘူး။ ဒါေပမဲ့ အဲဒီလိုသူေတြက စိတ္ခ်မ္းသာေနတတ္တဲ့အတြက္ ဒီစိတ္ခ်မ္းသာမႈက ခႏၶာကိုယ္ကို အေထာက္အကူ ျပဳတယ္လို႔ ယူဆလို႔ရသလို ေနာက္တစ္မ်ဳိးအေနနဲ႔ ေကာင္းမြန္တဲ့ အိမ္ေထာင္ေရး ပိုင္ဆိုင္ထားသူေတြက ေကာင္းမြန္တဲ့ ဂရုစိုက္မႈေတြကိုလည္း ပိုရႏိုင္တာေၾကာင့္လို႔လည္း ဆိုပါတယ္။ စိတ္ဓာတ္လည္း လြယ္လြယ္နဲ႔ မက်တတ္ေတာ့တဲ့အတြက္ေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။

၂။ စိတ္က်ေရာဂါျဖစ္ႏႈန္းကို ေလ်ာ့က်ေစတယ္။

သုေတသနျပဳခ်က္ေတြအရ ခ်စ္ျခင္းေမတၱာကို ျပည့္ျပည့္ဝဝ ခံစားရတဲ့သူေတြက စိတ္က်ေရာဂါျဖစ္ႏႈန္းနည္းပါတယ္တဲ့… ဒါ့အျပင္ မူးယစ္ေဆးသံုးစြဲမႈကိုလည္း ေလ်ာ့က်ေစႏုိင္ပါေသးတယ္။

Related Article >>> သြားပိုးေပါက္ႏွင့္ ပတ္သက္ၿပီး သတိထားရမည့္ လကၡဏာ (၉) ရပ္

၃။ ေသြးေပါင္ခ်ိန္ကိုလည္း ေကာင္းမြန္ေစပါတယ္။

ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးရွိတဲ့သူေတြက တျခားသူေတြနဲ႔ ယွဥ္ရင္ ေသြးဖိအား ပံုမွန္ရွိေနတတ္ၿပီး ေသြးေပါင္ခ်ိန္ကို ထိန္းထားႏိုင္တယ္လို႔လည္း သိရပါတယ္။

၄။ စိတ္တိုျခင္း၊ စိ္တ္ဆိုးျခင္းတို႔ကိုလည္း ေလ်ာ့နည္းေစတယ္။

ၾကင္နာေႏြးေထြးတဲ့ ခ်စ္ျခင္းတစ္ခု ပိုင္ဆိုင္ထားသူေတြက စိတ္တို၊ စိတ္ဆိုးမႈေတြအစား ၾကည္ႏူးမႈေတြ၊ စိတ္ေက်နပ္မႈေတြကို ပိုၿပီး ခံစားရပါတယ္။

၅။ နာက်င္မႈ ဒီဂရီကို ေလ်ာ့က်ေစပါတယ္။ 

အရြယ္ေရာက္ၿပီးတဲ့ သူ ႏွစ္သိန္းနီးပါးကို သုေတသန ျပဳလုပ္ခ်က္ေတြအရ အိမ္ေထာင္ျပဳထားတဲ့သူေတြဟာ ေခါင္းကိုက္ျခင္း၊ ခါးနာျခင္းေတြကို ပိုမိုခံႏိုင္ရည္ရွိပါတယ္တဲ့..

Related Article >>> ေယာင္းတို႔ရဲ႕ ေန႔စဥ္ဘဝကို က်န္းမာလွပေစမယ့္ Application (၃) ခု

၆။ စိတ္ဖိစီးမႈ နည္းတယ္

ကိုယ့္မွာ စိတ္ဖိစီးမႈေတြ ရွိေနရင္ေတာင္ ကိုယ့္ေဘးက ကိုယ့္ကိုခ်စ္တဲ့သူ၊ ကုိယ္က ခ်စ္တဲ့သူေတြက မွ်ေဝခံစားေပးတတ္ၾကတာေၾကာင့္ အထိုက္အေလ်ာက္ေတာ့ စိတ္ဖိစီးမႈေတြ ေျပေပ်ာက္သြားႏုိင္ပါတယ္။ ဒါေၾကာင့္လည္း ေယဘုယ်အားျဖင့္ ခ်စ္ျခင္းေမတၱာနဲ႔ ေႏြးေထြးေနသူေတြက စိတ္ဖိစီးမႈနည္းတယ္လို႔ ဆိုၾကတာေပါ့…

ေလ့လာဆန္းစစ္မႈေတြ အမ်ားႀကီးလုပ္ထားၿပီး သိလာရတဲ့ အခ်က္ကေတာ့ အိမ္ေထာင္ျပဳထားတဲ့ သူေတာ္ေတာ္မ်ားမ်ားက အသက္ရွည္ရွည္ ေနထိုင္ရေလ့ ရွိပါတယ္တဲ့။ ၁၉၉၀ ခုႏွစ္မွာ ရွစ္ႏွစ္ၾကာလုပ္ခဲ့တဲ့ သုေတသနအရ အိမ္ေထာင္ မရွိသူ ၅၈% ဟာ အိမ္ေထာင္ရွိသူေတြထက္ ေသဆံုးႏႈန္းပိုမ်ားပါတယ္လို႔ ဆိုထားပါတယ္။

ဆိုေတာ့… “ခ်စ္ျခင္းသည္ က်န္းမာေရးကို မ်ားစြာ အေထာက္အကူ ျပဳပါသည္” လို႔ပဲ ဆိုရေတာ့မွာေပါ့…

အခ်စ္ေတြပြားမ်ားၿပီး ေပ်ာ္စရာေကာင္းတဲ့ ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

မသိဘူး.. ကောင်းကောင်း မကောင်းကောင်း ချစ်မယ် 😛 

အချစ်နဲ့ ကျန်းမာရေးဟာ တကယ်ကို ဆက်စပ်မှု ရှိပါတယ်။ အတိအကျ သက်သေမပြနိုင်သေးပေမဲ့ လေ့လာချက်တွေအရ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူတွေဟာ မပိုင်ဆိုင်ထားတဲ့သူတွေထက် ကျန်းမာရေး ပိုကောင်းတာ တွေ့ရပါတယ်။ ဒါ့အပြင် ကြာရှည်တည်မြဲနေတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ သူတွေက ပိုပြီး ကျန်းမာရေး ကောင်းမွန်တတ်ကြပါတယ်တဲ့..

အချစ်လို့ ဆိုတဲ့နေရာမှာ ချစ်သူချင်း ချစ်တဲ့ အချစ်မျိုးသာ မဟုတ်ဘဲ –

  • မိသားစုချင်း၊
  • လုပ်ဖော်ကိုင်ဖက်ချင်း၊
  • သူငယ်ချင်း အချင်းချင်းချစ်တဲ့ အချစ်မျိုးတွေလည်း ပါဝင်ပါတယ်။

အချစ်က ကျန်းမာရေးအတွက် ဒီလို အကျိုးပြုပါသတဲ့…

၁။ ဆေးရုံ ဆေးခန်း သွားရတဲ့အကြိမ် နည်းတယ်။

သုတေသနပြုချက်တွေအရ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သူတွေဟာ မပိုင်ဆိုင်ထားတဲ့သူတွေထက် ဆေးရုံဆေးခန်းသွားရတဲ့ အကြိမ်အရေအတွက် နည်းလေ့ရှိတယ်လို့ ဆိုပါတယ်။ ဆေးရုံတက်ခဲ့ရတယ်ဆိုရင်တောင် ဆေးရုံတက်ရတဲ့ ရက် တိုပါတယ်တဲ့။ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာတော့ အဖြေရှာလို့ မရသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုသူတွေက စိတ်ချမ်းသာနေတတ်တဲ့အတွက် ဒီစိတ်ချမ်းသာမှုက ခန္ဓာကိုယ်ကို အထောက်အကူ ပြုတယ်လို့ ယူဆလို့ရသလို နောက်တစ်မျိုးအနေနဲ့ ကောင်းမွန်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်ထားသူတွေက ကောင်းမွန်တဲ့ ဂရုစိုက်မှုတွေကိုလည်း ပိုရနိုင်တာကြောင့်လို့လည်း ဆိုပါတယ်။ စိတ်ဓာတ်လည်း လွယ်လွယ်နဲ့ မကျတတ်တော့တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

၂။ စိတ်ကျရောဂါဖြစ်နှုန်းကို လျော့ကျစေတယ်။

သုတေသနပြုချက်တွေအရ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ခံစားရတဲ့သူတွေက စိတ်ကျရောဂါဖြစ်နှုန်းနည်းပါတယ်တဲ့… ဒါ့အပြင် မူးယစ်ဆေးသုံးစွဲမှုကိုလည်း လျော့ကျစေနိုင်ပါသေးတယ်။

Related Article >>> သွားပိုးပေါက်နှင့် ပတ်သက်ပြီး သတိထားရမည့် လက္ခဏာ (၉) ရပ်

၃။ သွေးပေါင်ချိန်ကိုလည်း ကောင်းမွန်စေပါတယ်။

ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိတဲ့သူတွေက တခြားသူတွေနဲ့ ယှဉ်ရင် သွေးဖိအား ပုံမှန်ရှိနေတတ်ပြီး သွေးပေါင်ချိန်ကို ထိန်းထားနိုင်တယ်လို့လည်း သိရပါတယ်။

၄။ စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းတို့ကိုလည်း လျော့နည်းစေတယ်။

ကြင်နာနွေးထွေးတဲ့ ချစ်ခြင်းတစ်ခု ပိုင်ဆိုင်ထားသူတွေက စိတ်တို၊ စိတ်ဆိုးမှုတွေအစား ကြည်နူးမှုတွေ၊ စိတ်ကျေနပ်မှုတွေကို ပိုပြီး ခံစားရပါတယ်။

၅။ နာကျင်မှု ဒီဂရီကို လျော့ကျစေပါတယ်။ 

အရွယ်ရောက်ပြီးတဲ့ သူ နှစ်သိန်းနီးပါးကို သုတေသန ပြုလုပ်ချက်တွေအရ အိမ်ထောင်ပြုထားတဲ့သူတွေဟာ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်းတွေကို ပိုမိုခံနိုင်ရည်ရှိပါတယ်တဲ့..

Related Article >>> ယောင်းတို့ရဲ့ နေ့စဉ်ဘဝကို ကျန်းမာလှပစေမယ့် Application (၃) ခု

၆။ စိတ်ဖိစီးမှု နည်းတယ်

ကိုယ့်မှာ စိတ်ဖိစီးမှုတွေ ရှိနေရင်တောင် ကိုယ့်ဘေးက ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်က ချစ်တဲ့သူတွေက မျှဝေခံစားပေးတတ်ကြတာကြောင့် အထိုက်အလျောက်တော့ စိတ်ဖိစီးမှုတွေ ပြေပျောက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ယေဘုယျအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးနေသူတွေက စိတ်ဖိစီးမှုနည်းတယ်လို့ ဆိုကြတာပေါ့…

လေ့လာဆန်းစစ်မှုတွေ အများကြီးလုပ်ထားပြီး သိလာရတဲ့ အချက်ကတော့ အိမ်ထောင်ပြုထားတဲ့ သူတော်တော်များများက အသက်ရှည်ရှည် နေထိုင်ရလေ့ ရှိပါတယ်တဲ့။ ၁၉၉၀ ခုနှစ်မှာ ရှစ်နှစ်ကြာလုပ်ခဲ့တဲ့ သုတေသနအရ အိမ်ထောင် မရှိသူ ၅၈% ဟာ အိမ်ထောင်ရှိသူတွေထက် သေဆုံးနှုန်းပိုများပါတယ်လို့ ဆိုထားပါတယ်။

ဆိုတော့… “ချစ်ခြင်းသည် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုပါသည်” လို့ပဲ ဆိုရတော့မှာပေါ့…

အချစ်တွေပွားများပြီး ပျော်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *