ဇက္ေၾကာတက္ေနၿပီလား?

ဇက္ေၾကာတက္တာ ျဖစ္ေနက်ပဲ ဆုိၿပီး မေပါ့ဆသင့္ပါေနာ္…

ဇက္ေၾကာတက္လိုက္တာလို႔ ေယာင္းတို႔ ေတာ္ေတာ္မ်ားမ်ား ညည္းဖူးၾကလိမ့္မယ္ ထင္ပါရဲ႕… အမ်ားအားျဖင့္ေတာ့ ဇက္ေၾကာတက္တယ္ဆိုတာ ကြန္ပ်ဴတာသံုးတဲ့ အခါမ်ဳိးမွာ၊ ထိုင္ၿပီး အလုပ္လုပ္တဲ့ အခါမ်ဳိးမွာ အေနအထား မမွန္တာမ်ဳိးေတြေၾကာင့္ ျဖစ္ေလ့ရိွပါတယ္။ အဆစ္အျမစ္ေရာင္ေရာဂါ (Osteoarthritis) ေၾကာင့္လည္း ဇတ္ေၾကာတက္ျခင္းကို ခံစားရႏိုင္ပါတယ္တဲ့ ေယာင္းတို႔ေရ..

တစ္ခါတစ္ရံမွာေတာ့ ရွားရွားပါးပါးဆိုသလို တခ်ဳိ႕ေရာဂါေတြေၾကာင့္ ဇတ္ေၾကာတက္တာမ်ိဳးလည္း ျဖစ္ႏိုင္ပါေသးတယ္။ ဒါေၾကာင့္မို႔လည္း ဇတ္ေၾကာတက္တာအျပင္ လက္ေတြ ထံုက်င္တာ အားေလ်ာ့တာ ပုခံုးဆိုးဆိုးရြားရြား စူးေအာင့္တာမ်ဳိး ျဖစ္ေနမယ္ဆိုရင္ေတာ့ နီးစပ္ရာ ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ပါလိမ့္မယ္ေနာ္…

ဘယ္လို အေျခအေနမ်ဳိးကို ဇတ္ေၾကာတက္တယ္လို႔ ေျပာလို႔ရလဲ?

ဇက္ေၾကာတက္ျခင္းရဲ႕ လကၡဏာေတြကေတာ့…

  • ကြန္ပ်ဴတာသံုးတာမ်ဳိး၊ ကားေမာင္းတာမ်ဳိးလို ဦးေခါင္းကို တစ္ေနရာတည္းမွာထားရတဲ့ အလုပ္မ်ဳိးမွာ ပိုဆိုးလာတတ္တာ
  • ႂကြက္သားေတာင့္တင္းနာက်င္ေနတာ
  • ဦးေခါင္းလႈပ္ရွားႏိုင္စြမ္းနည္းလာတာ
  • ေခါင္းကိုက္လာတာ စတာေတြ ျဖစ္ပါတယ္။

Related Article >>> ဇက္ေၾကာတက္ သက္သာေစဖို႔ နည္းလမ္း (၉) ခု

ကဲ.. ဒါဆို ဇက္ေၾကာက ဘာေၾကာင့္တက္ရတာလဲ???

ဇက္ေၾကာတက္ရတဲ့ အေၾကာင္းအရင္းေတြကေတာ့ –

  • လည္ပင္းႂကြက္သားမ်ား ေတာင့္တင္းျခင္း၊
  • အသက္အရြယ္ေၾကာင့္ျဖစ္ေစ၊ ေရာဂါေၾကာင့္ျဖစ္ေစ လည္ပင္း အဆစ္မ်ား ပ်က္စီးျခင္း
  • အရိုးအတက္ထြက္ရာကေန လည္ပင္းတစ္ဝိုက္ရိွ အာရံုေၾကာမ်ားကို ဖိမိျခင္း
  • ထိခိုက္ဒဏ္ရာရျခင္း
  • အရိုးအဆစ္ေရာင္ျခင္း ဦးေနွာက္အေျမွးေရာင္ျခင္းတို႔လို ေရာဂါမ်ဳိးခံစားရျခင္း စတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

အေျခအေန တိတိက်က် သိခ်င္ရင္ ဘာေတြ လုပ္လို႔ရလဲ???

ဇက္ေၾကာတက္ရျခင္းရဲ႕ အေၾကာင္းရင္းကို သိဖို႔အတြက္ဆိုရင္ ဆရာဝန္နဲ႔ ျပသၿပီး ဓာတ္မွန္ရိုက္ျခင္း၊ CT နဲ႔ MRI ရိုက္ျခင္းတို႔လိုမ်ိဳး စစ္ေဆးမႈေတြကို ျပဳလုပ္ႏိုင္ပါတယ္။ တစ္ခါတေလက် တျခား ေရာဂါေတြ ရိွ၊ မရိွ ဆုိတာမ်ိဳး သိရဖို႔ ေသြးစစ္တာမ်ိဳးေတြကိုလည္း လုပ္ရႏုိင္ပါတယ္ ေယာင္းတို႔ေရ..

ဘယ္လို ကုသလို႔ ရပါသလဲ???

  • အရမ္း မဆိုးရြားတဲ့ ဇက္ေၾကာတက္ျခင္းေတြကိုေတာ့ မိမိအိမ္မွာပဲ ကုသမႈျပဳႏုိင္ၿပီး ႏွစ္ပတ္သံုးပတ္ အတြင္းမွာ သက္သာသြားတတ္ပါတယ္။
  • ဇက္ေၾကာတက္တာ မေပ်ာက္ဘဲ အခ်ိန္အၾကာႀကီး ခံစားေနရရင္ေတာ့ ဆရာဝန္နဲ႔ သြားေရာက္ျပသသင့္ပါတယ္။
  • ေဆးဝါးအေနနဲ႔ ကေတာ့ ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူႏုိင္တဲ့ အကိုက္အခဲ ေပ်ာက္ေဆးမ်ဳိးကို သံုးႏုိင္ပါတယ္ေနာ္…

တျခားကုသမႈေတြအေနနဲ႔ ဆိုရင္ေတာ့-

  • ေလ့က်င့္ခန္းလုပ္ျခင္း
  • Transcutaneous Electrical Nerve Stimulation (TENS) (လွ်ပ္စစ္ျဖင့္ အာရံုေၾကာကို လႈံ႕ေဆာ္ျခင္း)
  • လည္ပင္းလႈပ္ရွားမႈ နည္းေအာင္ Collar တပ္ျခင္း စတာေတြ ရိွပါတယ္။
  • (တစ္ခါတေလမွာ) လည္ပင္း အာရံုေၾကာနားကို ေဆးထိုးျခင္း အာရံုေၾကာကို ဖိမိရင္ ခြဲစိတ္ကုသတာမ်ဳိး ျပဳလုပ္ႏုိင္ပါတယ္။

အိမ္တြင္းကုသမႈေတြ အေနနဲ႔ေတာ့-

  • ေဆးဆိုင္မွာ ဝယ္ယူရရိွႏိုင္တဲ့ အကိုက္အခဲေပ်ာက္ ေဆးေသာက္တာ
  • ေရေႏြးအိတ္၊ ေရခဲအိတ္ ကပ္ေပးတာ
  • ဦးေခါင္းနဲ႔ လည္ပင္းေလ့က်င့္ခန္းလုပ္ေပးတာ စတဲ့နည္းလမ္းေတြ ရိွပါတယ္။

Related Article >>> ေယာင္းတို႔ရဲ႕ ေန႔စဥ္ဘဝကို က်န္းမာလွပေစမယ့္ Application (၃) ခု

ဘယ္လို ကာကြယ္လို႔ရပါသလဲ???

ဇက္ေၾကာတက္ျခင္းကို ကာကြယ္ဖို႔အတြက္_

  • ထိုင္တဲ့အခါ ရပ္တဲ့အခါမ်ဳိးမွာ အေနအထားေကာင္းေကာင္း ရိွဖို႔ လိုပါတယ္။
  • အလုပ္ကို ေတာက္ေလွ်ာက္ အခ်ိန္အၾကာႀကီးမလုပ္ဘဲ အနားယူေပးပါ။
  • ကြန္ပ်ဴတာသံုးတဲ့ အခ်ိန္မွာ ေမာ္နီတာက မ်က္လံုးနဲ႔ တစ္တန္းတည္းမွာ ရိွၿပီး ဒူးေခါင္းေတြက ေပါင္ထက္ နိမ့္တဲ့ ေနရာမွာရိွပါေစ။
  • ေဆးလိပ္မေသာက္ပါနဲ႔။
  • ေလးလြန္းတဲ့ ေက်ာပိုးအိတ္ေတြ မလြယ္ပါနဲ႔။
  • အေနအထား မွန္မွန္ကန္ကန္ အိပ္စက္ပါ။

ဒီေလာက္ဆိုရင္ေတာ့ ေယာင္းေယာင္းတို႔လည္း ဇက္ေၾကာတက္ျခင္းအေၾကာင္း ေတာ္ေတာ္ႀကီး သေဘာေပါက္သြားေလာက္ပါၿပီေနာ္…

ဇက္ေၾကာတက္ျခင္းက ကင္းေဝးၿပီး က်န္းမာေပ်ာ္ရႊင္တဲ့ ဘဝေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Dr.MTA (က်န္းက်န္းမာမာ by Alinker)

Reference : mayoclinic

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ဇက်ကြောတက်တာ ဖြစ်နေကျပဲ ဆိုပြီး မပေါ့ဆသင့်ပါနော်…

ဇက်ကြောတက်လိုက်တာလို့ ယောင်းတို့ တော်တော်များများ ညည်းဖူးကြလိမ့်မယ် ထင်ပါရဲ့… အများအားဖြင့်တော့ ဇက်ကြောတက်တယ်ဆိုတာ ကွန်ပျူတာသုံးတဲ့ အခါမျိုးမှာ၊ ထိုင်ပြီး အလုပ်လုပ်တဲ့ အခါမျိုးမှာ အနေအထား မမှန်တာမျိုးတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ အဆစ်အမြစ်ရောင်ရောဂါ (Osteoarthritis) ကြောင့်လည်း ဇတ်ကြောတက်ခြင်းကို ခံစားရနိုင်ပါတယ်တဲ့ ယောင်းတို့ရေ..

တစ်ခါတစ်ရံမှာတော့ ရှားရှားပါးပါးဆိုသလို တချို့ရောဂါတွေကြောင့် ဇတ်ကြောတက်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့်မို့လည်း ဇတ်ကြောတက်တာအပြင် လက်တွေ ထုံကျင်တာ အားလျော့တာ ပုခုံးဆိုးဆိုးရွားရွား စူးအောင့်တာမျိုး ဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါလိမ့်မယ်နော်…

ဘယ်လို အခြေအနေမျိုးကို ဇတ်ကြောတက်တယ်လို့ ပြောလို့ရလဲ?

ဇက်ကြောတက်ခြင်းရဲ့ လက္ခဏာတွေကတော့…

  • ကွန်ပျူတာသုံးတာမျိုး၊ ကားမောင်းတာမျိုးလို ဦးခေါင်းကို တစ်နေရာတည်းမှာထားရတဲ့ အလုပ်မျိုးမှာ ပိုဆိုးလာတတ်တာ
  • ကြွက်သားတောင့်တင်းနာကျင်နေတာ
  • ဦးခေါင်းလှုပ်ရှားနိုင်စွမ်းနည်းလာတာ
  • ခေါင်းကိုက်လာတာ စတာတွေ ဖြစ်ပါတယ်။

Related Article >>> ဇက်ကြောတက် သက်သာစေဖို့ နည်းလမ်း (၉) ခု

ကဲ.. ဒါဆို ဇက်ကြောက ဘာကြောင့်တက်ရတာလဲ???

ဇက်ကြောတက်ရတဲ့ အကြောင်းအရင်းတွေကတော့ –

  • လည်ပင်းကြွက်သားများ တောင့်တင်းခြင်း၊
  • အသက်အရွယ်ကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ လည်ပင်း အဆစ်များ ပျက်စီးခြင်း
  • အရိုးအတက်ထွက်ရာကနေ လည်ပင်းတစ်ဝိုက်ရှိ အာရုံကြောများကို ဖိမိခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း
  • အရိုးအဆစ်ရောင်ခြင်း ဦးနှောက်အမြှေးရောင်ခြင်းတို့လို ရောဂါမျိုးခံစားရခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

အခြေအနေ တိတိကျကျ သိချင်ရင် ဘာတွေ လုပ်လို့ရလဲ???

ဇက်ကြောတက်ရခြင်းရဲ့ အကြောင်းရင်းကို သိဖို့အတွက်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ဓာတ်မှန်ရိုက်ခြင်း၊ CT နဲ့ MRI ရိုက်ခြင်းတို့လိုမျိုး စစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ တစ်ခါတလေကျ တခြား ရောဂါတွေ ရှိ၊ မရှိ ဆိုတာမျိုး သိရဖို့ သွေးစစ်တာမျိုးတွေကိုလည်း လုပ်ရနိုင်ပါတယ် ယောင်းတို့ရေ..

ဘယ်လို ကုသလို့ ရပါသလဲ???

  • အရမ်း မဆိုးရွားတဲ့ ဇက်ကြောတက်ခြင်းတွေကိုတော့ မိမိအိမ်မှာပဲ ကုသမှုပြုနိုင်ပြီး နှစ်ပတ်သုံးပတ် အတွင်းမှာ သက်သာသွားတတ်ပါတယ်။
  • ဇက်ကြောတက်တာ မပျောက်ဘဲ အချိန်အကြာကြီး ခံစားနေရရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
  • ဆေးဝါးအနေနဲ့ ကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးမျိုးကို သုံးနိုင်ပါတယ်နော်…

တခြားကုသမှုတွေအနေနဲ့ ဆိုရင်တော့-

  • လေ့ကျင့်ခန်းလုပ်ခြင်း
  • Transcutaneous Electrical Nerve Stimulation (TENS) (လျှပ်စစ်ဖြင့် အာရုံကြောကို လှုံ့ဆော်ခြင်း)
  • လည်ပင်းလှုပ်ရှားမှု နည်းအောင် Collar တပ်ခြင်း စတာတွေ ရှိပါတယ်။
  • (တစ်ခါတလေမှာ) လည်ပင်း အာရုံကြောနားကို ဆေးထိုးခြင်း အာရုံကြောကို ဖိမိရင် ခွဲစိတ်ကုသတာမျိုး ပြုလုပ်နိုင်ပါတယ်။

အိမ်တွင်းကုသမှုတွေ အနေနဲ့တော့-

  • ဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက် ဆေးသောက်တာ
  • ရေနွေးအိတ်၊ ရေခဲအိတ် ကပ်ပေးတာ
  • ဦးခေါင်းနဲ့ လည်ပင်းလေ့ကျင့်ခန်းလုပ်ပေးတာ စတဲ့နည်းလမ်းတွေ ရှိပါတယ်။

Related Article >>> ယောင်းတို့ရဲ့ နေ့စဉ်ဘဝကို ကျန်းမာလှပစေမယ့် Application (၃) ခု

ဘယ်လို ကာကွယ်လို့ရပါသလဲ???

ဇက်ကြောတက်ခြင်းကို ကာကွယ်ဖို့အတွက်_

  • ထိုင်တဲ့အခါ ရပ်တဲ့အခါမျိုးမှာ အနေအထားကောင်းကောင်း ရှိဖို့ လိုပါတယ်။
  • အလုပ်ကို တောက်လျှောက် အချိန်အကြာကြီးမလုပ်ဘဲ အနားယူပေးပါ။
  • ကွန်ပျူတာသုံးတဲ့ အချိန်မှာ မော်နီတာက မျက်လုံးနဲ့ တစ်တန်းတည်းမှာ ရှိပြီး ဒူးခေါင်းတွေက ပေါင်ထက် နိမ့်တဲ့ နေရာမှာရှိပါစေ။
  • ဆေးလိပ်မသောက်ပါနဲ့။
  • လေးလွန်းတဲ့ ကျောပိုးအိတ်တွေ မလွယ်ပါနဲ့။
  • အနေအထား မှန်မှန်ကန်ကန် အိပ်စက်ပါ။

ဒီလောက်ဆိုရင်တော့ ယောင်းယောင်းတို့လည်း ဇက်ကြောတက်ခြင်းအကြောင်း တော်တော်ကြီး သဘောပေါက်သွားလောက်ပါပြီနော်…

ဇက်ကြောတက်ခြင်းက ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Dr.MTA (ကျန်းကျန်းမာမာ by Alinker)

Reference : mayoclinic

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed