ရာသီလာေနခ်ိန္မွာ လက္ဖက္စားလို႔ရလား?

ရတယ္ထင္လား???? မရဘူးထင္လား??? ေျပာၾကည့္ၾကည့္ 😉 

သို႔… ညီမေလး…

လူႀကီးေတြ ေျပာေနက် ရာသီလာခ်ိန္မလုပ္ရမယ့္ အရာေတြ၊ ေရွာင္ကိုေရွာင္ရမယ္ဆိုတဲ့ ကိစၥေတြ မနည္းမေနာရွိပါတယ္။ ေရွးလူႀကီးေတြရဲ႕ အယူအဆေတြဟာ အလံုးစံုမွန္တယ္လို႔ ေျပာမရရင္ေတာင္ အေတာ္မ်ားမ်ားက မွန္ေနတတ္လို႔ လက္ဆင့္ကမ္းက်င့္သံုးလာၾကတာ မဟုတ္လား…

ညီမေလးတို႔ ရာသီပန္းေလး စပြင့္ၿပီဆိုတာနဲ႔ ညီမေလးရဲ႕ ေမေမတို႔ ဘြားဘြားတို႔က ေယာင္းတို႔ကို ” သမီး ရာသီလာခ်ိန္ ေခါင္းမေလွ်ာ္ရဘူးေနာ္” ” သမီး ရာသီလာခ်ိန္ လက္ဖက္မစားရဘူးေနာ္” စသည္ျဖင့္ ေျပာဆုိေလ့ ရွိၾကတယ္ ဟုတ္??? ဒီအပတ္မွာေတာ့ “ရာသီလာခ်ိန္ လက္ဖက္မစားရဘူး “ဆိုတဲ့ အယူအဆနဲ႔ ပတ္သက္လို႔ ေျပာျပခ်င္ပါတယ္။

ပထမဆံုး ရာသီလာတဲ့ ကိစၥေပါ့ေနာ္… ရာသီလာတယ္ဆိုတာ မိန္းကေလးေဟာ္မုန္းေတြ စည္းခ်က္ညီညီ ကစားလို႔ သားအိမ္နံရံ ထူေနရာကေန ပါးၿပီး သားအိမ္နံရံေတြ ၿပိဳက် ေႂကြက်ရင္းနဲ႔ ရာသီေသြးလို႔ လူတိုင္းသိထားတဲ့ သားအိမ္အတြင္း တစ္႐ွဴးေလးေတြ မိန္းမကိုယ္ကေန တစ္လတစ္ခါ ဆင္းလာတာမ်ိဳးပါ။ ဒီလို ဆင္းဖို႔အတြက္ သားအိမ္ကလည္း အင္တိုက္အားတိုက္ ညႇစ္ခ်ရပါတယ္။

Related Article >>> ရာသီလာတဲ့အခါ မလုပ္မျဖစ္လုပ္သင့္တဲ့ အရာ (၇) ခု

ကဲ လက္ဖက္ ဘက္ကၾကည့္မယ္ဆိုရင္ေရာ ??? လက္ဖက္ဆိုတာ ျမန္မာမိန္းကေလးေတြ အေတာ္ႀကိဳက္တဲ့ အစားအစာပါ။ “အသီးမွာ သရက္။ အရြက္မွာ လက္ဖက္”လ္ု႔ေတာင္ေျပာၾကတာဆိုေတာ့ ေတာ္ရံုနာမည္ႀကီးတဲ့ အစားအစာ မဟုတ္ဘူးေနာ္။

ဒါေပမဲ့ လက္ဖက္ဟာ က်န္းမာေရး ႐ႈေထာင့္ကၾကည့္မယ္ဆိုရင္ေတာ့ သိပ္မေကာင္းတဲ့အထဲ ပါပါတယ္။ လက္ဖက္ရဲ႕ သဘာဝကိုက ခႏၶာကိုယ္မွာ စားတဲ့ သံဓာတ္ေတြကို အူက မစုပ္ေအာင္ ေနာက္တစ္မ်ိဳး ေျပာရမယ္ဆိုရင္ စားသမွ် ေသြးအားမျဖစ္ေအာင္ တားတဲ့ အစားအစာတစ္မ်ိဴးပါ။ ဒါေၾကာင့္ ေသြးအားနည္းေရာဂါရွိသူေတြဆိုရင္ လက္ဖက္ကို လံုးဝေရွာင္ရတာေပါ့။

လက္ဖက္နဲ႔ ရာသီ ဘယ္လို ဆက္စပ္ေနလဲ?

တကယ္ေတာ့ မိန္းကေလးေတြဟာ တစ္လတစ္ခါ ေသြးအားေတြ ဆံုး႐ံႈးေနသူေတြပါ။ ဒါေၾကာင့္ပဲ ေသြးအားေကာင္းတဲ့ အစားအစာေတြကို ပိုစားေပးသင့္ၿပီး ေသြးအားနည္းေစတဲ့ အရာေတြကို အၿမဲေရွာင္သင့္ပါတယ္။

လက္ဖက္ဟာ သူ႔သဘာဝအရကို ေသြးအားနည္းေစတဲ့ အာနိသင္ရွိတာမို႔ ရာသီလာခ်ိန္မွ မဟူတ္ပါဘူး။ တတ္ႏိုင္သမွ် မိန္းကေလးေတြ မစားသင့္တဲ့အစားအစာ ၊ ေသြးအားနည္းေစတဲ့အစားအစာပါ။ ဒါ့အျပင္ လက္ဖက္ဟာ ရာသီလာစဥ္ ကိုက္ခဲျခင္း ၊ စိတ္မတည္မၿငိမ္ျဖစ္ျခင္း ၊ မူးေဝျခင္းတို႔ကို ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ ေရွးလူႀကီးေတြက ရာသီလာခ်ိန္ လက္ဖက္မစားနဲ႔လို လက္ဆင့္ကမ္းခဲ့ၾကတာပါ။

Related Article >>> ညီမေလးတို႔ ရာသီလာစဥ္ ကိုက္ခဲတာ သဘာဝပဲလား?

တကယ္လို႔မ်ား ညီမေလးတို႔က လက္ဖက္ကို အရမ္းႀကိဳက္ခဲ့တယ္ ဆိုရင္ေတာင္ လက္ဖက္ကို ေလွ်ာ့စားဖို႔ အၾကံေပးခ်င္ပါတယ္ေနာ္…

ေသြးအားနည္းတဲ့ လကၡဏာေတြျဖစ္တဲ့

  • ရင္တုန္ျခင္း
  • အိပ္မေပ်ာ္ျခင္း
  • အစားအေသာက္ပ်က္ျခင္း
  • ဆံပင္ကၽြတ္ျခင္း
  • ေမာပန္းလြယ္ျခင္း စတဲ့ လကၡဏာေတြရွိမယ္ဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး လက္ဖက္ကို လံုးဝေရွာင္သင့္ပါတယ္ ညီမေလးတို႔ေရ…

လက္ဖက္အစား ရာသီလာတဲ့အခ်ိန္မွာ ခႏၶာကိုယ္ကို အက်ဳိးျပဳေစမယ့္

  • ဒိန္ခ်ဥ္
  • ငွက္ေပ်ာသီး
  • အစိမ္းေရာင္အရြက္
  • ေခ်ာကလက္တို႔ကို အစားထိုးစားဖို႔အၾကံျပဳရင္း….

မယ္တင္(ေဆး ၁)

<<< Unicode >>>

ရတယ်ထင်လား???? မရဘူးထင်လား??? ပြောကြည့်ကြည့် 😉 

သို့… ညီမလေး…

လူကြီးတွေ ပြောနေကျ ရာသီလာချိန်မလုပ်ရမယ့် အရာတွေ၊ ရှောင်ကိုရှောင်ရမယ်ဆိုတဲ့ ကိစ္စတွေ မနည်းမနောရှိပါတယ်။ ရှေးလူကြီးတွေရဲ့ အယူအဆတွေဟာ အလုံးစုံမှန်တယ်လို့ ပြောမရရင်တောင် အတော်များများက မှန်နေတတ်လို့ လက်ဆင့်ကမ်းကျင့်သုံးလာကြတာ မဟုတ်လား…

ညီမလေးတို့ ရာသီပန်းလေး စပွင့်ပြီဆိုတာနဲ့ ညီမလေးရဲ့ မေမေတို့ ဘွားဘွားတို့က ယောင်းတို့ကို ” သမီး ရာသီလာချိန် ခေါင်းမလျှော်ရဘူးနော်” ” သမီး ရာသီလာချိန် လက်ဖက်မစားရဘူးနော်” စသည်ဖြင့် ပြောဆိုလေ့ ရှိကြတယ် ဟုတ်??? ဒီအပတ်မှာတော့ “ရာသီလာချိန် လက်ဖက်မစားရဘူး “ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့ ပြောပြချင်ပါတယ်။

ပထမဆုံး ရာသီလာတဲ့ ကိစ္စပေါ့နော်… ရာသီလာတယ်ဆိုတာ မိန်းကလေးဟော်မုန်းတွေ စည်းချက်ညီညီ ကစားလို့ သားအိမ်နံရံ ထူနေရာကနေ ပါးပြီး သားအိမ်နံရံတွေ ပြိုကျ ကြွေကျရင်းနဲ့ ရာသီသွေးလို့ လူတိုင်းသိထားတဲ့ သားအိမ်အတွင်း တစ်ရှူးလေးတွေ မိန်းမကိုယ်ကနေ တစ်လတစ်ခါ ဆင်းလာတာမျိုးပါ။ ဒီလို ဆင်းဖို့အတွက် သားအိမ်ကလည်း အင်တိုက်အားတိုက် ညှစ်ချရပါတယ်။

Related Article >>> ရာသီလာတဲ့အခါ မလုပ်မဖြစ်လုပ်သင့်တဲ့ အရာ (၇) ခု

ကဲ လက်ဖက် ဘက်ကကြည့်မယ်ဆိုရင်ရော ??? လက်ဖက်ဆိုတာ မြန်မာမိန်းကလေးတွေ အတော်ကြိုက်တဲ့ အစားအစာပါ။ “အသီးမှာ သရက်။ အရွက်မှာ လက်ဖက်”လ်ု့တောင်ပြောကြတာဆိုတော့ တော်ရုံနာမည်ကြီးတဲ့ အစားအစာ မဟုတ်ဘူးနော်။

ဒါပေမဲ့ လက်ဖက်ဟာ ကျန်းမာရေး ရှုထောင့်ကကြည့်မယ်ဆိုရင်တော့ သိပ်မကောင်းတဲ့အထဲ ပါပါတယ်။ လက်ဖက်ရဲ့ သဘာဝကိုက ခန္ဓာကိုယ်မှာ စားတဲ့ သံဓာတ်တွေကို အူက မစုပ်အောင် နောက်တစ်မျိုး ပြောရမယ်ဆိုရင် စားသမျှ သွေးအားမဖြစ်အောင် တားတဲ့ အစားအစာတစ်မျိူးပါ။ ဒါကြောင့် သွေးအားနည်းရောဂါရှိသူတွေဆိုရင် လက်ဖက်ကို လုံးဝရှောင်ရတာပေါ့။

လက်ဖက်နဲ့ ရာသီ ဘယ်လို ဆက်စပ်နေလဲ?

တကယ်တော့ မိန်းကလေးတွေဟာ တစ်လတစ်ခါ သွေးအားတွေ ဆုံးရှုံးနေသူတွေပါ။ ဒါကြောင့်ပဲ သွေးအားကောင်းတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပြီး သွေးအားနည်းစေတဲ့ အရာတွေကို အမြဲရှောင်သင့်ပါတယ်။

လက်ဖက်ဟာ သူ့သဘာဝအရကို သွေးအားနည်းစေတဲ့ အာနိသင်ရှိတာမို့ ရာသီလာချိန်မှ မဟူတ်ပါဘူး။ တတ်နိုင်သမျှ မိန်းကလေးတွေ မစားသင့်တဲ့အစားအစာ ၊ သွေးအားနည်းစေတဲ့အစားအစာပါ။ ဒါ့အပြင် လက်ဖက်ဟာ ရာသီလာစဉ် ကိုက်ခဲခြင်း ၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း ၊ မူးဝေခြင်းတို့ကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေက ရာသီလာချိန် လက်ဖက်မစားနဲ့လို လက်ဆင့်ကမ်းခဲ့ကြတာပါ။

Related Article >>> ညီမလေးတို့ ရာသီလာစဉ် ကိုက်ခဲတာ သဘာဝပဲလား?

တကယ်လို့များ ညီမလေးတို့က လက်ဖက်ကို အရမ်းကြိုက်ခဲ့တယ် ဆိုရင်တောင် လက်ဖက်ကို လျှော့စားဖို့ အကြံပေးချင်ပါတယ်နော်…

သွေးအားနည်းတဲ့ လက္ခဏာတွေဖြစ်တဲ့

ရင်တုန်ခြင်း
အိပ်မပျော်ခြင်း
အစားအသောက်ပျက်ခြင်း
ဆံပင်ကျွတ်ခြင်း
မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး လက်ဖက်ကို လုံးဝရှောင်သင့်ပါတယ် ညီမလေးတို့ရေ…
လက်ဖက်အစား ရာသီလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို အကျိုးပြုစေမယ့်

ဒိန်ချဉ်
ငှက်ပျောသီး
အစိမ်းရောင်အရွက်
ချောကလက်တို့ကို အစားထိုးစားဖို့အကြံပြုရင်း….
မယ်တင်(ဆေး ၁)

No Comments Yet

Comments are closed