Health

ကေလးငယ္ သြားေပါက္ရမယ့္ အခ်ိန္မွာ သြားမေပါက္လုိ႔ စိတ္ညစ္ေနလား?

အနာသိရင္ ေဆးရွိတယ္ဆိုသလို သြားမေပါက္ရတဲ့ အေၾကာင္းရင္းကို သိမွလည္း ဘယ္လို လုပ္ရမယ္ဆိုတာ အေျဖရွာႏိုင္မွာေပါ့ေအ… 

ကေလးအမ်ားစုက အသက္ ၆ လ မွာ သြားေပါက္တတ္ၾကေပမဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္ မတူတဲ့အတြက္ ေနာက္က်တာမ်ဳိးလည္း ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ကေလး အသက္တစ္ႏွစ္ေက်ာ္တဲ့အထိ မေပါက္ေသးဘူးဆိုရင္ေတာ့ အေရးႀကီးေနပါၿပီေနာ္…

သြားေပါက္ ေနာက္က်တယ္ဆိုတာ ဘာကိုေျပာတာလဲ?

ငယ္သြားစေပါက္လာၿပီဆိုတာနဲ႔ ေနာက္သြားေတြပါ ေပါက္လာေတာ့မွာပါ။ အမ်ားအားျဖင့္ အသက္ ၆ လ မွာ စေပါက္တတ္ေပမဲ့ တခ်ဳိ႕ ေနာက္က်တဲ့ ကေလးေတြက အသက္တစ္ႏွစ္ေလာက္မွ စေပါက္ပါတယ္။ တစ္ႏွစ္ထက္ ေနာက္က်ေနရင္ေတာ့ သြားေပါက္ေနာက္က်တယ္လို႔ ေခၚႏိုင္ပါၿပီ။

သြားေပါက္ေနာက္က်တဲ့ အေၾကာင္းရင္းေတြက ဘာေတြ ျဖစ္မလဲ?

တခ်ဳိ႕ ကေလးေတြက သာမန္ သြားေပါက္ေနာက္က်တာပါ။ ဒီလို မဟုတ္ဘူးဆိုရင္ေတာ့ တျခားအေၾကာင္းရင္း တခုခု ရွိေနလို႔ပါ။ ဘယ္လုိ အေၾကာင္းရင္းေတြလဲဆိုေတာ့…

မ်ဳိးရိုးဗီဇ

မိသားစုထဲမွာ သြားေပါက္ေနာက္က်တဲ့သူရွိရင္ ေယာင္းရဲ႕ ေဘဘီေလး သြားေပါက္ေနာက္က်တာလည္း မဆန္းပါဘူး။ ေယာင္းရဲ႕ မိဘႏွစ္ပါး ဒါမွမဟုတ္ အမ်ဳိးသားမွာ ဒီလို ရာဇဝင္ရွိေနရင္ သြားေပါက္ေနာက္က်တာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ေယာင္းရဲ႕ မိဘနဲ႔ ေယာင္းရဲ႕ အမ်ိဳးသားကို ေမးၾကည့္ပါ။ မိသားစုထဲမွာ တစ္ေယာက္ေယာက္ သြားေပါက္ေနာက္က်ရင္ ေယာင္းရဲ႕ ကေလးလည္း ေနာက္က်ႏိုင္ပါတယ္။

Related Article >>> ကေလးေတြ ကာကြယ္ေဆးထိုးၿပီး နာက်င္မႈ သက္သာေအာင္ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး လုပ္ေပးႏိုင္မယ့္ နည္းလမ္းမ်ား

အာဟာရ ခ်ဳိ႕တဲ့ျခင္း

ေယာင္းရဲ႕ကေလး ႏို႔မဝတဲ့အခါ ဒါမွမဟုတ္ ႏို႔ဘူးတိုက္တာ မလံုေလာက္တဲ့အခါ အာဟာရခ်ဳိ႕တဲ့ၿပီး သြားေပါက္ ေနာက္က်တတ္ပါတယ္။ မိခင္ႏို႔မွာ ကယ္လ္ဆီယမ္ပါတဲ့အတြက္ ေယာင္းရဲ႕ကေလးရဲ႕ အရိုးနဲ႔ သြားေတြ ၾကံ့ခိုင္ဖို႔အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ ကေလးႏို႔မႈန္႔မွာလည္း ကယ္လ္ဆီယမ္၊ ေဖာ့စဖရတ္၊ ဗီတာမင္ ေအ၊ စီနဲ႔ ဒီ ပါဝင္တဲ့အတြက္ ကေလးကို ေကာင္းေကာင္းႀကီးထြားေစပါတယ္။ ကယ္လ္ဆီယမ္က အရိုးနဲ႔ သြားေတြကို ေကာင္းေကာင္းႀကီးထြားေစပါတယ္။ ဒါေပမဲ့ ေယာင္းေယာင္းသံုးတဲ့ ႏို႔မႈန္႔မွာ ကယ္လ္ဆီယမ္ မပါခဲ့ရင္ဘဲ ျဖစ္ျဖစ္ ေယာင္းရဲ႕ကေလးက ႏို႔ဝေအာင္ မစို႔ရင္ပဲျဖစ္ျဖစ္ သြားေပါက္ေနာက္က်ပါလိမ့္မယ္။

သိုင္း႐ြိဳက္ေဟာ္မုန္း ခ်ဳိ႕တဲ့ျခင္း

သိုင္း႐ြိဳက္ေဟာ္မုန္းခ်ဳိ႕တဲ့လာတဲ့အခါ ခႏၶာကိုယ္က အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္ေတာ့ပါဘူး။ ႏွလံုးခုန္ႏႈန္း၊ ဇီဝျဖစ္စဥ္နဲ႔ ခႏၶာကိုယ္အပူခ်ိန္ ထိခိုက္လာပါတယ္။ ေယာင္းရဲ႕ ေဘဘီေလးက သိုင္း႐ြိဳက္ေဟာ္မုန္း ခ်ဳိ႕တဲ့လာတဲ့အခါ သြားေပါက္တာအျပင္ လမ္းေလၽွာက္တာနဲ႔ စကားေျပာတာ စတဲ့ ခႏၶာကိုယ္ရဲ႕ ဖြံ႕ၿဖိဳးမႈေတြ အကုန္ ေနာက္က်ႏိုင္ပါတယ္။

ဘာေတြ ျဖစ္လာႏိုင္သလဲ

အဓိကကေတာ့ ငယ္သြားေပါက္တာ ေနာက္က်တဲ့အတြက္ တကယ္ သြားေပါက္လာတဲ့အခါ သြားမညီတာေတြ မလွတာေတြ ျဖစ္လာႏိုင္ပါတယ္။

ကေလးက သြားေပါက္မွ အစာကို ေကာင္းေကာင္း ဝါးႏိုင္မွာပါ။ ငယ္သြားေပါက္တာ ေနာက္က်ရင္ အစာေသခ်ာ စားႏိုင္္မွာ မဟုတ္ပါဘူးေနာ္.. ဒါမ်ား ဆန္းလို႔လားလို႔ ဆုိႏိုင္ေပမဲ့ သတိမထားမိေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္ေနာ္…

တစ္ခါတေလ ႀကီးသြားနဲ႔ ငယ္သြားေပါက္တာေတြ တိုက္ဆိုင္လာတဲ့အတြက္ သြားထပ္တာေတြ ျဖစ္လာႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ သြားေပါက္ေနာက္က်တဲ့အတြက္ သြားပိုးစားတာ ေရစီးကမ္းၿပိဳတာေတြ ျဖစ္လာႏိုင္ပါတယ္။

Related Article >>> ကေလးခ်က္ႀကိဳး ျပႆနာမ်ားအေၾကာင္း သိေကာင္းစရာ

ဘာလုပ္လို႔ရလဲ?

အရင္ဆံုး မိသားစုထဲမွာ သြားေပါက္ေနာက္က်တဲ့သူ ရွိ၊ မရွိ ေမးၾကည့္ပါေယာင္းေရ။ ဒီလိုလည္း မရွိဘူး၊ ကေလးအသက္လည္း တစ္ႏွစ္ေက်ာ္ေနၿပီ  သြားမေပါက္ေသးဘူးဆိုရင္ ဆရာဝန္နဲ႔ ျပၾကည့္ေနာ္။ တျခား လကၡဏာေတြ ျဖစ္တဲ့ အဝလြန္တာ၊ ဖြံ႕ၿဖိဳးမႈေနာက္က်တာ၊ ႏုံးေခြတာမ်ဳိးလည္း ရွိႏိုင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား ထင္ၾကတာကေလ သြားေပါက္တာ ေနာက္က်ရင္ ဉာဏ္ရည္ခ်ဳိ႕တဲ့တယ္ေပါ့။ တကယ္ေတာ့ အဲ့လို မဟုတ္ပါဘူးေနာ္။ သြားေပါက္တာ ေနာက္က်တဲ့ သူေတြမွာလည္း IQ ျမင့္တဲ့သူေတြ ရွိပါတယ္လို႔…

ကေလးသြားေပါက္တာ ေနာက္က်လို႔ စိုးရိမ္ေနတာလား ေယာင္းေရ…တျခားပံုမွန္မဟုတ္တဲ့ လကၡဏာေတြ ျဖစ္တဲ့ အသံအက္အက္ႀကီးနဲ႔ငိုတာ၊ ဝမ္းခ်ဳပ္တာ၊ ႏွလံုးခုန္မမွန္တာေတြ ရွိ၊ မရွိ ေစာင့္ၾကည့္ပါ။ တကယ္လို႔ ဒါေတြရွိေနၿပီဆိုရင္ အဲဒါေတြက သိုင္းရြိဳက္ေဟာ္မုန္းခ်ိဳ႕တဲ့တဲ့ လကၡဏာေတြမို႔ ဆရာဝန္နဲ႔ ခ်က္ခ်င္း တုိင္ပင္ကုသသင့္ပါတယ္ ေယာင္းတို႔ေရ…

ဘာသာျပန္ေရးသားသူ – ေဒါက္တာ ထက္ထက္ေဇာ္ဝင္း (က်န္းက်န္းမာမာ by Alinker)

Reference : Parenting

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

အနာသိရင် ဆေးရှိတယ်ဆိုသလို သွားမပေါက်ရတဲ့ အကြောင်းရင်းကို သိမှလည်း ဘယ်လို လုပ်ရမယ်ဆိုတာ အဖြေရှာနိုင်မှာပေါ့အေ… 

ကလေးအများစုက အသက် ၆ လ မှာ သွားပေါက်တတ်ကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် နောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကလေး အသက်တစ်နှစ်ကျော်တဲ့အထိ မပေါက်သေးဘူးဆိုရင်တော့ အရေးကြီးနေပါပြီနော်…

သွားပေါက် နောက်ကျတယ်ဆိုတာ ဘာကိုပြောတာလဲ?

ငယ်သွားစပေါက်လာပြီဆိုတာနဲ့ နောက်သွားတွေပါ ပေါက်လာတော့မှာပါ။ အများအားဖြင့် အသက် ၆ လ မှာ စပေါက်တတ်ပေမဲ့ တချို့ နောက်ကျတဲ့ ကလေးတွေက အသက်တစ်နှစ်လောက်မှ စပေါက်ပါတယ်။ တစ်နှစ်ထက် နောက်ကျနေရင်တော့ သွားပေါက်နောက်ကျတယ်လို့ ခေါ်နိုင်ပါပြီ။

သွားပေါက်နောက်ကျတဲ့ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ?

တချို့ ကလေးတွေက သာမန် သွားပေါက်နောက်ကျတာပါ။ ဒီလို မဟုတ်ဘူးဆိုရင်တော့ တခြားအကြောင်းရင်း တခုခု ရှိနေလို့ပါ။ ဘယ်လို အကြောင်းရင်းတွေလဲဆိုတော့…

မျိုးရိုးဗီဇ

မိသားစုထဲမှာ သွားပေါက်နောက်ကျတဲ့သူရှိရင် ယောင်းရဲ့ ဘေဘီလေး သွားပေါက်နောက်ကျတာလည်း မဆန်းပါဘူး။ ယောင်းရဲ့ မိဘနှစ်ပါး ဒါမှမဟုတ် အမျိုးသားမှာ ဒီလို ရာဇဝင်ရှိနေရင် သွားပေါက်နောက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယောင်းရဲ့ မိဘနဲ့ ယောင်းရဲ့ အမျိုးသားကို မေးကြည့်ပါ။ မိသားစုထဲမှာ တစ်ယောက်ယောက် သွားပေါက်နောက်ကျရင် ယောင်းရဲ့ ကလေးလည်း နောက်ကျနိုင်ပါတယ်။

Related Article >>> ကလေးတွေ ကာကွယ်ဆေးထိုးပြီး နာကျင်မှု သက်သာအောင် အမြန်ဆုံးနဲ့ အထိရောက်ဆုံး လုပ်ပေးနိုင်မယ့် နည်းလမ်းများ

အာဟာရ ချို့တဲ့ခြင်း

ယောင်းရဲ့ကလေး နို့မဝတဲ့အခါ ဒါမှမဟုတ် နို့ဘူးတိုက်တာ မလုံလောက်တဲ့အခါ အာဟာရချို့တဲ့ပြီး သွားပေါက် နောက်ကျတတ်ပါတယ်။ မိခင်နို့မှာ ကယ်လ်ဆီယမ်ပါတဲ့အတွက် ယောင်းရဲ့ကလေးရဲ့ အရိုးနဲ့ သွားတွေ ကြံ့ခိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကလေးနို့မှုန့်မှာလည်း ကယ်လ်ဆီယမ်၊ ဖော့စဖရတ်၊ ဗီတာမင် အေ၊ စီနဲ့ ဒီ ပါဝင်တဲ့အတွက် ကလေးကို ကောင်းကောင်းကြီးထွားစေပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့ သွားတွေကို ကောင်းကောင်းကြီးထွားစေပါတယ်။ ဒါပေမဲ့ ယောင်းယောင်းသုံးတဲ့ နို့မှုန့်မှာ ကယ်လ်ဆီယမ် မပါခဲ့ရင်ဘဲ ဖြစ်ဖြစ် ယောင်းရဲ့ကလေးက နို့ဝအောင် မစို့ရင်ပဲဖြစ်ဖြစ် သွားပေါက်နောက်ကျပါလိမ့်မယ်။

သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း

သိုင်းရွိုက်ဟော်မုန်းချို့တဲ့လာတဲ့အခါ ခန္ဓာကိုယ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ နှလုံးခုန်နှုန်း၊ ဇီဝဖြစ်စဉ်နဲ့ ခန္ဓာကိုယ်အပူချိန် ထိခိုက်လာပါတယ်။ ယောင်းရဲ့ ဘေဘီလေးက သိုင်းရွိုက်ဟော်မုန်း ချို့တဲ့လာတဲ့အခါ သွားပေါက်တာအပြင် လမ်းလျှောက်တာနဲ့ စကားပြောတာ စတဲ့ ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုတွေ အကုန် နောက်ကျနိုင်ပါတယ်။

ဘာတွေ ဖြစ်လာနိုင်သလဲ

အဓိကကတော့ ငယ်သွားပေါက်တာ နောက်ကျတဲ့အတွက် တကယ် သွားပေါက်လာတဲ့အခါ သွားမညီတာတွေ မလှတာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးက သွားပေါက်မှ အစာကို ကောင်းကောင်း ဝါးနိုင်မှာပါ။ ငယ်သွားပေါက်တာ နောက်ကျရင် အစာသေချာ စားနိုင်မှာ မဟုတ်ပါဘူးနော်.. ဒါများ ဆန်းလို့လားလို့ ဆိုနိုင်ပေမဲ့ သတိမထားမိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်နော်…

တစ်ခါတလေ ကြီးသွားနဲ့ ငယ်သွားပေါက်တာတွေ တိုက်ဆိုင်လာတဲ့အတွက် သွားထပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ခုကတော့ သွားပေါက်နောက်ကျတဲ့အတွက် သွားပိုးစားတာ ရေစီးကမ်းပြိုတာတွေ ဖြစ်လာနိုင်ပါတယ်။

Related Article >>> ကလေးချက်ကြိုး ပြဿနာများအကြောင်း သိကောင်းစရာ

ဘာလုပ်လို့ရလဲ?

အရင်ဆုံး မိသားစုထဲမှာ သွားပေါက်နောက်ကျတဲ့သူ ရှိ၊ မရှိ မေးကြည့်ပါ။ ဒီလိုလည်း မရှိဘူး၊ ကလေးအသက်လည်း တစ်နှစ်ကျော်နေပြီ  သွားမပေါက်သေးဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ တခြား လက္ခဏာတွေ ဖြစ်တဲ့ အဝလွန်တာ၊ ဖွံ့ဖြိုးမှုနောက်ကျတာ၊ နုံးခွေတာမျိုးလည်း ရှိနိုင်ပါတယ်။ တော်တော်များများ ထင်ကြတာကလေ သွားပေါက်တာ နောက်ကျရင် ဉာဏ်ရည်ချို့တဲ့တယ်ပေါ့။ တကယ်တော့ အဲ့လို မဟုတ်ပါဘူးနော်။ သွားပေါက်တာ နောက်ကျတဲ့ သူတွေမှာလည်း IQ မြင့်တဲ့သူတွေ ရှိပါတယ်လို့…

ကလေးသွားပေါက်တာ နောက်ကျလို့ စိုးရိမ်နေတာလား ယောင်းရေ…တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ အသံအက်အက်ကြီးနဲ့ငိုတာ၊ ဝမ်းချုပ်တာ၊ နှလုံးခုန်မမှန်တာတွေ ရှိ၊ မရှိ စောင့်ကြည့်ပါ။ တကယ်လို့ ဒါတွေရှိနေပြီဆိုရင် အဲဒါတွေက သိုင်းရွိုက်ဟော်မုန်းချို့တဲ့တဲ့ လက္ခဏာတွေမို့ ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်ကုသသင့်ပါတယ် ယောင်းတို့ရေ…

ဘာသာပြန်ရေးသားသူ – ဒေါက်တာ ထက်ထက်ဇော်ဝင်း (ကျန်းကျန်းမာမာ by Alinker)

Reference : Parenting

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *