Health

ဆယ္ေက်ာ္သက္ကေလးမ်ားကို သြန္သင္ဆံုးမလိုတဲ့မိဘမ်ားအတြက္ အၾကံျပဳခ်က္

ဒီအရြယ္က ထိန္းရတာအခက္ဆံုးပဲ ဘယ္လိုလုပ္ရမွန္းမသိဘူး ဆိုတဲ့ေမေမတို႔အတြက္…

ဆယ္ေက်ာ္သက္ကေလးေတြဟာ ခႏၶာကုိယ္ပိုင္းေရာစိတ္ပုိင္းဆိုင္ရာမွာပါ ေျပာင္းလဲမႈေတြ အမ်ားႀကီး ျဖစ္ေနတတ္ပါတယ္။ ခႏၶာကိုယ္လည္းထြားႀကိဳင္းလာသလို ေဟာ္မုန္းဓာတ္ေတြ အမ်ားႀကီး ထြက္လာတာေၾကာင့္ ဒီအရြယ္မွာ အရာရာကို ျပန္ပုန္ကန္တြန္းလွန္လိုစိတ္ ရွိေနမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆယ္ေက်ာ္သက္ ကေလးေတြကို ဆံုးမရာမွာ ပါးနပ္ဖို႔ လိုအပ္ပါတယ္…

ကေလးေတြကို မရမက အတင္းႀကီး ေျပာယူတာမ်ဳိးေတြ၊ စကားၾကမ္းၾကမ္းတမ္းတမ္း ေျပာၿပီးဆံုးမတာေတြ၊ ရိုက္ႏွက္ဆံုးမပစ္တာ စတဲ့နည္းေတြက ေကာင္းက်ဳိးထက္ ဆုိးက်ဳိးကိုသာ ပိုေပးပါတယ္။ ကိုယ္သာ ဒီလိုဆံုးမခဲ့ရင္ ကေလးက စကားနားေထာင္ဖို႔ထက္ ေျပာသမွ်ကိုဆန္႔က်င္ဖက္ လုပ္ဖို႔သာ မ်ားပါတယ္။ ဒါ့ေၾကာင့္ ဆယ္ေက်ာ္သက္ကေလးေတြကို ဆံုးမရာမွာ အတင္းေျပာယူတာမ်ဳိး မလုပ္ဘဲ အက်ဳိးသင့္အေၾကာင္းသင့္ ေျပာဆိုေဆြးေႏြးတာ၊ သူတို႔ရဲ႕ခံစားခ်က္ကို နားေထာင္ေပးတာ စတဲ့နည္းေတြက ပိုသင့္ေလ်ာ္ပါတယ္။

ဒီအရြယ္မွာ မိဘေတြအေနနဲ႔ မိမိကေလးရဲ႕ ယံုၾကည္မႈကိုရယူဖို႔က က်န္တာေတြထက္ ပိုအေရးႀကီးပါတယ္။ ဒါမွသာသူတို႔ဘဝေနာက္ပိုင္းကုိယ္နဲ႔ သူတို႔နဲ႔ၾကားဆက္ဆံေရးက အဆင္ေျပမွာပါ။ ေနာက္ၿပီး ဆယ္ေက်ာ္သက္အရြယ္ဆိုတာ ပ်က္စီးရာပ်က္စီးေၾကာင္း လမ္းေၾကာင္းေတြက မ်ားလွပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကိုလမ္းမွန္ျပေပးတာ ကေလးငယ္ေတြရဲ႕ ေနာက္ပိုင္းဘဝအတြက္ပါ အေရးပါလွပါတယ္။ ဒါေၾကာင့္ ဒီေဆာင္းပါးမွာေတာ့ မိဘေတြအေနနဲ႔ ဆယ္ေက်ာ္သက္အရြယ္ကေလးေတြကို ဆံုးမရာမွာ အသံုးျပဳၾကည့္တဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သူငယ္ခ်င္းေပါင္း ေပါင္းပါ။

ဒီအခ်က္က အေရးႀကီးဆံုးျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ကေလးငယ္ေတြမွာ အေပါင္းအသင္းေတြ မ်ားပါတယ္။ သူတို႔သူငယ္ခ်င္းေတြကိုပဲ ယံုၾကည္ေလ့၊ ေဆြးေႏြးေလ့ရွိၾကပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြကို ျပဳျပင္ခ်င္ရင္ အရင္ဆံုးသူတို႔ ကိုယ့္ကုိ ယံုၾကည္လာေအာင္လုပ္ရပါမယ္။ အသင့္ေတာ္ဆံုးနည္းကေတာ့ သူတို႔ကို ကုိယ့္သူငယ္ခ်င္းလို သေဘာထားၿပီး ေပါ့ေပ့ါပါးပါး ေပါင္းသင္းၾကည့္တဲ့နည္းျဖစ္ပါတယ္။ ဒီလိုေနတဲ့အခါ သူတို႔နဲ႔ေျပာဆိုဆက္ဆံရတာ အရင္ကထက္ ပိုလြယ္ကူလာႏိုင္တယ္။

ေနာက္ၿပီး ဆယ္ေက်ာ္သက္ေတြက လြတ္လပ္မႈကိုအရမ္းလိုခ်င္တတ္ၾကပါတယ္။ မိဘအေနနဲ႔လည္း စိတ္ပူတာမွန္ေပမဲ့ ကိုယ့္ကေလးငယ္က ဒီအသက္အရြယ္အပိုင္းအျခားမွာပဲ ခႏၶာကိုယ္ ေျပာင္းလဲမႈေၾကာင့္ ဒီလိုျဖစ္ရတယ္ဆိုတာ သေဘာေပါက္ထားဖို႔လိုပါတယ္။ အတင္းႀကီး မခ်ဳပ္ခ်ယ္ပါနဲ႔။ သူတို႔ခံစားေနရတာ၊ ေျပာခ်င္တာေတြကို ေသခ်ာနားေထာင္ေပးပါ။ ၾကားထဲကေန ဘယ္လိုေတာ့ေကာင္းတယ္၊ မေကာင္းဘူးဆုိတာကို ျဖတ္မေျပာဘဲ နားေထာင္ေပးပါ။ ၿပီးေတာ့မွ ကိုယ့္အထင္ကို ပြင့္ပြင့္လင္းေျပာျပပါ။ ဒါေပမဲ့ ဒီလုိအဆင့္ထိေရာက္ဖုိ႔ကိုယ္ကုိ သူ႔သူငယ္ခ်င္း တစ္ေယာက္လို ျမင္ဖို႔အရင္လိုအပ္ပါတယ္။ ဒါမွသူကလည္းေျပာျပမွာပါ။

ေမးစရာရွိတာက သူငယ္ခ်င္းေပါင္းေပါင္းရင္ မိဘကို မရိုမေသ ျဖစ္လာႏိုင္သလားဆိုတာပါ။ မျဖစ္ႏိုင္ပါဘူး။ ဥပမာေျပာရရင္ ကိုယ့္မွာလည္း ကိုယ္နဲ႔ အသက္အရြယ္သူငယ္ခ်င္းေတြရွိပါတယ္။ သူတို႔နဲ႔ ေျပာမနာဆိုမနာ ဆိုေပမဲ့ ေလးစားမႈေတာ့ ထားတတ္ၾကပါတယ္။ ဒီကိစၥမွာလည္း ဒီလိုပါပဲ။ တစ္ခါတေလ ကိုယ့္သားသမီးက ကိုယ့္ကုိတကယ့္္ သူ႔သူငယ္ခ်င္းတစ္ေယာက္လို သေဘာထားၿပီး အၾကံဉာဏ္ေတာင္းတာေတြပါ လုပ္လာတတ္ပါတယ္။ ဒီအထိေရာက္ရင္ေတာ့ အေတာ္ေလးအေျခအေန ေကာင္းေနပါၿပီ။

တစ္ခုရွိတာက သူငယ္ခ်င္းေပါင္းေပါင္းတယ္ဆိုရာမွာ အၿမဲတမ္းလိုက္ေလ်ာေနဖို႔ေတာ့ မဟုတ္ပါဘူး။ ကိုယ့္သားသမီးအတြက္ တကယ္ကို အႏၱရာယ္ရွိမယ့္ အရာမ်ဳိး ဥပမာ-မူးယစ္ေဆးသံုးစဲြတဲ့ကိစၥမ်ဳိးနဲ႔ ပတ္သက္လာရင္ေတာ့ မိဘတစ္ေယာက္အေနနဲ႔ ေျပာဆိုစရာရွိတာကို ေျပာဆိုရပါမယ္။

၂။ အခ်ိန္ေတြ အတူတူကုန္ဆံုးေပးပါ

ေန႔စဥ္ ကေလးနဲ႔ အတူေနႏိုင္၊ စကားေျပာႏိုင္ဖို႔ႀကိဳးစားပါ။ အခ်ိန္အၾကာႀကီးမရေတာင္ ထမင္းအတူစားရင္း ဒါမွမဟုတ္လည္း ပန္းကန္ေတြ အတူေဆးရင္း ေက်ာင္းက ကိစၥေတြေျပာၾကတာ၊ အလုပ္က အမွတ္စရာကိစၥေလးေတြေျပာျပတာမ်ဳိးေလးေတြနဲ႔တင္ လုံေလာက္ပါတယ္။ အဓိကကေတာ့ သူတုိ႔ဘ၀နဲ႔ မ်က္ေျခမျပတ္သြားဖို႔ပါပဲ။ ကိုယ့္အလုပ္ခ်ည္းပဲ ဖိလုပ္ေနမိၿပီး သားသမီးနဲ႔ အခ်ိန္မေပးႏိုင္တဲ့ မိဘေတြအေနနဲ႔ သားသမီးနဲ႔အတူသံုးရတဲ့ အခ်ိန္ေတြဆိုတာ တန္ဖိုးႀကီးပစၥည္းေတြလို႔ ျပန္ျပန္သတိရေပးပါ။ ေနာက္ၿပီးတစ္ပတ္ကို တစ္ခါေလာက္ပဲျဖစ္ျဖစ္ ေစ်းအတူသြားဝယ္ၾကတာ၊ ေလ့က်င့္ခန္းအတူလုပ္ၾကတာမ်ဳိးေတြလည္း လုပ္ေပးပါ။ ဒီလိုရိုးရွင္းတဲ့နည္းေလးေတြက ကေလးငယ္နဲ႔ကိုယ္ရဲ႕ၾကားက သံေယာဇဥ္ကို ပိုခိုင္ၿမဲေစပါလိမ့္မယ္။

၃။ ေလးစားပါ၊ အေလ်ာ႔ေပးသင့္တာေပးပါ။

ဆယ္ေက်ာ္သက္အရြယ္ဆိုတာ စပ္ကူးမတ္ကူးကာလ ျဖစ္ေနပါတယ္။ ကေလးက မၾကာခင္မွာ အရြယ္ေရာက္တဲ့သူ တစ္ေယာက္ျဖစ္လာေတာ့မွာပါ။ ဒါ့ေၾကာင့္ သူလည္း အရင္ကထက္ ပိုၿပီးလြတ္လပ္မႈေတာင္းဆိုလာႏိုင္ပါတယ္။ ဥပမာ- ညဖက္သူငယ္ခ်င္းေမြးေန႔ သြားတာမ်ဳိးေပါ့။ ဒါမ်ဳိးေတြျဖစ္လာရင္ စိတ္ပူတဲ့အဆိုးဘက္ကခ်ည္း ေတြးၿပီး ခ်က္ခ်င္းတားဆီးတာမ်ဳိး မလုပ္ပါနဲ႔။ သူတို႔လည္း လြတ္လပ္မႈကို ေတာင္းဆိုဖို႔အခြင့္အေရးရွိတာကို သတိရပါ။ ခြင့္ျပဳေပးသင့္တာ ခြင့္ျပဳေပးဖို႔လိုၿပီး ဘယ္သြားမွာလဲ၊ ဘယ္သူနဲ႔သြားမွာလဲ၊ ဘယ္ေလာက္ၾကာမွာလဲ စတာေတြကို ေသခ်ာေမးထားပါ။ ကေလးဘယ္မွာ ဘာလုပ္ေနတယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။

Related Article >>> ဆယ္ေက်ာ္သက္အရြယ္မွာ မရွိမျဖစ္ လိုအပ္တဲ့ အာဟာရဓာတ္မ်ား

၄။ ေက်ာင္းဆင္းရင္ သြားႀကိဳေပးပါ။

ဆယ္ေက်ာ္သက္ေတြ စုၿပီး မဟုတ္တာလုပ္ၾကတဲ့ အခ်ိန္အမ်ားစုက သူတို႔ေက်ာင္းကဆင္းၿပီး သြားလုပ္ၾကတာ မ်ားပါတယ္။ ဒါ့ေၾကာင့္ ကေလးေက်ာင္းဆင္းခ်ိန္မွာ သြားႀကိဳႏိုင္ေအာင္ လုပ္ထားသင့္ပါတယ္။ မႀကိဳႏိုင္လို႔ လူႀကီးတစ္ေယာက္ေယာက္နဲ႔ လႊတ္လိုက္တယ္ဆိုလည္း ဒီလူက စိတ္ခ်ရတဲ့လူ ျဖစ္ဖို႔လုိပါတယ္။

၅။ ကေလးကို ေရြးခ်ယ္ခြင့္ေပးပါ။

မိဘဆိုတာ ကိုယ့္သားသမီးကို အေတာ္ဆံုး အေကာင္းဆံုးေတာ့ျဖစ္ေစခ်င္တာခ်ည္းပါပဲ။ ဆယ္ေက်ာ္သက္ေတြကိုယ္တိုင္လည္း ဒီအရြယ္မွာသူတို႔က ဘာဆိုတာျပဖို႔ အစြမ္းကုန္ ႀကိဳးစားေလ့ရွိၾကတယ္။ ဒီအခါမွာ ကိုယ့္ကေလးျဖစ္ခ်င္တာက ကိုယ္ျဖစ္ေစခ်င္တာနဲ႔ မတူလို႔ အတင္းလိုက္ပိတ္ပင္တာမ်ဳိး မလုပ္ပါနဲ႔။ သူ႔ရဲ႕ေရြးခ်ယ္မႈကိုေလးစားပါ။ နားလည္ေပးပါ၊ အားေပးကူညီပါ။ သူေရြးခ်ယ္တဲ့လမ္းေၾကာင္းကို လုပ္ေနရင္းေတြ႔တဲ့အခက္အခဲေတြကသူ႔ကုိ ပိုသန္မာလာေစမွာပါ။

၆။ နားေထာင္ေပးပါ။

ကေလးဆိုေတာ့ လူႀကီးေတြေလာက္ထိန္းခ်ဳပ္မႈ မရွိပါဘူး။ တစ္ခါတေလ သူတို႔ေျပာခ်င္တဲ့ စိတ္၀င္စားတဲ့အေၾကာင္းအရာကိုပဲ ထပ္ခါတစ္လဲလဲ လာေျပာေနမိတတ္ၾကပါတယ္။ ဒီအခါ တတ္ႏိုင္သေလာက္ နားေထာင္ေပးပါ။ ဒါဟာသူတို႔ရဲ႕ ခႏၶာကိုယ္ကေျပာင္းလဲမႈ ၾကံဳေတြ႔ေနရတဲ့အတြက္ေၾကာင့္ ျဖစ္တယ္ဆိုတာ သေဘာေပါက္ေပးပါ။

၇။ ထမင္းအတူတူစားပါ။

ထမင္း၀ိုင္းမွာ မိသားစုအတူထိုင္ၿပီး ထမင္းစားရင္း စကားေတြေဝေဝဆာဆာ ေျပာၾကတာေလာက္ႏွစ္လိုဖြယ္ေကာင္းတဲ့ ျမင္ကြင္းမရွိပါဘူး။ ဆယ္ေက်ာ္သက္ အရြယ္ကေလးေတြရွိရင္ သူတို႔နဲလည္း ဒီလိုမ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစားေသာက္ရင္း စကားေျပာၾကည့္ပါ။ ဒါသူတို႔နဲ႔ ထိေတြ႔ဖို႔အခ်ိန္တစ္ခုျဖစ္သလို သူတို႔ရဲ႕ခံစားခ်က္ေတြကို ထုတ္ေျပာေလ့လည္း ရွိပါတယ္။ တစ္ခုရွိတာက ဒီအရြယ္ကေလးေတြက အေပါင္းအသင္း မင္တာေၾကာင့္ ညဖက္သြားစရာလာစရာကိစၥကေလးေတြ ရွိေနတတ္ၾကပါတယ္။ ဒီလိုဆိုလည္း ကိုယ့္ဖက္က နားလည္ၿပီးအေလွ်ာ႔အတင္းေလး လုပ္ၾကည့္ေပးပါ။ ဥပမာ- ထမင္းအတူစားၿပီး ၁၀ မိနစ္ေလာက္ စကားထိုင္ေျပာၿပီးမွ သြားဖို႔ညွိႏိွႈင္းၾကည့္တာမ်ဳိးေပါ့။

၈။ အိပ္ခ်ိန္အလံုအေလာက္ရပါေစ။

ဆယ္ေက်ာ္သက္အရြယ္ေတြက ႀကီးထြားေနတုန္းမို႔လုိ႔ တစ္ေန႔ကိုအနည္းဆံုးအိပ္ခ်ိန္ ၉ နာရီေလာက္ လိုပါတယ္။ မအိပ္ခင္ေကာ္ဖီေသာက္တာ၊ တီဗီၾကည့္တာ၊ ဖုန္းသံုးတာ စတဲ့လုပ္ရပ္ေတြက ပံုမွန္အိပ္ခ်ိန္ကို အေႏွာင့္အယွက္ေပးတတ္တာေၾကာင့္ အခ်ိန္ကို ကန္႔သတ္ၿပီး သံုးေအာင္နားခ်ပါ။

Related Article >>> ဘယ္အခ်ိန္မွာသူ႔ကို ေဖေဖ၊ေမေမ တို႔နဲ႔ ေပးေတြ႕သင့္ၿပီလဲ

၉။ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ပါ။

ကိုယ္ကကုိယ့္သားသမီးကို ဆူပူတာ၊ ရိုက္ႏွက္တာေတြမလုပ္ဘဲ ဆံုးမျပဳျပင္ခဲ့တယ္ဆိုရင္ သူလည္း ကိုယ့္ကို လိမ္ညာမွာ မဟုတ္ပါဘူး။ ဘာ့ေၾကာင့္လည္းဆိုေတာ့ သူလည္း ကိုယ္နဲ႔သူၾကားက ဆက္ဆံေရးကို အေလးထားလို႔ပါ။ ဒီလိုတစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ ယံုၾကည္လို႔ရတဲ့ဆက္ဆံေရး တည္ေဆာက္ပါ။

တကယ္လို႔ုကိုယ့္ကို သူကလိမ္ညာခဲ့မယ္ဆိုလည္း ကိုယ္ဘယ္လိုခံစားရေၾကာင္း သူ႔ကိုေသခ်ာေျပာျပေပးပါ။ ခ်က္ခ်င္းေဒါသေတြထြက္ၿပီး ကိုယ္ထိလက္ေရာက္ဆံုးမတာက ဘာမွ အသံုးမ၀င္သလို အေျခအေနေတြ ပိုဆိုးကုန္ပဲ ရွိမွာပါ။ ကိုယ့္ကိုလိမ္လုိ႔ ဘယ္လိုခံစားရတဲ့အေၾကာင္း သူနားလည္သြားရင္ ဒီအခါမွာသူလည္း ကိုယ္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရဖို႔ျပန္ႀကိဳးစားမွာပါ။

၁၀။ ကိုယ့္ကေလးက ဆယ္ေက်ာ္သက္အရြယ္ပဲရွိေသးတာ သတိရပါေစ။

ကေလးက ေက်ာင္းစာေတြ သိပ္မလုပ္ဘူး၊ ကိုယ္ျဖစ္ေစခ်င္ တတ္ေစခ်င္တဲ့ ေက်ာင္းကို မတတ္လို႔ဆိုၿပီး မဆူပူပါနဲ႔။ သူကသူဝါသနာပါရာလမ္းေၾကာင္းကို အခ်ိန္ေပးၿပီး ေရြးခ်ယ္ေနတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္သလို တျခားအေၾကာင္းတစ္ခုုခုရွိေနလို႔လည္း ျဖစ္ႏုိင္ပါတယ္။ ဥပမာ- ခ်စ္သူေကာင္မေလးနဲ႔အဆင္မေျပလို႔ စာမလုပ္ခ်င္တာ၊ ဒါမွမဟုတ္ မိဘတတ္ေစခ်င္တဲ့ေက်ာင္းက သူမတတ္ခ်င္တဲ့ေက်ာင္းျဖစ္ေနတာ စတာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ပါေစ သူေျပာတာကို စိတ္ရွည္ရွည္နဲ႔နားေထာင္ၿပီး အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္သာေပးဖို႔ႀကိဳးစားပါ။

Dr. Barry (က်န္းက်န္းမာမာ by Alinker)

Ref: www.ahaparenting.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker ကိုအထူးပင္ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

ဒီအရွယ်က ထိန်းရတာအခက်ဆုံးပဲ ဘယ်လိုလုပ်ရမှန်းမသိဘူး ဆိုတဲ့မေမေတို့အတွက်…

ဆယ်ကျော်သက်ကလေးတွေဟာ ခန္ဓာကိုယ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ အများကြီး ဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ်လည်းထွားကြိုင်းလာသလို ဟော်မုန်းဓာတ်တွေ အများကြီး ထွက်လာတာကြောင့် ဒီအရွယ်မှာ အရာရာကို ပြန်ပုန်ကန်တွန်းလှန်လိုစိတ် ရှိနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက် ကလေးတွေကို ဆုံးမရာမှာ ပါးနပ်ဖို့ လိုအပ်ပါတယ်…

ကလေးတွေကို မရမက အတင်းကြီး ပြောယူတာမျိုးတွေ၊ စကားကြမ်းကြမ်းတမ်းတမ်း ပြောပြီးဆုံးမတာတွေ၊ ရိုက်နှက်ဆုံးမပစ်တာ စတဲ့နည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုပေးပါတယ်။ ကိုယ်သာ ဒီလိုဆုံးမခဲ့ရင် ကလေးက စကားနားထောင်ဖို့ထက် ပြောသမျှကိုဆန့်ကျင်ဖက် လုပ်ဖို့သာ များပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်ကလေးတွေကို ဆုံးမရာမှာ အတင်းပြောယူတာမျိုး မလုပ်ဘဲ အကျိုးသင့်အကြောင်းသင့် ပြောဆိုဆွေးနွေးတာ၊ သူတို့ရဲ့ခံစားချက်ကို နားထောင်ပေးတာ စတဲ့နည်းတွေက ပိုသင့်လျော်ပါတယ်။

ဒီအရွယ်မှာ မိဘတွေအနေနဲ့ မိမိကလေးရဲ့ ယုံကြည်မှုကိုရယူဖို့က ကျန်တာတွေထက် ပိုအရေးကြီးပါတယ်။ ဒါမှသာသူတို့ဘဝနောက်ပိုင်းကိုယ်နဲ့ သူတို့နဲ့ကြားဆက်ဆံရေးက အဆင်ပြေမှာပါ။ နောက်ပြီး ဆယ်ကျော်သက်အရွယ်ဆိုတာ ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းတွေက များလှပါတယ်။ ဒါ့ကြောင့် သူတို့ကိုလမ်းမှန်ပြပေးတာ ကလေးငယ်တွေရဲ့ နောက်ပိုင်းဘဝအတွက်ပါ အရေးပါလှပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ မိဘတွေအနေနဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေကို ဆုံးမရာမှာ အသုံးပြုကြည့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူငယ်ချင်းပေါင်း ပေါင်းပါ။

ဒီအချက်က အရေးကြီးဆုံးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေမှာ အပေါင်းအသင်းတွေ များပါတယ်။ သူတို့သူငယ်ချင်းတွေကိုပဲ ယုံကြည်လေ့၊ ဆွေးနွေးလေ့ရှိကြပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ပြုပြင်ချင်ရင် အရင်ဆုံးသူတို့ ကိုယ့်ကို ယုံကြည်လာအောင်လုပ်ရပါမယ်။ အသင့်တော်ဆုံးနည်းကတော့ သူတို့ကို ကိုယ့်သူငယ်ချင်းလို သဘောထားပြီး ပေါ့ပေ့ါပါးပါး ပေါင်းသင်းကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီလိုနေတဲ့အခါ သူတို့နဲ့ပြောဆိုဆက်ဆံရတာ အရင်ကထက် ပိုလွယ်ကူလာနိုင်တယ်။

နောက်ပြီး ဆယ်ကျော်သက်တွေက လွတ်လပ်မှုကိုအရမ်းလိုချင်တတ်ကြပါတယ်။ မိဘအနေနဲ့လည်း စိတ်ပူတာမှန်ပေမဲ့ ကိုယ့်ကလေးငယ်က ဒီအသက်အရွယ်အပိုင်းအခြားမှာပဲ ခန္ဓာကိုယ် ပြောင်းလဲမှုကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။ အတင်းကြီး မချုပ်ချယ်ပါနဲ့။ သူတို့ခံစားနေရတာ၊ ပြောချင်တာတွေကို သေချာနားထောင်ပေးပါ။ ကြားထဲကနေ ဘယ်လိုတော့ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဖြတ်မပြောဘဲ နားထောင်ပေးပါ။ ပြီးတော့မှ ကိုယ့်အထင်ကို ပွင့်ပွင့်လင်းပြောပြပါ။ ဒါပေမဲ့ ဒီလိုအဆင့်ထိရောက်ဖို့ကိုယ်ကို သူ့သူငယ်ချင်း တစ်ယောက်လို မြင်ဖို့အရင်လိုအပ်ပါတယ်။ ဒါမှသူကလည်းပြောပြမှာပါ။

မေးစရာရှိတာက သူငယ်ချင်းပေါင်းပေါင်းရင် မိဘကို မရိုမသေ ဖြစ်လာနိုင်သလားဆိုတာပါ။ မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် ကိုယ့်မှာလည်း ကိုယ်နဲ့ အသက်အရွယ်သူငယ်ချင်းတွေရှိပါတယ်။ သူတို့နဲ့ ပြောမနာဆိုမနာ ဆိုပေမဲ့ လေးစားမှုတော့ ထားတတ်ကြပါတယ်။ ဒီကိစ္စမှာလည်း ဒီလိုပါပဲ။ တစ်ခါတလေ ကိုယ့်သားသမီးက ကိုယ့်ကိုတကယ့် သူ့သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး အကြံဉာဏ်တောင်းတာတွေပါ လုပ်လာတတ်ပါတယ်။ ဒီအထိရောက်ရင်တော့ အတော်လေးအခြေအနေ ကောင်းနေပါပြီ။

တစ်ခုရှိတာက သူငယ်ချင်းပေါင်းပေါင်းတယ်ဆိုရာမှာ အမြဲတမ်းလိုက်လျောနေဖို့တော့ မဟုတ်ပါဘူး။ ကိုယ့်သားသမီးအတွက် တကယ်ကို အန္တရာယ်ရှိမယ့် အရာမျိုး ဥပမာ-မူးယစ်ဆေးသုံးစွဲတဲ့ကိစ္စမျိုးနဲ့ ပတ်သက်လာရင်တော့ မိဘတစ်ယောက်အနေနဲ့ ပြောဆိုစရာရှိတာကို ပြောဆိုရပါမယ်။

၂။ အချိန်တွေ အတူတူကုန်ဆုံးပေးပါ။

နေ့စဉ် ကလေးနဲ့ အတူနေနိုင်၊ စကားပြောနိုင်ဖို့ကြိုးစားပါ။ အချိန်အကြာကြီးမရတောင် ထမင်းအတူစားရင်း ဒါမှမဟုတ်လည်း ပန်းကန်တွေ အတူဆေးရင်း ကျောင်းက ကိစ္စတွေပြောကြတာ၊ အလုပ်က အမှတ်စရာကိစ္စလေးတွေပြောပြတာမျိုးလေးတွေနဲ့တင် လုံလောက်ပါတယ်။ အဓိကကတော့ သူတို့ဘဝနဲ့ မျက်ခြေမပြတ်သွားဖို့ပါပဲ။ ကိုယ့်အလုပ်ချည်းပဲ ဖိလုပ်နေမိပြီး သားသမီးနဲ့ အချိန်မပေးနိုင်တဲ့ မိဘတွေအနေနဲ့ သားသမီးနဲ့အတူသုံးရတဲ့ အချိန်တွေဆိုတာ တန်ဖိုးကြီးပစ္စည်းတွေလို့ ပြန်ပြန်သတိရပေးပါ။ နောက်ပြီးတစ်ပတ်ကို တစ်ခါလောက်ပဲဖြစ်ဖြစ် ဈေးအတူသွားဝယ်ကြတာ၊ လေ့ကျင့်ခန်းအတူလုပ်ကြတာမျိုးတွေလည်း လုပ်ပေးပါ။ ဒီလိုရိုးရှင်းတဲ့နည်းလေးတွေက ကလေးငယ်နဲ့ကိုယ်ရဲ့ကြားက သံယောဇဉ်ကို ပိုခိုင်မြဲစေပါလိမ့်မယ်။

၃။ လေးစားပါ၊ အလျော့ပေးသင့်တာပေးပါ။

ဆယ်ကျော်သက်အရွယ်ဆိုတာ စပ်ကူးမတ်ကူးကာလ ဖြစ်နေပါတယ်။ ကလေးက မကြာခင်မှာ အရွယ်ရောက်တဲ့သူ တစ်ယောက်ဖြစ်လာတော့မှာပါ။ ဒါ့ကြောင့် သူလည်း အရင်ကထက် ပိုပြီးလွတ်လပ်မှုတောင်းဆိုလာနိုင်ပါတယ်။ ဥပမာ- ညဖက်သူငယ်ချင်းမွေးနေ့ သွားတာမျိုးပေါ့။ ဒါမျိုးတွေဖြစ်လာရင် စိတ်ပူတဲ့အဆိုးဘက်ကချည်း တွေးပြီး ချက်ချင်းတားဆီးတာမျိုး မလုပ်ပါနဲ့။ သူတို့လည်း လွတ်လပ်မှုကို တောင်းဆိုဖို့အခွင့်အရေးရှိတာကို သတိရပါ။ ခွင့်ပြုပေးသင့်တာ ခွင့်ပြုပေးဖို့လိုပြီး ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့သွားမှာလဲ၊ ဘယ်လောက်ကြာမှာလဲ စတာတွေကို သေချာမေးထားပါ။ ကလေးဘယ်မှာ ဘာလုပ်နေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

Related Article >>> ဆယ်ကျော်သက်အရွယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်များ

၄။ ကျောင်းဆင်းရင် သွားကြိုပေးပါ။

ဆယ်ကျော်သက်တွေ စုပြီး မဟုတ်တာလုပ်ကြတဲ့ အချိန်အများစုက သူတို့ကျောင်းကဆင်းပြီး သွားလုပ်ကြတာ များပါတယ်။ ဒါ့ကြောင့် ကလေးကျောင်းဆင်းချိန်မှာ သွားကြိုနိုင်အောင် လုပ်ထားသင့်ပါတယ်။ မကြိုနိုင်လို့ လူကြီးတစ်ယောက်ယောက်နဲ့ လွှတ်လိုက်တယ်ဆိုလည်း ဒီလူက စိတ်ချရတဲ့လူ ဖြစ်ဖို့လိုပါတယ်။

၅။ ကလေးကို ရွေးချယ်ခွင့်ပေးပါ။

မိဘဆိုတာ ကိုယ့်သားသမီးကို အတော်ဆုံး အကောင်းဆုံးတော့ဖြစ်စေချင်တာချည်းပါပဲ။ ဆယ်ကျော်သက်တွေကိုယ်တိုင်လည်း ဒီအရွယ်မှာသူတို့က ဘာဆိုတာပြဖို့ အစွမ်းကုန် ကြိုးစားလေ့ရှိကြတယ်။ ဒီအခါမှာ ကိုယ့်ကလေးဖြစ်ချင်တာက ကိုယ်ဖြစ်စေချင်တာနဲ့ မတူလို့ အတင်းလိုက်ပိတ်ပင်တာမျိုး မလုပ်ပါနဲ့။ သူ့ရဲ့ရွေးချယ်မှုကိုလေးစားပါ။ နားလည်ပေးပါ၊ အားပေးကူညီပါ။ သူရွေးချယ်တဲ့လမ်းကြောင်းကို လုပ်နေရင်းတွေ့တဲ့အခက်အခဲတွေကသူ့ကို ပိုသန်မာလာစေမှာပါ။

၆။ နားထောင်ပေးပါ။

ကလေးဆိုတော့ လူကြီးတွေလောက်ထိန်းချုပ်မှု မရှိပါဘူး။ တစ်ခါတလေ သူတို့ပြောချင်တဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာကိုပဲ ထပ်ခါတစ်လဲလဲ လာပြောနေမိတတ်ကြပါတယ်။ ဒီအခါ တတ်နိုင်သလောက် နားထောင်ပေးပါ။ ဒါဟာသူတို့ရဲ့ ခန္ဓာကိုယ်ကပြောင်းလဲမှု ကြုံတွေ့နေရတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက်ပေးပါ။

၇။ ထမင်းအတူတူစားပါ။

ထမင်းဝိုင်းမှာ မိသားစုအတူထိုင်ပြီး ထမင်းစားရင်း စကားတွေဝေဝေဆာဆာ ပြောကြတာလောက်နှစ်လိုဖွယ်ကောင်းတဲ့ မြင်ကွင်းမရှိပါဘူး။ ဆယ်ကျော်သက် အရွယ်ကလေးတွေရှိရင် သူတို့နဲလည်း ဒီလိုမျက်နှာချင်းဆိုင်ထိုင်ပြီးစားသောက်ရင်း စကားပြောကြည့်ပါ။ ဒါသူတို့နဲ့ ထိတွေ့ဖို့အချိန်တစ်ခုဖြစ်သလို သူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြောလေ့လည်း ရှိပါတယ်။ တစ်ခုရှိတာက ဒီအရွယ်ကလေးတွေက အပေါင်းအသင်း မင်တာကြောင့် ညဖက်သွားစရာလာစရာကိစ္စကလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလိုဆိုလည်း ကိုယ့်ဖက်က နားလည်ပြီးအလျှော့အတင်းလေး လုပ်ကြည့်ပေးပါ။ ဥပမာ- ထမင်းအတူစားပြီး ၁၀ မိနစ်လောက် စကားထိုင်ပြောပြီးမှ သွားဖို့ညှိနှိှုင်းကြည့်တာမျိုးပေါ့။

၈။ အိပ်ချိန်အလုံအလောက်ရပါစေ။

ဆယ်ကျော်သက်အရွယ်တွေက ကြီးထွားနေတုန်းမို့လို့ တစ်နေ့ကိုအနည်းဆုံးအိပ်ချိန် ၉ နာရီလောက် လိုပါတယ်။ မအိပ်ခင်ကော်ဖီသောက်တာ၊ တီဗီကြည့်တာ၊ ဖုန်းသုံးတာ စတဲ့လုပ်ရပ်တွေက ပုံမှန်အိပ်ချိန်ကို အနှောင့်အယှက်ပေးတတ်တာကြောင့် အချိန်ကို ကန့်သတ်ပြီး သုံးအောင်နားချပါ။

Related Article >>> ဘယ်အချိန်မှာသူ့ကို ဖေဖေ၊မေမေ တို့နဲ့ ပေးတွေ့သင့်ပြီလဲ

၉။ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ပါ။

ကိုယ်ကကိုယ့်သားသမီးကို ဆူပူတာ၊ ရိုက်နှက်တာတွေမလုပ်ဘဲ ဆုံးမပြုပြင်ခဲ့တယ်ဆိုရင် သူလည်း ကိုယ့်ကို လိမ်ညာမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူလည်း ကိုယ်နဲ့သူကြားက ဆက်ဆံရေးကို အလေးထားလို့ပါ။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်နဲ့ ယုံကြည်လို့ရတဲ့ဆက်ဆံရေး တည်ဆောက်ပါ။

တကယ်လို့ကိုယ့်ကို သူကလိမ်ညာခဲ့မယ်ဆိုလည်း ကိုယ်ဘယ်လိုခံစားရကြောင်း သူ့ကိုသေချာပြောပြပေးပါ။ ချက်ချင်းဒေါသတွေထွက်ပြီး ကိုယ်ထိလက်ရောက်ဆုံးမတာက ဘာမှ အသုံးမဝင်သလို အခြေအနေတွေ ပိုဆိုးကုန်ပဲ ရှိမှာပါ။ ကိုယ့်ကိုလိမ်လို့ ဘယ်လိုခံစားရတဲ့အကြောင်း သူနားလည်သွားရင် ဒီအခါမှာသူလည်း ကိုယ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့ပြန်ကြိုးစားမှာပါ။

၁၀။ ကိုယ့်ကလေးက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတာ သတိရပါစေ။

ကလေးက ကျောင်းစာတွေ သိပ်မလုပ်ဘူး၊ ကိုယ်ဖြစ်စေချင် တတ်စေချင်တဲ့ ကျောင်းကို မတတ်လို့ဆိုပြီး မဆူပူပါနဲ့။ သူကသူဝါသနာပါရာလမ်းကြောင်းကို အချိန်ပေးပြီး ရွေးချယ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်သလို တခြားအကြောင်းတစ်ခုခုရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ချစ်သူကောင်မလေးနဲ့အဆင်မပြေလို့ စာမလုပ်ချင်တာ၊ ဒါမှမဟုတ် မိဘတတ်စေချင်တဲ့ကျောင်းက သူမတတ်ချင်တဲ့ကျောင်းဖြစ်နေတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ သူပြောတာကို စိတ်ရှည်ရှည်နဲ့နားထောင်ပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်သာပေးဖို့ကြိုးစားပါ။

Dr. Barry (ကျန်းကျန်းမာမာ by Alinker)

Ref: www.ahaparenting.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *