ေမြးကင္းစ ကေလးတိုင္း အသားဝါတတ္လား?

အေျဖကေတာ့ ဒီလို…

အခုေနာက္ပိုင္း ေမြးကင္းစ ကေလးငယ္ေတာ္ေတာ္မ်ားမ်ားမွာ အသားဝါတာမ်ဳိး ေတြ႔ေနရပါတယ္။ ကေလး အသားဝါတဲ့ အေျခအေနက ကေလးေမြးၿပီးေနာက္ ရက္ အနည္းငယ္အတြင္း ျဖစ္တတ္ပါတယ္။ ေမြးၿပီးၿပီးခ်င္း ၂၄ နာရီ အတြင္း အသားဝါမယ္ဆိုရင္ ဒါဟာ သာမန္ျဖစ္ေလ့ရွိတဲ့ အသားဝါျခင္းပါပဲ။

ဘာေၾကာင့္ ျဖစ္ရတာလဲ? 

ခႏၶာကိုယ္မွာ ရွိတဲ့ ေသြးနီဥေတြရဲ႕ သက္တမ္းက ၃ လ ေလာက္ ျဖစ္တာမို႔ သူတို႔ စတင္ ျဖစ္ေပၚၿပီး ၃ လ ျပည့္တဲ့အခါ အလိုလို ပ်က္စီးသြားတဲ့ျဖစ္စဥ္ ဒါမွမဟုတ္ ဖ်က္ဆီးခံရတာမ်ဳိး ရွိ္ပါတယ္။ အဲဒီအခါမွာ ဘီလီရူဘင္-Bilirubin လို႔ ေခၚတဲ့ ဓာတ္တစ္မ်ဳိး ထြက္လာပါတယ္။ အဲဒီဓာတ္ေၾကာင့္ ေမြးကင္းစ ကေလးငယ္ေတြမွာ  အသားဝါတာကုိ ခံစားရတာ ျဖစ္ပါတယ္။ အဲဒီ ဓာတ္က ေသြးထဲမွာ အရမ္းမ်ားလာၿပီဆိုရင္ ကေလးရဲ႕ဦးေႏွာက္ကို ထိခိုက္ႏိုင္ၿပီး မသန္မစြမ္းျဖစ္တာ၊ ဉာဏ္ရည္ ခ်ဳိ႕ယြင္းသြားတာမ်ိဳးထိ ျဖစ္ႏိုင္ပါတယ္။

ကေလးအသားဝါတာကိုျဖစ္ေစတဲ့ တျခား အေၾကာင္းအရင္းေတြလည္း ရွိပါတယ္။

  • အေမနဲ႔ ကေလးရဲ႕ ေသြးအုပ္စုမတည့္ျခင္း
  • အေပါင္းေသြး – အႏုတ္ေသြး မတည့္ျခင္း
  • ေမြးရာပါ အန္ဇိုင္းတစ္မ်ဳိး ခ်ဳိ႕တဲ့ေနျခင္း
  • ေမြးရာပါ ေသြးေရာဂါမ်ား၊
  • အသည္းေရာဂါမ်ား

စတာေတြေၾကာင့္ ျဖစ္ႏိုင္ၿပီး ကေလးက ေပါင္မျပည့္ဘဲေမြးတာ၊ ေန႔မေစ႔လမေစ႔ဘဲ ေမြးတာစတာေတြေၾကာင့္ အသည္းက ေကာင္းေကာင္း အလုပ္မလုပ္ေတာ့တာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

Related Article >>> ကေလးေတြမွာ ေရေက်ာက္ေပါက္ရင္ စိတ္ပူရလား?

ေရာဂါလကၡဏာေတြကေတာ့-

အသားဝါတဲ့အခါ ကေလးရဲ႕ မ်က္ႏွာ ဒါမွမဟုတ္ မ်က္လံုးက စၿပီး ဝါတတ္ပါတယ္။ ေနာက္မွ တျဖည္းျဖည္းနဲ႔ ကေလးရဲ႕ တစ္ကိုယ္လံုးကို ပ်ံ႕ႏွံ႔သြားတာ ျဖစ္ပါတယ္။

သိသာထင္ရွားတဲ့ တျခား လကၡဏာေတြကေတာ့-

  • ကေလးက အရမ္းကို မွိန္းေနတာ၊
  • မိခင္ႏိ္ု႔ကို ေကာင္းေကာင္း မစို႔တာ၊
  • အီၿပီး ဂ်ီက်ေနတာ စတာေတြ ျဖစ္ပါတယ္။

ဦးေႏွာက္ကို ထိခိုက္သြားမယ္ဆိုရင္ေတာ့-

  • အသံစူးစူးဝါးဝါးနဲ႔ ေအာ္ငိုတာ၊
  • ကေလးရဲ႕ ခႏၶာကိုယ္က ေတာင့္တင္းေနတာ၊
  • တက္တာ၊
  • ပံုမွန္မဟုတ္ဘဲ ေပ်ာ့ေခြေနတာ၊
  • ပံုမွန္မဟုတ္တဲ့ လႈပ္ရွားမႈေတြ ရွိေနတာ စတာေတြ ျဖစ္တတ္ပါတယ္။

Related Article >>> ေယာင္းရဲ႕ က်န္းမာေရးနဲ႔ အလွအပအတြက္ ဗီတာမင္ အီးက ေပးစြမ္းႏိုင္တဲ့ ေကာင္းက်ိဳး (၄)သြယ္

ဘယ္လို ကုသႏိုင္ပါသလဲ? 

ကေလးကို

  • ဓာတ္ကင္တာ (မီးျပတာ)
  • ေရာဂါ အရမ္း ျပင္းထန္မယ္ဆိုရင္ ေသြးအသစ္လဲတာ စတာေတြ ျပဳလုပ္ရပါတယ္။

ႀကိဳတင္ ကာကြယ္လို႔ေရာ ရပါသလား?

ႀကိဳတင္ကာကြယ္ခ်င္ရင္ေတာ့-

  • ကိုယ္ဝန္ေဆာင္စဥ္ကတည္းက သက္ဆိုင္ရာ ဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီး ကေလးနဲ႔ မိခင္ ေသြးအုပ္စု တည့္၊ မတည့္ ၊ အေပါင္းေသြး၊ အႏုတ္ေသြး ဘယ္လို အေျခအေနလဲ ဆိုတာကို ႀကိဳတင္ စစ္ေဆးၾကည့္ပါ။
  • ေပါင္ျပည့္၊ လေစ့တဲ့ ကေလးေတြ ေမြးဖြားႏိုင္ေအာင္လည္း ကိုယ္ဝန္ေဆာင္ကတည္းက ဂရုစိုက္ပါ။

က်န္းမာ သန္စြမ္းၿပီး ေရာဂါကင္းစင္တဲ့ ကေလးငယ္ေတြ ေမြးဖြားႏိုင္ၾကပါေစ လို႔ ဆႏၵျပဳလိုက္ပါတယ္။

စာေရးသူ- ေဒါက္တာ ေအာင္ျပည့္ၿဖိဳးဦး (က်န္းက်န္းမာမာ by Alinker)

Ref: Wedmd

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

Unicode ျဖင့္လည္း ေအာက္တြင္ ဖတ္ရႈႏုိင္ပါသည္။

အဖြေကတော့ ဒီလို… 

အခုနောက်ပိုင်း မွေးကင်းစ ကလေးငယ်တော်တော်များများမှာ အသားဝါတာမျိုး တွေ့နေရပါတယ်။ ကလေး အသားဝါတဲ့ အခြေအနေက ကလေးမွေးပြီးနောက် ရက် အနည်းငယ်အတွင်း ဖြစ်တတ်ပါတယ်။ မွေးပြီးပြီးချင်း ၂၄ နာရီ အတွင်း အသားဝါမယ်ဆိုရင် ဒါဟာ သာမန်ဖြစ်လေ့ရှိတဲ့ အသားဝါခြင်းပါပဲ။

ဘာကြောင့် ဖြစ်ရတာလဲ?

ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးနီဥတွေရဲ့ သက်တမ်းက ၃ လ လောက် ဖြစ်တာမို့ သူတို့ စတင် ဖြစ်ပေါ်ပြီး ၃ လ ပြည့်တဲ့အခါ အလိုလို ပျက်စီးသွားတဲ့ဖြစ်စဉ် ဒါမှမဟုတ် ဖျက်ဆီးခံရတာမျိုး ရှိပါတယ်။ အဲဒီအခါမှာ ဘီလီရူဘင်-Bilirubin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ထွက်လာပါတယ်။ အဲဒီဓာတ်ကြောင့် မွေးကင်းစ ကလေးငယ်တွေမှာ  အသားဝါတာကို ခံစားရတာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်က သွေးထဲမှာ အရမ်းများလာပြီဆိုရင် ကလေးရဲ့ဦးနှောက်ကို ထိခိုက်နိုင်ပြီး မသန်မစွမ်းဖြစ်တာ၊ ဉာဏ်ရည် ချို့ယွင်းသွားတာမျိုးထိ ဖြစ်နိုင်ပါတယ်။

Related Article >>> ကလေးတွေမှာ ရေကျောက်ပေါက်ရင် စိတ်ပူရလား?

ကလေးအသားဝါတာကိုဖြစ်စေတဲ့ တခြား အကြောင်းအရင်းတွေလည်း ရှိပါတယ်။

  • အမေနဲ့ ကလေးရဲ့ သွေးအုပ်စုမတည့်ခြင်း
  • အပေါင်းသွေး – အနုတ်သွေး မတည့်ခြင်း
  • မွေးရာပါ အန်ဇိုင်းတစ်မျိုး ချို့တဲ့နေခြင်း
  • မွေးရာပါ သွေးရောဂါများ၊
  • အသည်းရောဂါများ
    စတာတွေကြောင့် ဖြစ်နိုင်ပြီး ကလေးက ပေါင်မပြည့်ဘဲမွေးတာ၊ နေ့မစေ့လမစေ့ဘဲ မွေးတာစတာတွေကြောင့် အသည်းက ကောင်းကောင်း အလုပ်မလုပ်တော့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့-

အသားဝါတဲ့အခါ ကလေးရဲ့ မျက်နှာ ဒါမှမဟုတ် မျက်လုံးက စပြီး ဝါတတ်ပါတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ ကလေးရဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

သိသာထင်ရှားတဲ့ တခြား လက္ခဏာတွေကတော့-

  • ကလေးက အရမ်းကို မှိန်းနေတာ၊
  • မိခင်နို့ကို ကောင်းကောင်း မစို့တာ၊
  • အီပြီး ဂျီကျနေတာ စတာတွေ ဖြစ်ပါတယ်။

ဦးနှောက်ကို ထိခိုက်သွားမယ်ဆိုရင်တော့-

  • အသံစူးစူးဝါးဝါးနဲ့ အော်ငိုတာ၊
  • ကလေးရဲ့ ခန္ဓာကိုယ်က တောင့်တင်းနေတာ၊
  • တက်တာ၊
  • ပုံမှန်မဟုတ်ဘဲ ပျော့ခွေနေတာ၊
  • ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေတာ စတာတွေ ဖြစ်တတ်ပါတယ်။

Related Article >>> ယောင်းရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် ဗီတာမင် အီးက ပေးစွမ်းနိုင်တဲ့ ကောင်းကျိုး (၄)သွယ်

ဘယ်လို ကုသနိုင်ပါသလဲ?

ကလေးကို

  • ဓာတ်ကင်တာ (မီးပြတာ)
  • ရောဂါ အရမ်း ပြင်းထန်မယ်ဆိုရင် သွေးအသစ်လဲတာ စတာတွေ ပြုလုပ်ရပါတယ်။

ကြိုတင် ကာကွယ်လို့ရော ရပါသလား?

ကြိုတင်ကာကွယ်ချင်ရင်တော့-

  • ကိုယ်ဝန်ဆောင်စဉ်ကတည်းက သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကလေးနဲ့ မိခင် သွေးအုပ်စု တည့်၊ မတည့် ၊ အပေါင်းသွေး၊ အနုတ်သွေး ဘယ်လို အခြေအနေလဲ ဆိုတာကို ကြိုတင် စစ်ဆေးကြည့်ပါ။
  • ပေါင်ပြည့်၊ လစေ့တဲ့ ကလေးတွေ မွေးဖွားနိုင်အောင်လည်း ကိုယ်ဝန်ဆောင်ကတည်းက ဂရုစိုက်ပါ။

ကျန်းမာ သန်စွမ်းပြီး ရောဂါကင်းစင်တဲ့ ကလေးငယ်တွေ မွေးဖွားနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

စာရေးသူ- ဒေါက်တာ အောင်ပြည့်ဖြိုးဦး (ကျန်းကျန်းမာမာ by Alinker)

Ref: Wedmd

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

No Comments Yet

Comments are closed