Health

အကိုုက္အခဲေပ်ာက္ေဆးေတြကို မၾကာမၾကာ ေသာက္လြန္းတဲ့အခါ ဘာေတြ ျဖစ္လာႏုိင္လဲ?

အမေလး… ဖတ္ၾကည့္လုိက္မွ ေၾကာက္စရာႀကီး.. 😱😱

ဒီေန႔ေခတ္မွာ အသံုးမ်ားလာတဲ့ေဆးကိုျပပါဆိုရင္ အကိုက္အခဲေပ်ာက္ေဆးေတြကို လက္ညွိဳးထိုးျပရမွာပါ ေယာင္းတို႔ေရ… ေဈးကြက္မွာ အတြင္က်ယ္ဆံုး အနာသက္သာတဲ့ ေဆးဟာ စတီး႐ိြဳက္မပါတဲ့ အကိုက္အခဲေပ်ာက္ေဆး (NSAID) ေတြပဲ ျဖစ္ပါတယ္။

အက္ဒ္မင္တို႔ အမ်ားစုဟာ ေခါင္းကိုက္လည္း အကိုက္အခဲေပ်ာက္ေဆး ေသာက္လိုက္ေလ၊ ဗိုက္ေအာင့္လည္း အကိုက္အခဲေပ်ာက္ေဆး ေသာက္လိုက္ေလ ဆိုၿပီး ျပႆနာေတာ္ေတာ္မ်ားမ်ားကို အကိုက္အခဲေပ်ာက္ေဆးေတြနဲ႔ ေျဖရွင္းေနၾကသလို ျဖစ္လာပါတယ္။ တကယ္လည္း ေသာက္လုိက္ရင္ သက္သာတာကိုးေနာ္.. ဒါေပမဲ့လို႔ တန္ေဆး၊ လြန္ေဘးဆိုသလို အကိုက္အခဲေပ်ာက္ေဆးေတြ အသံုးမ်ားလာတာနဲ႔အမွ် ေဆးရဲ႕ အႏၱရာယ္ေတြလည္း ႀကီးစိုးလာပါေတာ့တယ္။ ဘယ္လို အႏၱရာယ္ေတြလဲဆိုေတာ့…

(၁) ႏွလံုးပ်က္စီးျခင္း

ႏွလံုးထိခိုက္ႏိုင္မႈဟာ ကိုယ္ေသာက္တဲ့ ေဆးရဲ႕ပမာဏေပၚမွာ မူတည္ပါတယ္။ မ်ားမ်ားေသာက္ေလ ႏွလံုးထိခိုက္ႏိုင္မႈ ပိုမ်ားေလေလပါပဲ။

(၂) အစာအိမ္ႏွင့္အူလမ္းေၾကာင္း ပ်က္စီးျခင္း

အကိုက္အခဲေပ်ာက္ေဆးေတြဟာ ေသြးခဲခ်ိန္ကို ၾကန္႔ၾကာေစတဲ့အတြက္ ဆရာဝန္အမ်ားစုက ေလျဖတ္ေရာဂါနဲ႔ နွလံုးေရာဂါေတြမွာ သံုးၾကပါတယ္။ ဒါေပမဲ့ အကိုက္အခဲေပ်ာက္ေဆးေတြက အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ေသြးယိုစိမ့္မႈကို ျဖစ္ပြားေစပါတယ္။ ဒါ့အျပင္ အစာအိမ္မွာအနာလည္း ျဖစ္တတ္ပါေသးတယ္။

Related Article >>> ဒီေဆးေတြကို တြဲေသာက္မိရင္….😬

(၃) ေက်ာက္ကပ္ထိခိုက္မႈႏႈန္း ျမင့္မားေစျခင္း

အကိုက္အခဲေပ်ာက္ေဆးေတြဟာ ခႏၶာကိုယ္ရဲ႕တစ္သွ်ဴးေတြၾကားမွာ ေရေတြကို ပံုေစတဲ့အတြက္ ေဖာေရာင္ျခင္းကို ျဖစ္ေစပါတယ္။ နာတာ႐ွည္ ေက်ာက္ကပ္ေရာဂါ ႐ွိသူေတြဟာ ဒီေဆးေတြကို ေ႐ွာင္ၾကဥ္သင့္ပါတယ္ေနာ္..

(၄) ျပင္းထန္တဲ့ ဓာတ္မတည့္မႈေတြ ျဖစ္ပြားေစႏုိင္ျခင္း

တခ်ဳိ႕သူေတြက အကိုက္အခဲေပ်ာက္ေဆးေတြနဲ႔ ဓာတ္မတည့္ပါဘူး။ အသက္႐ွဴထုတ္ခ်ိန္မွာ တ႐ႊီ႐ီႊျမည္ျခင္း၊ အနီကြက္မ်ားေပၚလာျခင္း၊ လည္ေခ်ာင္းနာျခင္းေတြအျပင္ အသက္႐ွဴႏႈန္းကိုလည္း ေႏွးေကြးေစပါတယ္။

(၅) ကေလးငယ္မ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားအတြက္ အႏၱရာယ္

ေရေက်ာက္နဲ႔ တုပ္ေကြးမိေနတဲ့ကေလးကို အကိုက္အခဲ ေပ်ာက္ေဆးတိုက္မိတဲ့အခါ အသည္းနဲ႔ ေက်ာက္ကပ္ကို ထိခိုက္ႏိုင္ပါတယ္။ တစ္ခါတေလ အသည္းေရာဂါေၾကာင့္ ေသဆံုးႏိုင္သလို တစ္သက္လံုး ဦးေႏွာက္ပ်က္စီးသြားတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကေလးမွာ ေရေက်ာက္ေပါက္ေနတယ္၊ တုပ္ေကြး မိေနတယ္လို႔မ်ား သံသယ႐ွိရင္ အကိုက္အခဲ ေပ်ာက္ေဆး မတိုက္မိပါေစနဲ႔ ေယာင္းေရ…

Related Article >>> ေယာင္းတို့ေတြ အံ့ၾသသြားရမယ့္ Omega-3 ရဲ႕အက်ိဳးေက်းဇူး (၆) ခ်က္

 ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ အျခားေသာ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့…

  • ဝမ္းခ်ဳပ္ျခင္း
  • အစားစားခ်င္စိတ္မ႐ွိျခင္း
  • ဝမ္းပ်က္ဝမ္းေလွ်ာျခင္း
  • မူးေဝျခင္း
  • ပ်ဳိ႕အန္ျခင္း
  • ေခါင္းကိုက္ျခင္း
  • ရင္ပူျခင္း
  • ေသြးတိုးျခင္း
  • ေျခေထာက္မ်ား ေဖာေရာင္တတ္ျခင္း
  • အသည္းထိခိုက္ျခင္း
  • အနီကြက္မ်ားထြက္ျခင္း
  • နားအူျခင္း
  • ဗိုက္ေအာင့္ျခင္း စတာေတြ ျဖစ္ပါတယ္ေနာ္ ေယာင္းတို႔…

အႏၱရာယ္ကို ဉာဏ္ကူၿပီး ေရွာင္ရွားႏုိင္ၾကပါေစေနာ္…

Translated by Paing (က်န္းက်န္းမာမာ by Alinker)

Reference : Draxe.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

အမလေး… ဖတ်ကြည့်လိုက်မှ ကြောက်စရာကြီး.. 😱😱

ဒီနေ့ခေတ်မှာ အသုံးများလာတဲ့ဆေးကိုပြပါဆိုရင် အကိုက်အခဲပျောက်ဆေးတွေကို လက်ညှိုးထိုးပြရမှာပါ ယောင်းတို့ရေ… ဈေးကွက်မှာ အတွင်ကျယ်ဆုံး အနာသက်သာတဲ့ ဆေးဟာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေး (NSAID) တွေပဲ ဖြစ်ပါတယ်။

အက်ဒ်မင်တို့ အများစုဟာ ခေါင်းကိုက်လည်း အကိုက်အခဲပျောက်ဆေး သောက်လိုက်လေ၊ ဗိုက်အောင့်လည်း အကိုက်အခဲပျောက်ဆေး သောက်လိုက်လေ ဆိုပြီး ပြဿနာတော်တော်များများကို အကိုက်အခဲပျောက်ဆေးတွေနဲ့ ဖြေရှင်းနေကြသလို ဖြစ်လာပါတယ်။ တကယ်လည်း သောက်လိုက်ရင် သက်သာတာကိုးနော်.. ဒါပေမဲ့လို့ တန်ဆေး၊ လွန်ဘေးဆိုသလို အကိုက်အခဲပျောက်ဆေးတွေ အသုံးများလာတာနဲ့အမျှ ဆေးရဲ့ အန္တရာယ်တွေလည်း ကြီးစိုးလာပါတော့တယ်။ ဘယ်လို အန္တရာယ်တွေလဲဆိုတော့…

(၁) နှလုံးပျက်စီးခြင်း

နှလုံးထိခိုက်နိုင်မှုဟာ ကိုယ်သောက်တဲ့ ဆေးရဲ့ပမာဏပေါ်မှာ မူတည်ပါတယ်။ များများသောက်လေ နှလုံးထိခိုက်နိုင်မှု ပိုများလေလေပါပဲ။

(၂) အစာအိမ်နှင့်အူလမ်းကြောင်း ပျက်စီးခြင်း

အကိုက်အခဲပျောက်ဆေးတွေဟာ သွေးခဲချိန်ကို ကြန့်ကြာစေတဲ့အတွက် ဆရာဝန်အများစုက လေဖြတ်ရောဂါနဲ့ နှလုံးရောဂါတွေမှာ သုံးကြပါတယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်မှုကို ဖြစ်ပွားစေပါတယ်။ ဒါ့အပြင် အစာအိမ်မှာအနာလည်း ဖြစ်တတ်ပါသေးတယ်။

Related Article >>> ဒီဆေးတွေကို တွဲသောက်မိရင်….😬

(၃) ကျောက်ကပ်ထိခိုက်မှုနှုန်း မြင့်မားစေခြင်း

အကိုက်အခဲပျောက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့တစ်သျှူးတွေကြားမှာ ရေတွေကို ပုံစေတဲ့အတွက် ဖောရောင်ခြင်းကို ဖြစ်စေပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေဟာ ဒီဆေးတွေကို ရှောင်ကြဉ်သင့်ပါတယ်နော်..

(၄) ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်ပွားစေနိုင်ခြင်း

တချို့သူတွေက အကိုက်အခဲပျောက်ဆေးတွေနဲ့ ဓာတ်မတည့်ပါဘူး။ အသက်ရှူထုတ်ချိန်မှာ တရွှီရွီှမြည်ခြင်း၊ အနီကွက်များပေါ်လာခြင်း၊ လည်ချောင်းနာခြင်းတွေအပြင် အသက်ရှူနှုန်းကိုလည်း နှေးကွေးစေပါတယ်။

(၅) ကလေးငယ်များနှင့် ဆယ်ကျော်သက်များအတွက် အန္တရာယ်

ရေကျောက်နဲ့ တုပ်ကွေးမိနေတဲ့ကလေးကို အကိုက်အခဲ ပျောက်ဆေးတိုက်မိတဲ့အခါ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ တစ်ခါတလေ အသည်းရောဂါကြောင့် သေဆုံးနိုင်သလို တစ်သက်လုံး ဦးနှောက်ပျက်စီးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးမှာ ရေကျောက်ပေါက်နေတယ်၊ တုပ်ကွေး မိနေတယ်လို့များ သံသယရှိရင် အကိုက်အခဲ ပျောက်ဆေး မတိုက်မိပါစေနဲ့ ယောင်းရေ…

Related Article >>> ယောင်းတို့တွေ အံ့သြသွားရမယ့် Omega-3 ရဲ့အကျိုးကျေးဇူး (၆) ချက်

ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြားသော ဘေးထွက်ဆိုးကျိုးတွေကတော့…

  • ဝမ်းချုပ်ခြင်း
  • အစားစားချင်စိတ်မရှိခြင်း
  • ဝမ်းပျက်ဝမ်းလျှောခြင်း
  • မူးဝေခြင်း
  • ပျို့အန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်ပူခြင်း
  • သွေးတိုးခြင်း
  • ခြေထောက်များ ဖောရောင်တတ်ခြင်း
  • အသည်းထိခိုက်ခြင်း
  • အနီကွက်များထွက်ခြင်း
  • နားအူခြင်း
  • ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်ပါတယ်နော် ယောင်းတို့…

အန္တရာယ်ကို ဉာဏ်ကူပြီး ရှောင်ရှားနိုင်ကြပါစေနော်…

Translated by Paing (ကျန်းကျန်းမာမာ by Alinker)

Reference : Draxe.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *