Health

နားကေလာ္ဖို႔ လိုရဲ႕လား?

နားကေလာ္ၾကလား ေယာင္းတို႔? အရမ္းဇိမ္ရွိတာေပမဲ့ ဒါေတြေတာ့ သိထားဖို႔ လိုပါတယ္ေနာ္..

နားသန္႔ရွင္းေရး အတြက္ဆို လူတခ်ဳိ႕ကေတာ့ ဂြမ္းတံ (Q tip) နဲ႔ လုပ္ပါလို႔ ေျပာၾကပါလိမ့္မယ္ ေယာင္းတို႔ေရ.. ဒါေပမဲ့ ဆရာဝန္ေတြကို ေမးၾကည့္မယ္ဆို တစ္ညီတညြတ္တည္း ေျပာၾကမွာကေတာ့ နားထဲကို ဘာမွ မထည့္ဖို႔ပါပဲ။ တကယ္ေရာ နားသန္႔ရွင္းေရးလုပ္ေပးဖို႔ လိုရဲ႕လား? တကယ္ေတာ့ နားမွာ သူကိုယ္တိုင္ သန္႔ရွင္းေအာင္ လုပ္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါဝင္တဲ့အတြက္ အထူးတလည္ သန္႔ရွင္းေရး လုပ္ေပးစရာ မလိုပါဘူးေနာ္.. လုပ္ခ်င္တယ္ဆို နားအျပင္ဘက္က နားဖာေခ်းေတြကို သန္႔ရွင္းေပးရံုပဲ လုပ္ႏုိင္ပါတယ္…

ဒါဆို ဘာလို႔ အလိုလို နားကေလာ္ခ်င္ရတာလဲ?

နားကေလာ္ဖို႔ လိုအပ္တဲ့ ခံစားခ်က္ရတာက နားထဲမွာ Cerumen လို႔ေခၚတဲ့ နားဖာေခ်းေတြ ရိွလို႔ပါ ေယာင္းတို႔ေရ။ နားဖာေခ်းေတြက နားအတြင္းကို ေခ်ာေမြ႔ေစၿပီး ျပင္ပက ဝင္ေရာက္လာတဲ့ ပိုးမႊားေတြ ဖုန္ေတြကေန အကာအကြယ္ ေပးပါတယ္။ တကယ္လို႔ နားဖာေခ်းသာ မရိွဘူးဆိုရင္ နားေတြေျခာက္ေသြ႕ ယားယံေနပါလိမ့္မယ္။ အစာစားတဲ့အခါမ်ဳိးမွာ ေမးရိုးလႈပ္ရွားမႈေၾကာင့္ နားထဲမွာရိွတဲ့ ေျခာက္ေနတဲ့ နားဖာေခ်းေတြက အျပင္ကို ထြက္က်ၿပီး နားကို သန္႔ရွင္းေစပါတယ္။ နားဖာေခ်းဆိုတာမ်ဳိးကလည္း နားရဲ႕ အျပင္ဖက္နားမွာပဲ ျဖစ္တာပါ။ အတြင္းဖက္မွာ မဟုတ္ပါဘူး။

Related Article >>> မ်က္လံုးတစ္ဘက္တည္းမွ မ်က္ရည္ပူက်ျခင္း အေၾကာင္းရင္း

ဘာေၾကာင့္ နားဖားေခ်း ပိတ္တယ္လို႔ ခံစားရတာလဲ?

နားဖာေခ်း ပိတ္ဆို႔ရျခင္း အေၾကာင္းအရင္းကေတာ့ ဂြမ္းတံနဲ႔ နားၾကပ္တဲ့အခါမွာ အျပင္ဘက္မွာ ရိွေနတဲ့ နားဖာေခ်းေတြကို အတြင္းဘက္ကို တြန္းပို႔သလုိ ျဖစ္ေနလို႔ပါပဲ။ နားကို ခၽြန္ထက္တဲ့ အရာေတြနဲ႔ ထိုးတာ ကေလာ္တာမ်ဳိးလည္း မလုပ္သင့္ပါဘူး ေယာင္းတို႔ေရ… ပိုးဝင္တာမ်ဳိး နားစည္ေပါက္တာမ်ဳိးျဖစ္ၿပီး အၾကားအာရံု ဆံုးရံႈးႏုိင္ပါတယ္။ နားကေလာ္တာကို မျပဳလုပ္တာက အေကာင္းဆံုးပါပဲ။ တကယ္လို႔ နားဖာေခ်း ပိတ္ဆို႔တဲ့ ပံုစံမ်ဳိး ျဖစ္လာၿပီဆို တတ္ကၽြမ္းတဲ့ ဆရာဝန္နဲ႔ ျပသၿပီး စစ္ေဆး ဖယ္ရွားသင့္ပါတယ္ေနာ္..

နားဖာေခ်း ပိတ္ဆို႔ေနၿပီလို႔ ဘယ္လို သိႏိုင္လဲ?

နားဖာေခ်းပိတ္ဆို႔ျခင္းရဲ႕ လကၡဏာေတြကေတာ့

  • နားကိုက္ျခင္း
  • နားထဲမွာ တစ္ခုခု ျမည္ေနတယ္လို႔ ခံစားရျခင္း
  • နားထဲကို တစ္ခုခုနဲ႔ ဆို႔ထားသလိုမ်ဳိး ခံစားရျခင္း
  • နားအၾကားအာရံုခ်ဳိ႕ယြင္းလာျခင္း
  • နားအူျခင္း
  • နားယားယံျခင္း၊ အနံ႔နံျခင္း
  • ေခ်ာင္းဆိုးျခင္း စတာေတြ ျဖစ္ပါတယ္။

နားဖာေခ်းပိတ္တာဟာ ရွားပါးတဲ့ ေရာဂါျဖစ္ေပမဲ့ ျဖစ္ေတာ့ ျဖစ္ႏိုင္တဲ့ ေရာဂါပါ။ ဒီေတာ့ အထက္ပါလကၡဏာမ်ဳိး ၾကံဳေတြ႔ရၿပီဆိုရင္ ဆရာဝန္နဲ႔ သြားေရာက္ျပသဖို႔ လိုအပ္ေနပါၿပီ။

Related Article >>> မ်က္စိစြံတာကိုသက္သာေစမယ့္ အေကာင္းဆံုးနည္းလမ္း(၈)သြယ္

နား သန္႔ရွင္းေရးကို ဘယ္လိုလုပ္ၾကမလဲ?

တကယ္လို႔ နားဖာေခ်း ပိတ္ဆို႔သလို ခံစားရတယ္၊ ဒါေပမဲ့ ျပင္းျပင္းထန္ထန္ မဟုတ္ရင္ နားအတြင္းထဲ မဟုတ္ဘဲ အဝနားကိုပဲ အဝတ္စ သန္႔သန္႔နဲ႔ သန္႔ရွင္းေရး လုပ္ေပးႏိုင္ပါတယ္။ Baby Oil ၊ Mineral Oil နဲ႕ အလွဆီ(Glycerine) တို႔ကိုလည္း နားထဲ အစက္အနည္းငယ္ ထည့္ၿပီး နားဖာေခ်းေတြကို ေပ်ာ့သြားေအာင္ လုပ္လို႔ရပါတယ္။

ခၽြန္ထက္တဲ့ တုတ္တံေတြနဲ႕ ဂြမ္းတံေတြအျပင္ နားထဲကို မထည့္သင့္တဲ့ အရာေတြထဲက ပထမ တစ္ခုကေတာ့ ဟိုက္ဒရိုဂ်င္ ပါေအာက္ဆိုဒ္- Hydrogen Peroxide ျဖစ္ၿပီး သူက ေရာဂါကို ပိုဆိုးေစပါတယ္။ ေနာက္တစ္ခုကေတာ့ နားကုသဖေယာင္းတုိင္- Ear Candles ျဖစ္ပါတယ္။

သူက အေခါင္းေပါက္ပါတဲ့ ဖေယာင္းတုိင္ကို နားအတြင္းစိုက္ က်န္တစ္ဖက္ကေန မီးရိွဳ႕တဲ့ ကုသနည္းတစ္မ်ဳိးပါ။ ေတြ႔ရိွခ်က္ေတြ အရေတာ့ ဒီလို ကုသမႈဟာ ထိေရာက္မႈမရိွသလို နားက်န္းမာေရးအတြက္ပါ အႏၱရာယ္ရိွႏိုင္ပါတယ္။

အားလံုးပဲ သတိရွိၿပီး နားကို အရမ္း ကေလာ္တာမ်ဳိး မလုပ္ၾကပါနဲ႔လို႔ တုိက္တြန္းရင္း..

Dr.MTA (က်န္းက်န္းမာမာ by Alinker)

Reference : webmd

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode>>>

နားကလော်ကြလား ယောင်းတို့? အရမ်းဇိမ်ရှိတာပေမဲ့ ဒါတွေတော့ သိထားဖို့ လိုပါတယ်နော်..

နားသန့်ရှင်းရေး အတွက်ဆို လူတချို့ကတော့ ဂွမ်းတံ (Q tip) နဲ့ လုပ်ပါလို့ ပြောကြပါလိမ့်မယ် ယောင်းတို့ရေ.. ဒါပေမဲ့ ဆရာဝန်တွေကို မေးကြည့်မယ်ဆို တစ်ညီတညွတ်တည်း ပြောကြမှာကတော့ နားထဲကို ဘာမှ မထည့်ဖို့ပါပဲ။ တကယ်ရော နားသန့်ရှင်းရေးလုပ်ပေးဖို့ လိုရဲ့လား?

တကယ်တော့ နားမှာ သူကိုယ်တိုင် သန့်ရှင်းအောင် လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် အထူးတလည် သန့်ရှင်းရေး လုပ်ပေးစရာ မလိုပါဘူးနော်.. လုပ်ချင်တယ်ဆို နားအပြင်ဘက်က နားဖာချေးတွေကို သန့်ရှင်းပေးရုံပဲ လုပ်နိုင်ပါတယ်…

ဒါဆို ဘာလို့ အလိုလို နားကလော်ချင်ရတာလဲ?

နားကလော်ဖို့ လိုအပ်တဲ့ ခံစားချက်ရတာက နားထဲမှာ Cerumen လို့ခေါ်တဲ့ နားဖာချေးတွေ ရှိလို့ပါ ယောင်းတို့ရေ။ နားဖာချေးတွေက နားအတွင်းကို ချောမွေ့စေပြီး ပြင်ပက ဝင်ရောက်လာတဲ့ ပိုးမွှားတွေ ဖုန်တွေကနေ အကာအကွယ် ပေးပါတယ်။ တကယ်လို့ နားဖာချေးသာ မရှိဘူးဆိုရင် နားတွေခြောက်သွေ့ ယားယံနေပါလိမ့်မယ်။ အစာစားတဲ့အခါမျိုးမှာ မေးရိုးလှုပ်ရှားမှုကြောင့် နားထဲမှာရှိတဲ့ ခြောက်နေတဲ့ နားဖာချေးတွေက အပြင်ကို ထွက်ကျပြီး နားကို သန့်ရှင်းစေပါတယ်။ နားဖာချေးဆိုတာမျိုးကလည်း နားရဲ့ အပြင်ဖက်နားမှာပဲ ဖြစ်တာပါ။ အတွင်းဖက်မှာ မဟုတ်ပါဘူး။

Related Article >>> မျက်လုံးတစ်ဘက်တည်းမှ မျက်ရည်ပူကျခြင်း အကြောင်းရင်း

ဘာကြောင့် နားဖားချေး ပိတ်တယ်လို့ ခံစားရတာလဲ?

နားဖာချေး ပိတ်ဆို့ရခြင်း အကြောင်းအရင်းကတော့ ဂွမ်းတံနဲ့ နားကြပ်တဲ့အခါမှာ အပြင်ဘက်မှာ ရှိနေတဲ့ နားဖာချေးတွေကို အတွင်းဘက်ကို တွန်းပို့သလို ဖြစ်နေလို့ပါပဲ။ နားကို ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးတာ ကလော်တာမျိုးလည်း မလုပ်သင့်ပါဘူး ယောင်းတို့ရေ… ပိုးဝင်တာမျိုး ၊နားစည်ပေါက်တာမျိုးဖြစ်ပြီး အကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်။

နားကလော်တာကို မပြုလုပ်တာက အကောင်းဆုံးပါပဲ။ တကယ်လို့ နားဖာချေး ပိတ်ဆို့တဲ့ ပုံစံမျိုး ဖြစ်လာပြီဆို တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေး ဖယ်ရှားသင့်ပါတယ်နော်..

နားဖာချေး ပိတ်ဆို့နေပြီလို့ ဘယ်လို သိနိုင်လဲ?

နားဖာချေးပိတ်ဆို့ခြင်းရဲ့ လက္ခဏာတွေကတော့

  • နားကိုက်ခြင်း
  • နားထဲမှာ တစ်ခုခု မြည်နေတယ်လို့ ခံစားရခြင်း
  • နားထဲကို တစ်ခုခုနဲ့ ဆို့ထားသလိုမျိုး ခံစားရခြင်း
  • နားအကြားအာရုံချို့ယွင်းလာခြင်း
  • နားအူခြင်း
  • နားယားယံခြင်း၊ အနံ့နံခြင်း
  • ချောင်းဆိုးခြင်း စတာတွေ ဖြစ်ပါတယ်။

နားဖာချေးပိတ်တာဟာ ရှားပါးတဲ့ ရောဂါဖြစ်ပေမဲ့ ဖြစ်တော့ ဖြစ်နိုင်တဲ့ ရောဂါပါ။ ဒီတော့ အထက်ပါလက္ခဏာမျိုး ကြုံတွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်နေပါပြီ။

Related Article >>> မျက်စိစွံတာကိုသက်သာစေမယ့် အကောင်းဆုံးနည်းလမ်း(၈)သွယ်

နား သန့်ရှင်းရေးကို ဘယ်လိုလုပ်ကြမလဲ?

တကယ်လို့ နားဖာချေး ပိတ်ဆို့သလို ခံစားရတယ်၊ ဒါပေမဲ့ ပြင်းပြင်းထန်ထန် မဟုတ်ရင် နားအတွင်းထဲ မဟုတ်ဘဲ အဝနားကိုပဲ အဝတ်စ သန့်သန့်နဲ့ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။ Baby Oil ၊ Mineral Oil နဲ့ အလှဆီ(Glycerine) တို့ကိုလည်း နားထဲ အစက်အနည်းငယ် ထည့်ပြီး နားဖာချေးတွေကို ပျော့သွားအောင် လုပ်လို့ရပါတယ်။

ချွန်ထက်တဲ့ တုတ်တံတွေနဲ့ ဂွမ်းတံတွေအပြင် နားထဲကို မထည့်သင့်တဲ့ အရာတွေထဲက ပထမ တစ်ခုကတော့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်- Hydrogen Peroxide ဖြစ်ပြီး သူက ရောဂါကို ပိုဆိုးစေပါတယ်။

နောက်တစ်ခုကတော့ နားကုသဖယောင်းတိုင်- Ear Candles ဖြစ်ပါတယ်။ သူက အခေါင်းပေါက်ပါတဲ့ ဖယောင်းတိုင်ကို နားအတွင်းစိုက် ကျန်တစ်ဖက်ကနေ မီးရှို့တဲ့ ကုသနည်းတစ်မျိုးပါ။ တွေ့ရှိချက်တွေ အရတော့ ဒီလို ကုသမှုဟာ ထိရောက်မှုမရှိသလို နားကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။

အားလုံးပဲ သတိရှိပြီး နားကို အရမ်း ကလော်တာမျိုး မလုပ်ကြပါနဲ့လို့ တိုက်တွန်းရင်း..

Dr.MTA (ကျန်းကျန်းမာမာ by Alinker)

Reference : webmd

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *