ျခင္ကိုက္ခံလို႔ ျဖစ္ႏိုင္တဲ့ ေရာဂါေတြကို သိၿပီးၿပီလား?

ဖတ္ၾကည့္ရင္းနဲ႔ေတာင္ ဟိုနားက ျခင္ကိုက္သလုိ ဒီနားက ျခင္ကိုက္သလို.. :'( 

ျခင္ဆိုတာ ေသးေသးေလးနဲ႔ က်န္းမာေရးအတြက္ အင္မတန္ အႏၱရာယ္ေပးႏုိင္တဲ့အေကာင္ ျဖစ္ပါတယ္။ ဒီ စင္တီမီတာ အနည္းငယ္ေလာက္ပဲ ရွိတဲ့ အေကာင္ေလးေတြ ကိုက္တာခံရရင္ ရရွိႏိုင္တဲ့ေရာဂါေတြ အမ်ားႀကီး ရွိပါတယ္။ အခု ဒီေဆာင္းပါးမွာ ျခင္ကိုက္ျခင္းေၾကာင့္ အျဖစ္မ်ားတဲ့ေရာဂါေတြထဲက တခ်ဳိ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဦးေႏွာက္အေျမွးပါး ေရာင္ရမ္းျခင္း

ျခင္ကုိက္ရာက တစ္ဆင့္ ပ်ံ႕ႏွံ႔ႏုိင္တဲ့ ေရာဂါအုပ္စုထဲမွာ ဦးေႏွာက္အေျမွးေရာင္ေရာဂါေတြက အေတာ္ေလး အျဖစ္မ်ားပါတယ္။ ေရာဂါျဖစ္ေစတဲ့ ဗိုင္းရပ္စ္က ငွက္ေတြရဲ႕ ေသြးထဲမွာ ပါဝင္ေနပါတယ္။ ဒီငွက္ေတြကို က်ဴးလပ္စ္ျခင္ (Culex Mosquitoes) အမ်ဳိးအစားက ကိုက္လုိက္ရာက တစ္ဆင့္ ဗိုင္းရပ္စ္ပိုုးက ျခင္ေတြဆီ ေရာက္ရွိသြားပါတယ္။ ဒီက်ဴးလပ္စ္ျခင္ေတြက လူေတြကို ေသြးျပန္စုပ္ရာကေန ေရာဂါပ်ံ႕ႏွံ႔ ျဖစ္ပြားေစပါတယ္။

ဦးေႏွာက္အေျမွးေရာင္ျဖစ္ေစတဲ့ ဗိုင္းရပ္စ္နာမည္ကိုေတာ့ West Nile ဗိုင္းရပ္စ္လို႔ ေခၚပါတယ္။ ျခင္ေတြ သယ္ေဆာင္လာတဲ့ ဗိုင္းရပ္စ္က လူကိုုကိုက္လိုက္တာက တစ္ဆင့္ ေသြးထဲ ဝင္ေရာက္သြားပါတယ္။ ဒီဗိုင္းရပ္စ္က ဦးေႏွာက္နဲ႔ ေက်ာရိုးမႀကီး တစ္ဝိုက္ကို ေရာင္ရမ္းလာေစပါတယ္။

လူနာက ဒီအခ်ိိန္မွာ ဖ်ားမယ္၊ ေခါင္းကိုက္မယ္၊ ျပန္ရည္ေၾကာအႀကိတ္ေတြ ႀကီးလာမယ္၊ ဇက္ေတာင့္လာမယ္။ အေျခအေနအေတာ္ဆိုးတဲ့သူေတြမွာဆို တက္မယ္၊ ကိုမာေခၚတဲ့ သတိေမ့ေျမာတဲ့အဆင့္ထိ ေရာက္မယ္။ အဲဒီကေန အသက္ေသဆံုးတဲ့ အဆင့္ထိ ေရာက္သြားႏိုင္ပါတယ္။ အခ်ိန္မီ ကုသႏုိင္ရင္ အသက္ရွင္ႏုိင္ေပမဲ့ တစ္သက္လံုး အာရံုေၾကာအဖဲြ႔အစည္း ထိခိုက္မိသြားဖို႔ ပိုမ်ားပါတယ္။

ကမာၻ႔ေနရာအသီးသီးက ေနရာေပၚမူတည္ၿပီး ဒီဦးေႏွာက္အေျမွးေရာင္ေရာဂါကိုလည္း အမ်ဳိးမ်ဳိး ေခၚေဝၚၾကပါတယ္။ ဥပမာ အေမရိကန္ႏုိင္ငံ ဖေလာ္ရီဒါျပည္နယ္နဲ႔ မကၠဆီကို ပင္လယ္ေကြ႔မွာျဖစ္ရင္ St. Louis ဦးေႏွာက္ေရာင္ေရာဂါ၊ အက္တလန္တာလို႔ေခၚၿပီး ကာရီဘီယံပင္လယ္တစ္ဝိုက္နဲ႔ ေတာင္အေမရိက တစ္ဝိုက္မွာျဖစ္ရင္ Eastern Equine ဦးေႏွာက္ေရာင္ေရာဂါလို႔ ေခၚပါတယ္။ ေနာက္ၿပီး အာရွတစ္ဝိုက္နဲ႔ ပစိဖိတ္အေနာက္ပိုင္းမွာျဖစ္ရင္ ဂ်ပန္ဦးေႏွာက္အေျမွးေရာင္ေရာဂါ စသည္ျဖင့္ ေခၚေဝၚၾကပါတယ္။

ေလ့လာမႈေတြအရေတာ့ ကူးစက္ခံရတဲ့သူ ၁၅၀ မွာ တစ္ေယာက္ေလာက္ပဲ ေရာဂါလကၡဏာေတြ ဆုိးဆိုးရြားရြား ခံစားရေစတယ္လို႔ ဆိုပါတယ္။ အသက္အရြယ္ႀကီးတဲ့သူ အထူးသျဖင့္ အသက္၅၀ ေက်ာ္ လူႀကီးေတြဆုိ ပိုၿပီးခံစားရပါမယ္။ ေရာဂါတစ္ခါ ကူးစက္ခံရၿပီးၿပီဆိုရင္ သဘာဝအရကို ဒီေရာဂါကို ကာကြယ္မႈ ေပးလိုက္သလိုျဖစ္ၿပီး ေနာက္တစ္ခါ ထပ္မကူးစက္ခံရေတာ့ဘူးလို႔ ဆိုပါတယ္။

၂။ ေသြးလြန္တုပ္ေကြးေရာဂါ

အပူပိုင္းနဲ႔ သမပိုင္းဇုန္ေဒသေတြမွာ ပိုအေတြ႔ရမ်ားတဲ့ ေရာဂါတစ္ခု (ျမန္မာႏုိင္ငံမွာလည္း အေတာ္ေလးအျဖစ္မ်ားပါတယ္) ကေတာ႔ ေသြးလြန္တုပ္ေကြးေရာဂါပဲ ျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြး ေရာဂါကို သယ္ေဆာင္တာက ေအးဒီစ္ (Aedes Mosquitoes) ျခင္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကူးစက္ပံုကလည္း အေပၚက West Nile ဗိုင္းရပ္စ္ကူးစက္ပံုနဲ႔ ဆင္တူပါတယ္။

ေသြးလြန္တုပ္ေကြးဗိုင္းရပ္စ္က လူ႔ခႏၶာကိုယ္ထဲဝင္ေရာက္ၿပီးရင္ ခႏၶာကိုယ္ထဲက ဆဲလ္ေတြကို ဖ်က္စီးပစ္ႏို္င္ပါတယ္။ ျပႏိုင္တဲ့ ေရာဂါလကၡဏာေတြက ပံုမွန္ဖ်ားနာတာနဲ႔ ဆင္တူပါတယ္။

  • ဖ်ားမယ္၊
  • ေခါင္းကိုက္မယ္၊
  • ေနာက္ေက်ာနာမယ္၊
  • အဆစ္အျမစ္ေတြနာမယ္၊
  • ကိုယ္မွာ အနီကြက္ေတြထမယ္၊
  • မ်က္လံုးနာမယ္၊
  • ဖ်ားတာ တစ္ပတ္ေက်ာ္ၿပီး ကိုယ္တြင္းေသြးယိုတာေတြ၊ အညိဳအမည္း စဲြတာေတြပါ တဲြျဖစ္လာမယ္ဆိုရင္ ဒါဟာ ေသြးလြန္တုပ္ေကြး ေသြးယုိအဆင့္ထိ ေရာက္သြားၿပီျဖစ္ၿပီး ပိုအႏၱရာယ္ ႀကီးမားပါတယ္။

ေသြးလြန္တုပ္ေကြးေရာဂါေၾကာင့္ ေသဆံုးမႈက ကူးစက္ခံရမႈရဲ႕ ၅ ရာခိုင္ႏႈန္းအထိ ရွိပါတယ္။ ဒါေၾကာင့္ ေပါ့ဆသင့္တဲ့ ေရာဂါတစ္ခု မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ေလ့လာမႈေတြအရ ကမာၻေပၚမွာ တစ္ႏွစ္ကို လူေပါင္း သန္းတစ္ရာေလာက္ ေသြးလြန္တုပ္ေကြးေရာဂါ ကူးစက္ခံေနရတယ္လို႔ ဆိုပါတယ္။

ကူးစက္ခံရတဲ့သူ အေတာ္မ်ားမ်ားက အာဖရိကတိုက္နဲ႔ ပစိဖိတ္သမုဒၵရာပိုင္းေဒသေတြနဲ႔ အေရွ႕ေတာင္အာရွတိုက္မွာ ျဖစ္တာေတြ႔ရပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ေရာဂါအမ်ားစုလုိပဲ ေသြးလြန္တုပ္ေကြးေရာဂါကို တိုက္ရိုက္ကုသႏုိင္တဲ့ နည္းလမ္းမရွိေသးပါဘူး။ လူနာခံစားရတဲ့ ေဝဒနာေပၚမူတည္ၿပီး ကုသမႈေပးလို႔ပဲ ရပါတယ္။

Related Article >>> က်န္းမာငယ္႐ြယ္တဲ့ အားကစားသမားေတြကိုမွ ေႁခြယူတတ္တဲ့ေရာဂါ

၃။ အဝါေရာင္အဖ်ားေရာဂါ

အဝါေရာင္အဖ်ားေရာဂါက အာဖရိကတုိက္နဲ႔ ေတာင္အေမရိကတုိက္မွာ အေတြ႔ရမ်ားပါတယ္။ ျဖစ္ရတဲ့ ဗိုင္းရပ္စ္ကေတာ့ Flavivirus ေၾကာင့္ျဖစ္ၿပီး ေသြးလြန္တုပ္ေကြးကိုျဖစ္ေစတဲ့ ေအးဒီးစ္ ျခင္ေၾကာင့္ပဲျဖစ္တာပါ။ ေအးဒီးစ္ျခင္ၾကားအုပ္စုရွိတဲ့အထဲကမွ Aedes aegypti ဆိုတဲ့ ျခင္ေၾကာင့္ အဓိကျဖစ္ရတာပါ။

ေရာဂါပိုးသယ္ေဆာင္လာတဲ့ ျခင္ၾကားအကိုက္ခံရၿပီး ဗိုင္းရပ္စ္ပိုးက ခႏၶာကိုယ္ထဲမွာ ေပါက္ပြားဖို႔ ၃ ရက္ ကေန ၆ ရက္ေလာက္အထိ ၾကာတတ္ပါတယ္။ ဒီေနာက္မွာေတာ႔ ေရာဂါလကၡဏာေတြျဖစ္တဲ့ ခ်မ္းတုန္ဖ်ားတာ၊ ေခါင္းကုိက္တာ၊ ပ်ဳိ႕အန္တာေတြျဖစ္လာပါမယ္။ ေနာက္ပိုင္းဆို ႏွာေခါင္း ေသြးလွ်ံတာ၊ ေသြးအန္တာနဲ႔ ဗိုက္ေအာင့္တာေတြအထိပါ ျဖစ္လာႏိုင္ပါတယ္။

အဝါေရာင္ အဖ်ားေရာဂါကူးစက္ခံရတဲ့ လူအားလံုးရဲ႕ ၁၅ ကေန ၅၀ ရာခိုင္ႏႈန္းေလာက္က အသက္အႏၱရာယ္ ရွိပါတယ္။ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့အတြက္ တိတိက်က် ကုသမႈ မရွိေသးပါဘူး။ သုိ႔ေပမဲ့ ေရာဂါျဖစ္ေနတဲ့ေနရာ ေဒသေတြကို သြားေရာက္မယ္ဆုိရင္ေတာ႔ ႀကိဳတင္ၿပီး ကာကြယ္ေဆး ထိုးသြားလို႔ရပါတယ္။

၄။ ငွက္ဖ်ားေရာဂါ

ငွက္ဖ်ားေရာဂါကိုျဖစ္ေစတဲ့ ကပ္ပါးေကာင္ေတြကေတာ့ Plasmodium falciparum ဒါမွမဟုတ္ Plasmodium vivax တို႔ပဲ ျဖစ္ပါတယ္။ ဒီကပ္ပါးေကာင္ေတြကို Anopheles ျခင္အမေတြက သယ္ေဆာင္ပါတယ္။ ကပ္ပါးပိုးေတြ ျခင္ရဲ႕ ကိုယ္ထဲေရာက္သြားၿပီးရင္ မ်ဳိးပြားလာဖို႔ ၁၀ ရက္ကေန ၂ ပတ္ေလာက္ အထိ ၾကာျမင့္တတ္ပါတယ္။ အဲဒီေနာက္ ေရာဂါပုိးပါတဲ့ ျခင္က ေနာက္လူေတြကို ထပ္ကိုက္ရာက တစ္ဆင့္ ေရာဂါကူးစက္ခံရပါတယ္။

လူ႔ခႏၶာကိုယ္ထဲကို ကပ္ပါးေကာင္ေတြ ေရာက္သြားၿပီဆိုတာနဲ႔ ပိုးေတြက အသည္းထဲကို ဝင္သြားၿပီး အသည္းထဲမွာ ပြားမ်ားလာတယ္၊ ႀကီးထြားလာပါတယ္။  အေကာင္ေရ မ်ားလာတာနဲ႔အမွ် ေသြးလည္ပတ္မႈ စနစ္ထဲကို ဝင္ေရာက္သြားၿပီး လူနာရဲ႕ ေသြးနီဥဆဲလ္ေတြကို ဖ်က္စီးပစ္ပါတယ္။ ဒီအဆင့္ေရာက္ရင္ လူနာမွာ ခ်မ္းတုန္ဖ်ားတာ၊ ေခၽြးထြက္တာ၊ ေခါင္းကိုက္တာ စတဲ့ ငွက္ဖ်ား လကၡဏာေတြ ျပလာပါေတာ့တယ္။ အခ်ိန္မီ မကုသဘူးဆိုရင္ ပိုဆိုးတဲ့အဆင့္ထိ ေရာက္သြားတတ္ပါတယ္။ ဥပမာ ေက်ာက္ကပ္ပ်က္စီးတာမ်ဳိး အထိ ျဖစ္တတ္ပါတယ္။ ငွက္ဖ်ားေဆးေတြေပးၿပီး ကုသႏုိင္ပါတယ္။

၅။ ဇီကာ ဗိုင္းရပ္စ္

၂၀၁၆ တုန္းက ကမာၻမွာ အေတာ္ေလး က်ယ္က်ယ္ျပန္႔ျပန္႔ကို ပ်ံ႕ႏွံ႔သြားတဲ့ ဇီကာဗိုင္းရပ္စ္ကိုေတာ႔ လူအေတာ္မ်ားမ်ားၾကားဖူးၾကမွာပါ။ ကမာၻ႔က်န္းမာေရးအဖဲြ႔ႀကီးေတာင္ ကမာၻလံုးဆိုင္ရာ အေရးေပၚအေျခအေနေၾကညာၿပီး ကိုင္တြယ္ခဲ့ရပါတယ္။ ဇီကာဗုိင္းရပ္စ္ကူးစက္ခံရရင္ ေမြးရာပါ ဦးေခါင္းက်ဳံ႕တဲ့ေရာဂါ ျဖစ္ပြားတတ္ပါတယ္။ ဆိုေတာ႔ အထူးသျဖင့္ မိခင္ေတြ ပိုဂရုစိုက္ရပါတယ္။

ဇီကာ ဗိုင္းရပ္စ္က ေအးဒီးစ္ျခင္ကေန တစ္ဆင့္ ကူးစက္သလို လိင္ဆက္ဆံရာကေနလည္း ကူးစက္ႏိုင္ပါတယ္။ ေအးဒီးစ္ျခင္ေတြက ေန႔ခင္းဘက္ ကိုက္တတ္တဲ့ ျခင္ေတြျဖစ္ပါတယ္။ ဇီကာ ဗုိင္းရပ္စ္ကို ႀကိဳတင္ကာကြယ္ေဆးထိုးၿပီး ကာကြယ္လို႔မရပါဘူး။ တတ္ႏိုု္င္သေလာက္ ျခင္အကိုက္မခံရေအာင္ လုပ္လုိ႔ပဲရပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြအေနနဲ႔ေတာ့ ဇီကာဗိုင္းရပ္စ္ ျဖစ္ေနတဲ့ေနရာေတြကို မသြားတာ အေကာင္းဆံုးျဖစ္ပါတယ္။

ဇီကာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လူေတြရဲ႕ ၈၀ ရာခုိင္ႏႈန္းေလာက္က ဘာလကၡဏာမွ သိသိသာသာ မျပတတ္တဲ့အတြက္ ေရာဂါရွိေနမွန္းလည္း မသိၾကတာမ်ားပါတယ္။ လကၡဏာျပခဲ့ရင္ေတာ႔ ေငြ႔ေငြ႔ဖ်ားမယ္၊ အနီကြက္ေတြထမယ္၊ အဆစ္အျမစ္နာမယ္၊ မ်က္လံုးေရာင္မယ္ စတာေတြျဖစ္ႏိုင္ပါတယ္။

Related Article >>> အစာအိမ္ေရာဂါသမားေတြ သိကို သိထားသင့္တဲ့ စားစရာေတြအေၾကာင္း

၆။ Chikungunya အဖ်ားေရာဂါ

Chikungunya အဖ်ားေရာဂါဟာလည္း ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရတဲ့ျခင္ အကိုက္ခံရတဲ့အခါ ျဖစ္ပြားတတ္ပါတယ္။ ေသြးလြန္တုပ္ေကြးေရာဂါပိုးကို သယ္ေဆာင္တဲ့ ေအးဒီးစ္ျခင္ၾကားေၾကာင့္ပဲ ျဖစ္တာျဖစ္ၿပီး Aedes aegypti နဲ႔ Aedes albopictus ဆိုတဲ့ အမ်ဳိးအစားခဲြ ၂ မ်ဳိးေၾကာင့္ ျဖစ္တတ္ပါတယ္။

ဗိုင္းရပ္စ္ပိုး ခႏၶာကိုယ္ထဲ ဝင္ေရာက္ၿပီး ၃ ရက္ကေန တစ္ပတ္ေလာက္အၾကာမွာ လကၡဏာေတြ စျပလာပါမယ္။ လကၡဏာေတြကေတာ့-

  • ရုတ္တရက္ဖ်ားမယ္၊
  • အဆစ္အျမစ္နာက်င္ကုိက္ခဲမယ္၊
  • တစ္ခါတေလ အဆစ္ေတြေရာင္ရမ္းမယ္၊
  • ေခါင္းကိုက္မယ္၊
  • ပ်ဳိ႕အန္မယ္၊
  • ေနာက္ေက်ာေတြ နာမယ္၊
  • အနီကြက္ေတြ ထြက္ပါမယ္။

ေရာဂါျဖစ္ရင္ အနားယူတာ၊ ေရဓာတ္ျပန္ျဖည့္ေပးတာ၊ ဖ်ားနာတာအတြက္ ေသာက္ေဆး ေသာက္တာေတြ လုပ္ႏုိင္ပါတယ္။

အခုေျပာခဲ့တာေတြကေတာ့ ျခင္ကိုက္ခံရာကေန တစ္ဆင့္ ကူးစက္ခံႏိုင္တဲ့ေရာဂါေတြနဲ႔ ေရာဂါ ျဖစ္ႏုိင္တဲ့ ျခင္အမ်ဳိးအစားေတြပဲ ျဖစ္ပါတယ္။ အပူပိုင္းေဒသထဲ ပါဝင္ေနတဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ျခင္ကေန တစ္ဆင့္ ကူးစက္တဲ့ေရာဂါ အေတာ္မ်ားမ်ားကို စိတ္ပူရမယ့္ အေျခအေနလည္း ရွိေနၿပီး ျခင္ေတြပိုေပါက္ပြားေလ့ရွိတဲ့ မုိးတြင္းအခ်ိန္မ်ဳိးက ပိုအႏၱရာယ္ရွိေနပါတယ္။

ဒီေဆာင္းပါးေလး ဖတ္ၿပီးခ်ိိန္မွာေတာ့ ျခင္အကိုက္ခံတာ ဘယ္ေလာက္အႏၱရာယ္ရွိတယ္ဆိုတာ အတိုင္းအတာတစ္ခုထိ သတိျပဳမိသြားမယ္ဆိုရင္ ေက်နပ္မိပါေၾကာင္း ေျပာၾကားရင္း…

Dr. Barry (က်န္းက်န္းမာမာ By Alinker)

ဤေဆာင္းပါးအား ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode>>>

ဖတ်ကြည့်ရင်းနဲ့တောင် ဟိုနားက ခြင်ကိုက်သလို ဒီနားက ခြင်ကိုက်သလို.. :'( 

ခြင်ဆိုတာ သေးသေးလေးနဲ့ ကျန်းမာရေးအတွက် အင်မတန် အန္တရာယ်ပေးနိုင်တဲ့အကောင် ဖြစ်ပါတယ်။ ဒီ စင်တီမီတာ အနည်းငယ်လောက်ပဲ ရှိတဲ့ အကောင်လေးတွေ ကိုက်တာခံရရင် ရရှိနိုင်တဲ့ရောဂါတွေ အများကြီး ရှိပါတယ်။ အခု ဒီဆောင်းပါးမှာ ခြင်ကိုက်ခြင်းကြောင့် အဖြစ်များတဲ့ရောဂါတွေထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း

ခြင်ကိုက်ရာက တစ်ဆင့် ပျံ့နှံ့နိုင်တဲ့ ရောဂါအုပ်စုထဲမှာ ဦးနှောက်အမြှေးရောင်ရောဂါတွေက အတော်လေး အဖြစ်များပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က ငှက်တွေရဲ့ သွေးထဲမှာ ပါဝင်နေပါတယ်။ ဒီငှက်တွေကို ကျူးလပ်စ်ခြင် (Culex Mosquitoes) အမျိုးအစားက ကိုက်လိုက်ရာက တစ်ဆင့် ဗိုင်းရပ်စ်ပိုးက ခြင်တွေဆီ ရောက်ရှိသွားပါတယ်။ ဒီကျူးလပ်စ်ခြင်တွေက လူတွေကို သွေးပြန်စုပ်ရာကနေ ရောဂါပျံ့နှံ့ ဖြစ်ပွားစေပါတယ်။

ဦးနှောက်အမြှေးရောင်ဖြစ်စေတဲ့ ဗိုင်းရပ်စ်နာမည်ကိုတော့ West Nile ဗိုင်းရပ်စ်လို့ ခေါ်ပါတယ်။ ခြင်တွေ သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်က လူကိုကိုက်လိုက်တာက တစ်ဆင့် သွေးထဲ ဝင်ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ်က ဦးနှောက်နဲ့ ကျောရိုးမကြီး တစ်ဝိုက်ကို ရောင်ရမ်းလာစေပါတယ်။

လူနာက ဒီအချိန်မှာ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ပြန်ရည်ကြောအကြိတ်တွေ ကြီးလာမယ်၊ ဇက်တောင့်လာမယ်။ အခြေအနေအတော်ဆိုးတဲ့သူတွေမှာဆို တက်မယ်၊ ကိုမာခေါ်တဲ့ သတိမေ့မြောတဲ့အဆင့်ထိ ရောက်မယ်။ အဲဒီကနေ အသက်သေဆုံးတဲ့ အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ အချိန်မီ ကုသနိုင်ရင် အသက်ရှင်နိုင်ပေမဲ့ တစ်သက်လုံး အာရုံကြောအဖွဲ့အစည်း ထိခိုက်မိသွားဖို့ ပိုများပါတယ်။

ကမ္ဘာ့နေရာအသီးသီးက နေရာပေါ်မူတည်ပြီး ဒီဦးနှောက်အမြှေးရောင်ရောဂါကိုလည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်နဲ့ မက္ကဆီကို ပင်လယ်ကွေ့မှာဖြစ်ရင် St. Louis ဦးနှောက်ရောင်ရောဂါ၊ အက်တလန်တာလို့ခေါ်ပြီး ကာရီဘီယံပင်လယ်တစ်ဝိုက်နဲ့ တောင်အမေရိက တစ်ဝိုက်မှာဖြစ်ရင် Eastern Equine ဦးနှောက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ နောက်ပြီး အာရှတစ်ဝိုက်နဲ့ ပစိဖိတ်အနောက်ပိုင်းမှာဖြစ်ရင် ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။

လေ့လာမှုတွေအရတော့ ကူးစက်ခံရတဲ့သူ ၁၅၀ မှာ တစ်ယောက်လောက်ပဲ ရောဂါလက္ခဏာတွေ ဆိုးဆိုးရွားရွား ခံစားရစေတယ်လို့ ဆိုပါတယ်။ အသက်အရွယ်ကြီးတဲ့သူ အထူးသဖြင့် အသက်၅၀ ကျော် လူကြီးတွေဆို ပိုပြီးခံစားရပါမယ်။ ရောဂါတစ်ခါ ကူးစက်ခံရပြီးပြီဆိုရင် သဘာဝအရကို ဒီရောဂါကို ကာကွယ်မှု ပေးလိုက်သလိုဖြစ်ပြီး နောက်တစ်ခါ ထပ်မကူးစက်ခံရတော့ဘူးလို့ ဆိုပါတယ်။

၂။ သွေးလွန်တုပ်ကွေးရောဂါ

အပူပိုင်းနဲ့ သမပိုင်းဇုန်ဒေသတွေမှာ ပိုအတွေ့ရများတဲ့ ရောဂါတစ်ခု (မြန်မာနိုင်ငံမှာလည်း အတော်လေးအဖြစ်များပါတယ်) ကတော့ သွေးလွန်တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါကို သယ်ဆောင်တာက အေးဒီစ် (Aedes Mosquitoes) ခြင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကူးစက်ပုံကလည်း အပေါ်က West Nile ဗိုင်းရပ်စ်ကူးစက်ပုံနဲ့ ဆင်တူပါတယ်။

သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီးရင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဖျက်စီးပစ်နိုင်ပါတယ်။ ပြနိုင်တဲ့ ရောဂါလက္ခဏာတွေက ပုံမှန်ဖျားနာတာနဲ့ ဆင်တူပါတယ်။

  • ဖျားမယ်၊
  • ခေါင်းကိုက်မယ်၊
  • နောက်ကျောနာမယ်၊
  • အဆစ်အမြစ်တွေနာမယ်၊
  • ကိုယ်မှာ အနီကွက်တွေထမယ်၊
  • မျက်လုံးနာမယ်၊
  • ဖျားတာ တစ်ပတ်ကျော်ပြီး ကိုယ်တွင်းသွေးယိုတာတွေ၊ အညိုအမည်း စွဲတာတွေပါ တွဲဖြစ်လာမယ်ဆိုရင် ဒါဟာ သွေးလွန်တုပ်ကွေး သွေးယိုအဆင့်ထိ ရောက်သွားပြီဖြစ်ပြီး ပိုအန္တရာယ် ကြီးမားပါတယ်။
    သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုက ကူးစက်ခံရမှုရဲ့ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါကြောင့် ပေါ့ဆသင့်တဲ့ ရောဂါတစ်ခု မဟုတ်တာတော့ သေချာပါတယ်။ လေ့လာမှုတွေအရ ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူပေါင်း သန်းတစ်ရာလောက် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။

ကူးစက်ခံရတဲ့သူ အတော်များများက အာဖရိကတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာပိုင်းဒေသတွေနဲ့ အရှေ့တောင်အာရှတိုက်မှာ ဖြစ်တာတွေ့ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါအများစုလိုပဲ သွေးလွန်တုပ်ကွေးရောဂါကို တိုက်ရိုက်ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ လူနာခံစားရတဲ့ ဝေဒနာပေါ်မူတည်ပြီး ကုသမှုပေးလို့ပဲ ရပါတယ်။

Related Article >>> ကျန်းမာငယ်ရွယ်တဲ့ အားကစားသမားတွေကိုမှ ခြွေယူတတ်တဲ့ရောဂါ

၃။ အဝါရောင်အဖျားရောဂါ

အဝါရောင်အဖျားရောဂါက အာဖရိကတိုက်နဲ့ တောင်အမေရိကတိုက်မှာ အတွေ့ရများပါတယ်။ ဖြစ်ရတဲ့ ဗိုင်းရပ်စ်ကတော့ Flavivirus ကြောင့်ဖြစ်ပြီး သွေးလွန်တုပ်ကွေးကိုဖြစ်စေတဲ့ အေးဒီးစ် ခြင်ကြောင့်ပဲဖြစ်တာပါ။ အေးဒီးစ်ခြင်ကြားအုပ်စုရှိတဲ့အထဲကမှ Aedes aegypti ဆိုတဲ့ ခြင်ကြောင့် အဓိကဖြစ်ရတာပါ။

ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကြားအကိုက်ခံရပြီး ဗိုင်းရပ်စ်ပိုးက ခန္ဓာကိုယ်ထဲမှာ ပေါက်ပွားဖို့ ၃ ရက် ကနေ ၆ ရက်လောက်အထိ ကြာတတ်ပါတယ်။ ဒီနောက်မှာတော့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတွေဖြစ်လာပါမယ်။ နောက်ပိုင်းဆို နှာခေါင်း သွေးလျှံတာ၊ သွေးအန်တာနဲ့ ဗိုက်အောင့်တာတွေအထိပါ ဖြစ်လာနိုင်ပါတယ်။

အဝါရောင် အဖျားရောဂါကူးစက်ခံရတဲ့ လူအားလုံးရဲ့ ၁၅ ကနေ ၅၀ ရာခိုင်နှုန်းလောက်က အသက်အန္တရာယ် ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အတွက် တိတိကျကျ ကုသမှု မရှိသေးပါဘူး။ သို့ပေမဲ့ ရောဂါဖြစ်နေတဲ့နေရာ ဒေသတွေကို သွားရောက်မယ်ဆိုရင်တော့ ကြိုတင်ပြီး ကာကွယ်ဆေး ထိုးသွားလို့ရပါတယ်။

၄။ ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါကိုဖြစ်စေတဲ့ ကပ်ပါးကောင်တွေကတော့ Plasmodium falciparum ဒါမှမဟုတ် Plasmodium vivax တို့ပဲ ဖြစ်ပါတယ်။ ဒီကပ်ပါးကောင်တွေကို Anopheles ခြင်အမတွေက သယ်ဆောင်ပါတယ်။ ကပ်ပါးပိုးတွေ ခြင်ရဲ့ ကိုယ်ထဲရောက်သွားပြီးရင် မျိုးပွားလာဖို့ ၁၀ ရက်ကနေ ၂ ပတ်လောက် အထိ ကြာမြင့်တတ်ပါတယ်။ အဲဒီနောက် ရောဂါပိုးပါတဲ့ ခြင်က နောက်လူတွေကို ထပ်ကိုက်ရာက တစ်ဆင့် ရောဂါကူးစက်ခံရပါတယ်။

လူ့ခန္ဓာကိုယ်ထဲကို ကပ်ပါးကောင်တွေ ရောက်သွားပြီဆိုတာနဲ့ ပိုးတွေက အသည်းထဲကို ဝင်သွားပြီး အသည်းထဲမှာ ပွားများလာတယ်၊ ကြီးထွားလာပါတယ်။  အကောင်ရေ များလာတာနဲ့အမျှ သွေးလည်ပတ်မှု စနစ်ထဲကို ဝင်ရောက်သွားပြီး လူနာရဲ့ သွေးနီဥဆဲလ်တွေကို ဖျက်စီးပစ်ပါတယ်။ ဒီအဆင့်ရောက်ရင် လူနာမှာ ချမ်းတုန်ဖျားတာ၊ ချွေးထွက်တာ၊ ခေါင်းကိုက်တာ စတဲ့ ငှက်ဖျား လက္ခဏာတွေ ပြလာပါတော့တယ်။ အချိန်မီ မကုသဘူးဆိုရင် ပိုဆိုးတဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ ဥပမာ ကျောက်ကပ်ပျက်စီးတာမျိုး အထိ ဖြစ်တတ်ပါတယ်။ ငှက်ဖျားဆေးတွေပေးပြီး ကုသနိုင်ပါတယ်။

၅။ ဇီကာ ဗိုင်းရပ်စ်

၂၀၁၆ တုန်းက ကမ္ဘာမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ကို ပျံ့နှံ့သွားတဲ့ ဇီကာဗိုင်းရပ်စ်ကိုတော့ လူအတော်များများကြားဖူးကြမှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတောင် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာပြီး ကိုင်တွယ်ခဲ့ရပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် မွေးရာပါ ဦးခေါင်းကျုံ့တဲ့ရောဂါ ဖြစ်ပွားတတ်ပါတယ်။ ဆိုတော့ အထူးသဖြင့် မိခင်တွေ ပိုဂရုစိုက်ရပါတယ်။

ဇီကာ ဗိုင်းရပ်စ်က အေးဒီးစ်ခြင်ကနေ တစ်ဆင့် ကူးစက်သလို လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်ပါတယ်။ အေးဒီးစ်ခြင်တွေက နေ့ခင်းဘက် ကိုက်တတ်တဲ့ ခြင်တွေဖြစ်ပါတယ်။ ဇီကာ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့မရပါဘူး။ တတ်နိုင်သလောက် ခြင်အကိုက်မခံရအောင် လုပ်လို့ပဲရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့တော့ ဇီကာဗိုင်းရပ်စ် ဖြစ်နေတဲ့နေရာတွေကို မသွားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ဘာလက္ခဏာမှ သိသိသာသာ မပြတတ်တဲ့အတွက် ရောဂါရှိနေမှန်းလည်း မသိကြတာများပါတယ်။ လက္ခဏာပြခဲ့ရင်တော့ ငွေ့ငွေ့ဖျားမယ်၊ အနီကွက်တွေထမယ်၊ အဆစ်အမြစ်နာမယ်၊ မျက်လုံးရောင်မယ် စတာတွေဖြစ်နိုင်ပါတယ်။

Related Article >>> အစာအိမ်ရောဂါသမားတွေ သိကို သိထားသင့်တဲ့ စားစရာတွေအကြောင်း

၆။ Chikungunya အဖျားရောဂါ

Chikungunya အဖျားရောဂါဟာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ခြင် အကိုက်ခံရတဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ အေးဒီးစ်ခြင်ကြားကြောင့်ပဲ ဖြစ်တာဖြစ်ပြီး Aedes aegypti နဲ့ Aedes albopictus ဆိုတဲ့ အမျိုးအစားခွဲ ၂ မျိုးကြောင့် ဖြစ်တတ်ပါတယ်။

ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၃ ရက်ကနေ တစ်ပတ်လောက်အကြာမှာ လက္ခဏာတွေ စပြလာပါမယ်။ လက္ခဏာတွေကတော့-

  • ရုတ်တရက်ဖျားမယ်၊
  • အဆစ်အမြစ်နာကျင်ကိုက်ခဲမယ်၊
  • တစ်ခါတလေ အဆစ်တွေရောင်ရမ်းမယ်၊
  • ခေါင်းကိုက်မယ်၊
  • ပျို့အန်မယ်၊
  • နောက်ကျောတွေ နာမယ်၊
  • အနီကွက်တွေ ထွက်ပါမယ်။
  • ရောဂါဖြစ်ရင် အနားယူတာ၊ ရေဓာတ်ပြန်ဖြည့်ပေးတာ၊ ဖျားနာတာအတွက် သောက်ဆေး သောက်တာတွေ လုပ်နိုင်ပါတယ်။

အခုပြောခဲ့တာတွေကတော့ ခြင်ကိုက်ခံရာကနေ တစ်ဆင့် ကူးစက်ခံနိုင်တဲ့ရောဂါတွေနဲ့ ရောဂါ ဖြစ်နိုင်တဲ့ ခြင်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသထဲ ပါဝင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ခြင်ကနေ တစ်ဆင့် ကူးစက်တဲ့ရောဂါ အတော်များများကို စိတ်ပူရမယ့် အခြေအနေလည်း ရှိနေပြီး ခြင်တွေပိုပေါက်ပွားလေ့ရှိတဲ့ မိုးတွင်းအချိန်မျိုးက ပိုအန္တရာယ်ရှိနေပါတယ်။

ဒီဆောင်းပါးလေး ဖတ်ပြီးချိန်မှာတော့ ခြင်အကိုက်ခံတာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ အတိုင်းအတာတစ်ခုထိ သတိပြုမိသွားမယ်ဆိုရင် ကျေနပ်မိပါကြောင်း ပြောကြားရင်း…

Dr. Barry (ကျန်းကျန်းမာမာ By Alinker)

ဤဆောင်းပါးအား ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed